Channel Myanmar

Crime

Bodies 2023 (Season 1) 7.079
Bodies 2023 (Season 1)   IMDb Rating (7.5) / Rotten Tomatoes (83%)မတူညီတဲ့ Timeline ၄ ခုစလုံးမှာ တစ်ယောက်ထဲသေနေတဲ့ ဆန်းကြယ်စုံထောက်မှုခင်းဇာတ်လမ်းတွဲကြီးလာပါပြီ။ ၁၈၉၀ ခုနှစ် အင်္ဂလိပ်-မြန်မာကျူးကျော်စစ်ကာလ ၊ ၁၉၄၁ ခုနှစ် ၊ လက်ရှိအချိန် ၂၀၂၃ နဲ့ အနာဂတ် ၂၀၅၃ ခုနှစ် စတဲ့မတူညီတဲ့ Timeline ၄ ခုစလုံးမှာ အလောင်းတစ်ခုဟာ တပြိုင်တည်း တစ်နေရာထဲမှာ ရောက်ရှိနေပြီး မတူညီတဲ့ စုံထောက် ၄ ယောက်က ဒီကိစ္စကိုဖော်ထုတ်ကြမှာပါ။တစ်သက်မှာ တစ်ခါပဲသေရသတဲ့။ စစ်ထွက်ကာနီး စစ်သူကြီးတွေ ကြုံးဝါးကြ။ သေအံ့မူးမူးလူတွေ အားတင်းကြ။ ဒီစကားလုံးနဲ့ပေါ့။ တစ်သက်မှာ တစ်ခါပဲသေရ ဘာကြောက်စရာရှိလဲပေါ့လေ။ဂေဘရီယယ် ဒီဖိုး ကတော့ တစ်ခါတည်းသေရုံနဲ့ အားမရပါဘူးတဲ့။ 1890 ခုနှစ် လောင်းဟားဗက်လမ်းပေါ်မှာ ဝတ်လစ်စားလစ် အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့တယ်။ ဘယ်ဘက်မျက်လုံးကနေ ခေါင်းခွံထဲကို ကျည်ဆံဝင်ထားတဲ့သေနတ်ဒဏ်ရာနဲ့။ ကျည်ဆံပြန်ထွက်သွားတဲ့အပေါက်မရှိ။ ...
7.079
TMDb: 7.079/10 38 votes
tv

Bodies 2023 (Season 1)

2023
The Perfect Deal (2023) [Complete] 8
The Perfect Deal (2023) [Complete] The Perfect Deal (2023)***********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး  ငယ်ငယ်တုန်းက ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မက်ခဲ့တဲ့Jun Seong တစ်ယောက် အကြောင်းတစ်ခုကြောင့်သူ့အိပ်မက်တွေ ပျက်စီးကာ လမ်းပျောက်ပြီး စစ်ထဲဝင်လိုက်ပါတော့တယ်။စစ်ထဲက ပြန်ထွက်လာပြီး စိတ်သစ်လူသစ်နဲ့ ဘဝကိုပြန်စဖို့ ဆုံးဖြတ်လိုက်ပေမဲ့သူ့ကိုစောင့်ကြိုနေတာကတော့ အကြွေးတွေပဲရှိပါတယ်။တစ်ရက် ငယ်သူချင်းဖြစ်တဲ့ Jae Hyo, Min Wooတို့နဲ့ ပြန်တွေ့ပြီး ပိုက်ဆံလိုနေတဲ့Jun Seongနဲ့ Jae Hyoတို့က ပိုက်ဆံချမ်းသာတဲ့အိမ်က Min Wooကိုအယောင်ဆောင် ပြန်ပေးဆွဲဖို့လုပ်ပါတော့တယ်...ဒါပေမဲ့ သူတို့တွက်ထားသလို ချောချောမွေ့မွေ့နဲ့ ပိုက်ဆံရမလာဘဲမမျှော်လင့်ထားတဲ့ အိပ်မက်ဆိုးတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့....၂နှစ်ကြာမှ ဇာတ်ကားအသစ်ထွက်တဲ့ Yoon Seung Hoနဲ့အတူYoo Soo Bin, Kim Dong Hwiတို့က ဘယ်လိုအတွဲညီညီနဲ့သရုပ်ဆောင်ထားမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်နော်။ဒီကားလေးက ၈ပိုင်းပဲရှိပြီး ‌သောကြာနေ့တိုင်း ၂ပိုင်းစီ ထွက်ရှိမှာပဲဖြစ်ပါတယ်။ Episodes: 8 Aired: Oct 6, 2023 - ...
8
TMDb: 8/10 1 votes
tv

