Channel Myanmar

Crime

A Nearly Normal Family (2023) 7.115
A Nearly Normal Family (2023)  "သမီးတစ်ကောင် နွားတစ်ထောင်"ဆိုတဲ့ စကားပုံလေးကိုတော့ လူတိုင်းနီးပါးလောက်သိကြမှာပါ။ သမီးတစ်ယောက်ကို မွေးပြီး ပြုစုပျိုးထောင်ရတဲ့ အလုပ်က အင်မတန်မှလည်းခက်ခဲလှပါတယ်။ သမီးမိန်းကလေးရှိတဲ့ မိဘတွေဆို အသိဆုံးဖြစ်မှာပါ......အဲဒီလိုနဲ့ သမီးလေးက အရွယ်ရောက်အိမ်ထောင်ကျပြီးသွားရင်လည်း သူ့အမျိုးသားက ထိန်းသိမ်းရပြန်ပါတယ်။ သူ့ ဇနီးလေး လိုချင်တာရဖို့ ပျော်ရွှင်နေစေဖို့ အပူအပင်မရှိဖို့ ကြိုးစားအားထုတ်ရတာပါ။ အိမ်ထောင်သည် ယောက်ျားတိုင်းကို မဆိုလိုပေမဲ့ တာဝန်သိတတ်တဲ့ ယောက်ျားတွေကတော့ ဒီ တာဝန်ကို ကျေပွန်ကြတာချည်းပါပဲ..........ဒီကားလေးကတော့ နာမည်ကိုက "ပုံမှန်နီးပါး မိသားစု"တဲ့..... ပုံမှန်ဆိုလည်း ပုံမှန် ထူးခြားတယ်ဆိုလည်း ထူးခြားတယ်ပေါ့..... ဘာလို့ ပုံမှန်နီးပါး ဖြစ်နေရတာလဲ ဟုတ်ပါတယ် ပုံမှန်နီးပါးလေးပါပဲ......ဇာတ်လမ်းလေးထဲမှာ မင်းသမီးလေးက အားကစားသမားလေးတစ်ယောက်ပါ သူ့အသက် ၁၅နှစ်မှာ ပြိုင်ပွဲသွားပြိုင်ရင်း လက်ထောက် နည်းပြကို မြူဆွယ်သလိုဖြစ်သွားတာကြောင့် မုဒိန်းကျင့်ခံလိုက်သလို ဖြစ်သွားပါတယ်....."သလို"တွေထည့်ထားတာက "သလို"တွေလိုကို ဖြစ်နေလို့ပါ......အဲဒါနဲ့ သူ့ကိုစစ်ဆေးကြည့်တော့လည်း ရုန်းရင်းဆန်ခတ်ဖြစ်တာတွေဘာတွေမတွေ့တော့ တရားကလည်းစွဲလို့မရ.....သူကိုယ်တိုင်ကလည်း လက်ခံသလိုလို.....ငြင်းသလိုလိုဖြစ်နေတာလည်းပါမှာပေါ့......အဲဒါနဲ့ သူအရွယ်ရောက်လာတဲ့အချိန် အဲဒီလိုပဲ ...
7.115
TMDb: 7.115/10 27 votes
tv

A Nearly Normal Family (2023)

