Channel Myanmar

Drama

Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Jamnapaar (2024)
Jamnapaar (2024) Jamnapaar (2024) "တက်နိုင်ဖျားရောက်" IMDb - 8.4/10တက်သစ်စ သရုပ်ဆောင်စာရေးဆရာမလေးတစ်ဖြစ်လဲ ဆိုရှယ်အင်ဖလူရန်ဆာတစ်ယောက်လည်းဖြစ်တဲ့ မင်းသမီးချောရှရစ်ရှ်တီရင်ဒါနီနဲ့ Super 30 (2019)ထဲမှာ တပည့်တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားရစ်ဗစ်ခ်ဆာဟိုးတို့ရဲ့ စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ကြိုးစားချင်စိတ်ရှိပြီး ဖခင်ရဲ့လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ စာရင်းကိုင်ပေါက်စလေး ရှန်ကီ။ ရေတွင်းထဲက ဖားငယ်လေးလို သူ့တစ်နေရာကို တစ်ကမ္ဘာလုပ်မနေဘဲ ရေပုံးလိုမျိုးအခွင့်အရေးတစ်ခုကို အမိအရဖမ်းဆုပ်ပြီး ရေတွင်းထဲက ခုန်ထွက်ဖို့ကြိုးစားတဲ့အခါ။ဒေလီအရှေ့ပိုင်းက လူတွေသိပ်အထင်မကြီးကြတဲ့ သူ့နေရာလေးကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ဖုံးကွယ်ထားပြီး မာနစိတ်တွေ တဖြည်းဖြည်းဝင်လာတဲ့အခါမှာတော့။ဖားကလေးခုန်လို့ အိုင်မပျက်ပေမဲ့ ဒီဖားငယ်လေးကတော့ သာမညောင်ညဖားတစ်ကောင်မဟုတ်ဘဲ ရေတွင်းဆီကနေ ခုန်ထွက်ဖို့ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်နောက်လိုက်ပုံကို ခံစားကြည့်ရှုကြရမှာပါ။သုံးပတ်အတွင်းမှာပဲ ဇာတ်ဝင်တေးက ၁၅သန်းကျော် ကြည့်ရှုသူရှိတဲ့ထိပေါက်ခဲ့တဲ့ ဒီစီးရီးလေးကို ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – CM ...

Jamnapaar (2024)

2024
Fox Spirit Matchmaker: Red-Moon Pact (2024)
Fox Spirit Matchmaker: Red-Moon Pact (2024) ဒီဇာတ်ကား‌လေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီး‌ေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေ‌ရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 36 Format ...

Fox Spirit Matchmaker: Red-Moon Pact (2024)

2024
Franklin (2024) 9.1
Franklin (2024)  ဗြိတိန်နှင့် အမေရိက နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေပြီး အမေရိက အရေးနိမ့်နေတဲ့ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကြောင့် ကမ္ဘာကျော်လာခဲ့တဲ့ ဒေါက်တာ ဘင်ဂျမင်ဖရန်ကလင်ဟာ သူ့ရဲ့ မြေးလေး တန်ပယ်နှင့်အတူ ပြင်သစ်ပြည်ကို လူအင်အား လက်နက်ခဲယမ်းအင်အား ငွေအင်အားတို့ကို စစ်ကူအဖြစ် တောင်းခံဖို့အတွက် ပါရီကို ရောက်ရှိလာပါတော့တယ်။တရားဝင်သံတမန်အဖြစ် လာရောက်ကြောင်းလမ်းတာမဟုတ်တဲ့ ဒေါက်တာဖရန်ကလင်အနေနဲ့ ဘုရင်စနစ်ကျင့်သုံးနေဆဲဖြစ်တဲ့ ပြငသစ်နန်းတွင်းမှာ ဘယ်လိုအဆက်အသွယ်ရှာပြီး အမေရိကဖက်က စစ်ကူပေးအောင် ဘယ်လိုပညာသားပါပါ စည်းရုံးမလဲ၊ ဗြိတိန်ရဲ့ အင်အားကြီးမားမှုကြောင့် အရင်စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်ပြည်ကရော အမေရိကကို နောက်ကွယ်ကနေ အကူအညီပေးမလား အစရှိသဖြင့် အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဒေါက်တာဖရန်ကလင်တစ်ယောက် တိုင်းတပါးမှာ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အတ္ထုပ္ပတ္တိဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ File size…(976 Mb)/(492 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Drama, War, Politics Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MatteoSeason ...
9.1
TMDb: 9.1/10 9 votes
tv

