Channel Myanmar

Drama

Missing Noir M (2015) [Complete] 7.9
Missing Noir M (2015) [Complete] Missing Noir M (2015)**********************အပိုင်း( ၁ မှ ၁၀) စ/ဆုံး ဒီတစ်ခေါက်မှာတော့ CM team ကနေ OCN က ထွက်ရှိထားတဲ့plot twist အမိုက်စားနဲ့ series လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။OCN ကဆိုတဲ့အတိုင်း သည်းထိပ်ရင်ဖိုဖြစ်ရမယ့် Thriller, Mystery, Actionအမျိုးအစားဖြစ်ပြီးတော့ အပိုင်းကလည်း (10) ပိုင်းပဲရှိတာမို့လို့အပိုင်းအရှည်ကြီးမကြိုက်တဲ့သူတွေ သေချာပေါက်အကြိုက်တွေ့မှာပါ။Cast တွေအနေနဲ့လည်း စိတ်မပျက်စေရတဲ့ Kim Kang-woo, Park Hee Soonနဲ့Jo Bo-ah တို့ ပါဝင်သရုပ်ဆောင်ထားတာမို့လို့ စိတ်ချလက်ချကြည့်ကြပါ။ဇာတ်လမ်းအကြောင်း နည်းနည်းပြောရမယ်ဆိုရင် ဂီလ်ဆူဟျွန်းက အသက် ၁၀ နှစ်နဲ့ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရခဲ့ပြီး ဘွဲ့ရပြီးတော့လည်း FBI မှာအလုပ်လုပ်နိုင်ခဲ့တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီလိုဉာဏ်ကြီးရှင် ဂီလ်ဆူဟျွန်းက သေနတ်မဆင်မခြင်သုံးမှုနဲ့ ကိုရီးယားက FBI ဌာနခွဲကိုပြောင်းခဲ့ရပြီးတော့ လူပျောက်ရှာဖွေရေး အထူးစုံစမ်းရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ပဟေဌိဆန်ဆန် လူပျောက်မှုတွေကို ရှာဖွေစုံစမ်းဖြစ်ခဲ့ပါတယ်။အပြင်ပိုင်းမှာတော့ ပြီးပြည့်စုံတယ်လို့ထင်ရ‌ပေမဲ့ လျှို့ဝှက်ချက်ရှိသူ ဂီလ်ဆူဟျွန်းနဲ့အနှစ် ...
7.9
TMDb: 7.9/10 10 votes
tv

Missing Noir M (2015) [Complete]

2015
Penny Dreadful (2014) 7.834
Penny Dreadful (2014)  Horror နဲ့ Dark Historical Fantasy ဖန်တွေ အကြိုက်တွေ့မယ့် IMDb 8.2, RT 91% ရထားတဲ့ စီးရီးတစ်ခုပါ။ မှော်သတ္တဝါဆန်းမျိုးစုံနဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းဖြစ်ပါတယ်။ အရာအားလုံးရဲ့ အစတည်ရာကတော့ မယ်လ်ကွန်မော်ရီဆိုတဲ့ စူးစမ်းလေ့လာသူတစ်ဦးရဲ့ သမီးဖြစ်သူဟာ ကံဆိုး မိုးမှောင်ကျတဲ့ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ ဖမ်းဆီးခေါ်ယူသွားခြင်းကို ခံရတယ်။ ဒါပေမဲ့ သူ့သမီးကို ဖမ်းခေါ်သွားတာ သာမန်မဟုတ်ဘဲ လူသားမဟုတ်တဲ့ ထူးဆန်းတဲ့ သတ္တဝါမျိုးစိတ်ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ ဆာမယ်လ်ကွန်ဟာ ဗနက်ဆာ အိုက်ဗ်စ်ဆိုတဲ့ နတ်ဆရာမ၊ ဇာတ်ဆရာသေနတ်သမား ချန်ဒလာတိုနဲ့ ပူးပေါင်း ... ဗစ်တာ ဖရန်ကင်းစတိုင်း အမည်ရ ဒေါက်တာအငယ်လေးရဲ့ အကူအညီတို့ကို ရယူရင်း သမီးရှာပုံတော် ဖွင့်ခဲ့ပါတော့တယ် ... File size…(738 MB)/(400 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:46 Genre...Drama, Mystery, ...
7.834
TMDb: 7.834/10 1143 votes
tv

