Channel Myanmar

Drama

Unpredictable Family(2023)
Unpredictable Family(2023) Unpredictable Family(2023)*************************အပိုင်း( ၁ မှ  ၁၃၁ အထိ ) စ / ဆုံးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ရန်သူတွေအဖြစ် လမ်းခွဲခဲ့ကြတဲ့ လင်မယားနှစ်ယောက်ဟာ ဟိုဘက် ဒီဘက် သားသမီးနှစ်ယောက်ရဲ့ချစ်ခြင်းကြောင့် ခမည်းခမက်ဆက်ဆံရေးအဖြစ် ပြန်ပြီးတွေ့ဆုံကြရတဲ့အခါ....ပဋိပက္ခဟောင်းတွေနဲ့ ရန်လိုမုန်းတီးစိတ်တွေကို ဆေးကြောပြီး စစ်မှန်တဲ့မိသားစုလေးအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားလာမလားဆိုတာကို အူတက်အောင်ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသမိသားစုဒရာမာလေးဖြစ်ပါတယ်ဒီဒရာမာလေးကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အပြင် အပိုင်း ၁၂၀ တောင်ပါဝင်မှာမို့ ပေါ့ပေါ့ပါးပါး မိသားစုဒရာမာလေးကိုမှ တစ်ဝကြီးကြည့်ချင်တဲ့သူတွေအတွက် Channel Myanmar က အသင့်ရှိနေပါပြီနေပါပြီ..အညွှန်းကိုတော့ Hsu Pyae မှရေးသားပေးထားပါတယ်..Episodes: 131 Aired: Sep 18, 2023 - ? Aired On: : Monday To Friday Original Network: SBS Duration: 35min. Genres: Comedy, Romance, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Miri, Hnin Wai ...

Unpredictable Family(2023)

2023
Pyramid Game(2024)
Pyramid Game(2024) Pyramid Game(2024)********************အပိုင်း ( ၁ မှ ၁၀ ) ထိ စ/ဆုံးWebcomic တစ်ခုကို အခြေခံထားပြီးရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားစီးရီးဖြစ်ပါတယ်..သရုပ်ဆောင်တွေအနေနဲ့ twenty five twenty one ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင်Kpop girl group member တစ်ယောက်လည်းဖြစ်တဲ့ Bona, Jang Da-A, Ryu Da In, Shin Seul Ki,Kang Na Eon, Jung Ha Dam တို့က ပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်ဆောင်းဆူးဂျီလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ဆိုးလ်မှာရှိတဲ့ဘဲ့ဂယွန်းအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းလာတာကနေ ထူးဆန်းတဲ့ မဲပေးစနစ်ရှိတဲ့ game မှာပါဝင်လာဖို့ဖြစ်လာပါတော့တယ်။ တစ်လတစ်ခါ မဲပေးရပြီး “F”အဆင့်ရတဲ့သူကဘတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံရဖို့တားဂတ်ဖြစ်လာမှာဖြစ်ပြီး main cast တစ်ဦးဖြစ်တဲ့ bona (ဆောင်းဆူးဂျီ) က ကံမကောင်းစွာနဲ့ဘဲ “F”ရပြီးတော့ တားဂတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းသူဆောင်းဆူးဂျီတစ်ယောက် သူမရဲ့အခက်အခဲတွေကနေ ...

Pyramid Game(2024)

2024
Far North (2023) 8
Far North (2023) Far North (2023) 2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။ အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေး‌တွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။ ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။ သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် ...
8
TMDb: 8/10 6 votes
tv

Far North (2023)