Franklin (2024)

2024
Eric (2024) 7.105
Eric (2024) ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ...
7.105
TMDb: 7.105/10 62 votes
tv

Eric (2024)

2024
Law-less (2024)
Law-less (2024) ဥပဒေမရှိတဲ့ ဥပဒေသား (၂၀၂၄)P’Leeကိုတော့ အချစ်ဇာတ်ကားတွေနဲ့ အကျွမ်းတဝင်ရှိကြမှာပါ ဒီတစ်ခါမှာတော့ P’Leeနဲ့P’Namtanတိုရဲ့ မြင်နေကြနဲ့မတူတဲ့ မာဖီးယား typeမျိုးကို ကြည့်ကြရမှာပါ ပရီဖတ်ဟာ အမေဖြစ်သူ မာဖီးယားတချိုသတ်တာခံရလိုက်ရတာကို ကိုယ်တိုင်မြင်ခဲ့ပါတယ် ဝင်းဟာ မိခင်ကိုဆုံးရှုးခဲ့သော်လည်းအာဏာပိုင်တွေလက်ထဲက ဥပဒေကို မဆန့်ကျင်နိုင်ခဲ့ပါဘူး ဒါကြောင့်လည်း အမေ့အတွက်လက်စားချေမဲ့စိတ်နဲ့ ရှေ့နေဖြစ်ဖိုကြိုးစားခဲ့ပါတယ် ရှေ့နေဖရောင်နဲ့ရင်းနှီးခဲ့ပြီးနောက်မှာ ဥပဒေမဲ့တဲ့အာဏာရှင်တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ “ဥပဒေမရှိတဲ့ ဥပဒေသား”ဇာတ်ကားမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တိုပဲ ဖြစ်ကြပါတယ်။Genre..... Action, Drama Quality…. 1080p | 720p File size… 250MB | 700MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake ...

Law-less (2024)

2024
Frankly Speaking (2024) [Complete]
Frankly Speaking (2024) [Complete] Frankly Speaking (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Rom-Com ဒရမ်မာလေးတွေ ကြိုက်သူများအတွက်ဒီတစ်ခေါက်မှာတော့  6/45 ထဲက မင်းသား Go Gyung-Pyo နဲ့Start Up ထဲက မင်းသမီး Kang Han Na တို့  အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဆုန်းဂီဘဲ့ (Go Gyung-Pyo) ဟာဆိုရင် အောင်မြင်တဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။စကားအပြောအဆို ရည်မွန်ပြီး ယဉ်ကျေးသလိုအလုပ်မှာလည်းတော်တဲ့ ပြီးပြည့်စုံသူမို့ အားလုံးကသူ့ကို စံပြသတင်းကြေညာသူအဖြစ် သတ်မှတ်ထားကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဂီဘဲ့တစ်ယောက် မတော်တဆ ဓာတ်လိုက်ပြီး မေ့လဲသွားပါတော့တယ်။ပြန်နိုးလာတဲ့အခါမှာတော့ အရင်လို ယဉ်ကျေးတဲ့ ဆုန်းဂီဘဲ့မဟုတ်တော့ဘဲကိုယ်ပြောချင်တဲ့စကားကို ချုပ်တည်းထားလို့မရဘဲတစ်ချိန်လုံး ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ‌ပြောနေတဲ့ ဂီဘဲ့ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်း အွန်ဝူဂျူ (Kang Han-Na) ကစိတ်အားထက်သန်မှုရှိတဲ့ ရသစုံလင်ရှိုး စာရေးဆရာမဖြစ်ပါတယ်။ဂီဘဲ့ရဲ့ အပြောအဆို ကြမ်းတမ်းပုံကို စိတ်ဝင်စားသွားပြီး သူ့ရဲ့ ...

