Channel Myanmar

Drama

Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (44)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့....သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့....Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း ------------------- Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး....ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့....ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက်......ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ.....ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို....ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
The Trainee (2024)
The Trainee (2024) အချစ်ရဲ့အလုပ်သင်လေး (၂၀၂၄)စီးပွားရေးမေဂျာကျောင်းသားလေး လိုင်အန်၊ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်သင်အဖြစ်လုပ်ကြမယ့် သူငယ်ချင်းများဖြစ်တဲ့ တေး၊ ဘာမီ၊ ပိုင် တို့ဟာ ကိုယ်ကျွမ်းကျင်ရာ စိတ်သန်ရာအတိုင်း အကောင်းဆုံးလုပ်ကိုင်ဖို့အတွက် ရုပ်ရှင်ကုမ္ပဏီကို အလုပ်သင်အဖြစ်နဲ့လျှောက်ထားလာခဲ့ကြပြီး အလုပ်တွေကို သင်ယူဖို့ ရှိလာကြပါတယ်လိုင်အန်ဟာ လက်ထောက်ဒါရိုက်တာအဖြစ် ရုပ်ရှင်ကုမ္ပဏီမှာလုပ်နေတဲ့ ဂျိန်းနှင့်အတူ အလုပ်သင်အဖြစ် လုပ်ကိုင်ကြဖို့ဖြစ်လာပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးတွေးခေါ်မှုအသစ်တွေ စိန်ခေါ်ချက်အသစ်တွေကို အတူတူ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဒီ BL ဇာတ်ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Kim, Dao ...

The Trainee (2024)

2024
The Loyal Pin (2024)
The Loyal Pin (2024) သစ္စာရှင်မလေး "ပင်" (၂၀၂၄)အန်နင်လဖတ် ဆဝစ်တာဝါရစ် အဖြစ် Becky Rebecca ပင်ထိဒါ အဖြစ် Freen Sarochaဇာတ်လမ်းအကျဉ်းဆဝစ်တာဝါရစ်နန်းတော်ကြီးရဲ့ အရှင်သခင်ဖြစ်သူ မင်းသားကြီးရဲ့မယ်တော်ဟာ “ပတ်ထမ်မိကာ” ဆ်ုတဲ့ မိန်းမငယ်လေးကို သမီးတစ်ယောက်လိုမွေးစားခဲ့ပြီး မင်းသမီးတစ်ဦးကဲ့သလို့ ချီးမြှောက်ခဲ့ပါတယ်တစ်ရက် ပတ်ထမ်မိကာက မိဘမဲ့ဖြစ်သွားတဲ့ တူမဖြစ်သူ “ပင်ထိဒါ”ကို သူရှိရာ နန်းတော်ထဲ တစ်ဖန်ခေါ်ယူမွေးစားခဲ့ရာက မင်းသားကြီးရဲ့ အချစ်ဆုံး အငယ်ဆုံးသမီးတော် “အန်နင်လဖတ်”နဲ့ အရင်းနှီးဆုံးတွေ ဖြစ်လာခဲ့တယ်တစ်နေ့ မင်းသားကြီးက နိုင်ငံခြား ပညာတော်သင်သွားခဲ့တဲ့ သားတော်ကြီးနှစ်ယောက်ထက် မနိမ့်ကျစေလိုစိတ်နဲ့ သမီးတော်လေး အန်နင့်ကို ၁၅နှစ်အရွယ်မှာ ပညာတော်သင်လွှတ်ဖို့ ကြံရွယ်ခဲ့ပါတော့တယ်ဆယ်ကျော်သက် မိန်းမပျိုလေး ၂ ဦးကြားက ခင်တွယ်လွန်းတဲ့ ဖြူစင်တဲ့မေတ္တာက အရောင်တွေစွန်းထင်းလာချိန်မှာတော့ မတူညီတဲ့ အသိုင်းအဝိုင်း၊ ရှေးရိုးစွဲကြတဲ့ လူတွေကြား ချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား ဆိုတာ “သစ္စာရှင်မလေးပင်”ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုကြရအောင်အညွှန်းနဲ့ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်Genre..... GL, Drama Quality…. 1080p | 720p File ...