2023
Hidden Assets – Season (01) 7.2
Hidden Assets – Season (01) Hidden Assets - Season (01) ============ IMDb Rating - 7.2/10 Crime , DramaFBI လိုဇာတ်လမ်းတွဲကောင်းတွေသဘောကျတဲ့သူတွေအတွက် IMDB 7.2 rating နဲ့ Crime ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ British ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ရဲစုံထောက်ဇာတ်လမ်းတွဲ တစ်ခုအနေနဲ့ ပိုပြီးအသက်ဝင်စေပါတယ်။နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးဆီကနေ အမွေရလိုက်တဲ့ နိုင်ငံပိုင် သိမ်းဆည်းမှုတွေကို ပြန်အရယူဖို့အတွက် ငွေကြေးခဝါချပြီး အသေ ခံဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဉရောပသမဂ္ဂကို အကြပ်ရိုက်ပြီး နိုင်ငံကိုခြိမ်း ခြောက်နေတဲ့ ဒုစရိုက်အဖွဲ့ကြီးကိုနှိမ်နင်းဖို့အတွက် အီတလီရဲတပ်ဖွဲ့နဲ့ ဗြိတိန်ကအထူး ဖက်ဒရယ်စုံထောက်တွေ ပေါင်းစည်းကာ ဒီအကြမ်း ဖက်အဖွဲ့ကို နှိမ်နင်းကြတဲ့ဖြစ်ရပ်ကိုရိုက်ပြထားပါတယ်။ တစ်ပိုင်းချင်း စီမှာ အလှည့်အပြောင်း ကြိုးကိုင်ဖလှယ်မှုတွေနဲ့ ဂတုံးပေါ်ထိပ်ကွက် လုပ်နေကြတဲ့ လူတွေရဲ့ လောဘကို ကွက်ကွက်ကွင်းကွင်းပုံဖော်ပြထား ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့ အတွက် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာ ကတော့အသေချာပါပဲ ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(600 MB) / (300 MB) Quality...............WEB-DL 1080p / 720p Duration............50Mins(@Episode) Subtitle..............Myanmar ...
7.2
TMDb: 7.2/10 3000 votes
tv

Hidden Assets – Season (01)

2021
Aarya (2020) 8.1
Aarya (2020) Aarya (2020)===========IMDb Rating - 8.1/10#Unicodeအခုတင်ဆက်ပေးမှာကတော့ June 19 ရက်နေ့က Netflix မှာပြသသွားပြီး အပိုင်း ၉ ပိုင်းပါဝင်တဲ့India Crime, Thriller, Drama စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အာယာဆာရင်းနဲ့ တစ်ဂျ်ဆာရင်းတို့က သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပါ။ သူတို့မှာ သားကြီးဗီရာရယ်သမီးလတ်အာယုရယ် သားငယ်လေးအာဒီရယ်ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိပ်ကိုပျော်ရွှင်ပြီချမ်းသာကြွယ်ဝတဲ့မိသားစုလေးပါပဲ။ တစ်ဂျ်ကလည်း အာယာ့အဖေ သူ့ယောက္ခမဇိုရဝါကို အဖေအရင်းလိုချစ်ခင်ပြီး သူ့လက်အောက်​ ဆေးကုမ္ပဏီမှာပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ဆေးကုမ္ပဏီက အမြတ်အစွန်းတွေကြောင့် သူတို့ဒီလိုချမ်းသာနေတာမဟုတ်ပါဘူး။ သူတို့မိသားစုဟာတရားမဝင်ဘိန်းပင်တွေစိုက်ပြီး အဲဒီကနေ ဘိန်းကိုအခြေခံပြီးထုတ်လုပ်တဲ့ မူးယစ်ဆေးအပျော့စားတွေကို နိုင်ငံခြားကို တင်သွင်းတာပါ။ တစ်နေ့မှာတော့ အာယာရဲ့မောင်ဖြစ်သူက  မူးယစ်ရာဇာကြီး ရှီခါဝပ်ဆီကနေ သန်း ၃၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေခိုးလာတဲ့အခါမှာတော့။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို အာယာတစ်ယောက် ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်မလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။IMDB 8.1/10 အထိရရှိထားသလို ထိပ်တန်းမင်းသမီး Sushmita ...
8.1
TMDb: 8.1/10 5,020 votes
tv

Aarya (2020)

2020
Riverdale Season 1+2+3+4+5+6+7(2017) 8.5
Riverdale Season 1+2+3+4+5+6+7(2017) ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ...ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ...ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ...အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ ...
8.5
TMDb: 8.5/10 13005 votes
tv

Riverdale Season 1+2+3+4+5+6+7(2017)

