Channel Myanmar

Drama

Joy of Life (Season 2) 7.8
Joy of Life (Season 2) 2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါအရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖို ဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb: 7.8/10 51 votes
tv

Joy of Life (Season 2)

2019
Dancing Flames (2024)
Dancing Flames (2024) ကကြိုးဆင် မီးတောက်များ (၂၀၂၄)ဖရဖိုင်နဲ့ဒင်က ကျောင်းတက်ကတည်းက ချစ်ခဲ့ကြတဲ့ သူတွေပေါ့ ဒင်က လျှပ်စစ်အင်ဂျင်နီယာ ဖြစ်ပြီး ဖရဖိုင်ကတော့ ဒေါက်တာတစ်ယောက်ပါ သူတို့နှစ်ယောက် လက်ထပ်လိုက်ပြီး သမီးလေး တစ်ယောက်ရခဲ့ပါတယ် ဒီလိုနဲ့နေတာ ကြာလာတော့ ဖရဖိုင်က ဒင်ကို ဂရုစိုက်မှုတွေ ပေါ့လျှော့လာပါတယ် ဖရဖိုင်က အလုပ်ကိုပဲ ဦးစားပေးဖြစ်နေတယ်လို့ ဆိုရပါမယ် ဒင်ကလည်း ယောကျာ်းတို့ရဲ့ သဘာ၀အရ ကာမစိတ်မကင်းကွာတဲ့ သူပါ ဇနီးဖြစ်သူက မအားလပ်နေတာကြောင့် သူ့စိတ်ထဲ တစ်ခုခုလိုအပ်နေခဲ့ပါတယ် ဖလိမ်းက နာမည်ကြီး အ၀တ်ဘရန်းပိုင်ရှင် တစ်ယောက်ပါ အမြဲတမ်း လှသွေးကြွယ်နေတဲ့ သူလို့လည်း ပြောလို့ရပါတယ် သို့ပေမဲ့ ဖလိမ်းမှာ စနိုက်ကျော်တတ်တဲ့ အကျင့်ရှိပါတယ် သူ ကြိုက်ပြီဆိုရင် အိမ်ထောင်ရှိလည်း ဂရုစိုက်တတ်တဲ့သူပါ တစ်နေ့ ဒင်နဲ့ဆုံပြီး ဒင်ကို ပိုင်ဆိုင်ချင်ခဲ့ပါတယ် ဒီကိစ္စကို ဖရဖိုင်သိသွားပြီး သူ့အိမ်ထောင်ရေးကို ကြားလူ ၀င်မဆွတ်ဖက်နိုင်အောင် ဘယ်လိုကာကွယ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညျွန်းကိုတော့ Fake Love က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Fake Love, Nang Mwe Kham, Lei Wutyi Tun ...

Dancing Flames (2024)

[18+]Revenge (2024)
[18+]Revenge (2024) "လက်စားချေခြင်း"darkside ပရိသတ်ကြီးအတွက် ဟင်ဒီ adult web series တစ်တွဲ တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးမှာ ဆိုရင်တော့ ဟော့ဟော့ရမ်းရမ်း အချစ်ခန်း တွေကို လက်စားချေ ဇာတ်လမ်းလေးနဲ့ ယှဥ်တွဲထားတာကို တွေ့ရမှာပါဇာတ်လမ်းကို နည်းနည်းပြောရမယ်ဆိုရင်တော့ဂျေး နဲ့ ရီယာ တို့ချစ်သူနှစ်ယောက်က ရီယာ့အမေရှိတဲ့ အိမ်မှာတင် မရှက်တမ်း ချစ်ပွဲဝင်ကြတာ လှိုက်သံ ရှိုက်သံ အချစ်တေးသံတို့ကို တံခါးဝက မာတာမိခင်ရဲ့ ရွှေနားတော်ပေါက်ကြားတဲ့အထိပါပဲဒီလိုနဲ့ သဘောလုံးဝမတူဘူးလို့ ကြိမ်းထားရာကနေ ဦးလေးဖြစ်သူရဲ့ တောင်းရမ်းမှုကြောင့် နှစ်ဖက်ပြေလည်ပြီး လက်ထပ်လိုက်ကြတယ်ဒါပေမဲ့ လက်ထပ်ပြီးလို့ ပျော်မယ်ကြံကာမှ မမျှော်လင့်ထားတဲ့ သူတို့အိမ်ထောင်ကို ဖျက်မယ့် မိသားစုအရှုပ်အရှင်း ပြဿနာတစ်ရပ် ပေါ်လာတဲ့အခါမှာတော့ ....ဒါတွေကို ပရိသတ်ကြီးစိတ်မဝင်စားလည်း မင်းသမီးရဲ့ ချောမွတ်အိစက် ဖွံ့ထွားနေတဲ့ ညိုပြာညက်ကိုယ်လုံးအလှနဲ့ ရမ္မက်ပြင်းလွန်းတဲ့ အသံ၊ ရှူထောင့်အမျိုးမျိုးက ပြကွက်တွေကြောင့် ကြည့်ရကျိုးနပ်စေမှာ အသေအချာပါပဲဘာသာပြန်ကတော့ Thaik San ပဲ ဖြစ်ပါတယ်File Size –250MB (Appx;)@EpisodeQuality – 720 HD RIPDuration ...

