Channel Myanmar

Drama

Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Young Babylon
Young Babylon ဒီဇာတ်ကားလေးကတော့ Youthful vibe အပြည့်နဲ့ ro-com ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -သူမွေးဖွားလာတဲ့ အလုပ်သမားလူတန်းစာဘဝကလွဲပြီး ကျန်တာဘာကိုမှမသိတဲ့ လုရှောင်လုတစ်ယောက် ဘဝကိုသူအမြဲတမ်းတွေးထားသလိုပုံစံအတိုင်းပဲစတင်ခဲ့ပါတယ် ။1990ပြည့်နှစ် သူ့ဆယ်ကျော်သက်အရွယ်မှာတင် မြိုကစက်ရုံလေးမှာအလုပ်ဝင်ခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖိုနဲ့အတူ ဖိအားတွေကိုပါစတင်ခံစားခဲ့ရပါတယ် ။ဒီလိုနဲ့ တိုးတတ်လာတဲ့တရုတ်ပြည်ရဲ့စီးပွားရေးနဲ့အတူ လုပ်ငန်းခွင်ထဲမှာ သင်ခန်းစာယူရင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်ထက်ပိုပြီးကျယ်ပြန့်တဲ့နေရာ စီးပွားရေးလုပ်ကွက်တွေကိုပါမြင်လာတဲ့အခါမှာတော့ လုရှောင်လုတစ်ယောက်သူ့ကိုပျော်ရွှင်စေမဲ့လမ်းကိုပဲလျှောက်ဖိုဆုံးဖြတ်လိုက်ပါတော့တယ် ။ဇာတ်ကားလေးက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဘဝတိုက်ပွဲဝင်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်လို လုရှောင်လုရဲ့ဘဝဇာတ်ခုံကိုအတူတူခံစားကြည့်လိုက်ရအောင်ပါရှင် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Steamwish/ Meganz Ep 1 ...

Young Babylon

2024
The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008
Blood Free (2024) [Complete]
Blood Free (2024) [Complete] Blood Free (2024)*******************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, dramaအမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲကနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon,ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo,ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း...လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ...

Blood Free (2024) [Complete]

2024
The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************ဇာတ်သိမ်းပိုင်း (စ/ဆုံး)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
Queen of Tears(2024)
Queen of Tears(2024) Queen of Tears(2024)********************special Episode လေးထွက်လာလို့ တင်ပေးထားပါတယ်...အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးမင်းသား Kim Soo Hyun နဲ့  kim Ji Won  ကိုလွမ်းနေတဲ့သူတွေအတွက်တော့ရှယ်ကားကြီးလာပါပြီ...ပရိသတ်ကြီးရဲ့အချစ်တော် မင်းသားချော ဂင်ဆူဟျွန်းက ယုံဒူရီရွာရဲ့ဂုဏ်ဆောင်၊Queens ကွန်ဂလိုမိတ်စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာဘဲ့ဟျွန်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချော ဂင်ဂျီဝမ်ကတော့ Queens ကုန်တိုက်ရဲ့ဘုရင်မတစ်ပါးလည်းဖြစ်လူချမ်းသာမိသားစုက အမွေခံအမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်....မျက်မှောက်ခေတ်မှာ လုပ်ငန်းစုကြီး ၂ခု ပူးပေါင်းရင် ပိုအင်အားကြီးတယ်လို့ယူဆတဲ့သူတို့ ၂ ယောက်ဟာ ဘဝ ၂ ခုပေါင်းပြီး လုပ်ငန်းစုကြီးတိုးပွားဖို့ ကြိုးစားကြပါတယ်..သို့ပေမဲ့ သူတို့ထင်ထားသလိုမဖြစ်လာဘဲ  အင်မတန်အန္တရယ်များတဲ့အဖျက်အမှောက်လုပ်ငန်းတွေကြုံတွေ့လာရတဲ့အခါမှာတော့...Episodes: 16 Aired: Mar 9, 2024 - Apr 28, 2024 Aired On: Saturday, Sunday Original Network:  Netflix Duration: 1 hr. 10 min. Genres: Comedy, Romance, Life, Drama Subtitle__Myanmar Subtitle ...