Penny Dreadful (2014)

2014
The Lincoln Lawyer Season 1 + 2 8.5
The Lincoln Lawyer Season 1 + 2 The Lincoln Lawyer Season 1 (2022)သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ ...
8.5
TMDb: 8.5/10 28 votes
tv

The Lincoln Lawyer Season 1 + 2

2022
Playful Kiss (2010) [Complete] 7.794
Playful Kiss (2010) [Complete] Playful Kiss (2010)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး လူကြီးမင်းတို့ဘဝမှာ ငယ်စဉ်က တိတ်တခိုးနဲ့တဖက်သတ်ချစ်ခဲ့ရတဲ့ အချစ်ဦးကိုယ်စီရှိခဲ့ကြဖူးတယ်မလား….?ကဲ ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကိုလည်း ငယ်ဘဝတုန်းကစောင်ကိုက်ပေါင်ရိုက်ပြီး အူးတယားယားနဲ့ကြည့်ပြီးတော့Crush ကြီးနဲ့ စိတ်ကူးပင်လယ်အတွေးကြီးထဲ တဖြီးဖြီးနဲ့လက်ပစ်ကူးခဲ့ဖူးသေးတယ်မလား….?တော်တော်များများရဲ့ငယ်ဘဝမှာ အသည်းကျော်ပဲလှော်နာမည်ကြီးခဲ့တဲ့ဒီဇာတ်ကားလေးကို အကုန်သိကြပြီးသားဆိုပေမဲ့ဇာတ်လမ်းလေးကို ပြန်နွှေးပေးရရင်...“ဘဲ့ဆွန်းဂျို” ဆိုတာ ကျောင်းစာလည်းတော် ရုပ်လည်းချောသလိုအားကစားမှာလည်း ထူးချွန်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီပေါ့….ပျိုတိုင်းကြိုက်ကြတဲ့အထဲမှာမှ “အိုဟာနီ”ဆိုတဲ့ ရုပ်ကလည်း သာမန်ကျောင်းစာဆို ဘိတ်ချီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ကောင်မလေးကတော့အသည်းအသန် ခဲမှန်သလို “ဆွန်းဂျို” ကို အချစ်နတ်သားတစ်ပါးအလားတက်မက်စွဲလမ်းချစ်ခင်နေမိတဲ့သူပါ….တစ်ရက်တော့ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့်“ဟာနီ”ဟာ “ဆွန်းဂျို” တို့အိမ်မှာသွားနေရတဲ့နောက်အချစ်နတ်သားလေးက ဘယ်လိုချစ်ကြိုးသွယ်လာမလဲဆိုတာကိုတော့……..အသည်းတယားယားနဲ့ပဲ ဝင်ကြည့်လိုက်ကြပါတော့နော်...။ Genres: Comedy, Romance, Drama Duration: 65 mins Episodes: 16 Original Network: MBC File Size: 720p(~775MB) , 1080p(2.25GB) Translated by  Thinn, Hay Thar Oo, Khine Khine Wai, ...
7.794
TMDb: 7.794/10 355 votes
tv

Playful Kiss (2010) [Complete]