[18+]Revenge (2024)

2024
Love at First Night (2024)
Love at First Night (2024) ကိုယ်တို့ ချစ်နိုင်ကြချိန်ထိ (၂၀၂၄)မင်(န်) အဖြစ် Mark prin အားဘို / ဝီးယူ အဖြစ် Yaya Urassayaဇာတ်လမ်းအကျဉ်းမင်(န်) ကတော့ ဖခင်ဖြစ်သူ သူဌေးဖူဒင်နဲ့ အမြဲ နားလည်မှု အယူအဆတွေ ကွဲလွဲနေတတ်တဲ့ တစ်ဦးတည်းသော သူဌေးသား ဘူမိဗေဒပညာရှင်လေးတစ်ယောက်ပါ တစ်နေ့ ဖခင်ဖြစ်သူနဲ့ စကားများလို ကမ်းခြေဘက်ကို စိတ်အပန်းပြေထွက်လာရင်း ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိရာက “ဝီးယူ” ဆိုတဲ့ ကောင်မလေးနဲ့ သိကျွမ်းလာခဲ့တယ် မင်(န်) နဲ့ ဝီးယူတိုက ကိုယ်ရေးကိုယ်တာတွေ မမေးကြေး ကတိစကားနဲ့ နှစ်ယောက်တူတူ လည်ခဲ့ရင်း မင်(န်) တစ်ယောက် ရူးရူးမူးမူး ချစ်မိသွားခဲ့ပြီး ချိုမြိန်တဲ့တစ်ညတာကို တူတူဖြတ်သန်းခဲ့ပါတော့တယ်ဒီလိုနဲ့ ဝီးယူတစ်ယောက် အိပ်မက်တစ်ခုလို ပျောက်သွားခဲ့ပြီး မင်(န်) ဟာ ကိုယ့်အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မထင်ထားလောက်အောင် အံ့ဩစရာတစ်ခုက ဖြစ်လာခဲ့ပါတော့တယ် အဲ့ဒါကတော့ သူအရမ်းချစ်ရပြီး အိပ်ခဲ့တဲ့ ကောင်မလေး ဝီးယူက ဖခင်ဖြစ်သူရဲ့ ဇနီးလောင်း အားဘိုအဖြစ် အိမ်ကို ရောက်လာခဲ့တာပါပဲ မင်(န်) တစ်ယောက် ...

Love at First Night (2024)