2017
VIP (2023)
VIP (2023) VIP 2023 / မယားငယ် ရှာပုံတော် မြန်မာစာတန်းထိုးThe Legendကုန်တိုက်က VIP Teamက နှစ်တိုင်းလိုလို ရောင်းအားတက်အောင်လုပ်ပေးနေတဲ့အဖွဲ့ပါ VIP Teamမှာ ရင်းနဲ့သူမရဲ့ခင်ပွန်းဖခ်ကလည်း သော့ချက်အနေနဲ့ ပါဝင်နေပါတယ်ရင်းနဲ့ဖခ်တို့က အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်တာကြောင့် စံပြအတွဲလို့တောင်ဆိုလို့ရပါတယ် တစ်ရက်မှာ ရင်းက သူမခင်ပွန်း ဖုန်းဆက်ရင်း ငြင်းခုန်နေသံကိုကြားခဲ့ရသလို သူမဆီကိုလည်း “နင့်ခင်ပွန်းက VIP Teamကသူတယောက်နဲ့ဖောက်ပြန်နေတယ်”လို့ စာဝင်လာခဲ့ပါတယ် ဒါဆို တကယ်ပဲ ဖခ်က နောက်မီးလင်းနေတာလား ဖခ်ကြိတ်ပုန်းခုတ်နေတဲ့ စနိုက်မကရော ဘယ်သူလဲဖြစ်နေမလဲဆိုတာကိုတော့ ရင်းနဲ့အတူ ဒီဇာတ်ကားထဲမှာ အဖြေရှာလိုက်ရအောင်ပါ(အညွှန်းရေးထားတာကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်)Translated by Nang Mwe Kham & Tawan & Fake Love & Lei Wutyi TunGenre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 40min Subtitle…. ...

VIP (2023)

2023
Vigilante(2023)S1[Complete] 10
Vigilante(2023)S1[Complete] Vigilante(2023)**************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး[ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ...
10
TMDb: 10/10 2 votes
tv

Vigilante(2023)S1[Complete]

2023
Criminal Code (2023) 6.9
Criminal Code (2023) Criminal Code (2023) =============== IMDb Rating - 6.9/10Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင် ဆက်ပေးလိုက်ပါပြီ။နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု အယက်နဲ့ပါပဲ။ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင် ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့ အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ ခဲ့ပါပြီ။ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါ တယ်။ ပထမဆုံးနိုင်ငံတကာမှုခင်းကြီးတစ်ခုဖြစ်ပြီး ...
6.9
TMDb: 6.9/10 1735 votes
tv

Criminal Code (2023)

2023
Chase The Truth ( 2023 )
Chase The Truth ( 2023 ) ဒီတစ်ခေါက်မှာတော့ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ မှုခင်းကား‌ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအားလုံးအတွက် အကြိုက်တွေ့စေမဲ့ မှုခင်းကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ဇာတ်လမ်းအကျဉ်းကတော့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ချုးယိဟန်က သူ့မိခင်ကိုရှာဖွေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အန္တာရာယ်များလှတဲ့ မြေအောက်လျှို့ဝှက်အဖွဲ့အစည်းတွေဆီကို တိတ်တဆိတ်သွားခဲ့ပါတယ် ။ အဲလိုကနေ မမျှော်လင့်ထားဘဲ တိုက်တိုက်ဆိုင်ဆိုင် ကုလင်နာ့နဲ့တွေ့ဆုံမိရာက...သူတို့နှစ်ယောက်ဘယ်လိုမျိုးအမှုတွေလိုက်ကြမလဲ ? မျှော်လင့်နေသလို ဘယ်လိုထူးဆန်းပြီးဖြေရှင်းခက်တဲ့အမှုတွေနဲ့ရင်ဆိုင်ရမလဲ? ပျောက်ဆုံးနေတဲ့အမေဖြစ်သူကိုရော ရှာတွေ့ပါ့မလား ? နှစ်ယောက်ကြားကဆက်ဆံရေးကရော ဘယ်လိုမျိုးနက်ရှိုင်းလာမလဆိုတာကို ဇာတ်လမ်းကြည့်ရင်း အတူတူစီးမျောလိုက်ပါလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ=========================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Crime , Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK=========================Ep 1 ( 720p ) ...