2023
The Invincible (2024)
The Invincible (2024) ကြီးမြတ်သော အောင်နိုင်သူ (၂၀၂၄)ကလဲ့စားချေလိုတဲ့ အငြိုးအတေးတွေနဲ့ ပြည့်နက်နေတဲ့ ဆီယာဖတ် နဲ့ မဟုတ်မခံ တရားဥပဒေတိုင်း လုပ်ဆောင်တတ်တဲ့ ရဲအုပ်ကရထင်း တို့ရဲ့ ရန်သူကို နှိမ်နင်းမယ့် အက်ရှင်ဇာတ်လမ်းလေးပါဖတ်ငယ်ငယ်တုန်းက ဂိုဏ်းစတားအဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့ ဟန်ဆိုတဲ့သူက ရွာသားတွေကို ဓါးပြတိုက်ပြီး လိုက်ဒုက္ခပေးခဲ့ပါတယ် ဟန်က မှော်အစွမ်းတွေလည်း တတ်မြောက်ထားတဲ့သူပါ တစ်နေ့ မမျှော်လင့်ဘဲ ဖတ်ရဲ့အမေ အသတ်ခံလိုက်ရပါတယ် ဖတ်က အဲဒီမြင်ကွင်းကို မြင်ခဲ့ရပြီး ဟန်ဆိုတဲ့လူကို လက်စားချေဖို့ အငြိုးတေးထားပါတယ်ဒါကြောင့် ဖတ်တစ်ယောက် ဟန်ကို တိုက်ခိုက်နိုင်ဖို့ ကိုယ်ခံပညာတွေနဲ့မှော်အစွမ်းတွေကို လေ့ကျင့်ခဲ့ပါတယ် ဖတ် အရွယ်ရောက်လာတော့ ဟန်ကို ချေမှုန်းဖို့ သူနဲ့အစွမ်းတူတဲ့ နောက်တစ်ယောက်နဲ့ ပူးပေါင်းမှ နိုင်နိုင်ချေရှိမှာပါ အဲ့တစ်ယောက်ကတော့ ရဲအုပ်ကရထင်းပါ ဆိုတော့ တစ်ယောက်က ဆီယာ တစ်ယောက်ကရဲ ဖြစ်နေတဲ့ ဖတ်နဲ့ကရထင်းတို့ ပူပေါင်းနိုင်ပါ့မလား ဟန်ကိုရော ချေမှုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... ...

The Invincible (2024)

2024
Save the Tigers Season 2 (2024) 6.7
Save the Tigers Season 2 (2024) Save the Tigers Seasons 2 (2024) (မယကတို့ ဘဝ)IMDb-8/10မယကတို့အကြောင်း အရယ်အမောတွေနဲ့ Save the Tigers Season 1 ကို သဘောကျခဲ့ကြတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်ထွက်လာပါတယ်မယက ဆိုတဲ့နေရာမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းမရှိ အသာလေးခိုစားပြီးကြောက်နေကြသူတွေမဟုတ်ဘဲ ချစ်လို့အလျော့ပေးအလိုလိုက်ရာက အကျင့်ပါပြီး ကြောက်တယ်အမည်တပ်ခံလိုက်ရတယ်တွေလည်းရှိကြတာပါပဲဂန်တာ ဗစ်ကရမ် ရာဟူးလ် တို့သုံးယောက်က မိန်းမတွေအိမ်ပေါ်ကနှင်ချလို့ အမူးသောက်ဖို့ထွက်လာရင်း ကိုယ့်ကိုယ်ကိုယ်‌သတ်သေဖို့လုပ်နေတဲ့ နာမည်ကြီးမင်းသမီးဟမ်ဆာလက်ခါနဲ့ တွေ့ကြတယ် ဟမ်ဆာလက်ခါရဲ့ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့ စိတ်သောကတွေကို သူတို့ကတစ်ထိုင်တည်းဖြေရှင်းပေးနိုင်ရာက သူတို့နဲ့အရမ်းခင်သွားကြပြီး အမူးသောက်ကဲကြတော့တာပဲ နောက်ရက်မနက်မှာတော့ မင်းသမီးဟမ်ဆာလက်ခါပျောက်မှု သံသယတရားခံသုံးယောက်ဆိုတဲ့သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ....။ ရဲကလည်းသူတို့သုံးယောက်ကိုအတင်းရိုက်စစ် သူတို့ကလည်းမူးပြီး ဘာမှမမှတ်မိ ။နေမြင့်မှ ဟမ်ဆာလက်ခါတစ်ယောက် ကျွဲခြံထဲမှာအိပ်ပျော်ရာကနိုးလာပြီး အကုန်ဖြေရှင်းနိုင်သွားတယ် အမှုကရှင်းသွားပေမဲ့ မရှင်းတာက ဂန်တာတို့သုံးယောက်ရဲ့ အိမ်ထောင်သည်ဘဝတွေပါပဲနိုင်ငံကျော်မင်းသမီးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုဆိုတဲ့ကောလဟလကြီးကြောင့် သူတို့မိန်းမတွေနဲ့ မိန်းမဘက်ကအမျိုးအသိုင်းအဝိုင်းကြားက မကြည်မလင်အချေအတင်တွေကြား သုံးယောက်သား ဘယ်လိုမျောပါးဖြေရှင်းကြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး1 တုန်းကလိုပါပဲ အောက်လုံးတွေ ကလိထိုးဟာသတွေမပါဘဲ မယားကြောက်လို့ အမည်တပ်ခံရသူတွေရဲ့ အဖြစ်ကိုလည်း ရှုထောင့်တစ်ခုကနေရယ်မော ခံစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
6.7
TMDb: 6.7/10 3 votes
tv