The Loyal Pin (2024)

2024
YATAGARASU: The Raven Does Not Choose Its Master (2024) 8
YATAGARASU: The Raven Does Not Choose Its Master (2024) YATAGARASU: The Raven Does Not Choose Its Master (2023) Genre – Anime, History, Fantasy, Dramaဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုးနန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကိုအိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီးသာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာသမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။ ဒါပေမဲ့ ...
8
TMDb: 8/10 1 votes
tv

YATAGARASU: The Raven Does Not Choose Its Master (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Are You The One (2024)
Are You The One (2024) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Lost You Forever မှာတုန်းက ကိုကိုရွှမ်းကို ကြိုက်ကြတဲ့ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ် ဇတ်လမ်းသစ်လေးပဲဖြစ်ပါတယ်Main cast တွေကလည်း တရုတ်မှာ နာမည်ရလာကြတဲ့ Zhang Wanyi နဲ့Wang Churan တို့ပဲဖြစ်ပါတယ်။ အဲ့တော့ ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်ယန်တောင်ရဲ့မြို့စောင့်တပ်အရှင်သခင်မ လျိုမျန်ထန်က ရဲရင့်ပြီးတော့ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူနဲ့ လက်ထပ်ဖို့ချွေးကျိုဆီကိုအသွားမှာ ရက်စက်ကြမ်းကြုတ်တဲ့ဓါးပြတွေနဲ့ဆုံပြီးဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်။ အဲ့ဒါကို ဟွိုင်ယန်မင်းသားဖြစ်တဲ့ချွေးရှင်ကျိုးက ကယ်တင်ပြီးတော့ ဆေးကုသပေးခဲ့ပေမယ့်လျိုမျန်ထန်တစ်ယောက် အတိတ်မေ့သွားပြီး ယန်တောင်ကနေလက်ထပ်ထိမ်းမြားဖို့ ထွက်လာတဲ့ ကိစ္စကိုပဲ မှတ်မိပါတော့တယ်။နန်းတွင်းမှာ အဆင့်ကိုးဖြစ်ပြီး ချွေးမျိုးရိုးဖြစ်တာကြောင့်ချွေးရှင်ကျိုးရဲ့ သူငယ်ချင်းက ချွေးကျိုလို့ခေါ်လိုက်တာကို ကြားပြီးလျိုမျန်ထန်တစ်ယောက် ခင်ပွန်းမှားသွားခဲ့ပါတော့တယ်။ဟွိုင်ယန်မင်းသားကလည်း သူ့အတွက်အကျိုးရှိနေတော့ မရှင်းတော့ဘဲဒီအတိုင်းထားလိုက်ရာကနေ နောက်ပိုင်းမှာ ...

Are You The One (2024)

2024
Women in Blue (2024) Season 1 6.7
Women in Blue (2024) Season 1  အပြာရောင်ဝတ်စုံအောက်မှ အမျိုးသမီးများဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်များအပေါ်မှာ မှိငြိမ်းရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော series တစ်ခုဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ဝန်းကျင် မက္ကဆီကိုစီးတီး မြို့လေးမှာ အမျိုးသမီးတွေကို သတ်ပြီးတာနဲ့ အဝတ်ချွတ်ခဲ့တဲ့ "အဝတ်ချွတ်သူ" လို့ နာမည်ပေးခြင်းခံထားရတဲ့ လူသတ်သမားတစ်ယောက် လွတ်မြောက်လို့နေပါတယ်။အဲဒီအချိန်မှာ ပြည်သူတွေကအစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်အပြစ်တင်နေကြသလို ဒါကိုပဲ သတင်းလုပ်ပြီးရေးသားနေတဲ့ မီဒီယာတွေရဲ့ အာရုံကို ပြောင်းဖို့အတွက် အစိုးရက ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်ကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။ဒီအခါမှာတော့ ယောကျ်ားက ဖောက်ပြန်လို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ မာရီးယာ အယ်လီနာ ဒီ လာ တော်ရီ ရဲတွေဆိုရင် အမြင်မကြည်တဲ့ သူ့ညီမ ဗလင်တီနား ကမာ့ချို မော်ရားလက်စ် သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပေမယ့် လစာ မတိုးတဲ့ အန်ဂျလိစ် ခရုဇ် နဲ့ မိန်းကလေးဆို အိမ်အလုပ်ပဲလုပ်ရမယ်လို့ ပုံသွင်းခံထားရတဲ့ ဂါဘီနာ ဟယ်ရာ မာတီးနက်စ် ...
6.7
TMDb: 6.7/10 5 votes
tv