2010
Thirty But Seventeen (2018)[Complete] 8.115
Thirty But Seventeen (2018)[Complete] Thirty But Seventeen (2018)**************************အပိုင်း (၁ မှ ၁၆) အထိ   စ/ဆုံး အူဆောရီ ဆိုတဲ့ကောင်မလေးဟာ တယောတီးခတ်တဲ့နေရာမှာ ပါရမီပါတယ်..သူကိုယ်တိုင်လည်း အအသက် ငယ်လင့်ပင်ကစား  ဂီတကိုပဲ နှစ်မြုတ်ထားတယ်...အရာအားလုံးဟာ ဂီတသင်္ကေတတွေ နှုတ်တွေလို့ပဲမြင်နေတတ်တဲ့သူ... သူ့ရဲ့ တက်လမ်းဆိုတာလည်းအညွှန့်တလူလူလို့ပြောရလောက်အောင် ထူးချွန်ထက်မြက်တဲကလေးတစ်ယောက်...ဒီလိုနဲ့ အသက်၁၇နှစ်မှာ ကံဆိုးစွာပဲ  ကားအက်ဆီးဒန့်ကြောင့်ဆေးရုံမှာ ကိုမာဝင်နေခဲ့တယ်.... သူမဟာ  ၁၃ နှစ်ကြာပြီးတဲ့နောက်မှာ သတိရလာခဲ့တယ်..ပြောရရင် အသက် ၃၀ဖြစ်သော်ငြား အသိဉာဏ်ကတော့ ၁၇ နှစ်အရွယ်ကောင်မလေးသာရှိပါသေးတယ်..ဆယ်စုတစ်တစ်ခုကျော်ကြာတဲ့ကာလမှာ အရာအားလုံးဟာ အများကြီးပြောင်းလဲနေပြီ...အဲ့ဒီနောက်မှာတော့ သူမ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်မလဲဆိုတာကိုတော့..Main Lead တွေအနေနဲ့ကဝောာ့Mr Queen , See You In My 19th Life စတဲ့ ဇာတ်လမ်းတွဲတွေထဲမှာကျရာဇာတ်ရုပ်ကို အံဝင်ဂွင်ကျဖြစ်အောင် စီးမျောသရုပ်ဆောင်နိုင်တဲ့ မင်းသမီး Shin Hye SunTemperature of Love , ...
8.115
TMDb: 8.115/10 39 votes
tv

Thirty But Seventeen (2018)[Complete]

2018
The Ex-Wife (2022) Complete 6
The Ex-Wife (2022) Complete The Ex-Wife (2022) Completed Mini Series အသိဉာဏ်ရယ်လို့ ရှိလာပြီဆိုရင်ပဲ လူကောင်းလူဆိုးဆိုတာ ရှိတယ်ဆိုတဲ့ အတွေးတွေကို ကျွန်တော်တို့ခေါင်းထဲ သပ်နဲ့ရိုက်သွင်းသလို ရိုက်သွင်းခံခဲ့ရတယ်။ ဒီကားရဲ့ ပွိုင့်ကလည်း အဲဒီလူကောင်းနဲ့လူဆိုးဆိုတာ ရှိမနေကြောင်းပါပဲ။ အမြင်နဲ့ ရှု့ထောင့်အပေါ်မူတည်ပြီး လုပ်ရပ်တစ်ခုရဲ့ကောင်းခြင်းမကောင်းခြင်းဆိုတာ ကွာခြားသွားနိုင်ပေမဲ့ အားလုံးရဲ့ ရည်ရွည်ချက်ကတော့ ကောင်းခဲ့ကြတယ်။ ယုတ်စွအဆုံး ဟစ်တလာတောင် သူ့လူမျိုးအတွက် ရည်ရွယ်ချက်ကောင်းခဲ့တယ်။ အင်ပါယာကြီးတွေတည်ဆောက်ဖို့ စစ်မက်ပြုခဲ့ကြတဲ့ ဘုရင်တွေလည်း ရည်ရွယ်ရင်းတော့ ကောင်းချင်ကောင်းနိုင်ခဲ့တာကို ကျန်းရိမူရဲ့ ဟီးရိုးမှာ ကျွန်တော်တို့မြင်နိုင်တယ်။ ဒီကားကလည်း ဒီလိုပါပဲ... လုပ်ရပ်တွေမကောင်းပေမဲ့ ရည်ရွယ်လိုရင်းတွေ ကောင်းခဲ့ကြတဲ့လူတွေအကြောင်းပါပဲ။ သူတို့ရဲ့ ရည်ရွယ်ရင်းကတော့ အချစ်ပေါ့။ အချစ်ဟာ လူတွေကို ပိုကောင်းတဲ့လူတွေဖြစ်လာစေနိုင်သလို အဆိုးယုတ်ဆုံးလုပ်ရပ်တွေကိုလည်း လုပ်မိလာစေနိုင်တယ်။ ဒီဇာတ်လမ်းတွဲဟာ ဒီအကြောင်းကို အပိုင်းလေးပိုင်းနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 750MB+ Total - 4 ...
6
TMDb: 6/10 7 votes
tv

