Channel Myanmar

Drama

My ID is Gangnam Beauty (2018) 7.3
My ID is Gangnam Beauty (2018) My ID is Gangnam Beauty (2018)*******************************အပိုင်း (၁ မှ ၁၆) စ/ဆုံးCM ပရိတ်သတ်တွေအတွက် အခုလို နွေရာသီပူပူလောင်လောင်ကြီးမှာ ရွှေရင်အေးသွားစေဖို့ Lim Soo Hyang နဲ့ Cha Eun Woo တို့ရဲ့ နာမည်ကြီးဒရမ်မာဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း - ဂန်မီရယ် (Lim Soo Hyang) က ရုပ်ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ငယ်ငယ်က‌တည်းက သူများတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်ရုပ်ရည်ကြောင့် လှောင်ပြောင်ခံရတာတွေ များလာတဲ့ မီရယ်တစ်ယောက် အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒပါ ပျောက်ဆုံးသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ မီရယ်က အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်အဲဒီအမျိုးသမီးဆီကနေ ရတဲ့ မွှေးပျံ့တဲ့ရနံ့လေး နောက်ပြီး နွေးထွေးတဲ့အကြည့်တွေ... မြင်သာတဲ့အလှတရားကိုမှ လိုချင်ကြတဲ့ ဒီလောကကြီးထဲမှာ အဲဒီအမျိုးသမီးဆီက ရလိုက်တဲ့ရနံ့ ၊ မမြင်ရတဲ့အလှတရားကြောင့် မီရယ်တစ်ယောက် နှစ်သိမ့်မှုရပြီး အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒတွေ ပြန်ပေါ်လာပါတော့တယ်အဲဒီနောက်မှာ ...
7.3
TMDb: 7.3/10 95 votes
tv

My ID is Gangnam Beauty (2018)

2018
The New Look Season 1 (2024) 8.211
The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb: 8.211/10 19 votes
tv

The New Look Season 1 (2024)

2024
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်း(၁ မှ ၁၄) ထိ စ/ဆုံးVisual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ ...

Wonderful World(2024)

2024
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
Falling in Love (2024) 10
Falling in Love (2024) Falling In Love ချစ်မိပြီဆိုမှဖြင့် (အညွှန်း)လောကကြီးမှာ မဖြစ်နိုင်တဲ့အချစ်ဆိုတာရှိပါသလား ၊ မဖြစ်နိုင်ရက်နဲ့ရော အချစ်ဆိုတဲ့အရာက ထိန်းချုပ်တားဆီးလို့ရပါရဲ့လား။ဒီဇာတ်လမ်းလေးကတော့ တွေ့ရပါများလည်း မရိုးနိုင်သေးတဲ့ မတူညီတဲ့ဘဝအခြေအနေ ၊ ကွာခြားလှတဲ့အဆင့်အတန်းတွေကြားမှာ ချစ်မိကြတဲ့ ချစ်သူနှစ်ယောက်အကြောင်းပါပဲ။ခါအိုဆိုတဲ့ ကြွေးမြှီများစွာနဲ့ဆင်းရဲတဲ့လယ်သမားလေးဟာ တော်ဝင်ပန်းလေးလို နန်းဆန်တဲ့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ထုံးကာအိုဆိုတဲ့ မိန်းကလေးလေးကို ချစ်မိသွားလေရဲ့ ဒါပေမဲ့ ချို့တဲ့တဲ့ ခါအိုကို သမီးရှင်မိဘတွေက သဘောမတူကြပါဘူး။မိဘတွေသဘောအရ ဘန်ကောက်ကိုအပို့ခံလိုက်ရတဲ့ ထုံးကာအိုရယ် ၊ မိန်းကလေးတွေကြားရေပန်းစားတဲ့ ခါအိုတို့ရယ် .. ဘေးပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် အဖုအထစ်ကလေးများက ချစ်ခြင်းကို ကွဲကွာစေနိုင်တဲ့အထိဖြစ်လာတဲ့အခါ ...အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  800MB | 350M Format… mp4 Duration….45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Mary, Shin, Cali Encoder ...
10
TMDb: 10/10 10 votes
tv

Falling in Love (2024)

2024
The Regime (2024) 7.909
The Regime (2024)  ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကိုDomineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။  File Size –  1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – ...
7.909
TMDb: 7.909/10 11 votes
tv