Save the Tigers Season 2 (2024)

2023
Mary & George (2024) 9
Mary & George (2024)  Benjamin Woolley ရဲ့ The King's Assassin စာအုပ်ကို မှီငြိမ်းပြီး ရိုက်ကူးထားတဲ့ Historical Drama ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ဒီဇာတ်လမ်းက‌တော့ ... တစ်ခါက နုနုထွတ်ထွတ် အမျိုးကောင်းသား ယောက်ျားလေးတွေကိုမှ ဆွဲစားတတ်တယ်လို့ နာမည်ကြီးတဲ့ အင်္ဂလန်ဘုရင် James I နဲ့ Mary နဲ့ George Villiers တို့ သားအမိအကြောင်းပါ။မိသားစု ရှေ့ရေး မသေချာတော့တဲ့ မယ်ရီဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်သူ ဂျော့ဂျ်ရဲ့ ချောမောမှု ဆွဲဆောင်မှုတွေကို အသုံးချပြီး ဘုရင်ဂျိမ်းစ်ကို ချဉ်းကပ်ခိုင်းတယ်။ သူတို့ ဘဝရှေ့ရေး ကောင်းစားဖို့က သူ့သား ဘုရင့်အချစ်တော် ဖြစ်ဖို့ပါပဲ။ဒီလိုနဲ့ ဂျော့ဂျ်ဟာလည်း အမေဖြစ်သူ ခိုင်းတဲ့အတိုင်း ဘုရင်ကြီးကို နည်းမျိုးစုံနဲ့ မြှူဆွယ်ပြီး နန်းတော်ထဲမှာ နေရာတစ်ခု ရလာအောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ ရာထူး အာဏာပါဝါတွေဆိုတာလည်း ပင်လယ်ရေလို ...
9
TMDb: 9/10 5 votes
tv

Mary & George (2024)

2024
Grudge: The Revolt of Gumiho (2010) 4.5
Grudge: The Revolt of Gumiho (2010) Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ ...
4.5
TMDb: 4.5/10 2 votes
tv

Grudge: The Revolt of Gumiho (2010)