The Perfect Deal (2023) [Complete]

2023
The Worst of Evil (2023) [Complete]
The Worst of Evil (2023) [Complete] The Worst Of Evil (2023) *************************အပိုင်း (၁ မှ ၁၂) စ / ဆုံး နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေတဲ့ ဇာတ်ကားလေးထွက်လို့လာပါပြီ။ကိုယ်တွေရဲ့အချစ်တော် JI CHANG WOOK နဲ့ WI HA JOON တို့ကအဓိကပါဝင်ထားပြီး ၁၉၉၀ ခုနှစ်များဆီက ဆိုးလ်မြို့တော်ရဲ့ဘိန်းရာဇာတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းကြတဲ့ပုံစံကိုရိုက်ကူးထားတာပါ။Crime Drama/Action/Thriller အမျိုးအစားဖြစ်လို့ အကြမ်းအရမ်းတွေနဲ့အားလုံးအကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းဂန်းနမ်သလင်းကျောက်လို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးဟာဆိုးလ်မြို့ရဲ့ နိုက်ကလပ်တွေကနေ စတင်ပြီးတော့ ပြန့်နှံ့လာခဲ့တယ်။ရဲတွေက ဒီဆေးအကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာတော့ဒီဆေးကိုဖြန့်တဲ့လူဟာ တကယ်ကို ရက်စက်ဆိုးသွမ်းတဲ့မူးယစ်ရာဇာတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပြီးဒီလူဟာ ဖမ်းဆီးဖို့ခက်တဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက်အသွင်ယူပြီးဖမ်းဆီးဖို့ ကျေးလက်ဘက်မှာတာဝန်ကျနေတဲ့ရဲအရာရှိတစ်ယောက်ကိုခေါ်လိုက်ပြီး မူးယစ်ဂိုဏ်းထဲကိုအသွင်ယူစုံစမ်းမှုတွေပြုလုပ်စေခဲ့တယ်။ဒီလို ခက်ခဲကြမ်းတမ်းတဲ့ မစ်ရှင်ကို သူတို့တွေ အောင်မြင်နိုင်မလား...။ဘာတွေပေးဆပ်လိုက်ရမလဲ ဘယ်လိုတွေအပြင်းအထန်ကြိုးစားကြမလဲဆိုတာကိုဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။  Aired: Sep 27, 2023 - Oct 25, 2023 Aired On: Wednesday Genres:  Action, Thriller, Crime, Drama Duration: ...

The Worst of Evil (2023) [Complete]

2023
Mathagam (2023) S1 Complete 7
Mathagam (2023) S1 Complete Mathagam (2023)(TV Series) IMDb-6.4/10Disney+Hotstarကနေထုတ်လွှင့်ခဲ့တဲ့ တမီးလ်မှုခင်းစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းငါးပိုင်းပါဝင်ပြီး စာဘူးတောင်းသိုက်ထဲကသပွတ်အူလို ရှုပ်ထွေးလှတဲ့နိုင်ငံရေး၊ ဖြောင့်မတ်တဲ့ရဲအရာရှိနဲ့ နောက်ခံအင်အားတောင့်တင်းတဲ့ရာဇဝတ်ကောင်တို့အားပြိုင်ကြပုံကိုကြည့်ရှုခံစားရမှာပါ။ဖြောင့်မတ်တဲ့ရဲအရာရှိနာမည်က အက်ရှဝန့်။သူကိုင်ထားတဲ့စစ်ဆင်ရေးက မြို့ရဲ့နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးနှိမ်နှင်းဖို့။နိုင်ငံရေးနောက်ခံအင်အားနဲ့ ပါတီဖွဲ့စည်းထားတာက ဝေးလ်လို့ လူသိများတဲ့ လူသတ်မှုများစွာကျူးလွန်ထားပြီး ရဲအလိုရှိဆုံးစာရင်းထဲက ရာဇဝတ်ကောင်ပါဒလမ်ဆီကာ။သူတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့ ဘယ်သူကဘယ်လိုတွေကောက်ကျစ်ပြီး ဘယ်သူကဘယ်လိုပရိယာယ်တွေသုံးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်မှုခင်းစီးရီးလေးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Dee~V~Zwe~Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size – 790MB / 400MBQuality – 1080p WEB DL / 720pDuration –  45minsTotal Episodes:  9EpsSubtitle – Myanmar HardsubFormat – Mp4Genre : CrimeTranslator – BpL~Dee~V~Zwe~YunniEncoder – YK 720p Episode 1 - Yoteshin | ...
7
TMDb: 7/10 1 votes
tv