Queen of Tears(2024)

2024
Heeramandi: The Diamond Bazaar (2024) Complete 5
Heeramandi: The Diamond Bazaar (2024) Complete Heeramandi: The Diamond Bazaar (2024) "ဂန္ထဝင်တွင်ကျန်ရစ်..." IMDb - 6.2/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး တောင်းဆိုမှုများနေတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းရှစ်ပိုင်း ထုတ်လွှင့်ထားပြီး အဲဒီအပိုင်းရှစ်ပိုင်းအတွက် ဘတ်ဂျက်အနေနဲ့ ရူပီး ကုဋေနှစ်ရာထိကုန်ကျခံခဲ့တာပါ။Castတွေအနေနဲ့ဆိုလည်း Dil Se..(1998)ထဲက မင်းသမီးကြီး Manisha Koirala၊ Rowdy Rathore (2012)မှာ အပြုံးချိုချို ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းသမီး Sonakshi Sinha၊ Rockstar(2011)မှာ ရီနာအဖြစ်ပါခဲ့တဲ့ မင်းသမီး Aditi Rao Hydariစတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အထူးပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၀-၁၉၄၀ခုနှစ်အတွင်း ဗြိတိသျှတွေကိုဆန့်ကျင်တဲ့ အိန္ဒိယလွပ်လပ်ရေးလှုပ်ရှားမှုပြုနေချိန် လာဟိုးပြည်နယ်က ဟီရာမန်ဒီမှာရှိတဲ့ ဂုဏ်ရှိန်ကြီးမြတ်လှတဲ့ ပြည့်တန်ဆာအိမ်ကြီးကနေစပါတယ်။ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ ဒီပြည့်တန်ဆာဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုရဲ့သမီးမိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ မငြင်းပယ်နိုင်ဘဲ ဆက်ခံလာခဲ့ရာကနေ ကဗျာဆရာမလေးဖြစ်ချင်တဲ့ အာလမ်ရဲ့ အလှည့်မှာတော့ ဒီဂုဏ်ပုဒ်ကို သူ့ကံတရားကနေဖယ်ရှားဖို့ တိုက်ခိုက်ပါတော့တယ်။တာ့ဂျ်ဒါရ်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာတော်သင်ခြောက်နှစ်သွားတက်လာပြီး လာဟိုးကိုပြန်လာခဲ့တဲ့ ဆွေကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာသူတစ်ယောက်။ဗြိတိသျှတွေကို မျက်နှာလုပ်ဖားယားနေရတဲ့ ...
5
TMDb: 5/10 1 votes
tv

Heeramandi: The Diamond Bazaar (2024) Complete

2024
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
Our Memories
Our Memories ဝေ့ရှင်းနဲ့ ဝမ်တိချိုတို ဦးဆောင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားအဖွဲလေးတွေဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပြီး ယွီကျိုလမ်းလေးမှာ နေကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်အထက်တန်းတတိယနှစ်တုန်းက ကောင်းအတူဆိုးအတူ တွဲလာကြတဲ့ သူတိုအဖွဲလေးဟာ ကိုယ့်အိပ်မက်ပန်းတိုင်စီကိုပဲ မူလရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းသွားနိုင်ကြမလား မိဘတွေစီမံရာကိုပဲ လိုက်နာကြမလားကျောင်းသားဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ဘဝဟာ သူတိုဘဝလေးတွေ ကိုယ်စီရည်မှန်းရာ တက္ကသိုလ်စီ လှမ်းရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းဦးပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာအားပေးကြပါဦး...====================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 ...