Frankly Speaking (2024) [Complete]

2024
Love in the Tea Garden
Love in the Tea Garden ဒီဇာတ်ကားလေးကတော့ romantic အချစ်ဇာတ်လမ်းတွေမှ ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ရိုရိုချိုချိုအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ :ယဲ့ရှီးယန်က ယဲ့လုပ်ငန်းစုရဲ့ သမီးလေးဖြစ်ပြီးတော့ နယ်ဘက်ကို ခရီးထွက်ရင်း ကားအက်စီးဒန့်ဖြစ်ပြီး အသက်အန္တာရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကူယန့်ရွာရဲ့ လက်ဖက်ခင်းပိုင်ရှင် လုမင်ယွိဆီမှာ အကယ်ခံလိုက်ရပြီး အသက်အန္တာရာယ်ကနေလည်း လွတ်မြောက်ခဲ့ပါတော့တယ် ။ဒါပေမဲ့ ယဲ့ရှီးယန်တစ်ယောက် သူ့နောက်ခံကြောင့် အန္တာရာယ်တွေဖြစ်လာမှာကို‌ ကြိုတင်ရှောင်ရှားတဲ့အနေနဲ့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ကူယန်ရွာမှာပဲဆက်နေထိုင်ခဲ့ပါတယ် ။ အတူတူနေတာကြာလာတော့ သံယောဇဉ်ဖြစ်လာကြတဲ့ သူတို့၂ဦးဟာ လက်ဖက်ခင်းကြီးကို စောင့်ရှောက်ရင်း ဘဝကိုအေးအေးချမ်းချမ်းနေရမယ်လို့ထင်ထားကြတာပေါ့ ။ဒါပေမဲ့ ချွေးလုပ်ငန်းစုရဲ့သားချွေးကျစ်ဟောက်က ရုတ်တရက်ကြီး ယဲ့ရှီးယန်ကိုတွေ့သွားချိန်မှာတော့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေ သူတို့ဘဝထဲဝင်ရောက်လာပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက် ပြဿနာတွေကို အတူတူရင်ဆိုင်ပြီး အဆုံးထိ အချစ်စစ်ကိုရှာဖွေသွားမလား ? ဒါမှမဟုတ် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေရပြီး သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလား ဖြစ်လာမဲ့ပြဿနာတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။============================== Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min Subtitle ...

Love in the Tea Garden

2024
Marital Justice (2024)
Marital Justice (2024) အိမ်ထောင်ရေး စီရင်ခန်း (၂၀၂၄)ဘိုက ပါရမိတ်နဲ့လက်ထပ်လာတာ ၁၅နှစ်ရှိခဲ့ပြီး သားလေးနွတ်လည်း ရှိတာကြောင့် သူတို့အိမ်ထောင်ရေးက မပြောင်းလဲဘဲ ချစ်မြဲအတိုင်းချစ်ကြတယ်လို့ ထင်နေခဲ့တာပါကမ္ဘာနှစ်ခုနဲ့မိတ်ကတော့ ဇနီးဖြစ်သူဘိုဆီ ပိတ်ရက်တိုင်းပြန်လာပြီး ကျန်ရက်မှာ သူ့အထက်လူကြီးရဲ့သမီး လင်နဲ့တွဲနေခဲ့ပါတယ်မိတ်က ဘိုကိုကွာရှင်းဖို့ပြောချင်ပေမယ့် ပြောမထွက်ဘဲနေခဲ့ရာ လင်နဲ့လက်ထပ်ရက်ရောက်လာခဲ့တော့တယ် မိတ်နဲ့လင် မင်္ဂလာပွဲနေ့မှာပဲ ဘိုက သူငယ်ချင်းဆီက သတင်းရပြီး လိုက်သွားကြည့်ရာမှာတော့ သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းနဲ့အတူ မိတ် မယားငယ်ရှိတယ်ဆိုတာကြောင့် ဘိုတစ်ယောက် ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်ဒါကြောင့် သူမက လက်ထပ်စာချုပ်နဲ့အတူ တရားမျှတမှုယူဖို့ ရုံးတက် တိုင်ချက်ဖွင့်ခဲ့ရာမှာ ဘိုက တရားနိုင်သွားမလား လင်နဲ့မိတ်က ဆက်လက်ပေါင်းမှာလား ကွာရှင်းလိုက်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Fake Love, Nang Mwe Kham တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 1h ...