The Ex-Wife (2022) Complete

2022
Get Rich (2023)
Get Rich (2023) Get Rich / သ - သူဌေးလောင်း ငါတို့ကျောင်း (2023)ထိုင်းကျောင်းသားကားလေးတွေ မျှော်နေတဲ့ ထိုင်းပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် School drama‌ ကောင်းလေးတစ်ကားဖြစ်တဲ့ Get richကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကျောင်းသားကားရဲ့ထုံးစံအတိုင်း ဟိုက်ပါတွေကတစ်ဖွဲ့၊ ရွှေဇွန်းကိုက်ပြီးမွှေးလာတဲ့ ဘောစိကိုကိုမမများကတစ်ဖွဲ့၊ ချောင်ကပ်နေတဲ့ဟိုက်ပိုလေးတို့ကတစ်ဖွဲ့နဲ့ ကျောင်းသားအချင်းချင်းကြားကပြိုင်ဆိုင်မှုတွေကို မရိုးအောင်ကြည့်ရမှာပါ။Money is the second godလို့ပြောရင် လူတွေက အပြင်ပိုင်းကတော့ လက်မခံချင်ပေမဲ့ အတွင်းစိတ်ကငြင်းမရတဲ့အရာပေါ့။ ကျောင်းသားအရွယ်ကစလို့ နေရာမရွေး အချိန်မရွေး ငွေဆိုတဲ့အရာက စကားပြောတယ်လို့ပြောရင် ဘယ်သူမှ စောဒကတက်နိုင်မှာမဟုတ်ပါဘူး။ ဒီ ဆင်းရဲချမ်းသာအလွှာနှစ်ခုကြားက ကွာခြားချက်ကို လက်တွေ့ခံစားနေရတာကတော့ ရိုဆာရင်းတို့ ပညာသင်ဆုကျောင်းသားတစ်သိုက်ပေါ့။ဆူရူထိုင်းကျောင်းဆိုတာ နိုင်ငံတွင်းမှာ အကျော်ကြားဆုံး အကောင်းဆုံးကျောင်းတွေထဲကတစ်ကျောင်း၊ အဆက်အသွယ်များတဲ့ကျောင်းဖြစ်လို့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် ဒီမှာတက်ရဖို့က အိပ်မက်တစ်ခုပေါ့။ နာမည်ကြီးကျောင်းပီပီ စရိတ်စကများပြီးတော့ မိုးကျရွှေကိုယ်တွေလည်းမနည်းလှတဲ့ကျောင်းပါ။ ဒါပေမဲ့ ဒီကျောင်းရဲ့အားသာချက်ကတော့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ်ပညာသင်ဆုချီးမြှင့်ခြင်းပါပဲ။ဒီလိုနဲ့ပဲ ပညာသင်ဆုနဲ့ ဆူရူထိုင်းကျောင်းကိုရောက်လာတဲ့ ရိုဆာရင်းတစ်ယောက် သဘောတူညီချက်လက်မှတ်ရေးထိုးရခါနီးမှ ပညာသင်ဆုဟာ ဆုကြေး၊ ထောက်ပံ့ကြေးဆိုတာထက် student loanနဲ့ ...

Get Rich (2023)