The Regime (2024)

2024
Love Adhura (2024) 6
Love Adhura (2024) Love Adhura (2024)"ကံကြမ္မာစေရာ" ============================= (Season 1)အပိုင်း ၄ ပိုင်းပါရှိပြီး တောင်တန်းရှုခင်းအလှတွေကို တဝကြီးခံစားမြင်တွေ့ရမယ့် ဟင်ဒီစကားပြော အချစ်၊ အက်ရှင်ဒရာမာ မီနီစီးရီးလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမစ်ဟာ ဖခင်ဖြစ်သူ လုပ်ငန်းရှင်ကြီးကို အင်မတန်ကြောက်ရတဲ့ ရိုးရိုးအေးအေး သားလိမ္မာလေးပါ။ သူဟာ တစ်နေ့မှာ တခြားမြို့ကိုသွားရင်းနဲ့ သူ့အဖေသူ့ကိုပေးထားတဲ့ သူ့အမေရဲ့အမွေ ရှေးဟောင်း Vauxhall ကားလေး လမ်းတဝက်မှာ အလုခံလိုက်ရပါတယ်။\အဖေကို အရမ်းကြောက်ရတဲ့ ဆူမစ်ဟာ ကားအခိုးခံခဲ့ရပေမဲ့ သူ့အဖေကို မပြောရဲဘဲ သူ့ရည်းစားကို ကားခဏပေးလိုက်တာပါလို့လိမ်ညာခဲ့ပြီး ကားပြန်တွေ့ပြီးနောက်မှာလည်း အလိမ်ပေါ်မှာဆိုးတဲ့အတွက် ကားခိုးသွားတဲ့ကောင်မလေးနဲ့ ညှိကာ သူတို့ဟာ သမီးရည်းစားတွေပါလို့လိမ်ညာရင်းနဲ့ သူတို့နှစ်ဘက်လုံးမှာရှိတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာပြီး ဒီ အချစ်အက်ရှင်ဒရာမာဇာတ်လမ်းတွဲလေး ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, KKKZ, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 31 minute (@Episode)Total ...
6
TMDb: 6/10 2 votes
tv

Love Adhura (2024)

2024
Wedding.con (2024) 5
Wedding.con (2024) Wedding.con (2023) "အိမ်ထောင်ရေးလိမ်လည်မှု" IMDb - 7.0/10Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့ အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့ တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Alex ~ ToMo ~ Yunniတို့ပဲ ဖြစ်ပါတယ်) File Size – 400MB (Appx;)@Episode Quality – 1080p WEB DL Duration – 27minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format ...
5
TMDb: 5/10 1 votes
tv

Wedding.con (2024)

2023
Palm Royale (2024) 8.0
Palm Royale (2024) Palm Royale (2024)==============နာမည်ကျော် ဟာသဝတ္ထုဖြစ်တဲ့ Mr and Mrs American Pie ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Apple Tv+ရဲ့ Palm Royale series1969 ခုနှစ်ကာလကို အခြေခံထားတဲ့ ဒီစီးရီးလေးမှာတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်မက်ဆင်းကို ခြုံခြားက‌နေ ဘုံဖျားကိုတက်လှမ်းဖို အမျိုးမျိုးကြံစည်နေတဲ့ social climberအနေနဲ့ မြင်တွေ့ရမှာပါ။ဒါပေမဲ့ ဝတ္ထုဖတ်ဖူးသူတွေဆိုရင်တော့ ဒီsocial climberရုပ်ရှင်လေးက တခြားဇာတ်လမ်းတွေလို ဒရာမာမများဘဲ အခွီတစ်လိုင်းဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီတော့ ဇာတ်လမ်းကိုဆက်ကြပါစို။ဇာတ်လမ်းလေးကိုတော့ မက်ဆင်းဆင်မွန်စ်တစ်ယောက် West Palm Beachက Palm Royale ဆိုတဲ့ ဒိတ်ဒိတ်ကြဲသူဌေးမကြီးများ ငွေလာဖြုန်းတဲ့ကလပ်ထဲကိုဝင်ဖို ကြိုးစားနေတာနဲ့ အစပျိုးထားပါတယ်။ ဒါပေမဲ့ နှယ်နှယ်ရရကလပ်မဟုတ်တာကြောင့် ခိုးဝင်ဖို ဝင်ရောဖိုလုပ်ရင်းနဲ့ မက်ဆင်းတစ်ယောက် ဘလက်လစ်သွင်းခံရတဲ့ဆီရောက်သွားပါတော့တယ်။Palm Royale ထဲဝင်ဖိုဆိုရင် ပထမဆုံးလိုအပ်တာက သူ့ကိုထောက်ခံပေးမယ့် အဖွဲဝင်ဖြစ်ပြီးသားသူ ရှိဖိုလိုတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလပ်ထဲဝင်တာ မကြာသေးပေမဲ့ ...
8.0
TMDb: 8.0/10 16 votes
tv