Women in Blue (2024) Season 1

2024
Club Friday Season 16: Hote Love Issue, Never Wrong (2024)
Club Friday Season 16: Hote Love Issue, Never Wrong (2024) ရွက်ကျပင်ပေါက် (၂၀၂၄)ဒီတစ်ခါ ဇာတ်လမ်းလေးက‌တော့ မီမီဆိုတဲ့ ကောင်မလေးက သူ့ကိုချစ်တဲ့လူရှိပြီး ပါတနာကောင်းတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေရှိပါရက်နဲ့ လက်စားချေလိုစိတ်ကြောင့် တမင်တကာ အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး အငယ်အနှောင်း‌အနေနဲ့ သုံးနှစ်တိုင်တိုင် နေလာခဲ့တာပဲ ဖြစ်ပါတယ် သူ့ရဲ့လုပ်ရပ်တွေကို အကြောင်းအမျိုးမျိုးပြ ဆင်ခြေပေးပြီး မပြင်ဘဲနေလာခဲ့ရာက သူ့ရွေးချယ်မှုတွေကြောင့် နောက်ဆုံးမှာ ဘာတွေဖြစ်လာမလဲဆိုတာ ရင်ဖိုစွာနဲ့ ကြည့်ရှုရမှာပါ My Stand-in ထဲက မင်းသားလေးလည်း ပါတာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်အညွှန်းကိုတော့ Noe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Yin, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 500MB | 200MB Format… mp4 Duration…. 40min Episodes.... 5 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Yin, Noe Encoder ...

Club Friday Season 16: Hote Love Issue, Never Wrong (2024)

The Marked Heart (2022) Season 1+2
The Marked Heart (2022) Season 1+2  ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်လမ်းကောင်းကောင်းကြည့်ရှုချင်တဲ့ CM ပရိသတ်များအတွက် ၂၀၂၂ ခုနှစ်ထွက် Netflix က ကိုလံဘီယာ ဇာတ်လမ်းတွဲတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။*****(18+ Warning…..တစ်ချို့အခန်းတွေမှာ အဖော်အချွတ်တွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်လို့ မိသားစုနဲ့အတူ ကြည့်ရှု့ဖို့ မသင့်တော်ပါဘူး။)*****ဆီမွန်နဲ့ ဗယ်လရီရာတို့ဟာ ပျော်ရွှင်တဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့ သာမန်မိသားစုလေးတစ်ခုပါ။ တရက်မှာတော့ သူတို့မိသားစုလေးဆီ ကံကြမ္မာဂြိုဟ်ဆိုးတစ်ခု ဆိုက်ရောက်လာပါတော့တယ်။ မွေးနေ့ပွဲကျင်းပပြီး ပြန်လာကြတဲ့ သူတို့လင်မယားနှစ်ယောက် ကားမတော်တဆမှု ဖြစ်ပွားပြီး ဆီမွန် မေ့မျှောနေတုန်းမှာ လူသုံးယောက်ဟာ ဗယ်လရီရာ့ကို ပြန်ပေးဆွဲသွားပါတော့တယ်။ကမီလာဟာ သြဇာကြီးမားတဲ့ လူချမ်းသာတစ်ယောက် ဇာခရိရာ့စ်နဲ့ ချစ်ကြိုက်နေပြီး မင်္ဂလာပွဲပြုလုပ်တဲ့နေ့မှာပဲ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ ကမီလာဟာ နှလုံးရောဂါကို ခံစားနေရတာ အတော်ကြာခဲ့ပြီး နှလုံးအစားထိုးဖို့ စာရင်းပေးထားပေမယ့် ၃ နှစ်ကြာတဲ့အထိ သင့်တော်တဲ့ အလှူရှင် မတွေ့တာကြောင့် အစားမထိုးနိုင်ခဲ့ပါဘူး။ဒါပေမယ့် သူ့ချစ်သူ ဇာခရိရာ့စ်ဟာ သြဇာနဲ့ ကြွယ်ဝမှုကို အသုံးချပြီး ဥပဒေပြင်ပမှ လုပ်ဖို့ကြံစည်ပါတော့တယ်။ ...