2010
Live Your Own Life(2023)
Live Your Own Life(2023) Live Your Own Life(2023)***********************အပိုင်း ၁ မှ ၅၁အစ/အဆုံး အီဟျိုရှင်းမ် ငယ်စဉ်ဘဝက သူမအဖေဟာ သူမအမေ နဲ့ သူတို့ မောင်နှစ်မတွေကို ထားခဲ့ပြီးအိမ်ကထွက်သွားခဲ့ပါတယ်။ မွေးရာပါ သဘောကောင်းပြီး နွေးထွေးတဲ့သူတစ်ယောက်ဖြစ်တဲ့အီဟျိုရှင်းမ်းဟာ အထက်တန်းကျောင်းပြီးတဲ့အချိန်မှာ fitness trainer အဖြစ်အလုပ်လုပ်ပြီးမိသားစုကိုထောက်ပံ့ခဲ့ပါတယ်။ တစ်နေ့မှာတော့ မိမိအပေါ် ဒုက္ခပေးတဲ့ မိသားစုတွေဆီကရုန်းထွက်ပြီး လွတ်လပ်တဲ့ဘဝကို ရှာဖွေဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီအချိန်မှာ ကုမ္ပဏီကြီးတစ်ခုက စီမံကိန်းဌာနမှာ အလုပ်လုပ်နေတဲ့ဂန်ထယ်ဟိုနဲ့တွေ့ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…. After school အဖွဲ့ဝင် Uee နဲ့ Destined with you ဇာတ်ကားမှာ ဂွမ်ဂျယ်ဂယောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Ha-Joon တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားပါတယ်။Family , Drama အမျိုးအစားမို့  ငရုတ်သီးစားပြီးအိမ်သာတက်ချိန် အိမ်သာနားမှာမီးလောင်နေသလိုမျိုးလောင်တဲ့စီးရီးမျိုးကိုမုန်းတဲ့သူတွေအဖို့ အလွန်အင်မတန်သင့်လျှော်ကြောင်းပါ...အညွှန်းကိုတော့ Emily မှရေးသားပေးထားပါတယ်...  Episodes: 51 Aired: Sep 16, 2023 - DEC15, 2023 Aired On: Saturday, ...

Live Your Own Life(2023)

2023
Blondie in an Ancient Time (2024)
Blondie in an Ancient Time (2024) ခေတ်နှောင်းရောက် ရွှေကေသီ (၂၀၂၄)ဆယ်လီမလေးဖရယ်ဟာ သူ့အောင်မြင်မှုကြောင့် ကပ်ဖားလျက်ဖား အပေါ်ယံချစ်သူ အပေါင်းအသင်းတွေနဲ့သာ ဆုံဆည်းလာရသူပါတစ်ရက်ကျ အချစ်နတ်ဘုရားဆီမှာ သူ့ဆီက ဘာမှမမျှော်လင့်တဲ့ ယောကျာ်းတစ်ယောက်သာ လိုချင်ကြောင်း ဆုပန်ခဲ့ပြီးတဲ့နောက် သူမဟာ ရုတ်တရက်ဆိုသလို ရာမမင်း ငါးဆက်မြောက်ခေတ်နှောင်းဆီပြန်ရောက်ချိန် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သူ့ရွှေရောင်ဆံပင် လက်ကိုင်ဖုန်းသာ ပါသွားခဲ့ပါတယ်ခေတ်နှောင်းမှာ ကျွန်ဖြစ်နေတဲ့ရွှေကေသီတစ်ယောက် ၂၀၂၃ ခုနှစ်ထဲ ဘယ်လိုနည်းနဲ့ ပြန်ရောက်အောင်သွားမလဲ ဘာအတွက်ကြောင့် ဒီဆုတောင်းက ခေတ်နှောင်းကိုပို့လိုက်ရသလဲ ဆယ်လီမမရွှေကေသီက ခေတ်နှောင်းမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကတော့“ခေတ်နှောင်းရောက် ရွှေကေသီ”ဇာတ်ကားထဲမှာ ရသစုံအောင်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun နဲ့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 650MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Blondie in an Ancient Time (2024)

2024
Doctor Slump (2024) [Complete]
Doctor Slump (2024) [Complete] Doctor Slump (2024)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာJeong-woo ...

Doctor Slump (2024) [Complete]