Mathagam (2023) S1 Complete

2023
The Box (2023)
The Box (2023) ပဟေဠိ ဂျပ်ဖာ (၂၀၂၃)နွန်က အချက်အချာကျတဲ့နေရာမှာ ဒီယာဆိုတဲ့ အမျိုးသမီးရဲ့ တိုက်ခန်းကို ၀ယ်ခဲ့ပါတယ် သူ ၀ယ်လိုက်တဲ့ အခန်းက အခန်း နံပါတ် (၈၀၁) , ၈ လွှာမှာပါသူတို့တိုက်ခန်းကို ပြောင်းလာတော့ အဲ့အလွှာမှာ နေထိုင်ကြတဲ့သူတွေက ကြိုဆိုပွဲလေး လုပ်ပေးပါတယ် အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ နွန်တို့မိသားစုကို လက်ဆောင်တွေယူလာပေးကြရင်း ပျော်ရွှင်စွာ စားသောက်နေကြပါတယ် အဲ့အချိန်မှာ နွန်က သန့်စင်ခန်းကို သွားပါတယ် သန့်စင်ခန်းထဲ နွန် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့ခဲ့ပါတယ် နောက်တစ်ယောက် သန့်စင်ခန်းကို လာတော့ နွန်ကို ဒီယာရဲ့ အလောင်းဘေးမှာ ဓါးကိုင်လျက်နဲ့မြင်ခဲ့ပါတယ် ဒီအဖြစ်အပျက်ကို မြင်ပြီး အားလုံးက ဒီယာကို နွန်သတ်လိုက်တာလို့ ယူဆကြပါတယ် နောက်တစ်နေ့မှာတော့ ပေးပို့သူ ဒီယာဆိုတဲ့ နာမည်နဲ့ ၈ လွှာက အခန်းတိုင်းကို ဂျပ်ဖာ တစ်ခုဆီ ရောက်ခဲ့ပါတယ် ဆိုတော့ ဒီယာက သေဆုံးသွားပြီမို့ ဘယ်သူက ပို့တာလဲ ? ဒီယာရော ဘယ်လိုသေဆုံးသွားတာလဲ ? ဒီယာသေဆုံးမှုမှာ နွန် ပါ၀င်ပတ်သက်နေမလား ...

The Box (2023)

2023
The Bionic Life ( 2023 )
The Bionic Life ( 2023 ) ဒီတစ်ခါမှာတော့ Song Wei Long နဲ့ Vicky Chen တို့ပါဝင်ထားတဲ့ Sci-Fi, Thriller ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့အနီးစပ်ဆုံးတူတဲ့ စက်ရုပ်တွေကိုဖန်တီးထုတ်လုပ်နိုင်လာကြပါတယ်။ "လူတစ်ပိုင်း" လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်တွေဟာ လူသားတွေထက်ပိုပြီးအစွမ်းထက်လာကြပါတယ်။ သူတို့ကိုကနဦးထည့်သွင်းထားတဲ့ပရိုဂရမ်အပေါ်မူတည်ပြီး အလုပ်လုပ်တာကြောင့် သူတို့ဟာသစ္စာရှိတဲ့ဝန်ထမ်းကောင်း၊ လိမ္မာတဲ့သားသမီး စသဖြင့် လူသားတွေရဲ့စိတ်ဖြေရာအ​ဖြစ် ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။အကျိုးအပြစ်ဒွန်တွဲနေတယ်ဆိုသလိုပဲ လူတစ်ပိုင်းတွေဟာလူသားတွေရဲ့ အန္တရာယ်အ​ဖြစ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့အခါ နိုင်ငံတကာစုဝေးပြီး လူတစ်ပိုင်းတွေကိုထုတ်လုပ်ဖြန့်ဖြူးမှုကိုရပ်တန့်ဖို့၊ ပျံ့နှံ့နေတဲ့လူတစ်ပိုင်းတွေကိုပြန်လည်ခေါ်ဆောင်ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတော့တယ်။ ထိန်းချုပ်ဖို့ဌာနတစ်ခုကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။ဒါပေမဲ့လဲလူသားနဲ့လူတစ်ပိုင်းတွေကိုခွဲခြားဖို့ကအလွန်ခက်ခဲတာကြောင့် အလုပ်မတွင်ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လူတစ်ပိုင်းတွေဟာလူသားတွေကြားမှာရောနှောတည်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီလူတစ်ပိုင်းတွေဟာအငြိမ်မနေဘဲ လူသားတွေကိုအန္တရာယ်ပေးပြီးပြစ်မှုတွေ ကျူးလွန်လာခဲ့အခါ... အဲ့ဒီ လူတစ်ပိုင်းစက်ရုပ်ပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ပြစ်မှုတွေရဲ့တရားခံကရော တကယ်ပဲလူတစ်ပိုင်းတွေလား။ထူးဆန်းထွေလာစုံထောက်ဇာတ်လမ်းများကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် နောက်ထပ်အကြိုက်တွေ့စရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာ ဦးမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။===========================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama , Crime , Mystery , Sci-Fi & Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