The Marked Heart (2022) Season 1+2

2022
Yesterday Wife (2024)
Yesterday Wife (2024) ယမန်နေ့က ဇနီးသည် (၂၀၂၄)ဘဏ်ဝန်ထမ်း ဖူမ်မှာ ဖရဖိုင်လို့ခေါ်တဲ့ဇနီးနဲ့ကလေးနှစ်ယောက်ရှိပါတယ် အိမ်ထောင်သည်တွေရဲ့သဘာဝအတိုင်း နှစ်ဦးလုံးကအလုပ်ကိုယ်စီနဲ့ပိုက်ဆံရှာကြတော့ ကလေးကို ကြည့်ရှုစောင့်ရှောက်တဲ့ကိစ္စ စကားများလေ့ရှိပါတယ်တစ်ရက် ဖူမ်က ရထားဘူတာမှာ အရူးဦးလေးတစ်ယောက်နဲ့ဆုံပြီး ကမ္ဘာနှစ်ခုဖြစ်မယ့်အကြောင်းနဲ့ အကြွေစေ့လေးတစ်ခုရခဲ့ပါတယ် အိမ်အပြန်လမ်း ဓာတ်ဆီဆိုင်တစ်ခုမှာ ဂိမ်းစက်လေးတစ်ခုတွေ့ခဲ့ရာမှာ Parallel worldတစ်ခုရောက်ပြီး ဇနီးလဲလို့ရမဲ့အခြေအနေဖြစ်ခဲ့တာမို့ သူဘာတွေဆက်လုပ်သွားမလဲ ဘယ်လိုသင်ခန်းစာတွေရသွားမလဲဆိုတာကို “ယမန်နေ့က ဇနီးသည်” ဇာတ်လမ်းတွဲမှာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Lei Wuyi Tun ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 850MB | 300MB Format… mp4 Duration…. 60min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuyi Tun Encoder ..... Aaron720pEpisode 01 - CMApp | Userdrive | YoteShin | Megaup | StreamWish | TelegramEpisode 02 - ...

Yesterday Wife (2024)