2023
Not Others (2023)
Not Others (2023) Not Others (2023)နာမည်အတိုင်းပါပဲ။ သားအမိတွေကြားမှာ ပြောလေ့ရှိတဲ့ စကားလေးပဲပေါ့။ "သူစိမ်းတွေမှ မဟုတ်တာ အမေရယ်" ဆိုတာလေးပါ။ အမေ နဲ့ သမီးဆိုတာ နီးတကျင်္ကကျက် ဝေးတသက်သက် ပါပဲ။အမေက သမီးအပေါ် ပြောစရာရှိလည်း ဘွင်းဘွင်းကြီး ပြောတတ်သလို သမီးတွေကလည်း အမေတွေအပေါ်ကို တစ်ခွန်းမခံဘဲ ကြက်ခေါင်းဆိတ်မခံ ပြောတတ်ကြတာမျိုးပါ။ ဒီလိုတွေ ရန်သတ်နေလို့ မချစ်ဘူးလို့တော့ မထင်လိုက်ပါနဲ့။ အစွမ်းကုန် ချစ်ကြတဲ့ သားအမိတွေပါပဲ။ဒီဇာတ်လမ်းလေးက ဒီလို ဘုနဲ့ဘောက် သားအမိ ဇာတ်လမ်းလေးမို့ သားအမိ နှစ်ယောက် အတူကြည့်ရင်း "ဟဲ့ အဲဒါ နင်၊ အဲဒါ အမေနဲ့ တူတာ" ဆိုပြီး သားအမိတွေ ရယ်ရယ်မောမောနဲ့ ကြည့်ရ့မယ် ၁၂ ပိုင်းစာ စီးရီးမို့ အပတ်စဉ် တနင်္လာ အင်္ဂါတိုင်း စောင့်မျှော်ပေးကြပါဦး။ဘာသာပြန်တွေကတော့ Laii, Joyz, Milkeux, Su Myat တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 800MB ...

Not Others (2023)

2023
Love in a Cage (2023) 8.1
Love in a Cage (2023) "အချစ်လှောင်အိမ်" မြန်မာစာတန်းထိုး Love in a cage 2023ဖတ် အဖြစ် Pon Nawasch Phupantachsee ဆွိုင့် အင်ထနင် အဖြစ် Yada Narilya Gulmongkolpechဆွိုင့်အင်ထနင်က ချောမော လှပပြီး ထက်မြတ်တဲ့ မိန်းကလေးပါရူဖရေအိမ်တော်က ဆိုင်ဖရဲ့ သမီးလည်း ဟုတ်ပါတယ်ဒါပေမဲ့ အမေဖြစ်သူက အစေခံဖြစ်သလို မယားငယ်လည်းဖြစ်တဲ့အတွက် သူဌေးသမီးဖြစ်ပါလျက်နဲ့အနှိမ်ခံဘ၀နဲ့ဘဲ နေရပါတယ် မယားကြီးနဲ့သူ့သမီးဖြစ်သူကလည်း သူတို့သားအမိကို အိမ်တော်ကထွက်သွားဖို့ အမျိုးမျိုး လုပ်ကြံ အကြောင်းရှာနေတဲ့သူတွေပါတစ်နေ့ ဖတ်ဆိုတဲ့ ဒေါက်တာလေး ရောက်လာပြီးနင်ကို ချစ်မိသွားပါတယ်ဖတ်ကို မယားကြီးရဲ့သမီး ဆွိုင့်ဖက ကြိုက်နေတာပါဆိုတော့ နင်တစ်ယောက် ဖတ်ရဲ့ အချစ်ကို လက်ခံရဲမလားသူ့အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှ Tawan ဖြစ်ပါတယ်)Translated by  Nang Mwe Kham & TawanEncoded by Naing Aung Latt Episode (1) ...
8.1
TMDb: 8.1/10 votes
tv

Love in a Cage (2023)

Taali (2023) 9
Taali (2023) Taali (TV Series)(2023) IMDb-8.6/10"တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ"ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် "မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်"လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့....အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ...
9
TMDb: 9/10 1 votes
tv

Taali (2023)

2023
Guns & Gulaabs (2023) 8.7
Guns & Gulaabs (2023) Guns & Gulaabs 2023 IMDb - 8.1/10The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က‌တော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ.... တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ...
8.7
TMDb: 8.7/10 3 votes
tv

Guns & Gulaabs (2023)