Marital Justice (2024)

2024
Practice Daughter ( 2024 )
Practice Daughter ( 2024 ) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ မင်းသားလည်းချော မင်းသမီးလေးတွေကလည်းလှလှလေးနဲ့ မျက်စိပဒါသဖြစ်ဖွယ်ကောင်းပြီး ဇာတ်လမ်းလေးကပါ တမူထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -အမတ်ချုပ်ကြီးရဲ့ သမီးလေးဖြစ်တဲ့ မေယွိရှန့်နဲ့ သူခိုးမလေးရှောင်သိုကျစ်တို နှစ်ဦးဟာ အကျင့်စရိုက်ရော ဂုဏ်ဒြပ်အဆင့်အတန်းပါ အလွန်ကွာခြားပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ‌တစ်နေ့မှာ ခန္တာကိုယ်ချင်းလဲသွားကြပြီး ခန့်မှန်းမရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်လာခဲ့ပါတော့တယ် ။သူတို၂ယောက်ခန္တာကိုယ်ပြန်လဲသွားမလား မလဲခင်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို ဒီဇာတ်ကားလေးကို အဆုံးထိကြည့်ရှုပေးဖို မမေ့ပါနဲ့နော် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK=====================================Ep 1 (720p) - ...

Practice Daughter ( 2024 )

2024
Secret Ingredient (2024) [Complete] 10
Secret Ingredient (2024) [Complete] Secret Ingredient (2024)**********************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Drama လေးကတော့ အချိုကြိုက်တဲ့သူတွေအကြိုက်တွေ့မဲ့ Secret Ingredient ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံက သရုပ်ဆောင်တွေကို စုံစုံလင်လင် တွေ့ရမှာဖြစ်တဲ့အတွက်သာမန်ကိုရီးယားတွေနဲ့ ကွဲထွက်နေမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဇာတ်ကားတွေဖြစ်တဲ့Xo Kitty နဲ့ Gran Turismo တွေနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားသရုပ်ဆောင်Sang Heon Lee နဲ့ ဖိလစ်ပိုင်က မင်းသမီးချောလေး Julia Barretto တို့အပြင်တခြား နိုင်ငံတကာက သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Hajoon (Sang Heon Lee) ကတော့ ငယ်ရွယ်ပြီး စည်းစိမ်ဥစ္စာပြည့်ဝတဲ့သူတစ်ယောက်ပါ။သူက ငယ်ငယ်ကသိခဲ့တဲ့ သူငယ်ချင်းကောင်မလေး Maya (Julia Barretto) နဲ့ပြန်လည်ဆုံစည်းဖို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ သူမကိုရှာဖွေနေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့ ကံအကြောင်းဖန်ပြီးတော့ သူတို့နှစ်ယောက်က ...
10
TMDb: 10/10 1 votes
tv

Secret Ingredient (2024) [Complete]