2024
Everyone Loves Me
Everyone Loves Me နွေဦးရဲ့မတ်လအစမှာ ချိုမြိန်တဲ့ဇာတ်လမ်းလေးတစ်ပုဒ် စတင်ရောက်ရှိလာပါပြီ။Main role တွေကတော့ Scent of Time ၊ Love Me Love My Voice တို့နဲ့ပရိသတ်အချစ်ကိုအပြည့်အဝရရှိထားတဲ့ မင်းသမီးလေး Zhou Ye နဲ့Put Your Head on My Shoulder၊ Love Scenery တို့နဲ့ကျော်ကြားခဲ့တဲ့မင်းသားချော Lin Yi တို့ပဲဖြစ်ပါတယ်။ယွဲ့ချန်းလင်ဆိုတဲ့ကောင်မလေးဟာ ကုရွှင်ဆိုတဲ့ကောင်လေးကိုတိတ်တခိုးသဘောကျနေတာကြာခဲ့ပါပြီ။ ဘွဲ့ရခါနီးမှာ သူမရဲ့အချစ်တွေကိုဖွင့်ဟဝန်ခံခဲ့ပေမယ့် အငြင်းခံလိုက်ရပါတယ်။အသည်းကွဲသွားတဲ့ ယွဲ့ချန်းလင်တစ်ယောက် ဂိမ်းကိုပဲနစ်မြှုပ်ကစားရင်းဂိမ်းတွင်းသူငယ်ချင်းတစ်ယောက်ကလည်း သူမကိုနှစ်သိမ့်ပေးပါတယ်။အဲ့ဂိမ်းထဲကသူငယ်ချင်းက ယွဲ့ချန်းလင်ကိုမျက်နှာတောင်မမြင်ဖူးဘဲ တိတ်တခိုးသဘောကျနေသူပါ။ကံကြမ္မာရဲ့လှည့်စားချက်အရ ဖြစ်ချင်တော့ ဂိမ်းထဲကသူငယ်ချင်းဆိုသူဟာယွဲ့ချန်းလင်ကိုငြင်းခဲ့တဲ့ ကုရွှင် ဖြစ်နေပါတယ်။ကိုယ်ကြိုက်နေတဲ့သူမှန်းမသိဘဲ ငြင်းလိုက်မိတဲ့ကောင်လေးနဲ့အငြင်းခံလိုက်ရပြီးနောက်ပြန်ချေမယ့်ကောင်မလေးတို့ရဲ့ ချိုမြိန်တဲ့ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : ...

Everyone Loves Me

2024
Jab Mila Tu (2023)
Jab Mila Tu (2023) Jab Mila Tu (2024) "ဘာရယ်ကြောင့်များ..."CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့် အိန္ဒိယစီးရီးလေးကတော့ youtubeတို့ spotifyတို့မှာကိုသီချင်းတွေ နာမည်ကြီးနေတဲ့ Musical Rom-Comလေးပဲ ဖြစ်ပါတယ်။ဒီထဲက သီချင်းတွေကို အဓိကရေးသားပေးထားတာကတော့ နာမည်ကျော် တေးရေး၊တေးဆို Vishal Dadaniပဲ ဖြစ်ပါတယ်။သီချင်းမြူးမြူးလေးတွေနဲ့တင် နားထောင်ကောင်းရုံမကပဲ မင်းသားနဲ့မင်းသမီးလေးကလည်း ရွှေရင်အေးစရာဆွဲဆောင်မှုရှိတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်ကပါ စီးရီးပီပီအချိတ်အဆက် အလှည့်အပြောင်းကောင်းတော့ အရသာကောင်းတဲ့ 3 in 1 တစ်ခွက်လို့ပဲ ညွှန်းဆိုပေးလိုက်ရင် မမှားပါဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ စူပါစတားအဆိုတော်မာဒီဟာ ဂျစ်ကန်ကန်နဲ့ ထင်ရာမြင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ နေထိုင်လုပ်ကိုင်တတ်ပြီး ဘဝကြီးကို လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။ ဂျိုးဆိုတဲ့ကောင်မလေးကတော့ အဖေ့ဆီကအမွေရထားတဲ့ ကော်ဖီဆိုင်လေးကို အောင်မြင်အောင်ရုန်းကန်နေရတဲ့ ဂိုအာမြို့သူ လုင်ငန်းရှင်ပေါက်စလေးပေါ့။သိပ်လှတဲ့ ဂိုအာမြို့လေးမှာ မာဒီနဲ့ဂျိုးနဲ့ဆုံတွေ့မှုကတော့ Rom-Comတွေရဲ့ထုံးစံအတိုင်း ဂျိုးရဲ့ဖုန်းက မာဒီရဲ့ကားပေါ်မှာကျန်ခဲ့တာက စပါတယ် အဲဒီကနေစလွဲလာတဲ့ Tom and Jerryအတွဲရဲ့ ဂိုအာကမ်းခြေအချစ်ဇာတ်လမ်းလေးကို ရင်ခုန်ခံစားနိုင်စေဖို့ CM Bollywood Team ကနေ နှလုံးရွှင်ရွှေရင်အေး စီးရီးလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...