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
Regeneration ( 2024 ) 7.6
Regeneration ( 2024 ) CM က ဒီတစ်ခေါက်မှာ တရုတ်ကားဖန်လေးတွေအတွက်ကို ရူပါကလန်းတဲ့ ကျင်းပေါ်ရန် မင်းသား သရုပ်ဆောင်ထားတဲ့ ၁၀ ပိုင်းစာ ဇာတ်လမ်းတွဲလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းထဲမှာ ကျင်းပေါ်ရန် သရုပ်ဆောင်ထားတဲ့ ဖေးခယ်ကတော့ ရူပါပဲလန်းတာမဟုတ်ဘူးနော် ပြီး မူယာက ကြွယ်ပြီး တော်ကီတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်ကို ချုပ်သွားတဲ့ပုံပဲ...ဇာတ်လမ်းအစမှာတော့ သတင်းသမားလေး ဟယ်ရှန်းဆီကို အနှစ်နှစ်အလလ ကွဲနေတဲ့ ဖေးခယ်က ဖုန်းဆက်လာခဲ့တယ်... တွေ့ချင်လို့တဲ့ သူမထွက်သွားခင်မှာ အရေးတကြီး ပေးစရာရှိလို့ပါတဲ့... ဒီလိုနဲ့ သတင်းအနံ့ခံနေတဲ့ ဟယ်ရှန်းလည်း သွားတာပေါ့... ရောက်တော့ ဖေးခယ်တစ်ယောက် သေမလိုဖြစ်ပြီး လူနာတင်ယာဉ်နဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်... နောက်တော့ ဟယ်ရှန်းဆီကို ဖိတ်စာတစ်စောင်ရောက်လာတယ်... ဖေးခယ်ရဲ့ ဈာပနကို တက်ရောက်ဖို့တဲ့... ထူးဆန်းတာက ဟယ်ရှန်းဈာပနပွဲကိုရောက်တော့ သူအပါအဝင် ၅ ယောက်ပဲဖိတ်ထားတာတဲ့... တစ်ယောက်ကတော့ ဖေးခယ်ရဲ့ အချစ်ဦး ရွှမ်းအာ နောက်တစ်ယောက်က ဖေးခယ်ရဲ့ ညီအစ်ကိုလိုရင်းနှီးရတဲ့ ချိန်ဟောက် နောက်တော့ ဖေးခယ်ရဲ့ ယောက္ခထီး ချန်ရှူဖာ ပြီးတော့ စူချန်း ဆိုတဲ့ အမျိုးသမီး...သူတို့နဲ့ ဖေးခယ်ဘယ်လိုပတ်သက်တယ်မသိပေမယ့် တိုက်ဆိုင်တာကတော့ သူတို့ ၅ ယောက်လုံးက ဖေးခယ်ကို ပေးထားတဲ့နာမည်က လူလိမ်တဲ့... ကဲ ...
7.6
TMDb: 7.6/10 7 votes
tv

Regeneration ( 2024 )

2024
The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Family Aaj Kal (2024) 3
Family Aaj Kal (2024) Family Aaj Kal 2024 (မိသားစု) IMDb 6.6/10မိသားစုဆိုတဲ့စကားလုံးက တကယ်နွေးထွေးရပါတယ် မိသားစုထဲပြဿနာတွေရှိနေရင်တောင် အချင်းချင်းရိုင်းပင်းရင်းနဲ့ ရှေ့ဆက်တတ်ကြတာက နွေးထွေးတဲ့မိသားစုရဲ့ပြယုဂ်တစ်ခုပါပဲ မွတ်စလင်နဲ့ယူသွားလို့ဆိုပြီး အိမ်ပေါ်ကနှင်ချခံရလို့ နေရာခြားမှာတစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြတဲ့မူခါဂျီတို့မိသားစု ..အိမ်ပေါ်ကနှင်ချခဲ့တဲ့ယောက္ခမတွေကို အဆက်ဖြတ်ပြီးတော့ သူတို့ရဲ့သားသမီး၂ယောက်ကို အပြည့်အဝလွတ်လပ်ခွင့်ပေးထားတယ်ပေါ့ ဒါပေမဲ့ နှစ်တွေကြာလို့ယောက္ခထီးဖြစ်သူက အမြင်မှန်ရပြီး သူတို့အိမ်ပေါ်လာတက်နေချိန် သူတို့ရဲ့သမီးမှာလည်း ရည်းစားရနေခဲ့တယ် လူမျိုးရေးခွဲခြားခဲ့တဲ့ယောက္ခထီးရှေ့ အရွဲ့တိုက်ပြီး သမီးရဲ့ကောင်လေးကို ဘယ်လူမျိုးဖြစ်ဖြစ်လက်ခံပေးမယ်ဆိုကာမှ သမီးရဲ့ကောင်လေးက တက္ကစီမောင်းသမားဖြစ်နေလေရဲ့ ငါ့သမီးလူရွေးမှားပြီဆိုပြီး အရွဲ့တိုက်ချင်စိတ်ကိုဖျောက် သမီးနဲ့ ဒီကောင်လေးပြတ်ဖို့အရေး တစ်မိသားစုလုံး အခွီတစ်သိုက်နဲ့ လိုက်ဖြတ်တာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်ကောင်မလေးကရော သူလိုချင်တာရသွားမလား မိသားစုကပဲပန်းတိုင်ရောက်မလားဆိုတာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)File Size – 400MB (Appx;)@EpisodeQuality – 1080p WEB DLDuration –23minute (@Episode)Total Episodes:5EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – ...
3
TMDb: 3/10 1 votes
tv