2024
All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
Maestro in Blue (2022) 6.4
Maestro in Blue (2022)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဂရိဘာသာစကားပြောမီနီစီးရီးတစ်ခုဖြစ်တဲ့ Maestro in Blue ဆိုတဲ့ Drama,Crime and Mystery စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။IMDB မှာ Rating 8.2 အထိ ရထားတဲ့ ဒီဇာတ်ကားလေးကလက်ရှိအချိန်မှာ season 1,2 အပိုင်း စုစုပေါင်း ၁၅ပိုင်းအထိထွက်ရှိထားပြီး ဖြစ်ပါတယ်။ဒီစီးရီးရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်သုံးခုလုံးကို နာမည်ကြီး ဂရိမင်းသားချော ChristopherPapakaliatis က ပါဝင်ထားပြီး ဇာတ်အိမ်ကို ကိုဗစ်ပြီးခါစအချိန်ကို တည်ပြီး ရိုက်ကူးထားပါတယ်။ နောက်ပြီးထူးခြားချက်က ဂရိနိုင်ငံရဲ့ သာယာလှပလွန်းတဲ့ ကျွန်းစုတွေ၊ကြည်လင်ရှင်းသန့်နေတဲ့ ပင်လယ်ရေပြာပြာ၊အေသင်မြို့ရဲ့ နာမည်ကြီး အထင်ကရနေရာတွေကိုရိုက်ချက်ကောင်းကောင်းနဲ့ တင်ဆက်ပြသထားနိုင်တာပါ။ ဇာတ်လမ်းအကျဉ်း ***************အော်ရဲစတစ်လို့ အမည်ရတဲ့ ဂီတမှူး တစ်ယောက်ကတစ်နေ့မှာ ကျွန်းစုငယ်လေး တစ်ခုရဲ့ ဂီတပွဲတော်ကိုစီစဉ်အကောင်အထည်ဖော်ဖို့ ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့ပါတယ်။ လမ်းညွှန်မေးရင်းနဲ့ ကလဲလျာလို့ခေါ်တဲ့ငယ်ရွယ်ချောမောတဲ့ ကောင်မလေးနဲ့ သူစပြီး ဆုံခဲ့မိပါတယ်။ကျွန်းပေါ်က မြို့ငယ်လေးကို ရောက်ပြီးတဲ့အခါ ...
6.4
TMDb: 6.4/10 26 votes
tv

Maestro in Blue (2022)

2022
Level 9 Chairman (2024)
Level 9 Chairman (2024) The Chairman Of Class 9 ************************** အပိုင်း ၁ မှ ၁၂စ/ဆုံး တက်သစ်စ သရုပ်ဆောင်သစ်တွေ ပါဝင်ရိုက်ကူးထားတဲ့ mini drama လေးနဲ့ မိတ်ဆက်ပေးပါမယ်လူငယ်သရုပ်ဆောင်သစ်တွေထဲကမှ Queen of Tearsမှာ...ဘဲ့ဟျွန်းဝူရဲ့ ဆယ်ကျော်သက်အရွယ်ကို သရုပ်ဆောင်ထားတဲ့ Moon Sung Hyunက main leadအဖြစ် ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ----------------အထက်တန်းဒုတိယနှစ် ကျောင်းသားဆိုးလေး နာအီဆူက...သူ့အဘိုးချန်ထားခဲ့တဲ့ နာမည်ကြီး ဘာဟယ်အထက်တန်းပုဂ္ဂလိဂကျောင်းရဲ့ ဥက္ကဌအသစ် ဖြစ်လာပါတယ်နာအီဆူ တစ်ယောက် လူတိုင်း အားကျရတဲ့ဘဝမှာ နေထိုင်နေရပေမယ့်...အဘိုးဖြစ်သူကို အမြင်မကြည်တဲ့အတွက်...သူ့အဘိုး တန်ဖိုးထားရတဲ့ ဘာဟယ်အထက်တန်းကျောင်းကို ဖျက်ဆီးပစ်ဖို့ရောက်လာခဲ့ပါတယ်အဆိုးအဆာလေးဖြစ်တဲ့ နာအီဆူတစ်ယောက်...ဘာဟယ်ကျာင်းရဲ့ ဂုဏ်ဆောင် ကျောင်းသားဥက္ကဌလေးနဲ့ ရင်းနှီးကျွမ်းဝင်သွားပြီးတဲ့နောက်...အချိန်ကြာလာတာနဲ့အမျှ ချစ်ပန်းလေး ဖူးပွင့်လာပါတော့တယ်ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးပါနှောတဲ့ ကျောင်းသားကားလေးဖြစ်တဲ့အတွက်...အပန်းပြေကြည့်နိုင်ဖို့ တင်ဆက်ပးလိုက်ပါတယ် Drama: The Chairman of Class 9 Genres: Action, Romance, Youth, Drama Country: South Korea Episodes: 12 Aired: ...