Our Memories

2024
American Rust Season 2 (2024) 6.9
American Rust Season 2 (2024) American Rust ( 2021 - 2024 )လက်ရှိမှာ Season 2ခုထွက်ပြီးသား အမေရိကန် မှုခင်းဒရာမာစီးရီးဖြစ်တဲ့ American Rust ဟာ   မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကိုမှ စိတ်ဝင်စားစရာအပြည့်နဲ့ မြုပ်ကွက်တွေအပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲပါပဲ။ ဒုတိယတွဲကတော့ ပထမတွဲကနေပဲ တိုက်ရိုက်ဆက်ထားပြီး  ပထမတွဲက ပြဿနာတွေရဲ့နောက်ဆက်တွဲတွေ ပထမတွဲက မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဆက်လက်တင်ပြထားတယ်။မြို့လေးတစ်မြို့ထဲက အချင်းချင်းသိနေတဲ့လူတွေကြား လူသတ်မှုတွေ တစ်ခုခုပြီးဖြစ်လာခဲ့တယ်။  ဒီမြို့ကလေးကလူတွေပဲဆိုပေမဲ့ Landwills လို့ခေါ်တဲ့  ကုမ္ပဏီကလူတွေကတော့ ဒီမြို့မှာ လုပ်ငန်းလုပ်ရင်း ဒီမြို့ကမြေတွေကို ပတ်ဝယ် ပတ်ငှားရင်း ဒီကိစ္စတွေရဲ့ မသင်္ကာစရာတစ်ခုဖြစ်လာခဲ့တယ်။ ဒီကုမ္ပဏီနဲ့ပေါင်းပြီး မြို့သူမြို့သားအချင်းချင်းအမြတ်ထုတ်ချင်တဲ့လူတစ်အုပ်ရယ်။ အမြတ်ထုတ်ခံရတဲ့လူတစ်အုပ်ရယ်။  ရဲတွေ အမှုစစ်တွေကြားက အကျင့်ပျက်ခြစားမှုတွေရယ်။ အဲဒီအကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ချင်နေတဲ့ရယ်တွေ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိသင့်သလောက်သိနေကြပြီး ခြေချင်းလိမ်နေကြတဲ့ မြို့ကျဉ်းကျဉ်းထဲက ရှုပ်ထွေးတဲ့ပြဿနာတွေကိုမြင်ရမှာပါပဲ။ဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ စရိုက်ပေါင်းစုံနဲ့လူတွေရှိနေသလို ရဲတွေကလည်း မကောင်းတဲ့ရဲကပိုများနေသလို လူသတ်မှုတွေကလည်း ...
6.9
TMDb: 6.9/10 47 votes
tv

American Rust Season 2 (2024)

2021
Royal Couple (2024)
Royal Couple (2024) ခမ်းနားတော်ဝင် မောင်နှံယှဉ် (၂၀၂၄)ဒင်က ငွေဂုဏ်မရှိတဲ့ ဇာတ်မင်းသား တစ်ယောက်ပါ ယိဆွန်လိုခေါ်တဲ့ သူကြီးသမီးကို ချစ်နေတဲ့သူလည်း ဟုတ်ပါတယ်တစ်ဖက်မှာက ဒင်ကို ချစ်နေတဲ့ စနိုးလည်းရှိပါတယ် စနိုးက ဒင်ကို ငယ်ငယ်လေးကတည်းက ချစ်နေခဲ့တာပါဒင်ကတော့ စနိုးရဲ့အချစ်ကို မမြင်ဘဲ ယိဆွန်ကိုသာ သူ့ရင်ထဲမှာရှိနေခဲ့တာပါ တစ်နေ့ ဒင် ဆွန်ကို တင်တောင်းဖို သူကြီးအိမ်ကို ရောက်လာတော့ ယိဆွန်‌ တစ်ခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ မြင်ကွင်းကို မြင်ခဲ့ရပါတယ် ဒင်တစ်ယောက် ယုံကြည်မှုကို ချနင်းခံရပြီး ရင်ဘတ်ကြီးတစ်ခုလုံး မွကြေသွားခဲ့ရပါတယ်ဆိုတော့ ဖောက်ပြန်မှန်းသိသိရက်နဲ့ ဒင် ယိဆွန်ကို ခွင့်လွှတ်ပေးပြီး ဆက်ချစ်သွားမလား သူ့ကိုချစ်တဲ့ စနိုးရဲ့အချစ်ကိုရော သူမြင်သွားမလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 800MB | ...