The Bionic Life ( 2023 )

2023
The Long Shadow (2023) 10
The Long Shadow (2023) The Long Shadow (2023)IMDb- 8.1/10ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။ အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ...
10
TMDb: 10/10 3 votes
tv

The Long Shadow (2023)

2023
Kaala (2023) 9
Kaala (2023) Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူ‌တွေကိုပိုပြီးခေါင်းစားစေမှာပါအမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်... သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့‌ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် "နန်မန်အာရာ"... ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှု‌တွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ... ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ...
9
TMDb: 9/10 1 votes
tv

Kaala (2023)

2023
Only Murders in the Building – Season (03) 8.1
Only Murders in the Building – Season (03) Only Murders in the Building - Season (03) ===============================Comedy-Mystery အရောလေးနဲ့ စုံထောက် ၃ ယောက် ပြန်လာပါပြီ ။ ဝါရင့် သရုပ်ဆောင် မင်းသားကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short၊ မင်းသမီးချော Selena Gomez တို့ chemistry မိမိနဲ့ ပါဝင်ထားတဲ့ ဒီကားဟာလည်း သူ့အရှိန်နဲ့သူ အောင်မြင်မှု ရရှိထားတာကို ကြည့်ဖူးသူဆို သိပါလိမ့်မယ်။ ဒါ့အပြင် အခု စီစန်မှာ Ant-Man မင်းသားလို့ လူသိများတဲ့ Paul Rudd ဟာလည်း ဘန်ဆိုတဲ့ နာမည်ကျော် စတားတစ်ယောက်အဖြစ် ပါဝင်လာပါပြီ။စီစန် ၁နဲ့ ၂ မှာ လူသတ်မှုနှစ်ခုကို ဖြေရှင်းခဲ့အပြီး ကိုယ်စီဘဝနဲ့ နေထိုင်ဖြတ် သန်းဖို့ ကြိုးစားနေကြတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ဟာ လူသတ်မှုတွေ လည်း ငြိမ်းသွားပြီဖြစ်လို့ မှုခင်းပေါ့ကတ်လည်း မလုပ်ဖြစ်ကြတော့ပါဘူး။ မေဘယ်ဟာလည်း အဒေါ်ဖြစ်သူက တိုက်ခန်းကို ရောင်းလိုက်လို့ ...
8.1
TMDb: 8.1/10 118000 votes
tv

Only Murders in the Building – Season (03)