Family Aaj Kal (2024)

2024
Castle in the Time ( 2023 )
Castle in the Time ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမယ့်ကားလေးကတော့ တရုတ်မှာတောင်ပြသခွင့်မရှိတဲ့ တရုတ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်2016 မှာရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး နောက်ဆုံးမှာတော့ ထုတ်လွှင့်လို့လာပါပြီ..မင်းသားအနေနဲ့ကတော့ ဂျပန်နိုင်ငံ သွားလည်ရင်း ဘုရား‌ကျောင်းမှာဓါတ်ပုံရိုက်တဲ့ကိစ္စကြောင့် ပြသခွင့်ပိတ်ခံထားရပြီး ဒါ့အပြင်ကိုရီးယား tv show တွေကို..ပေါက်စီ‌မြေမှာ ဘန်းထားတာကြာပြီဖြစ်ပြီး K drama မင်းသမီး ပါ၀င်တာကြောင့်လို့လဲ သိရပါတယ်တရုတ်မှာပြသခွင့်မရှိပေမယ့်CMကတော့ ပရိတ်သတ်တွေအတွက် မရရအောင်ဘာသာပြန်တင်ဆက်ပေးထားပါတယ်နော်ခေါင်းဆောင်မင်းသားအနေနဲ့ Zhang Zhehan နဲ့အတူ ‌ ကိုရီးယား မင်းသမီးလေး Park Min-young တို့က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်ရှေးဟောင်းသက်ရှိဗေဒပရော်ဖက်ဆာရွှီနဲ့ ပြည်တွင်းနာမည်ကြီးဒါရိုက်တာကျန်းဝမ်ထင်တို့ရဲ့သမီး ရွှီကျန်း(Park Min-young)တစ်ယောက် အစာအိမ်ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်‌နေတဲ့ အဖေ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ ကွာရှင်းထားတဲ့မိဘနှစ်ပါးကို ပြန်လည်ပေါင်းစည်းအောင်ကြိုးပမ်းရင်း နိုင်ငံခြားရပ်ခြားမှာနာမည်ကြီးပြီး ဆုတွေအများကြီးရထားတဲ့ သရုပ်ဆောင်ကုချီကျွင်း (Zhang Zhehan)နဲ့ အမှတ်မထင်ဆုံတွေ့ရာကနေဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်နာမည်ကလည်းကြီး သရုပ်ဆောင်ကလည်းကောင်း ပြည်တွင်းက ဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းချထားတဲ့ မောက်မာတဲ့မင်းသား ချီကျွင့်နဲ့ သွက်လက်တက်ကြွပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးရွှီကျန်းတို့ ဆုံတွေ့ပုံကဆန်းကြယ်ချက်..........ကိုက်ယာကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကိုလာရှာတဲ့ရွှီကျန်းနဲ့ သူမကိုတွေ့တာနဲ့သွေးနားထင်ရောက်နေတဲ့ ချီကျွင်းက သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ပါပါရာဇီလို့ထင်သွားပါလေရောအဲ့ဒါတင်မပြီးသေးဘဲ သူ့ရဲ့ exဖြစ်တဲ့ မင်းသမီးချင်ကျစ်ချင်းက သူ့ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ကိစ္စကို ရွှီကျန်းကသိသွားတာကို ချီကျွင့်တစ်ယောက် သတိထားမိသွားပြီး မိုးမီးလောင်မတက်လိုက်ရှာရာကနေ ဇာတ်‌လမ်းလေးအရှိန်တက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို မင်းသားမင်းသမီးတွေကလည်းအထူးမိတ်ဆက်စရာမလို CMကနေ ကြည့်စေချင်တဲ့စေတနာများစွာနဲ့ တင်ဆက်ပေးထားတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်==============================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : ...