Palm Royale (2024)

2024
To Be Continued (2024)
To Be Continued (2024) ဆက်ရန် ရှိသေးသည် (၂၀၂၄) အညွှန်းလူအများစောင့်မျှော်နေကြတဲ့ CHANNEL 3 ရုပ်သံလိုင်းရဲ့ ပထမဆုံး Boys Love, BL Series ဆက်ရန်ရှိပါပြီ။"မတော်တဆ အနမ်းတစ်ပွင့်က အရာအားလုံးကို အစပြုခဲ့တယ်"ဒေါက်တာဂျီရဝပ်က အပြောဆိုးပြီး ဒေါသကြီးပေမဲ့ အပြုံးချိုချိုနဲ့ ရိုးသားပွင့်လင်းတဲ့သူလို့ ပြောကြပါတယ်။ အာချီဝစ်ကတော့ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ နာမည်ကြီးစူပါစတားပေမဲ့ အထီးကျန်ကျန်နဲ့ ရှင်သန်နေသူပါတဲ့။ ကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့ကြတဲ့သူတို့ ၂ ယောက်ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ပြန်လည် တွေ့ဆုံခဲ့ကြပါတော့တယ်။အချိန်တွေကြာပြီးမှ အနည်ထိုင်နေတဲ့ ခံစားချက်တွေကို ပြန်စမ်းသပ်ကြည့်ဖို့ ဖြစ်လာတဲ့အခါ...။ သူငယ်ချင်းနှစ်ယောက်ကြားက သူငယ်ချင်းထက်ပိုတဲ့ မပြီးပြတ်သေးတဲ့ ခံစားချက်တွေကို ဘယ်လိုအဖြေထုတ်မလဲဆိုတာကို ဆရာဝန်လေးနဲ့ နာမည်ကျော်တို့ရဲ့ ဒီဇာတ်လမ်းမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Char Ou, Thant တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

To Be Continued (2024)

2024
Hightown – Season (01), (02), (03) 6.8
Hightown – Season (01), (02), (03) Hightown - Season (01), (02), (03) ========================= IMDb Rating - 6.8/10နာမည်ကျော်မင်းသမီး Monica Raymund တစ်ယောက် Best Actress Award ဆုရရှိခဲ့တဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ Season 3 ခု အထိ ထွက်ရှိထားပြီ ဖြစ်ပြီး CM မှ ဆက်တိုက် တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း - ဂျက်ကီက အမျိုးသားရေကြောင်းငါးလုပ်ငန်းက အထူးအေးဂျင့် တစ်ယောက်ပါ။ ရာထူးရာခံရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ပီတောင်းလို လောကီအာရုံကာမဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ ငါးဖမ်းလှေတွေဆီက ဆက်ကြေးတောင်းလိုက် ရတဲ့ပိုက်ဆံနဲ့ အရက် သောက်လိုက် စော်ရှုပ်လိုက်နဲ့ လုပ်နေတတ်တဲ့ လက်ဖက်ဆီပြန် အရာရှိမလေးတစ်ယောက်ပေါ့။ရေပြင်လို တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ခဲတစ်လုံးကျစေခဲ့တာကတော့ ရှယ်ရီဆိုတဲ့ ကောင်မလေး အသတ်ခံရတဲ့အမှုပါပဲ။ အရုဏ်တက်ချိန်မှာ စော်လေးတစ်ယောက်နဲ့ လင်ဗန်းချင်းရိုက်ပြီး ပြန်လာတဲ့ ဂျက်ကီတစ်ယောက် ကမ်းခြေမှာ သောင်လာတင်နေတဲ့ ရှယ်ရီ့ရဲ့ အလောင်းကို တွေ့လိုက်ရပြီး အရေးပါတဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရှယ်ရီ အသတ်ခံရတာကလည်း သာမန်လူသတ်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ဂိုဏ်းကြီးတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ...
6.8
TMDb: 6.8/10 5900 votes
tv