24 Season 1+2+3+4+5+6 (2001) 7.785
24 Season 1+2+3+4+5+6 (2001) ဒီစီးရီးကတော့ မသိသူမရှိလောက်အောင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး မသေခင်ကြည့်သွားသင့်တဲ့ စီးရီးတစ်ခုဆိုလည်းမမှားပါဘူး။ နိုင်ငံရေး၊အက်ရှင်၊ဒရာမာ အစုံပါတဲ့ 24 Series ဟာ 2001 တစ်ခုကနေ စတင်ထွက်ရှိခဲ့ပြီး စုစုပေါင်း Season 9 ခုရှိပါတယ်။ 24 ဆိုတဲ့အတိုင်း Season တစ်ခုကို 24 ပိုင်းပါလို့ တစ်ဝကြီးကြည့်ရမှာဖြစ်ပြီး Season တစ်ခုနဲ့တစ်ခု ဖြစ်စဉ်တွေကွဲပြားပါတယ်။ဒီစီးရီးမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးအေးဂျင့် ဂျက်ခ်ဘောင်ဝါက နိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ပြုလာတဲ့ အကြမ်းဖက်သမားမျိုးစုံကို တစ်ရက်(၂၄ နာရီ)အတွင်း တိုက်ခိုက်ချေမှုန်းပုံကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဒီစီးရီးရဲ့ထူးခြားချက်ကတော့ သူတို့ရဲ့ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီဆောင်ရွက်တဲ့ပုံစံအတိုင်း ၁ ပိုင်းကို တစ်နာရီ စုစုပေါင်း ၂၄နာရီအတွင်းအဖြစ်အပျက်တွေကို ရိုက်ပြထားတာပါ။ဇာတ်လမ်းဇာတ်အိမ် အသွားအလာအလွန်ကောင်းပြီး လှည့်ကွက်မျိုးစုံနဲ့ ပျင်းစရာအခိုက်အတန့် တစ်ခုမှမပါဘဲ ရသအစုံပေးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ၂၄နာရီအတွင်း နာရီသံတစ်ချက်ချက်အကြားက စိတ်လှုပ်ရှားစရာတွေကို ကြည့်ရှုခံစားကြပါဦး။File size…(3 GB)/(880 MB) Quality….Webrip 1080p / ...
7.785
TMDb: 7.785/10 1459 votes
tv

24 Season 1+2+3+4+5+6 (2001)

2001
Slasher (2016) 6.7
Slasher (2016)  ဆာရာဆိုတဲ့ မိန်းကလေးဟာ တစ်နေ့တော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဝါးတားဘယ်ရီမြို့မှာ မိဘတွေချန်ခဲ့တဲ့ အိမ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေနိုင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။တကယ်တော့ ဆာရာတို့ နေမဲ့အိမ်က အမှတ်တရကောင်းတွေ ရှိနေတဲ့ အိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ဆာရာ့မိဘတွေသာ အဲဒီအိမ်ကြီးမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ မိဘတွေ အသတ်ခံထားရတဲ့ အိမ်မှာ ပြန်ပြီး နေထိုင်ဖို့ဆိုတာ ဆာရာ့အတွက်လည်း အတော်လေး သတ္တိမွေးခဲ့ရတယ်ဆို မမှားပါဘူး။ဒါပေမဲ့လည်း သူ့ရဲ့ မွေးဇာတိကို ဆာရာပြန်ရောက်လာပြီး နောက်နေ့ကစလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လူသတ်မှု စတင်ပြီး ဖြစ်ပေါ်လာပါတယ်။ လူသတ်သမားကလည်း ဆာရာ့ရဲ့ အဖေနဲ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ ပုံစံကို လိုက်တုသူ ဖြစ်နေတဲ့အပြင် သတ်ဖြတ်မှုတွေက တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘဲ ကွင်းဆက်တွေ ဖြစ်လာပြီး ဝါးတားဘယ်ရီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။ File size…(1 ...
6.7
TMDb: 6.7/10 288 votes
tv

Slasher (2016)

2016
Normal People (2020) 8.119
Normal People (2020) လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။ ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။ ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလိုဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။ "လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်"ဆိုတဲ့ မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။  သက္ကရာဇ်တွေပြိုမယ်။ ...
8.119
TMDb: 8.119/10 1053 votes
tv

Normal People (2020)