Castle in the Time ( 2023 )

2023
Circle: Two Worlds Connected (2017) 7
Circle: Two Worlds Connected (2017) Circle: Two Worlds Connected (2017) ************************************ ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက်မင်းသားကြီး Kim Kang Woo၊ "Hotel del Luna"ဇာတ်ကားမှ မင်းသားချောလေး Yeo Jin Goo၊"The First Responders"ဇာတ်ကားမှ မင်းသမီး Gong Seung Yeonတို့ပါဝင်ထားတဲ့"Circle"ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ ကိုရီးယားရဲ့ လက်ရှိကာလ 2017နဲ့ အနာဂတ်ကာလ 2037ကို အခြေတည်ပြီးစိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာပါဂြိုဟ်သူမလေးတစ်ယောက်ဟာ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာပြီးဂင်မိသားစုနဲ့ အတူတူနေထိုင်ခဲ့ပါတယ်ဂင်မိသားစုမှာ ဂင်ဘုံးဂယွန်းနဲ့ ဂင်အူဂျင်းဆိုတဲ့ အမြွှာညီအစ်ကို 2ယောက်ရှိပြီးအိမ်ကိုရောက်လာတဲ့ဂြိုဟ်သူမလေးကို "ဗြော"လို့ အမည်ပေးခဲ့ကြပါတယ်တစ်နေ့မှာ ဂင်မိသားစုရဲ့အဖေဖြစ်သူ ပါမောက္ခဂင်ဂယူချောနဲ့ ဗြောဟာ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် အမြွှာညီအစ်ကိုနှစ်ယောက် ရှာပုံတော်ဖွင့်ရပါတော့တယ်ဒါကြောင့် နောက်ဆုံးမှာ သူတို့အဖေပျောက်ဆုံးသွားရတဲ့အကြောင်းအရင်းကို ရှာတွေ့သွားမလားရှာဖွေရင်းနဲ့ သူတို့ ဘယ်လိုပြဿနာတွေ ကြုံရဦးမလဲနည်းပညာတိုးတက်ပြီး ကမ္ဘာနှစ်ခြမ်းကွဲနေတဲ့ 2037ခုနှစ်ကိုရော ဘယ်လိုရောက်ရှိသွားမလဲ...ဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်Episodes: ...
7
TMDb: 7/10 26 votes
tv

Circle: Two Worlds Connected (2017)

2017
Cubicles  (2019) S1+2+3 8.1
Cubicles (2019) S1+2+3 Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb - 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – minute (@Episode)Total Episodes: ...
8.1
TMDb: 8.1/10 9 votes
tv

Cubicles (2019) S1+2+3

2019
Elsbeth (2024) 9.2
Elsbeth (2024) Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲ‌တွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို "The Good Wife"နဲ့ "The Good ...
9.2
TMDb: 9.2/10 3 votes
tv

Elsbeth (2024)

2024
Alex Rider (2020) 7.5
Alex Rider (2020)  ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်ကောင်းတဲ့ လူငယ်စပိုင်ကား ကြိုက်နှစ်သက်သူများအတွက် Alex Rider စီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။အဲလက်စ် ရိုက်ဒါကတော့ သာမာန်အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ဦးလေးဖြစ်သူ အီယန်နဲ့အတူနေပါတယ်။ ညတစ်ညမှာတော့ ဦးလေး အီယန်က အလုပ်ကိစ္စနဲ့အပြင်သွားရင်း ကားမတော်တဆမှုနဲ့သေဆုံးသွားခဲ့ကြောင်း အကြောင်းကြားလာပါတယ်။ အဲလက်စ်လည်း သတိကြီးလှတဲ့ ဦးလေးအီယန် ယာဉ်တိုက်မှုဖြစ်တာကို လက်မခံနိုင်တာကြောင့် နောက်ယောင်ခံစုံစမ်းရင်းနဲ့ အီယန်က အမ်အိုင် ၆ ရဲ့ သူလျိုတစ်ယောက်ဖြစ်နေတာအပြင် ယာဉ်တိုက်မှု‌ကြောင့်မဟုတ်ဘဲ ပ-စ်သ-တ်ခံလိုက်ရတာဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ရဲ့ လုပ်နိုင်စွမ်းတွေကိုသိသွားတဲ့ အမ်အိုင် ၆ ဌာနခွဲ ခေါင်းဆောင် အလန် ဘလန့်က အီယန်ရဲ့သေဆုံးမှုကို ကူညီစုံစမ်းပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာ အီယန်ရဲ့ အသ-တ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ပွိုင့် ဘလန့်ခ် ကျောင်းကို ဝင်ခွင့်ရအောင်လုပ်ရင်း အဲလက်စ်ရဲ့ စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ File size…(870 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle ...
7.5
TMDb: 7.5/10 391 votes
tv