Hightown – Season (01), (02), (03)

2020
A Secretly Love (2024)
A Secretly Love (2024) လျှို့ဝှက်ချစ် (၂၀၂၄)ခွန်ပရို့တစ်ယောက် ကျောင်းကစီနီယာအစ်ကိုကြီးကို ကြိတ်သဘောကျနေခဲ့တာ နှစ်ချီနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ လူရိုးလူအေးလေးတစ်ယောက် စီနီယာအစ်ကိုကြီးရဲ့ တွေ့ဆုံကြုံကွဲ ပြတ်လိုက်ဆက်လိုက် ဇာတ်လမ်းတွေကိုလည်း အမြဲထိုင်ကြည့်နေရတဲ့ ဘေးလူလည်း ဖြစ်နေရပါသေးတယ်။ သူကသာ ပြတ်တဲ့သူတွေကြည့်ရင်း ရင်တွေကွဲရပေမဲ့ ချစ်ရတဲ့ စီနီယာကတော့ မုအွန်တာကို ထမင်းစားရေသောက်ပါပဲ။ သူအတွက် အခွင့်အရေးမရှိလောက်တော့ဘူးဆိုပြီး တင်းခံနေပေမဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုကြောင့် ရဲရင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... တအားပလေးတဲ့ ရေခဲတုံးစီနီယာကို ဘယ်လိုအရည်ဖျော်မလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။https://t.me/+VSlIM1n9ukdiYjU1အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Su Myat, Shin, Yin တို့ပဲ ဖြစ်ပါတယ်။Genre.....BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Su Myat, Shin, Yin Encoder ..... Aaron720pEpisode 01 ...

A Secretly Love (2024)

2024
War of Faith (2024)
War of Faith (2024) အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် ဒီ 2024 ခုနှစ်မှာပဲ ထွက်ရှိလာတဲ့သမ္မတခေတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ - ၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)က အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။ သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြား ဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ...ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား... ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား... ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်‌သရုပ်ဆောင်ထားတဲ့ War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။====================================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres ...

War of Faith (2024)

2024
Iron Reign (2024) 7.059
Iron Reign (2024)   ဘာစီလိုနာ ဆိပ်ခံဆိုတာ ဉရောပကိုဝင်မယ့် ကုန်သင်္ဘော ကုန်တိန်နာတွေရဲ့ တစ်ဝက်လောက်ကို လက်ခံတင်ပို့ရတဲ့ ကမ္ဘာကုန်သွယ်ရေး အချက်ချာကြီးပါဒီနေရာကို တစ်နေ့ကို ကုန်တိန်နာပေါင်း သိန်းနဲ့ချီဝင်ပြီး...အဲ့ဒီကုန်တိန်နာတွေထဲမှာ မူးယစ်ဆေးမျိုးစုံ နေ့စဉ်နဲ့အမျှဝင်လေ့ရှိပါတယ်... ဆိပ်ခံရဲ့ အုပ်ချုပ်သူတစ်ဖြစ်လဲ ဟာကွင်းမန်ချာဒါနဲ့ သူ့ မိသားစုရဲ့ မူးယစ်အင်ပါယာကြီးကလည်း ဒီဆိပ်ကမ်းမှာ အာဏာပိုင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးနေပါတယ်...အင်အားကြီးလွန်းလို့ သူ့ကို တော်ရုံအစိုးရပိုင်းကဆိုရင် ထိလို့မရပါဘူး... သူ့ရဲ့ မူးယစ်အင်ပါယာကြီးထဲက အရှုပ်အရှင်းပြဿနာတွေကို ကောင်းကောင်းကြီး ကြည့်ရပြီး ဒီအင်ပါယာကြီးကို သုညကနေ ဘယ်လိုစတင်ခဲ့လဲ ကြည့်ရမယ့် Crime Drama ကောင်းတစ်ခုဖြစ်ပါတယ် Money Heist ထဲက ဒန်ဗာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jaime Lorente လည်း ပါဝင်ထားပြီး Rating ကောင်းကောင်းနဲ့ ကြည့်ရှုရမယ့် စပိန်ဇာတ်လမ်းတွဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.8 GB)/(600 ...
7.059
TMDb: 7.059/10 17 votes
tv