Jab Mila Tu (2023)

2024
Between Him and Her(2023)
Between Him and Her(2023) Between Him and Her(2023) ***************************စ/ဆုံး နာမည်ကြီး Webtoon "Between Him and Her" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးထဲမှာတော့ မင်မင်တို့ ငယ်ငယ်ကတည်းက အသည်းစွဲ Super Junior အဖွဲ့ကအိုပါး Lee Dong Hae ကို Main Leadအနေနဲ့ တွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းJung Hyun Sung နဲ့ Han Sung Ok က အရမ်းကိုမှချိုမြိန်ပြီးရိုမန်တစ်ဆန်တဲ့ ချစ်သူရည်းစား ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြသူတွေပါ။ဒါပေမဲ့ ချစ်သူသက်တမ်း၇နှစ်ကြာလာတဲ့အခါ ရိုးအီလာတဲ့ သူတို့ရဲ့ဆက်ဆံရေးကတစ်ယောက်နဲ့တစ်ယောက် ရင်ခုန်မှုတွေမရှိတော့ဘဲ တဖြည်းဖြည်း အေးစက်လာခဲ့ပါတယ်။ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ကြုံတွေ့ရတတ်တဲ့တစ်ယောက်ကို တစ်ယောက် ငြီးငွေ့လာတဲ့ ပြဿနာကိုသူတို့နှစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ...။အရင်လို ကြည်နူးဖွယ်ဆက်ဆံရေးလေး ပြန်ရမှာလားဆိုတာကို ကြည့်ရှူခံစားရမှာပါ။ကဲ ဒါဆိုရင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စုံတွဲလေးကြားက ဆက်ဆံရေးကို ဒီည တူတူ ကြည့်လိုက်ရအောင်နော်။ Episodes: 10 Aired:  Dec ...

Between Him and Her(2023)

2023
Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Diary of a Prosecutor(2019) 6.4
Diary of a Prosecutor(2019) Diary of a Prosecutor(2019)**************************အပိုင်း(၁ မှ ၁၆) စ/ဆုံးIMBD Rating 8.0/10 ရထားတဲ့ ဒီကားလေးရဲ့ Cast တွေအနေနဲ့ကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့မင်းသားကြီး Lee Sun Kyun၊ ရှေ့နေကား အမှုစစ်ကားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့မင်းသမီး Jung Ryeo Won ၊ ကိုရီးယားရုပ်ရှင်လောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့မင်းသားကြီး Lee Sung Jae၊ The Good Bad Mother ,My Dearest စတဲ့ဇာတ်လမ်းတွဲထဲကမင်းသမီး Ahn Eun Jin တို့ကအဓိကပါဝင်ထားပါတယ်။အီဆွန်းဝွန်း( Lee Sun Kyun) ကတော့ ဂျင်ယောင်းခရိုင်အမှုစစ်ရုံးမှာ တာဝန်ကျတဲ့အမှုစစ်တစ်ယောက်ပါ။ အပြင်ပန်းမှာတော့ သူ့ကို နှေးကွေးပြီးတော့ ရည်မှန်းချက်မရှိတဲ့သူလို့ မြင်ရပေမဲ့သူ့အတွင်းစိတ်ကတော့ အပြင်ပန်းပုံစံနဲ့ကွဲပြားပါတယ်။ချာမြောင်းဂျူ( Jung Eyeo Won) ကတော့ ဆိုးလ်ဗဟိုခရိုင်အမှူစစ်ရုံးကထက်မြတ်တဲ့ အမှုစစ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ ရုတ်တရက်ဂျင်ယောင်းခရိုင်အမှုစစ်ရုံးကို ပြောင်းရွှေ့ခံလိုက်ရတဲ့အတွက် ...
6.4
TMDb: 6.4/10 13 votes
tv

Diary of a Prosecutor(2019)