2023
Winning Time: The Rise of the Lakers Dynasty (2022) Season 01 Complete 8.3
Winning Time: The Rise of the Lakers Dynasty (2022) Season 01 Complete Winning Time: The Rise of The Lakers Dynasty (2022) Season 01 Complete ~ IMDb - 8.3/10, Rotten Tomatoes - 85% ~ ဘတ်စကတ်​ဘောဆိုတဲ့ ကစားနည်းအ​ကြောင်း အကျွမ်းတဝင် မရှိရင်​တောင် မိုက်ကယ်​ဂျော်ဒန်၊ ကိုဘီဘရိုင်ယန့်၊ လီဘရွန်ဂျိမ်း ဆိုတဲ့ နာမည်တွေကို​ လူတိုင်းကြားဖူးကြမှာပါ။ တကယ်လို့များ သင်ဟာ အားကစား​နည်းတွေကို စိတ်ဝင်စားတဲ့သူ ဆိုရင်​တော့ NBA​ ခေါ် အ​မေရိကန်ဘတ်စကတ်​ဘောလိဂ်ကို ​​သေချာ​ပေါက် သိ​နေမှာပါ။ NBA ပရိသတ်အစစ်ဆိုရင်​တော့ ​လော့စ်အန်ဂျလိစ်အ​ခြေစိုက် LA Lakers အသင်းကို သိကိုသိ​နေမှာပါ။ ဒီဇာတ်လမ်းတွဲကို HBO Max က​နေ ပြသထားတာဖြစ်ပြီး LA အ​ခြေစိုက် နာမည်​ကျော် LA Lakersအသင်း ​အောင်မြင်မှု​တွေ ဆက်တိုက်ရယူနိုင်ဖို့ အစပျိုးခဲ့တဲ့ ၁၉၇၈-၁၉၇၉ခုနှစ်ကာလကို ပြန်လည်ပြီး ...
8.3
TMDb: 8.3/10 51 votes
tv

Winning Time: The Rise of the Lakers Dynasty (2022) Season 01 Complete

2022
The Summer I Turned Pretty Season 1+ 2 (2022)
The Summer I Turned Pretty Season 1+ 2 (2022) The Summer I Turned Pretty (2022)ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရသအပြည့်အဝပေးနိုင်မယ့် Amazon Prime ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး Drama တွေဖြစ်ကြတဲ့ To All the Boys သုံးကားတွဲရဲ့ စာရေးဆရာမဖြစ်တဲ့ Jenny Han ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လက်ရာဖြစ်တာမို့ ကောင်းမွန်တဲ့ Drama တွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ဘယ်လီဆိုတဲ့ ကောင်မလေးဟာ မိသားစုနဲ့အတူ ကာဆင့်စ် ကမ်းခြေကို နွေရာသီတိုင်းမှာ သွားနေကျပါ။ နှစ်စဉ်နှစ်တိုင်းမပျက်သွားနေကြလို့ သူ့အတွက်တော့ ကာဆင့်စ်ကမ်းခြေက အိမ်ဟာ သူ့အတွက်တော့ ပုံမှန်နေနေကျ အိမ်လိုဖြစ်နေပါတော့တယ်။ ဒါပေမယ့် နွေရာသီတစ်ခုမှာတော့ သူဟာ အရွယ်ရောက်လာပြီး ကမ်းခြေကို ခါတိုင်းလိုပဲ လာခဲ့ပေမယ့် အရင်ကနဲ့ မတူတဲ့ နွေရာသီတစ်ခုကို ကြုံတွေ့ရပါတော့တယ်။ အဲဒါကြောင့် တူညီတဲ့ ကိစ္စတွေကို ဘယ်လီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။အညွှန်းကိုတော့ Leonard Lin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Kuz, Richard ...

The Summer I Turned Pretty Season 1+ 2 (2022)