Level 9 Chairman (2024)

2024
Baby Reindeer (2024) 7.786
Baby Reindeer (2024)  အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို ...
7.786
TMDb: 7.786/10 365 votes
tv

Baby Reindeer (2024)

2024
Flower Crew: Joseon Marriage Agency (2019) 5.9
Flower Crew: Joseon Marriage Agency (2019) Flower Crew: Joseon Marriage Agency (2019) ****************************************** "မာဟွန်း၊ ဒိုဂျွန်၊ ဂိုယောင်းဆူ"ဆိုတဲ့ မြားနတ်မောင် ၃ယောက်ပါဝင်တဲ့"ပန်းဖူးစာအဖွဲ့"ဟာ ဂျိုဆွန်းပြည်မှာနာမည်ကျော်ကြားတဲ့ အောင်သွယ်တော်အဖွဲ့ဖြစ်ပြီးဖူးစာရှင်တွေနဲ့ ဆုံတွေ့စေသူများပေါ့။"ဂယ်တုံး"က‌တော့ ငွေရဖို့ ဘာမဆိုလုပ်တဲ့ ဆင်းရဲသမလေး ဖြစ်ပြီးသူ ဒီလိုမျိုး ငွေကို တစ်ပြားရရ နှစ်ပြားရရရှာနေရတဲ့ အကြောင်းရင်းကလည်း ရှိသေးသကိုး။"ဆူ"ကတော့ ဂယ်တုံးကို လက်ထပ်နိုင်ဖို့ ကြိုးစားနေတဲ့ ပန်းပဲသမားလေးပါ။ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားတာဆိုတော့နန်းတွင်း အရှုပ်တော်ပုံတွေကလည်း မပါမဖြစ်ပေါ့လေ။မင်းကြီး နတ်ရွာစံသွားတဲ့ အပြင် အိမ်ရှေ့စံကပါ လုပ်ကြံခံလိုက်ရတဲ့ အခါရာဇပလ္လင်ဟာ ပိုင်ရှင်မဲ့သွားခဲ့ပါတယ်။ပိုင်ရှင်မဲ့နေတဲ့ ပလ္လင်ပေါ်ကို ရောက်ရှိလာမဲ့သူကဘယ်သူဖြစ်မလဲဆိုတာနဲ့အတူ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာပါ။အဲဒီပြောင်းလဲမှုတွေက သူတို့၅ယောက်နဲ့ ဘယ်လိုပတ်သတ်ဆက်နွယ်နေမလဲ။ဒီပြောင်းလဲမှုတွေကို သူတို့အားလုံး ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကိုရသစုံလင်စွာ ကြည်ရှူခံစားရမှာဖြစ်ပါတယ်။Cast တွေအားလုံးကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။Dali & Cocky Prince ထဲက Kim Min Jae၊The First Responders ထဲက Gong ...
5.9
TMDb: 5.9/10 19 votes
tv

Flower Crew: Joseon Marriage Agency (2019)