Alex Rider (2020)

2020
Tempting Heart (2024)
Tempting Heart (2024) သွေးဆောင်တတ်သော နှလုံးသား (၂၀၂၄)နီနီ့ နှင်းနာရာ အဖြစ် pinkploy paparwadee နဂန် အဖြစ် Thanwa Suriyajakဇာတ်လမ်းအကျဉ်းနီနီ့က အနုပညာလောကထဲ ဆက်စီကျပြီး အရမ်းဟော့တဲ့ ဗီလိန်မင်းသမီးတစ်ယောက်ဖြစ်ပြီး အမြဲ ကောလဟာလသတင်းတွေ ထွက်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်တစ်နေ့ နီနီ့ရဲ့ချစ်သူလို့ နာမည်ထွက်နေတဲ့ အလှအပဆေးခန်းဒေါက်တာ ပတဖီ တစ်ယောက် သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားချိန်မှာတော့ နီနီ့ဟာ ဆေးခန်းအပိုင်သိမ်းချင်လို့ ချစ်သူကိုသတ်တဲ့ လူသတ်သမားမင်းသမီးဆိုပြီး နာမည်ပျက်ထွက်လာပါတော့တယ်သတင်းဆိုးတွေကြောင့် အလုပ်တွေလည်း ဖျက်ခံရ ဆေးခန်းမန်ဘာကြေးတွေလည်း ပြန်ထုတ်ခံရပြီး ပျက်စီးခြင်းငါးပါးစိုက်နေတဲ့ မင်းသမီးနီနီ့တစ်ယောက် နိုင်ငံတကာရဲ့ရန်သူ လက်နက်ကုန်သည်တို့ရဲ့ ပစ်မှတ်ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့ လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့အထူးအဖွဲ့ဝင်ကိုစေလွှတ်ကာကွယ်ခြင်းခံလာရပါတော့တယ်နီနီ့ကို စောင့်ကြည့်ကာကွယ်ဖို့ တာဝန်ကျလာတဲ့ နဂန်က လွန်ခဲ့တဲ့သုံးနှစ်က နီနီ့အချစ်တွေကို ငြင်းပယ်ခဲ့တဲ့ အချစ်ဆုံးယောက်ျားဖြစ်နေခဲ့တဲ့အခါနီနီ့ကလည်း နဂန်အနားပြန်ရောက်လာချိန်မှာ ဘယ်တော့မှပြန်မထွက်သွားအောင် ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့အခါ နဂန်တစ်ယောက် အချစ်နဲ့တာဝန်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ ပျောက်ဆုံးနေတဲ့ ဒေါက်တာပတဖီကရော တကယ်ပဲသေဆုံးသွားခဲ့တာလား လက်နက်ကုန်သည်တီတို့ကရော ဘာလို့နီနီ့ကို ပစ်မှတ်ထား ခြိမ်းခြောက်နေရတာလဲ နဂန်ကရော နီနီ့အပေါ်တကယ်ခံစားချက်မရှိခဲ့တာလား ဘာတွေဖုံးကွယ်ထားခဲ့လဲဆိုတာကို ရိုရိုချိုချို၊ဟာသအပြင် အက်ရှင်ခန်းတွေကိုပါ ရသစုံစွာနဲ့ “သွေးဆောင်တတ်သောနှလုံးသား” ဇာတ်လမ်းတွဲမှာ ...