Royal Couple (2024)

2024
As the Crow Flies (2023) Season 2+3 7
As the Crow Flies (2023) Season 2+3  အစီအစဉ်တင်ဆက်သူလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ လာလေကီရန်ရဲ့ နေရာကိုနည်းလမ်းမရွေးဘဲ ရအောင်ယူနိုင်ခဲ့တဲ့ အက်စ်လီ တူနာ...သုခတွေကိုပဲမြင်ပြီး လိုချင်ခဲ့တဲ့ ပလ္လင်ကို နောက်ဆုံးရယူနိုင်ခဲ့တဲ့အခါ အဲဒီပလ္လင်ပေါ်မှာထိုင်ရတဲ့ဒုက္ခတွေကိုပါနောက်ဆက်တွဲအနေနဲ့ အက်စ်လီတစ်ယောက် ခံစားခဲ့ရပါတော့တယ်...အမြဲတမ်း ကြည့်ရှုသူနှုန်းက အမြင့်ဆုံးဖြစ်နေရမယ်၊Professional ဆန်နေရမယ်ဆိုတဲ့ ထိပ်တန်းအစီအစဉ်တင်ဆက်သူနေရာကို အက်စ်လီတစ်ယောက်ရေရှည်ထိန်းသိမ်းနိုင်ပါ့မလား...လာလေကရော စင်ပေါ်ကဆင်းပေးလိုက်ရတဲ့အချိန်ကစပြီးခံစားနေရတဲ့စိတ်ဓာတ်ကျမှုတွေကိုကျော်လွှားပြီး တစ်ဖန်ပြန်ဦးမော့လာနိုင်မလားဆိုတာကိုSeason 2 မှာ စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်...မနာလိုမှုတွေ၊ စောင်းမြောင်းမှုတွေ၊ နေရာတစ်နေရာရဖို့တစ်ယောက်နဲ့တစ်ယောက် ထိုးချမှုတွေ၊ ရှေ့မှာကောင်းပြနေပေမဲ့နောက်ကွယ်မှာတော့ မကောင်းပြောနေတာတွေလိုမျိုးလူ့လောကဇာတ်ခုံပေါ်မှာ ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်တွေကိုအစီအစဉ်တင်ဆက်သူတွေရဲ့လောကကြီးကိုပြသထားရင်းနဲ့အကောင်းဆုံးတင်ဆက်ထားတဲ့ Serie တစ်ခုမို့လို့ ကြည့်ရှုပြီးရင်အတွေးတစ်မျိုးတော့ ပေါက်သွားကြမယ်ဆိုတာ အမှန်ပါပဲ...  File Size – 1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – 45 Min (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator ...
7
TMDb: 7/10 53 votes
tv

As the Crow Flies (2023) Season 2+3

2023
Judge vs. Judge (2017) 6.8
Judge vs. Judge (2017) JUDGE VS. JUDGE ******************အပိုင်း ၁ မှ ၁၆စ/ဆုံးCastaway Diva ပြီးသွားတော့ မမ Park Eun-Bin ကို လွမ်းနေတဲ့လူတွေများရှိကြမလား...ဒီတစ်ခေါက်မှာတော့ Park Eun-Bin နဲ့ အခုလက်ရှိပြသနေတဲ့....NOTHING UNCOVERED ထဲက မင်းသား Yeon Woo-Jin တို့...အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့..JUDGE VS. JUDGE ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ Park Eun-Bin ကို မဟုတ်မခံ ဆတ်ဆတ်ကြဲ အမျိုးသမီးတရားသူကြီး အီဂျောင်းဂျူအဖြစ် မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်း ----------------အီဂျောင်းဂျူက ဆိုးလ်ခရိုင်တရားရုံးက အငယ်တန်းတရားသူကြီးတစ်ယောက်ပါ။ဖြောင့်မတ်မှုကိုလိုလားပြီး မတရားမှုတွေကို ပပျောက်အောင်လုပ်ဖို့ တရားသူကြီးဖြစ်လာတဲ့သူမက...မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျခံနေတဲ့ အစ်ကိုဖြစ်သူအတွက်...ပြန်လည်တရားရင်ဆိုင်ခွင့်ရရှိဖို့လည်း ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျောင်းဂျူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တရားသူကြီး ဆာအီဟျွန်းကလည်း...ဥပဒေကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်စွာအမှုစီရင်တတ်သူဖြစ်ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့....ဥပဒေအထက်မှာနေဖို့ကြိုးစားနေကြတဲ့ တရားခံတွေကို ဘယ်လိုအပြစ်ပေးမလဲ...နစ်နာသူတွေအတွက် တရားမျှတမှုတွေကို ဘယ်လိုရှာဖွေပေးသွားမှာလဲဆိုတာ...ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ Drama: Judge vs. Judge Genres: Comedy, Law, Romance, Drama Country: South ...
6.8
TMDb: 6.8/10 11 votes
tv