2023
Choona (2023) 7.3
Choona (2023) Choona 2023 (IMDb 6.3/10)ယခုတင်ဆက်ပေးမှာကတော့ netflix ကနေပူပူနွေးနွေးထွက်ရှိလာတဲ့ crime-comedy စီးရီးလေးပဲဖြစ်ပါတယ်ဒီထဲက အဓိကဆရာကြီးကတော့ ကုလားစနေမောင်မောင်ဗားရှင်းလို့ ပြောရမဲ့ နိုင်ငံရေးသမား ရှူကလာပဲဖြစ်ပါတယ် သူ့ရဲ့ထူးခြားချက်ကို ဗေဒင်ကိန်းခန်းနက္ခတ်တွေကို အရမ်းယုံပြီး လူသတ်ရင်တောင် နက္ခက်ကိုက်မှသတ်တဲ့ နိုင်ငံရေးသမား လူဆိုးကြီးဖြစ်ပါတယ်ဘောလီးဝုဒ်နိုင်ငံရေးသမားတို့ရဲ့ထုံးစံအတိုင်း ဟိုမဲဆွယ်ဒီမဲဆွယ် ဟိုမင်းသားနဲ့ငြိ ဒီမင်းသားနဲ့ငြိနဲ့ အကုန်လုံးကို အနိုင်ပတ်ကျင့်ပြီးတဲ့နောက်မှာ ဆရာကြီးကို ကြည့်မရတဲ့လူတစ်သိုက်စုပြီး ဆရာကြီးရဲ့ ပိုင်ဆိုင်သမျှထဲ တန်ဖိုးအများဆုံးပမာဏကို ဝိုင်းခိုးဖို့ အကွက်ချပါတော့တယ်အဲ့တော့ ocean eleven လို သူခိုးတသိုက်နဲ့ လူဆိုးကြီးစနေမောင်မောင်(ခေတ္တအိန္ဒိယ) ဗားရှင်းပေါ့ဗျာ ဇာတ်လမ်းလဲကောင်းသလို ဟာသပါတယ်ဆိုပေမဲ့ ပေါမနေပဲ အတည်နောက်ထားတာကြောင့် အားလုံးပဲ သူခိုးကားလေးလဲကြည့်ရ ဗေဒင်လေးလဲကြုံတုန်းတွက်ရတာမို့ လက်မနှေးကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 800MB ...
7.3
TMDb: 7.3/10 3 votes
tv

Choona (2023)

2023
Reporting for Duty (2023) 5.4
Reporting for Duty (2023) Reporting for Duty (2023) ===================လူဆိုးဂိုဏ်းဝင်တစ်ယောက်ကို ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းမိသွားတဲ့ နောက်မှာ ဆူဇန်နိုဟာ ရာထူးတိုးပြီး စီရင်စု(၈)ရဲစခန်းမှာ စီရင်စုမှူးဖြစ် သွားပါတော့တယ်။ ထူးခြားတာက အဲ့ရဲစခန်းက စီရင်စုမှူးတိုင်းက Slot Machine မာဖီးယားအဖွဲ့သတ်တာခံရပြီး သေသေသွားကြတာပဲ။ ဆူဇန်နို တစ်ယောက် ဒီအကြောင်းကို သိသွားပြီးတဲ့အချိန်မှာတော့ နောက်ကျသွား ခဲ့ပါပြီ။ သူစစရောက်ချင်းနေ့မှာပဲ အဲ့မာဖီးယားအဖွဲ့ကို ဖမ်းဖို့အတွက် စစ် ဆင်ရေးတစ်ခုစီစဉ်ထားကြတော့ ရဲအုပ်အမျိုးသမီးက သူ့ကို‌ဦးဆောင်ခိုင်း တယ်။ သူကလည်း ဝေ့လည်ကြောင်ပတ်လုပ်ပြီး ရဲစခန်းကိုလာတိုင်တဲ့ အဘွားအိုတစ်ယောက်ရဲ့ အမှုသေးသေးလေးကိုပဲ ဖြေရှင်းပြီးနေရစ်ခဲ့လိုက် တယ်။ကံကောင်းချင်တော့ အဲ့အမှုသေးသေးလေးကနေ မာဖီးယားအဖွဲ့နဲ့ ပတ်သက်တဲ့သဲလွန်စကို ရှာတွေ့သွားပြီး သူတို့ဂိုဏ်းရဲ့ပစ္စည်းတွေကို သိမ်း ဆည်းလိုက်ကြတယ်။အထိနာသွားတဲ့ မာဖီးယားတွေက ဆူဇန်နို့ဆီကို ‌ခြိမ်းခြောက်စာတွေပို့ပြီး နောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာဖီးယားအဖွဲ့ကို စီရင်စု ၈ ရဲစခန်းက ဘယ်လိုတွေဖမ်းကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဟာသဇာတ် လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(1.4 GB) Quality...............WEB-DL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Crime Translator..........Khant Sett ...
5.4
TMDb: 5.4/10 1140 votes
tv

Reporting for Duty (2023)