2019
Adrishyam – The Invisible Heroes (2024)
Adrishyam – The Invisible Heroes (2024) Adrishyam - The Invisible Heroes (2024) "မျက်ကွယ်" IMDb - 5.4/10အိန္ဒိယမှုခင်းဒရာမာရုပ်ရှင်တွေ ကြိုက်တတ်ရက်နဲ့ IMDb rating 5.4ဆိုတဲ့ပမာဏကို ရိတ်တင်နည်းတယ်ထင်ပြီး မကြည့်မိရင်တော့ လူကြီးမင်းတို့ နောင်တရဖို့ရာ ရာနှုန်းပြည့်ပါပဲ။ထိပ်တန်းအိန္ဒိယရုပ်သံဇာတ်လမ်းတွဲမင်းသမီး ဒေ့ဗ်ယန်ကာတရီပတီ၊ ရုပ်ကြမ်းသလောက် သရုပ်ဆောင်ပီပြင်လွန်းလှတဲ့ မင်းသားကြီး အီဂျက်ဇ်ခန်းတို့နှစ်ယောက် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ။ အပိုင်း၁၄ပိုင်းနဲ့ Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့အပြင် YouTubeပေါ်မှာပါ အခမဲ့ကြည့်လို့ရအောင် ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးတစ်ခု။ရာဗီနဲ့ ပါဗာတီတို့က ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်နှစ်ဦး။ အိန္ဒိယမိုးလေဝသဌာနမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး သူတို့ချစ်ခင်ရင်းနှီးရတဲ့သူတွေကစလို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို အသိပေးထားကြသူတွေ။ သူတို့ရဲ့ တကယ်တမ်းအလုပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းပြည်ကိုဖျက်ဆီးကြတဲ့ ဆိုးရွားလှတဲ့အကြမ်းဖက်သမားတွေကို တားဆီးနှိမ်နှင်းကြရတဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ။မိသားစုကိုယ်စီနဲ့ ဘ၀နှစ်ခုကိုချိန်ညှိရင်း အဆင်ပြေအောင်ရှင်သန်နေကြရသူတွေ။ သူတို့တွေ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးရင်း သူတို့ဘ၀ထဲကလူတွေနဲ့ အဆင်ပြေဖို့ချိန်ညှိနေထိုင်ကြရပုံတွေကို မျက်တောင်မခတ်စတမ်း ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 900MB (Appx;)@EpisodeQuality – 1080p WEB DLDuration –48 minute (@Episode)Total Episodes:12EpsSubtitle – Myanmar ...

Adrishyam – The Invisible Heroes (2024)

2024
Bangkok Blossom (2024)
Bangkok Blossom (2024) ဘန်ကောက် ညမွှေးပန်းလေးများ (၂၀၂၄)ကူလပ်က ပြည့်တန်ဆာ အလုပ် လုပ်ကိုင်နေတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ပါ ပြည့်တန်ဆာ အလုပ်ကို ရွေးချယ်ခွင့်မရှိဘဲ လုပ်ကိုင်နေရတယ်လို့လည်း ဆိုလို့ရပါတယ် ကူလပ်မှာ ဘူတန်နဲ့ထီယင်းယွတ်လို့ခေါ်တဲ့ ညီမ နှစ်ယောက်ရှိပါတယ် ဘူတန်က သာမန်မိန်းကလေး တစ်ယောက်အဖြစ် နေသွားဖို့ အိပ်မက်ရှိပါတယ် ထီယင်းယွတ်ကတော့ ဆရာ၀န်ဖြစ်ဖို အိပ်မက်ရှိပါတယ် သို့ပေမဲ့ သူတို့နေနေတာက ပြည့်တန်ဆာ စံအိမ်ဖြစ်တဲ့အတွက် စည်းမျဉ်းအတိုင်း အချိန်တန်ရင် ပြည့်တန်ဆာလုပ်ရမှာပါ ကူလပ်က သူ့ညီမ နှစ်ယောက်လုံးကို ပြည့်တန်ဆာ ဖြစ်စေဖို့ ဆန္ဒမရှိပါ ဘာကြောင့်လဲဆိုတော့ ပြည့်တန်ဆာကို လူတွေ ဝိုင်းကဲ့ရဲ့အထင်သေးတတ်ကြလို့ပါ ဆိုတော့ ကူလပ်တစ်ယောက် အစ်မကြီး အမိအရာဆိုတဲ့အတိုင်း သူ့ ညီမ နှစ်ယောက်ကို ပြည့်တန်မဆာ မဖြစ်စေဖို့ ဘယ်လို ကာကွယ်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Fake Love, Lei Wutyi Tun, Nang Mwe Kham တို့ပဲ ဖြစ်ပါတယ်။Genre..... ...

Bangkok Blossom (2024)

2024