Judge vs. Judge (2017)

2017
Dead Boy Detectives (2024) 7.264
Dead Boy Detectives (2024)   DC Fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့ နောက်ထပ် Series တစ်ခု ဖြစ်တဲ့ Dead Boy Detectives ...The Sandman နဲ့ Timeline တစ်ခုတည်းဖြစ်ပြီး Neil Gaiman ရဲ့ Dead Boy Detectives Comics ရဲ့ LA version လည်းဖြစ်ပါတယ် Netflix ကထုတ်တာဖြစ်ပြီး rating 7.3 နဲ့ ကောင်းတဲ့အထဲပါတယ် ...Episode 1 နဲ့တင်တော်တော်လေးမိုက်ပါတယ်1900 ခုနှစ်‌ထဲက သေဆုံးခဲ့ အက်၀င်နဲ့ ချားစ်ဆိုတဲ့ ဝိဉာဉ် 2 ကောင်ဟာ ဘ၀မကူးဘဲ တမင်လူ့လောကမှာ ကျင်လည်ပြီး သေမင်းလာခေါ်ရင် ရှောင်တိမ်းကာ သဘာ၀လွန်အမှုတွေကို လိုက်လံဖြေရှင်းပေးနေပါတယ် ..တစ်နေ့ သူတို့ဘ၀ထဲကို ခရစ်စတယ်လို့ခေါ်တဲ့ နတ်ဆိုးပူးကပ်နေတဲ့ အကြားအမြင်‌ရ စိတ်တန်ခိုးရှင် ကောင်မလေးရောက်လာတဲ့အခါမှာတော့ စုံစမ်းစရာ အမှုတွေနဲ့ အန္တရာယ်စွန့်စားခန်းတွေပိုမိုများပြားလာပါတော့တယ် ။ File ...
7.264
TMDb: 7.264/10 36 votes
tv

Dead Boy Detectives (2024)

2024
1000 Years Old (2024)
1000 Years Old (2024) ဗန်ပိုင်းယား ရင်ခုန်သံ (၂၀၂၄) အညွှန်းဒီဇာတ်လမ်းတွဲလေးကတော့ လူသားနဲ့ Vampire ကြားက BL အချစ်ဇာတ်လမ်းတွဲလေးပါ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းသားလေး ယို့ ဟာ တစ်နေ့မှာ ဝက်သွေးစွပ်ပြုတ်ဆိုင်မှာထိုင်နေတုန်း ပန်းကန်အကြီးကြီးနဲ့ ဝက်သွေးစွပ်ပြုတ်ကို တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေတဲ့ နေရောင်ကြောက်တဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသတဲ့ထူးထူးဆန်းဆန်းမို့ စိတ်ထဲကိုရောက်သွားတဲ့ အဲဒီလူကို "ဆန်းကြယ်တဲ့လူ" ဆိုပြီး စိတ်ထဲမှာ နာမည်ပေးမိရင်း သူနဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ သူ့အကြောင်း စုံစမ်းရှာပုံတော်ဖွင့်ကြပါတော့တယ်Vampire လူသားလေး ပန်ကလည်း ပထမဆုံးအနေနဲ့ ယို့ဆိုတဲ့ လူသားကောင်လေးကို ယုံကြည်စွာနဲ့ သူ့ဘဝထဲကို ဝင်ဖို့ တံခါးဖွင့်ပေးဖြစ်တဲ့အခါ ..လူသားကောင်လေး နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Vampire ကောင်လေးတို့ရဲ့ ခပ်ချိုချို အချစ်ဇာတ်လမ်းလေးကိုရှုစားရမှာဖြစ်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p ...