2019
Auction (2019)
Auction (2019) Auction (TV Series 2019) "အပျိုစင်လေလံ" IMDb - 6.7/10၂၀၁၉ခုနှစ်က Ulluရုပ်သံလိုင်းကနေ လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့ အိန္ဒိယဝက်ဘ်စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ ဆာမစ်ခ်ရှာတို့ ပရီတီးတို့လို မင်းသမီးချောတွေအပြင် မင်းသမီးငယ်လေးတွေအများကြီးနဲ့ပါဝင်ထားတဲ့ အမျိုးသမီးလူကုန်ကူးတဲ့ မီနီစီးရီးလေးပါ။အမျိုးသမီးကြီးတစ်ယောက်က သူသိပ်ချစ်ရတဲ့ ကလေးငယ်လေးရဲ့ရောဂါကို ကုသဖို့အတွက် ဆေးကုသစရိတ်မရှိရာက ကြံရာမရတဲ့အဆုံးမှာ အပျိုစင်လေးတွေကိုဖမ်းပြီး လူကုန်ကူးပါတယ်။ လူကုန်ကူးတာကလည်း ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေဆီကို လေလံစနစ်နဲ့ ရောင်းချ လူကုန်ကူးတာမျိုးပါ။ ဒီလိုအန္တရာယ်တွေ အများကြီးနဲ့ရင်ဆိုင်ရတဲ့ မိန်းကလေးငယ်လေးတွေကြားမှာ သူတို့ကိုကယ်တင်မဲ့ အမျိုးသမီးလေးတစ်ဦး ပေါ်လာတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)File Size – 500MB(Appx;) @EpisodeQuality – 1080p WEB DLDuration – 22mins (@Episode)Total Episodes: 5Eps(@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ~ MysteryTranslator – Thaik SanEncoder – XCross Episode 1 - Yoteshin ...

Auction (2019)

2019
The Golden Castle (2024)
The Golden Castle (2024) ပန်း ၃ ပွင့် နဲ့ မာယာရှင်ယောကျာ်း (၂၀၂၄)ဖွန်မရိတ်စ်ဟာ ဝေါရာထစ်မိသားစုကို အငြိုးရှိနေတဲ့သူပီပီ ရွေထောင်း ထာထောင်းနဲ့ရင်းထောင်းတို့ ညီအစ်မသုံးယောက်ကို လက်စားချေဖို့အတွက် ချဉ်းကပ်ခဲ့ပါတယ်ဖွန်မရိတ်စ်တစ်​ယောက် ညီမအစ်မတွေကို စိတ်ဝမ်းကွဲအောင် ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ ဘာလို့သူက ဒီမိသားစုကို အငြိုးထားနေရတာလဲဆိုတာဖွန်မရိတ်စ်က ဘယ်သူလဲဆိုတာကတော့ “ပန်း၃ပွင့်နဲ့မာယာရှင်ယောက်ျား”ဇာတ်လမ်းတွဲမှာ စောင့်ကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။(function(f,b,n,j,x,e){})();Genre..... Drama Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei, Nang, Fake Love Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | Megaup | StreamVid | ...

The Golden Castle (2024)