2020
Evil (2019) 7.762
Evil (2019) (function(f,b,n,j,x,e){})(); ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးက IMDb - 7.8 ထိရရှိထားပြီး Supernatural လို vibe မျိုးလေးခံစားရမဲ့ ဇာတ်လမ်းတွဲလေးပါပဲ......ဘုန်းတော်ကြီးသင်တန်းတက်နေတဲ့ ဒေးဗစ်အက်ကောက်စတာ နဲ့ နည်းပညာကျွမ်းကျင်တဲ့ ဘန် တို့က ဘုရားကျောင်းကနေ အလုပ်ခန့်ထားတဲ့ မကောင်းဆိုးဝါးပြုစားခံရတယ်လို့ပြောတဲ့သူတွေကို တကယ်ဟုတ် မဟုတ်လိုက်စစ်ဆေးရတဲ့သူတွေပါ.....ပြဿနာက မကောင်းဆိုးဝါးပြုစားခံရတာနဲ့ စိတ်ကျန်းမာရေးမူမမှန်ဖြစ်တဲ့ လက္ခဏာတွေက တူနေတော့ သူတို့အတွက် အတိအကျအကဲခတ်ဆုံးဖြတ်ဖို့က ခက်ခဲနေပါတော့တယ်.....အဲဒီလိုနဲ့ မထင်မှတ်ဘဲ တော်ရုံနဲ့မယုံတတ်တဲ့ မှုခင်းစိတ်ကျန်းမာရေးဆရာဝန် ခရစ်စတန်ဘွတ်ရှတ်နဲ့ အမှုတစ်ခုမှာဆုံခဲ့ရာကနေ ဒေးဗစ် က ခရစ်စတန်ကို သူ့ အလုပ်မှာ ဝင်ကူဖို့ ကမ်းလှမ်းပါတော့တယ်.......ကျောင်းစရိတ်အကြွေးတွေဆပ်ရမဲ့ ခရစ်စတန်အနေနဲ့ကလည်း မယုံပေမဲ့ လိုအပ်နေတဲ့ ပိုက်ဆံရမှာမို့ လက်ခံလိုက်ရင်းကနေပဲ သူတို့နဲ့ပေါင်းပြီး ၃ယောက်တဖွဲ့ဖြစ်သွားပါတော့တယ်.......ဇာတ်လမ်းလေးကတော့ ၁ပိုင်းကို ၁ပုဒ်ပုံစံမျိုးလေးပါ......ကဲ သူတို့၃ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတကယ်ပြုစားခံထားရတာ ဟုတ်မဟုတ်ကို ဘယ်လိုတွေများ လိုက်လံစုံစမ်းရှာဖွေကြမလဲ ရှုစားလိုက်ကြပါဦးလို့...... File size…(723 MB)/(338 MB) Quality….Webrip 1080p ...
7.762
TMDb: 7.762/10 515 votes
tv

Evil (2019)

2019
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 + 4 8
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 + 4 Parasite ကားနဲ့ အော်စကာ ရခဲ့တဲ့ ဒါရိုက်တာကြီး ဘွန်ဂျိုဟိုရဲ့ နာမည်ကျော်လက်ရာ တစ်ခု ကြည့်ခဲ့ဖူးလား မသိဘူး။ Snow Piercer လို့ ခေါ်တဲ့ ရုပ်ရှင်ပါ။ အခု အဲဒီဇာတ်လမ်းကိုပဲ စီးရီးအနေနဲ့ ရိုက်ကူးထားပါပြီ။ တစ်ပတ်ကို တစ်ပိုင်း ထွက်တာမို့ အပတ်စဉ် တင်ပေးထားတာပါ။ စနိုးပီရာဆာ မကြည့်ဖူးသေးတဲ့လူတွေအတွက် အကျဉ်းလေး ပြောပြပါ့မယ်။အနာဂါတ်ကာလတစ်ခုမှာ ကမ္ဘာကြီး တစ်ခုလုံး အနုတ် ၁၁၉ ဒီဂရီအထိ အေးခဲသွားပြီး တစ်ကမ္ဘာလုံးမှာ သက်ရှိတွေအကုန် သေဆုံးသွားပါပြီ။ ဒါပေမယ့် ဒီအဖြစ်ကို ကြိုမြင်တဲ့ ဝဲလ်ဖို့ဆိုတဲ့ လူကြီးက အတွဲပေါင်း ၁၀၀၁ တွဲ ပါတဲ့ ဧရာမ ရထားကြီးကို တည်ဆောက်ထားခဲ့တယ်။ အဲဒီရထားကြီးကို လုံးဝမရပ်နားဘဲ ကမ္ဘာကြီးကို တစ်ပတ်ပြီး တစ်ပတ် ပတ်နေခဲ့တာ ၇ နှစ်တိုင်လာခဲ့တယ်။ရထားမောင်းနေတဲ့ အရှိန်ကနေ စွမ်းအင်ကိုထုတ်ပြီးသုံးတယ်။ ရထားတွဲတွေမှာ ...
8
TMDb: 8/10 36 votes
tv

Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 + 4

2020
Against the Gods (2023) 10
Against the Gods (2023) တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့်လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီးသူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန်ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ်ပြန်လည်မွေးဖွားခဲ့တယ်။အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေကမသေဘဲ အကုန်အသက်ရှင်နေကြတယ်။ဒါပေမဲ့...သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…    1.5 GB /  500 MB Quality… Web-DL 4K / 1080p Format… mkv Duration…. 25m Genre ..... Animation/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi 4K  (CM APP Only)www.cmapp.tv  1080pEP ...
10
TMDb: 10/10 2 votes
tv

Against the Gods (2023)

2023
Love Andante (2024)
Love Andante (2024) Love Andante (2024) ************************** အပိုင်း (၁ မှ ၈) စ/ဆုံးဒီဇာတ်ကားလေးကတော့ တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေးရပြီးတဲ့နောက် စစ်မဲ့ဇုန်မှာ“ငြိမ်းချမ်းရေး”ရွာ လို့ အမည်ရတဲ့ ရွာတစ်ရွာတည်ပြီးတောင်/မြောက် နိုင်ငံသားတွေ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်းကိုအခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။Lim Juyeong ( Kwon Hyunbin )ဟာ တောင်ကိုးရီးယား နာမည်ကြီး စန္ဒယားပညာရှင် ဖြစ်ပြီးHa Na Kyung ( Song Jiwoo )ကတော့ မြောက်ကိုးရီးယား အရာရှိကြီး တစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်သလို နာမည်ကြီး ဆေးဝါးပညာရှင်လည်း ဖြစ်ပါတယ် ။တောင်ကိုးရီးယားနိုင်ငံသားနဲ့ မြောက်ကိုးရီးယားနိုင်ငံသူလေးတို့ဟာ အကြောင်းကြောင်းကြောင့် “ငြိမ်းချမ်းရေး”ရွာကို ရောက်လာကြပြီးအဲဒီရွာရဲ့ နေထိုင်သူရွေးချယ်တဲ့ smart AI စနစ်ရဲ့ အမှားအယွင်းကြောင့်တစ်အိမ်တည်း အတူနေရဖို့ ဖြစ်လာတဲ့အခါ ...ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ ။အလွဲလေးတွေကြားထဲမှာ နှစ်ယောက်သား ခံစားချက်တွေ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာကို“ငြိမ်းချမ်းရေး”ရွာသားတွေနဲ့ ဇာတ်ကြောင်းအဖုံဖုံနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း ...

Love Andante (2024)

2024
Heart Beat (2024) 5
Heart Beat (2024) Heart Beat (2024) "ကာရန်ညီသော အချစ်" IMDb - 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team) File Size – 500MB(Appx;) @Episode Quality – 1080p WEB DL Duration – 22mins(@Episode) Total Episodes: 24Eps (@ Season) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama ~ Mystery Translator – CM Bollywood ...
5
TMDb: 5/10 1 votes
tv

Heart Beat (2024)