2023
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Karen Pirie (2022) 6.583
Karen Pirie (2022) Karen Pirie (2022) ==============Crime, Drama ဇာတ်လမ်းကောင်း ကြိုက်တဲ့သူတွေအတွက် Rotten Tomatoes 91%, IMDb 7.6/10 ရရှိထားတဲ့ စုံထောက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခု Season 1 မှာတော့ အပိုင်း ၃ပိုင်း တည်း ပါဝင်တာမို့ အပိုင်းအများကြီး ကြည့်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဇာတ်အိမ်ခိုင်မာပြီး ကြည့်နေကြ Hollywood production တွေက မဟုတ်ဘဲ UK ကမို့လို့ မတူညီတဲ့ရသကို ခံစားနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူး တိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်း တစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီ ဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊ တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲ နေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင် သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ...
6.583
TMDb: 6.583/10 29 votes
tv

Karen Pirie (2022)

2022
Solomon’s Perjury (2016) [Complete] 7.025
Solomon’s Perjury (2016) [Complete] Solomon's Perjury (2016)***************************အပိုင်း ( ၁ မှ ၁၂ ) စ / ဆုံး ဒီတစ်ခေါက်မှာလည်း CM ပရိသတ်ကြီးတွေအတွက်Jang Dong Yoon, Kim Hyun Sooနဲ့ Seo Ji Hoonတို့ အဓိကပါဝင်ထားတဲ့ကျောင်းသားကားလန်းလန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...ခရစ္စမတ်ညမှာ ဂျုံဂုအထက်တန်းကျောင်းသား အီဆိုဝူတစ်ယောက်ကျောင်းခေါင်းမိုးထပ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။သူ့ရဲ့သေဆုံးမှုကို ရဲတွေက သေကြောင်းကြံစည်မှုလို့ ကောက်ချက်ချသလိုကျောင်းရဲ့ အကြီးပိုင်းအရာရှိတွေကလည်း ကျောင်းနာမည်မထိခိုက်အောင်အမှုကို အမြန်ပိတ်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အီဆိုဝူရဲ့သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အသတ်ခံခဲ့ရတာပါဆိုပြီးမျက်မြင်သက်သေ ပေါ်ထွက်လာတဲ့အခါမှာတော့ အမှန်တရားကို ဖော်ထုတ်ဖို့ကျောင်းတွင်းတရားခွင်ကို ပြုလုပ်ကြပါတော့တယ်။အီဆိုဝူက တကယ်ပဲ ကိုယ့်ကိုကိုယ်သတ်သေတာလား...အထက်လူကြီးတွေရဲ့ ဖုံးဖိချင်မှုတွေနဲ့ အာဏာပါဝါတွေကို လွန်ဆန်ပြီးတရားခံကို ဖော်ထုတ်နိုင်နိုင်မလား...တရားခံကရော တကယ် သူတို့ထင်တဲ့သူ ဖြစ်နေပါ့မလား...ထပ်ဆင့် သက်သေထွက်ဆိုသူတွေပေါ်ပေါက်လာပြီးတရားခွင်မှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုသံသယစိတ်တွေအပြည့်နဲ့ ကြည့်ရှုရမယ့် Mystery Teen Drama လေးပဲဖြစ်ပါတယ်။ Aired: Dec 16, 2016 ...
7.025
TMDb: 7.025/10 21 votes
tv

Solomon’s Perjury (2016) [Complete]

2016
Magpie Murders (2022) 7.097
Magpie Murders (2022)  ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ...... ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ " Thinn , Chevy " ဖြစ်ပြီးအညွှန်းကိုတော့ Thinn  မှ ရေးသားပေးထားပါတယ် )  File Size –  780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 ...
7.097
TMDb: 7.097/10 31 votes
tv

Magpie Murders (2022)

2022
Undead Murder Farce (2023) 7.1
Undead Murder Farce (2023) Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb: 7.1/10 12 votes
tv

Undead Murder Farce (2023)