Iron Reign (2024)

2024
The Gentlemen (2024) 8.327
The Gentlemen (2024)  အက်ရှင် ဂန်းစတား စပိုင်ကားတွေရဲ့ ဒါရိုက်တာ ဆရာကြီး Guy Ritchie ရဲ့ စီးရီးအသစ်လာပါပြီ။ 2019 တုန်းက ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင် The Gentlemen ကိုပဲ စီးရီးအဖြစ် ချပြလာတာပါ။ ဇာတ်လမ်းတည်ဆောက်ထားတဲ့ လောကတူပေမဲ့ ဇာတ်လမ်းအသစ် အရသာအသစ်နဲ့ ဇတ်ကောင်အသစ်တွေကို အလန်းကြည့်ရမှာပါ။ တစ်ပိုင်းတစ်ပိုင်းကို ရုပ်ရှင်တစ်ကားကြည့်နေရသလိုကို အပီအပြင်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် အက်ဝပ်ဟော်နီမန်း ဟာ အင်္ဂလန် ဆွေကြီးမျိုးကြီး နယ်စားတစ်ယောက်ရဲ့ သားအငယ်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့မနေဘဲ စစ်တပ်ထဲမှာ ပေတေနေပေမဲ့ သူ့အဖေရဲ့နောက်ဆုံးအချိန်မှာတော့ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာချိန်မှာပဲ သူ့အစ်ကို ရှုပ်ထားတဲ့ အကြွေးတွေ၊ ဂန်းစတားတွေနဲ့ ဇာတ်ရှုပ်တွေကို ကူဖြေရှင်းရတဲ့အပြင်၊ သူတို့ရဲ့ ဧက ၁၅၀၀၀ ကျယ်တဲ့ ခြံကြီးအောက်မှာ အပေးအယူဖွင့်ထားတဲ့နဲ့ ဆေးခြောက်ထုတ်တဲ့ ဂိုဏ်းအကြီးကြီးတစ်ခုရဲ့ စခန်းရှိနေတာကိုပါ သိလိုက်ရပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Peaky Blinder ...
8.327
TMDb: 8.327/10 179 votes
tv

The Gentlemen (2024)

2024
The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Guess Who I Am
Guess Who I Am Romance Drama ကို ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးနဲ့ဟာသလေးပါနှောပြီးကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်မင်းသမီးကျန်းယွီရှီးပါဝင်သရုပ်ဆောင်ထားပြီး ခေါင်းဆောင်မင်းသားအနေနဲ့ဝမ်ကျစ်ချီတို့ပါ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - လိမ်လည်လှည့်ဖျားတတ်တဲ့ လူယုတ်မာယောက်ျားတွေကိုပညာပေးလေ့ရှိတဲ့ မိန်းမလှလေးစုန့်ယောင်ဟာ ချန်ထျန်းစီးပွားရေးလုပ်ငန်းစုရဲ့သူဌေးသားအတုလေးနဲ့ကြုံဆုံမိရာကနေ ဇာတ်လမ်းလေးစခဲ့ပါတယ် ။ ရှေးအဆိုအရချမ်းသာတဲ့သူဌေးတွေက ဘယ်လောက်ယုတ်မာတဲ့အလုပ်ပဲလုပ်လုပ် အကျိုးဆက်ကိုဘယ်တော့မှမခံစားရပါဘူးတဲ့ ဒါပေမဲ့ မိန်းမလှလေးစုန့်ယောင်ကတော့ လူယုတ်မာတွေကိုသူတို့လုပ်သမျှအကုန်ပြန်ခံစားရအောင် ပညာပေးလေ့ရှိပါတယ် ။ အဲဒီလိုချမ်းသားတဲ့လူယုတ်မာတွေကိုလည်း မျက်လုံးခြင်းဆုံရုံနဲ့တင် စွဲမက်သွားလောက်အောင်လုပ်နိုင်တဲ့အရည်အချင်းလည်း စုန့်ယောင်မှာရှိပါတယ် ။ ဒါပေမဲ့ ‌တစ်နေ့မှာတော့အဲဒီလိုအစွမ်းထက်လှတဲ့မျက်လုံးတွေက ချန်ထျန်းစီးပွားရေးလုပ်ငန်းစုသူဌေးသားအတု ကျိချန်းချွမ်နဲ့တွေ့ဆုံချိန်မှာတော့ အလုပ်မဖြစ်တော့ပါဘူး။သူဌေးသားအတုလေးကို သူဌေးသားအတုမှန်းမသိတဲ့ မိန်းမလှလေးနဲ့သူဌေးသားအတုလေးတို့ရဲ့ ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲ ?သူတို့နှစ်ယောက်ကြား ဘယ်လိုဆုံတွေရင်းက ရင်းနှီးပြီး ချစ်ကျွမ်းဝင်သွားမလဲ ?ထင်ထားသလို ပျော်ရွှင်စရာဇာတ်သိမ်းလေးရော ဖြစ်ပါ့မလားဆိုတာကိုဇာတ်လမ်းလေးကို စောင့်ကြည့်ရင်း အားပေးကြပါအုံးရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime ...