2024
The King in Love (2017) 4.2
The King in Love (2017) The King in Love (2017) ************************ အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီဇာတ်ကားလေးကတော့ ငယ်ရွယ်ပြီး ရည်မှန်းချက် ကြီးမားတဲ့ အိမ်ရှေ့စံနဲ့ သူ့ရဲ့ ကံကြမ္မာကို ပုံဖော်ပေးတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်အိမ်ရှေ့စံ ဝမ်ဝန်းဟာ မွေးလာကတည်းက မြွေတစ်ကောင်လို ထက်မြက်တဲ့ ဉာဏ်ပညာ ကြည့်ကောင်းတဲ့ရုပ်ရည် သံလိုက်လို ဘယ်အရာကိုမဆို ဆွဲဆောင်တတ်တဲ့ အကျင့်စရိုက်မျိုးပိုင်ဆိုင်ထားတယ်အိမ်ရှေ့စံဟာ နူးညံ့သိမ်မွေ့တဲ့ အကျင့်စရိုက် ရှိသလောက် တခြားတိုင်းပြည်ကို သိမ်းပိုက်ချင်တဲ့အထိကိုရည်မှန်းချက်ကြီးမားသူတစ်ယောက်ပါသူ့ဆီမှာ ရင်းလို့ခေါ်တဲ့ ငယ်စဉ်ကတည်းက အတူသွား အတူစား အမြဲအတူနေခဲ့ကြတဲ့ ငယ်သူငယ်ချင်း လူယုံတော်လည်း ရှိတယ်ငယ်ရွယ်စဉ်အချိန်တုန်းက ဝမ်ဝန်းဟာ ဆန်ဆိုတဲ့ မိန်းကလေးနဲ့ မမျှော်လင့်သော အကြောင်းအရာတစ်ခု‌ ‌ကြောင့် တွေ့ဆုံခဲ့ကြတယ်နောက်ပိုင်း ကြီးပြင်းလာပြီး ပြန်ဆုံတွေ့ကြတဲ့အခါမှာ ဆန်ဆိုတဲ့ မိန်းကလေးက အိမ်ရှေ့စံရဲ့ နှလုံးသားထဲ ဝင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ ဆန်ဆိုတဲ့ မိန်းကလေးကို အိမ်ရှေ့စံရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ရင်းကလည်း မြင်မြင်ချင်း ချစ်မိနေခဲ့တယ်သို့ပေမဲ့ ...
4.2
TMDb: 4.2/10 18 votes
tv

The King in Love (2017)

2017
Mom’s Recipe (2024) 7.2
Mom’s Recipe (2024) ဓာတ်ပုံဆရာ ချန်တူနဲ့ ဘလော့ဂါမလေး စီရာဒါက ကြင်စဦးဇနီးမောင်နှံတွေပါသူတိုနှစ်ယောက်က လွတ်လပ်တဲ့lifestyleတွေရှိပြီး နားလည််မှုမျှတတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားကြပါတယ်စီက အချက်အပြုတ်မတော်သလောက် ချန်ကလည်း နားလည်ပေးနိုင်သူပါပဲတစ်ရက်မှစီက သူ့ခင်ပွန်းအတွက် ချက်ပြုတ်ပေးချင်စိတ်ဖြစ်လာတာကြောင့်ယောက္ခဖြစ်သူဆီမှာ အချက်အပြုတ်ခိုးသင်ပါတော့တယ်ယောက္ခမကလည်း သူ့ရဲ့ဝက်သားကင်ချက်နည်းကို စီကိုသေချာသင်ပေးခဲ့တာမိုချန်တစ်ယောက် အမေ့လက်ရာကို တစ်မခေါက် ပြန်စားလိုက်သလို ခံစားရတဲ့အခါမှာချန်နဲ့သူ့အမေကြားက စိတ်ကွက် စိတ်ဆိုးနေတာလေးတွေက ပြန်လည်ပြေပျောက်သွားမလားစီကရော ဇနီးကောင်းတစ်ယောက်အနေနဲ့ ဘယ်လိုအချက်အပြုတ်ကောင်းအောင် ကြိုးစားသွားမလဲချက်ပြုတ်နည်းတွေအများကြီးကို ထည့်သွင်းထားတဲ့ “အမေ့လက်ရာ”ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစားကြည့်ရှုရအောင်ပါ(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Native Title: ตำรับแม่ Episodes: - Aired:  Aug 4, 2024 - ? Aired On: Original Network:  Thai PBS Duration: 53 minTranslated by  Lei Wutyi TunEncoded by a hao Episode (1)-720p [550MB] Yoteshin /Userdrive / Megaup / StreamSB ...
7.2
TMDb: 7.2/10 votes
tv

Mom’s Recipe (2024)