1000 Years Old (2024)

2024
Moon Lovers: Scarlet Heart Ryeo (2016) 8.6
Moon Lovers: Scarlet Heart Ryeo (2016) Moon Lovers: Scarlet Heart Ryeo (2016) ************************************* အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမယ့်ဇာတ်ကားဟောင်းလေးကတော့ ၁၀၀မှာ ၁၀၁ ယောက်လောက် ကြည့်ဖူးထားပြီး ကြည့်ဖူးတဲ့သူတိုင်းလည်း စွဲလမ်းနှစ်သက်ကြတဲ့ Lee Joon Gi, IU, Kang Ha Neul နဲ့ တခြားသော မင်းသားချောတွေအများကြီး ပါဝင်သရုပ်‌ဆောင်ထားတဲ့ Moon Lovers Scarlet Heart Ryeo ပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ နေကြတ်တဲ့တစ်နေ့မှာ 21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီး ဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီး နန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာ CM နဲ့အတူ တစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 20 Aired: Aug ...
8.6
TMDb: 8.6/10 488 votes
tv

Moon Lovers: Scarlet Heart Ryeo (2016)

2016
The Substitute Princess’s Love
The Substitute Princess’s Love ဒီတစ်ခါတော့ အချိုတွေရော အငိုတွေပါပေးမယ့် ဦးနဲ့ကလေးရဲ့ ချစ်ဇာတ်လမ်းကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်ဇာတ်လမ်းအညွှန်းစစ်နတ်ဘုရားလို့ တင်စားခံရတဲ့ မင်းသားကျင့်ဟာ မင်္ဂလာပွဲနေ့မှာပဲ စစ်မြေပြင်မှာတိုက်ပွဲကျသွားပြီလို့ နန်းမြို့တော်ကို သတင်းရောက်လာတာကြောင့် တိုင်းပြည်တစ်ခုလုံးဝမ်းနည်းပူဆွေးရမယ့်အချိန်ကျရောက်လာခဲ့ပါတယ်အဲဒီအခါမှာ မင်းသားနဲ့ လက်ထပ်ရမယ့် အမတ်ချုပ်ရှန်အိမ်တော်က တရားဝင်သမီးဖြစ်သူဟာမုဆိုးမဘဝ မရောက်ချင်တာကြောင့် တရားမဝင်သမီးဖြစ်တဲ့ ရှန်ခယ်ယီကိုလူစားထိုးပြီး မင်္ဂလာဆောင်ခိုင်းလိုက်ပါတော့တယ်မင်းသားကျင့် ကွယ်လွန်သွားတာကြောင့် အဲဒီခေတ်က ထုံးတမ်းစဥ်လာအရရှန်ခယ်ယီပါ အတူတူလိုက်သေရမှာဖြစ်ပေမဲ့ မင်းသားကျင့် ရောက်လာခဲ့ပြီးရှန်ခယ်ယီကို ကယ်ခဲ့ပါတယ်။ ရှန်ခယ်ယီ သတိရလာတဲ့အခါ ရှန်အိမ်တော်က မင်းသားကျင့်ဆီကနေကျောက်စိမ်းပြား ခိုးပေးဖို့ ရှန်ခယ်ယီကို သူ့အထိန်းတော်ကြီးရဲ့ အသက်နဲ့ အကြပ်ကိုင်ပြီးခြိမ်းခြောက်ပါတော့တယ်။ ရှန်ခယ်ယီအတွက် သာမန်ကျောက်စိမ်းပြားတစ်ခုဖြစ်ပေမဲ့အဲဒီကျောက်စိမ်းပြားကရော လက်တွေ့မှာဘယ်လောက်တောင် အဖိုးတန်နေလဲအမတ်ချုပ်ရှန် ကြားထဲကနေ အလွဲသုံးစားလုပ်ထားလို့ ထောင်သောင်းချီတဲ့စစ်သည်တွေအဝတ်အစားနဲ့ရိက္ခာမရှိဘဲ သေဆုံးခဲ့ရတဲ့ ရန်ငြိုးကို မင်းသားကျင့်တစ်ယောက်ဘယ်လိုသက်သေတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်မှာလဲပျော်ပျော်နေတတ်ပြီး ဖြူစင်တဲ့ ရှန်ခယ်ယီနဲ့ အေးတိအေးစက်နိုင်တဲ့ မင်းသားကျင့်တို့ကြားမှာဧကရာဇ်မင်းက စုံဖက်ပေးလိုက်လို့သာ လက်ထပ်လိုက်ရပေမဲ့ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတဲ့အခါမှာရော သက်ထက်ဆုံး လက်တွဲသွားနိုင်ပါမ့လားဆိုတာဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ကြပါဦး====================================Quality : ...