2022
Mask Girl(2023)
Mask Girl(2023) Mask Girl(2023)**************** အပိုင်း(၁ မှ ၇) စ/ဆုံး(18+ ဆန်ဆန်အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်မယ်ဆိုရင် အနည်းငယ်သတိပြုစေလိုပါတယ်.._ Mask Girl (Streaming television series) ကို Mae Mi ဆိုတဲ့ Webtoon ကို အခြေခံပြီးတော့ ဒါရိုက်တာ Kim Yong-hoon မှ ရိုက်ကူးထားတာ ဖြစ်တယ် Starring တွေအနေနဲ့ Go Hyun-jung, Aha Jae-hong, Yoon Hye-ran တို့ ပါဝင်ကြတယ်Kim Mo-Mi က ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုမရှိတဲ့သာမန် ရုံးဝန်ထမ်းလေးတစ်ယောက်ဖြစ်တယ် သူငယ်စဉ်ကတည်းက တောက်ပတဲ့မီးရောင်အောက်က စတိတ်စင်ပေါ်မှာ ဖျော်ဖြေချင်တဲ့ စိတ်ကူးအိပ်မက်လေးတစ်ခု ရှိခဲ့တယ် အသက်ကြီးလာတဲ့အခါမှ ရုပ်ကတော့ တဖြည်းဖြည်း ဆိုးလာပေမဲ့ သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကိုတော့ ဂုဏ်ယူနေခဲ့တယ် အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါမှာ မျက်နှာဖုံးကို တပ်ပြီး သူ့ကိုယ်သူMask Girl အဖြစ် live တွေ လွှင့်ခဲ့တယ် ...

Mask Girl(2023)

2023
The Secret of Moment (2023)
The Secret of Moment (2023) "ပဟေဠိခြေရာ" မြန်မာစာတန်းထိုး The Secret of Moment (2023)ဝင်း အဖြစ် Golf Anuwat Choocherdratana အျန် အဖြစ် Rodmay Kaneugnijပရဒပ်ဝေထီမိသားစုထံ ကပ်ဆိုးဝင် ကံဆိုးချိန်မှာ အျန်တစ်ယောက် အဖေဖြစ်သူကိုဆုံးရှုံးခဲ့ရသလို အမေဖြစ်သူဟာလဲ စိတ်ရောဂါသည်ဖြစ်သွားခဲ့ပါတယ်... ဒါ့အပြင် သိပ်မကြာခင်မှာပဲ ချစ်သူဖြစ်သူဖစ်ကိုပါ ထပ်မံဆုံးရှုံးခဲ့ရပါတယ်.. တနေ့ သူမဆီ ၂၀၁၅ ခုနှစ်က စာတစ်စောင်ရောက်ရှိလာပြီးတာ့ စာအရ The secret ဆိုတဲ့ပြတိုက်ဆိုင်တစ်ခုကို သွားခဲ့ပါတယ်The secret ဆိုတဲ့ပြတိုက်ဟောင်းကိုရောက်တဲ့ချိန်မှာ နာရီဗီဒိုရဲ့အံဆွဲကနေ စာပို့ရင်း ၂၀၁၅ခုနှစ်က ဝင်းနဲ့နေရာတူ အချိန်တူနေချိန်မှာ ဆက်သွယ်မိခဲ့ရာက... သူတို့နှစ်ဦး နာရီကနေတဆင့် ဘယ်လိုတွေ့ဆုံသွားကြမလဲ လွန်ခဲ့တဲ့၃နှစ်ကို ပြန်ရောက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကရော ဘယ်လိုအခက်အခဲအတားအဆီးတွေရှိနေမလဲ... အျန်နဲ့ဝင်းတို့ရဲ့ လွမ်းမောဖွယ်အခိုက်အတန့်တွေကို "ပဟေဠိခြေရာ"ဇာတ်လမ်းထဲမှာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ အပတ်စဉ် Channel Myanmar Website မှာ ထွက်ထွက်ချင်းတင်ဆက်သွားမှာမလို့ စောင့်မျှော်အားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Lei Wutyi Tun မှရေးသားပြီး ဘာသာပြန်တင်ဆက်ထားသူတွေကတော့ Nang Mwe Kham & Fake ...