2023
Black Butterflies [Les papillons noirs] (2022) 7.5
Black Butterflies [Les papillons noirs] (2022) Black Butterflies [Les papillons noirs] (2022) ================================ဇာတ်လမ်းဇာတ်အိမ်နက်နက်နဲနဲနဲ့ စိတ်ဝင်တစားကြည့်ရမယ့် ပြင်သစ် Thriller စီးရီးတစ်ခုပါ။ IMDb Rating - 7.5/10 ရ ထားတာမို့ ကောင်းမကောင်းကိုစိတ်ပူစရာလိုမယ်မထင်ပါဘူး။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းတွေတော့ ပါပါတယ်။ဘဝဇာတ်ကြောင်းကိုရေးထားတဲ့ဝတ္ထုတစ်ခုနဲ့ အောင်မြင်ထားတဲ့ စာရေးဆရာ အေဒရီယန်ဟာ နောက်စာအုပ်အတွက် အကြံဉာဏ် ရဖို့ခက်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဆီကဖုန်းဝင်လာပါတယ်။ လူ့လောကမှာသိပ်မနေရတော့တဲ့သက်ကြီးရွယ်အိုတစ်ယောက်က သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့နောက်မှာ အေဒရီယန်တစ်ယောက် ထိုလူရဲ့ဖွင့်ဟချက်တွေကိုမှတ်တမ်းယူရင်း သူတစ်ပါးရဲ့အတိတ်က မှောင်မိုက်တဲ့အရိပ်မည်းတွေနဲ့ ပတ်သတ်မိ သွားတဲ့အခါမှာတော့ . . .စုစုပေါင်း(၆)ပိုင်း ပါရှိတဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေး သွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)File Size.............(400 Mb) / (1.4 GB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........Pyi T. Nyein Encoder..............SWM 720P (400 MB)-----------------------------------Episode(1) - Yoteshin /  Megaup / MegaNZ ...
7.5
TMDb: 7.5/10 4800 votes
tv

Black Butterflies [Les papillons noirs] (2022)

2022
The Curse – Season (01), (02) 6.7
The Curse – Season (01), (02) The Curse - Season (01), (02) ===================== IMDb Rating - 6.7/10အချိန်အားဖြင့် ၁၉၈၀ ကာလအစောပိုင်းတစ်ခု၊ နေရာအားဖြင့် မြို့တော် လန်ဒန်မှာ ကုန်လှောင်ရုံဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေ ကတော့ မိန်းမမျက်နှာ တစ်ကမ္ဘာ‌ဆိုတဲ့ အဲလ်ဘတ်ရယ်၊ ဘာနေနေသံယောင် လိုက်တတ်တဲ့ မစ်ခ်ရယ်၊ မိန်းမဖောက်ပြန်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြေကွဲလူငယ်ဖြစ်နေတဲ့ ဆစ် ဒနီရယ်၊ စဆရကသိပ်လုပ်တတ်တဲ့ ဖေးလ်ရယ် မတည့်မတူနေ သူငယ်ချင်း တွေပါ။ ဒေါ်လာငါးသောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓားပြတိုက်ပွဲဝင် ခဲ့ကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဒေါ်လာငါးသောင်းမကတန်တဲ့ ရွှေတုံးတွေပါ အဲဒီကုန်လှောင်ရုံထဲကို ရောက်ရှိနေခဲ့ပါတယ်။ အခွင့်အရေးဆိုတာ လက်မလွှတ်ကောင်းဘူးဆိုတော့ လည်း ရှိတဲ့ရွှေတွေပါ မကြတော့တာပေါ့။  ဒါပေမဲ့ သူတို့မသိလိုက်တာက အဲဒီ ရွှေတွေက ဆိုးရွားတဲ့ ကျိန်စာမိထားတဲ့ရွှေတွေပါ။  ဒီတော့ သူတို့တွေ အဲဒီရွှေ တုံးတွေနဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကကြမလဲဆိုတာ ရယ်ရင်းမောရင်းနဲ့ပဲ ကြည့် ရှုကြရဦးမှာပေါ့ဗျာ။လန်ဒန်မှာဆိုတော့ လန်ဒန်ရဲတွေ ရှိတာပေါ့ ဆိုသလိုပဲ ကိုယ်လူချောတို့ ရဲတွေ လက်ကနေ ဘယ်လိုလွတ်အောင် ပြေးကြဦးမလဲပေါ့။ သေချာတာတော့ မအေး အေးဝင်း စီစဉ်တဲ့စီးရီးမဟုတ်တာမို့ အဆုံးသတ်ကိုတော့ ...
6.7
TMDb: 6.7/10 2100 votes
tv

The Curse – Season (01), (02)

2022
Dear Child (2023) Complete 7.6
Dear Child (2023) Complete Dear Child (2023) A Netflix Mini Series ~ IMDb - 7.5/10, Rotten Tomatoes - 84% ~ Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။ ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ...
7.6
TMDb: 7.6/10 42 votes
tv

Dear Child (2023) Complete

2023