2024
Time the Series (2024)
Time the Series (2024) Time The Series (အချိန်မီသာ ပြင်ဆင်ခွင့် ရှိခဲ့ရင်)လူရယ်လို့ဖြစ်လာပြီဆိုရင် အားလုံးအမှားနဲ့မကင်းကြပါဘူး။ ကြီးလေးတဲ့အမှားဖြစ်ဖြစ် သေးငယ်တဲ့အမှားဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ခွင့်သာရှိမယ်ဆိုရင် အားလုံးပြန်ပြီးပြုပြင်ချင်ကြတာကြီးပါပဲ။ ကံကြမ္မာကမျက်နှာသာပေးပြီး အချိန်ကကုစားပေးမယ်ဆိုရင်ပေါ့......ဖွမ်ဟာနာမည်ကြီးမင်းသားတစ်ယောက်၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမဲ့ အောင်မြင်တဲ့ဘဝကြီးရဲ့တစ်ဖက်မှာ ချစ်ရသူခရစ်ကို မျက်စိရှေ့တင်ဆုံးရှုံးထားရတဲ့ ချစ်ရှုံးသမားလေးပေါ့။ ဒါပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် ခရစ်ကိုပြန်လည်ကယ်တင်နိုင်မယ့်အခွင့်အရေးက ဖွမ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ ထူးဆန်းတဲ့လူတစ်ယောက်ဆီကနေ နာရီတစ်လုံးရလိုက်ပြီးတော့ ဒီနာရီက ခရစ်မသေခင်အချိန်ကိုပြန်သွားလို့ရနိုင်နေတဲ့အခါ..အချိန်ဟာ အရာအားလုံးရဲ့အဖြေလို့ပြောကြပေမဲ့ အချိန်ကမဖြေရှင်းနိုင်တာတွေလည်းအများသားမလို့ ဖွမ်တစ်ယောက် Second chance ကို အကောင်းဆုံးအသုံးချရင်း ခရစ်ကိုကယ်နိုင်မှာလားဆိုတာ Ai Long Nhai, La Cuisine တို့လိုဇာတ်လမ်းကောင်းတွေရဲ့ဖန်တီးရှင်ကြီးရဲ့ လက်ရာသစ်လေးကို CM နဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Thant, Su Myat, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Mystery Quality…. 1080p | 720p File size…  600MB | 300MB Format… ...

Time the Series (2024)

2024
Lustful Phantom (2024) 6
Lustful Phantom (2024) ပြည့်တန်ဆာ ဝိညာဉ် (၂၀၂၄)ဖိုင်ခမ်ဟာ သူမရဲ့နောက်ဆုံးအမေဆီက ဝိညာဉ်ဆိုးကို ဆန္ဒမရှိဘဲ လက်ဆင့်ကမ်းရယူခဲ့ရပါတယ် သူ လှပအောင်လို့ ဝိညာဉ်ဆိုးဟာ မျက်နှာကိုလျှာနဲ့လျှက်ပြီး ပြုလုပ်ပေးလေ့ရှိတယ်(function(f,b,n,j,x,e){})();ဒီဝိညာဉ်ဆိုးဟာ တစ်ချိန်က အငြိုး အာဃာတကြီးမားခဲ့တဲ့ မင်းသမီးအင့်လုန်ဖြစ်ပါတယ် အခုမှာတော့ သူမအသက်ရှိစဉ်က ရန်ပြုခဲ့သူတွေကို လက်စားချေနိုင်စွမ်းရှိနေပါပြီ သူသေပြီးနောက်မှာတော့ ဖိုင်ခမ်ရဲ့မိခင်ဟာ ဝိညာဉ်ဆိုးရဲ့ထိန်းချုပ်မှုအစွမ်းအောက်ကို ရောက်ခဲ့ရပါတယ်အခုဆို ဖိုင်ခမ်ရော သူ့မိခင်ပါ ဝိညာဉ်ဆိုးကြီးရဲ့ကျွန်သာသာဖြစ်သွားပါတော့တယ် တစ်ရက်ကျ ဖိုင်ခမ်က နန်းတွင်းမှာအလုပ်လုပ်ဖို့ အခွင့်ရေးရသွားတာကြောင့် အင့်လုန်ဟာလည်း လက်စားပြန်ချေဖို့အတွက် အခွင့်အလမ်းပေါ်လာခဲ့ရာမှာတော့ ဖိုင်ခမ်ကိုအသုံးချပြီး ဝိညာဉ်ဆိုးအင့်လုန်တစ်ယောက်ဘယ်လိုတွေ လက်စားချေမလဲ မွေးကတည်းက မကောင်းဆိုးဝါးလိုအကျင့်စရိုက်မကောင်းတဲ့အင့်လုန်ဟာ ဝိညာဉ်ဘဝမှာရော ဘာတွေယုတ်ညံ့ဦးမလဲဆိုတာကတော့“ပြည့်တန်ဆာဝိညာဉ်”ဇာတ်လမ်းမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, Mystery Quality…. 1080p | 720p File size…800MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
6
TMDb: 6/10 votes
tv

Lustful Phantom (2024)

2024