The Secret of Moment (2023)

A Perfect Story (2023) Complete 8.1
A Perfect Story (2023) Complete A Perfect Story (2023) A Netflix Mini Series ~ IMDb - 7.6/10, Rotten Tomatoes - 88% ~ "A Perfect Story" ဆိုတဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်း ဒါမှမဟုတ် စိတ်ကူးယဉ်ချစ်ပုံပြင်ဆိုတာ လက်တွေ့မှာ မရှိပါဘူး၊ အရမ်းရှားတယ်ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီ စီးရီးထဲမှာတော့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို လက်တွေ့ကျတဲ့ရှုထောင့်တွေကနေ ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ မာဂေါ့နဲ့ ဒေးဗစ်ဆိုတဲ့ လူနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ မာဂေါ့နဲ့ ဒေးဗစ်တို့ နှစ်ယောက်က ဘဝပေးအခြေအနေအရမ်း ခြားနားတယ်ပဲပြောရမှာပေါ့။ တစ်ယောက်က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်အင်ပါယာကြီးကို အမွေဆက်ခံရတဲ့သူ၊ တစ်ယောက်က ဘဝခရီးဆက်ဖို့အတွက် အလုပ်သုံးခုလုပ်နေရသူပေါ့။ ဒါပေမဲ့ နှစ်ယောက်ရဲ့ အချစ်ရေးက ဇာတာချင်းတူနေခဲ့ပါတယ်။ နှစ်ယောက်လုံး အခြေနေအကြောင်းကြောင်းကြောင့် ကိုယ့် Ex တွေနဲ့ လမ်းခွဲခဲ့ကြရပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်သားက ...
8.1
TMDb: 8.1/10 39 votes
tv

A Perfect Story (2023) Complete

2023
Miraculous Brothers (2023)
Miraculous Brothers (2023) Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှု‌တွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...

Miraculous Brothers (2023)

2023
HeartBeat(2023)[Complete]
HeartBeat(2023)[Complete] HeartBeat(2023)***************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဆွန်းအူဟျော(Ok Taec Yeon) ဆိုတာ တကယ်တော့ လူသွေးတွေသောက်ပြီးရှင်သန်နေရတဲ့သွေးစုပ်ဖုတ်ကောင်တစ်ဦး....ဒီဘဝကြီးကိုစက်ဆုတ်လွန်းတော့စစ်မှန်တဲ့လူသားဘဝကို အသွင်ပြောင်းဖို့ကြိုးစားနေတယ်....သူဟာ လူသားစင်စစ်ဖြစ်ဖို့နှစ်ပေါင်း ၁၀၀တိုင်အောင်ကြိုးစားခဲ့ပြီး ပြည့်ဖို့တစ်ရက်အလိုမှာပဲမမျှော်လင့်ဘဲပြဿနာတစ်ရပ်နဲ့ကြုံခဲ့ရပါတယ်...လူသားတစ်ယောက်နီးပါးဖြစ်သွားပေမဲ့  တစ်ချို့ မကောင်းတဲ့အချက်တွေကျန်သေးသလို အဲ့ဒီအချက်တွေကြောင့်ပဲလူသားကမ္ဘာမှာနေထိုင်ဖို့ အတော်ဒုက္ခရောက်ရပါတော့တယ်...ဒီလိုနဲ့  လူသားတွေဆိုတာစက်ဆုတ်စရာလိုမြင်နေတဲ့ ခပ်စွာစွာကောင်မလေးနဲ့ကြုံလာရတဲ့အခါမှာတော့...သူတို့ဘယ်လိုဆက်ဖြစ်ကြမလဲ.....သွေးစုပ်ဖုတ်ကောင်ကရောအရင်ရန်သူတွေထပ်ပေါ်လာဦးမလား..လက်ရှိလူသားဘဝမှာရော ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ရမလဲဆိုတာကတော့....Heartbeat (2023)ကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့မှာ ကြည့်ရှူလို့ ရတော့မှာပဲ ဖြစ်ပါတယ်ရှင်။Aired:Jun 26, 2023 -  Aug 15, 2023 Aired On:Monday, Tuesday Genres: Comedy, Romance, Fantasy Duration: 60mins Episodes: 16 Original Network:KBS2 File Size: 1080p(~850MB) , 720p(~300MB) Translated Khine Khine Wai,  Hay Thar Oo , AHtet, Chuu & Thinn Thinzar Encoded by Phyo ...

HeartBeat(2023)[Complete]

2023
Lost You Forever ( 2023 ) Season 1
Lost You Forever ( 2023 ) Season 1 ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာက‌နေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ်အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ်ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်‌ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ...

Lost You Forever ( 2023 ) Season 1

2023