Guess Who I Am

2024
Tokyo Vice (2024) Season 2 7.8
Tokyo Vice (2024) Season 2 Tokyo Vice [Season 2](Season 1 ကြည့်ဖို့ လိုပါသည်)Tokyo Vice ဆိုတာကတော့ စာရေးဆရာ Jake Adelstein ရဲ့ စာအုပ်ကို ဇာတ်လမ်း ပြန်ဖန်တီးထားတဲ့ IMDb 8 တောင် ရရှိထားတဲ့ Crime/Drama စီးရီးကောင်းတစ်ခုပါ။The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းက ရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကို ဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ...
7.8
TMDb: 7.8/10 162 votes
tv

Tokyo Vice (2024) Season 2

2024
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
The Walking Dead: The Ones Who Live (2024) 8.8
The Walking Dead: The Ones Who Live (2024) AMC Walking dead universe ရဲ့ အဓိကဇာတ်ကောင် ၂ ယောက်ဖြစ်တဲ့ Rick Grime နဲ့ Michoone ရဲ့ ဇာတ်လမ်းတွဲထွက်ရှိလာပါပြီသာမန် WD sequel ဇာတ်လမ်းတွဲတွေနဲ့ယှဉ်ရင် ဒီဇာတ်လမ်းတွဲက ဘက်ဂျက်လည်း ပိုသုံးထားပြီး ကြည့်ရတာအတော်လေးခမ်းခမ်းနားနားရှိပါတယ်.... စီစင် ၁၁ ထဲက လွမ်းနေရတဲ့ ရစ်ခ်ဂရိုင်းကြီး ပြန်ပါလာပြီဆိုတော့ ဇာတ်လမ်းဇာတ်ကွက်က ပြောစရာမလိုပါဘူးဇာတ်တည်ထားတဲ့ပုံစံက တံတားပေါ်မှာ အားလုံးက သေပြီလို့ထင်ထားတဲ့ ရစ်ခ်ဂရိုင်းဟာ လူ ၂ သိန်းကျော်နေတဲ့ လျှို့ဝှက်မြို့ကြီးကိုရောက်သွားပါတယ် အဲ့ဒီမှာသူနိုးထလာတော့ တစ်မြို့လုံးကို စစ်တပ်က အုပ်ချုပ်တာဖြစ်ပြီး ... လူတွေကို အဆင့် အေ နဲ့ ဘီဆိုပြီးခွဲထားပါတယ်... အေက မြို့ကြီးတွေမှာနေခွင့်ရဲ့တဲ့ နိုင်ငံသားတွေ ဘီက ရစ်ခ်လိုပြင်ပကရောက်လာသူ အောက်ခြေတွေ... ဘီလူတန်းစားတွေ အေအဆင့်ရောက်ဖို့ဆိုရင် မြို့စွန်ဖျားတွေမှာ အောက်ခြေသိမ်း ၆ နှစ်လုပ်ရပါတယ်...ဒါပေမယ့် အဲ့ဒီမြို့ဟာ အဝင်ပဲရှိပြီး ဘယ်သူမှထွက်ခွင့်မပေးပါဘူး..ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ...
8.8
TMDb: 8.8/10 13 votes
tv

The Walking Dead: The Ones Who Live (2024)

2024