Tempting Heart (2024)

2024
Sugar (2024) 7.833
Sugar (2024)  Apple TV ရဲ့ လတ်တလောထွက်ရှိထားပြီး Rating 8 လောက်ထိရထားတဲ့ လူကြည့်များနေတဲ့ Crime Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Batman ကားထဲမှာလည်း Villan Penguin အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး A-tier list အဆင့်ရှိတဲ့ မင်းသားကြီး Colin Farrell က ဦးဆောင်ပါဝင်ထားပါတယ်ဒီဇာတ်လမ်းတွဲမှာ Colin Farrel ကို အလွတ်တမ်းစုံထောက် ဂျွန်ရှူးဂါးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်...ရှူးဂါးဟာ စုံထောက်လောက လူပျောက်ရှာတဲ့နေရာမှာ အရမ်းနာမည်ကြီးလွန်းလို့...နိုင်ငံရပ်ခြား အာရှနိုင်ငံတွေက ယာကူဇာဂိုဏ်းသားတွေကအစ ခေါ်သုံးရတဲ့ လူတစ်ယောက်ပါတယ်... အိမ်ထောင်မရှိ ကလေးမရှိ...သီးသန့်ဆန်တဲ့ဘဝနဲ့ နေထိုင်တဲ့ ဂျွန်ရှူးဂါးဟာ အမှုအပ်တဲ့နေရာကိုလိုက်ပြီး ကမ္ဘာပတ်နေရတဲ့လူဖြစ်ပါတယ်...တစ်နေ့မှာ သူငယ်ငယ်က ရုပ်ရှင်တွေမှာ အားကျခဲ့ရတဲ့ မင်းသားကြီး ဂျွန်နသန်ဆီးဂဲလ်ရဲ့ မြေးမဖြစ်သူ အိုလီဗီယာဆီးဂဲလ်ပျောက်ဆုံးမှုကို ကိုင်တွယ်ဖို့ အလုပ်အပ်လာပါတယ်...အမှုကပျင်းစရာကောင်း‌ပေမယ့် ဂျွန်နသန်ဆီးဂဲလ်မျက်နှာကြောင့် မြေးမဖြစ်သူကိုရှာဖွေပေးဖို့ လက်ခံလိုက်ပေမယ့်...တကယ့်စုံစမ်းမှုစတင်တဲ့အခါမှာ ဒီပျောက်ဆုံးမှုက ထင်သလောက် မရိုးရှင်းဘဲ ဆီးဂဲလ်မိသားစုတွေပါ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂျွန်ရှူးဂါးရဲ့ ...
7.833
TMDb: 7.833/10 21 votes
tv

Sugar (2024)

2024
Maryland (2023) 6.5
Maryland (2023) Maryland (2023)IMDb rating - 6.6အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက... အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိက‌ဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့...ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာ‌ပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ‌လေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne ...
6.5
TMDb: 6.5/10 10 votes
tv

Maryland (2023)

2023
Crushed (2022) Season 1+2+3+4 7
Crushed (2022) Season 1+2+3+4 Crushed (TV Series 2022) "အုံ့ပုန်းချစ်" IMDb - 8.1/10သောရ်မင်းသားကြီးရဲ့ Extraction 1,2မှာ အိုဗီမဟာဂျန်နေရာကပါခဲ့တဲ့ အိန္ဒိယလူငယ်မင်းသား Rudhraksh Jaiswalခေါင်းဆောင်ပါဝင်ထားတဲ့ ကျောင်းသားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Amazonကနေ ၂၀၂၂ကနေ အခု၂၀၂၄ထိထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးမှာ အပိုင်း၂၄ပိုင်းပါဝင်တာမို့ တ၀ကြီးကြည့်ရမှာပါ။ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာ အထက်တန်းကျောင်းသားကျောင်းသူတွေကြားက ပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကို လူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။ နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက် သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 26minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – CM Bollywood TeamEncoder –  ...
7
TMDb: 7/10 5 votes
tv

Crushed (2022) Season 1+2+3+4

2022
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
Bodkin (2024) 6.22
Bodkin (2024)  ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ ...
6.22
TMDb: 6.22/10 25 votes
tv

Bodkin (2024)

2024