The Substitute Princess’s Love

2024
Blood & Water (2020) S1+S2+S3+S4 7.863
Blood & Water (2020) S1+S2+S3+S4 Blood & Water (2020)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 6.7/10 ရထားတဲ့ အာဖရိကန်စီးရီးလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပူလင်ရဲ့အိမ်မှာ နှစ်တိုင်း ၁၇ နှစ်တိတိမွေးနေ့ပွဲတစ်ခုလုပ်ပါတယ်။ မွေးနေ့ရှင်ကတော့ မရှိပါဘူး။ ဒါပေမဲ့ ပွဲကိုကြီးကြီးမားမားကိုလုပ်တာပါ။ ဒီ ပွဲရဲ့ပိုင်ရှင်ကတော့ ပူးမယ်ဆိုတဲ့ မွေးကင်းစမျာ ပျောက်သွားခဲ့တဲ့ ပူလင်ရဲ့အစ်မပဲဖြစ်ပါတယ်။အစ်မရဲ့အရိပ်လိုအမြဲနေလာရပြီး မောင်‌ဖြစ်သူကိုစောင့်ရှောက်ရင်း ဘဝကိုမပျော်တလှည့်ပျော်တလှည့်နေလာရတဲ့ ပူလင်တစ်ယောက် တစ်နေ့မှာတော့ အဖေဖြစ်သူကိုပါ အစ်မဖြစ်သူရဲ့ပျောက်ဆုံးမှုမှာ ပါဝင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းသွားခံလိုက်ရတဲ့အခါ...ပူလင်တစ်ယောက်လည်း ပါတီတက်ရင်းကနေ သူနဲ့တူတဲ့တစ်ယောက်ကို အမှတ်မထင်တွေ့လာပြီး ‌ရှက်ရှက်နဲ့ကျောင်းပြောင်းရင်းက တစ်ကျောင်းတည်းအတူတက်ပြီး စုံစမ်းဖြစ်တဲ့အခါ...ပျောက်ဆုံးနေတဲ့အစ်မဖြစ်သူကိုပဲ ရှာတွေ့သွားမလား။ ဒီပျောက်ဆုံးမှုရဲ့ ဖြစ်ရပ်မှန်ကရော ဘာများလဲ ။ နောက်ပြီး ကျောင်းကြီးထဲက ပဟေဋိတွေကိုရော အဖြေရှာတွေ့သွားမလား...။*အမြင်မသင့်တော်သောအသုံးအနှုန်းနှင့် ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် အသက်မပြည့်သူများ မကြည့်သင့်ပါ။*အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar Team ကပဲဖြစ်ပါတယ်။File Size – 900MB(Appx;)@EpisodeQuality – 1080p WEB DLDuration –46 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...
7.863
TMDb: 7.863/10 303 votes
tv

Blood & Water (2020) S1+S2+S3+S4

2020