Chase The Truth ( 2023 )

2023
Ferry: The Series (2023) 7
Ferry: The Series (2023) RT 80% နဲ့ IMDb 7.8 ရရှိထားတဲ့ နက်ဖလစ်ရဲ့ Crime Drama ဒတ်ချ်စီးရီးအသစ် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ Undercover စီးရီးရဲ့ Prequel ပါ။ ဟိုဟိုဒီဒီ မူးယစ်ဆေးတွေကို လိုက်ရောင်းနေရင်းကနေ တစ်ရက်မှာ ပွပေါက်တိုးမိဖို့ အခွင့်ဖန်လာတဲ့ ဖယ်ရီဘိုးမန်း။ ဇနီးချော အသစ်စက်စက်လေးကို ရထားသူ။အလုပ်အကိုင်မဖြစ်လို့ လူတွေမသိအောင် ဟန်ဆောင်နေရချိန်မှာ အန္တရာယ်များမှန်း သိပေမဲ့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ ဇွတ်တိုးရင်းကနေ မြေအောက်လောထဲ ထဲထဲဝင်ဝင် ရောက်သွားပါတယ်။အဲဒီကနေမှ ဘယ်လိုဒုက္ခတွေ၊ သုခတွေ ကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ မြေအောက်လောကကိစ္စတွေကို စိတ်ဝင်စားသူတွေအဖို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။Quality : 1080p NF WEB RIPTotal Episodes : 8EpsFormat : mp4Genres : Crime ~ DramaDuration : 50minsSubtitle : ...
7
TMDb: 7/10 17 votes
tv

Ferry: The Series (2023)

2023
Evilive (2023) [Complete]
Evilive (2023) [Complete] Evilive(2023)*************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံးHan Dong Soo ဟာရှေ့နေ့တစ်ယောက်ဖြစ်ပြီး သူ့ရည်မှန်းချက်ကတော့အရမ်းချမ်းသာချင်တာပါပဲ...ဒီတော့သူဟာ အမှုသည်တွေရှာတဲ့နေရာမှာဂွင်ကောင်းကောင်းရိုက်ဖို့ ပစ်မှတ်ထားလေ့ရှိတယ်.....ဉာဏ်ရည်ထက်မြက်လှပြီးအကွက်မြင်တတ်တဲ့သူ့အတွက် လူဆိုးဂိုဏ်းတွေနဲ့ အခြားမကောင်းတာလူတဲ့လူတွေကြားမှာ သူ့နာမည်ဟာရေပန်းစားလာတယ်...ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းရှေ့နေကောင်းဆိုတာထက် လူမိုက်ဆန်ဆန် မကောင်းတာလုပ်တဲ့ ဘဝကိုရောက်မှန်းမသိရောက်လာတယ်...တစ်နေ့တော့ သူ့ကိုရွေးပြီးမှ ရှေ့နေလုပ်ခိုင်းတဲ့ထောင်သားတစ်ယောက်ပေါ်လာတယ်...ဒီလူဟာ နာမည်ကြီး လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့အပြင် ငယ်ရွယ်ပြီးအမြော်အမြင်ရှိတဲ့ သူဖြစ်လေတော့ ရှေ့နေကို နည်းမျိုးစုံနဲ့ချောင်ပိတ်ရိုက်ဖို့ကြိုးစားလာတဲ့အခါမှာတော့....ဒီစီးရီးက ဆရာကြီးတွေကြီးပါဝင်ထားသလို  Crime အမျိုးအစားဖြစ်လေတော့တော်တော်ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာတော့သေချာတယ်...ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် Sat Sun တိုင်းမှာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Aired: Oct 14, 2023 - Nov 13, 2023 Aired On: Sunday, Monday Genres:  Thriller, Mystery, Crime, Drama Duration: 60 mins Episodes: 10 Original Network: ENA Translated by  Estel, Shwe Pyae, Emily, Lai Lai, Htoo Hto Aung, ...

Evilive (2023) [Complete]

2023
The Killing Vote (2023) [Complete]
The Killing Vote (2023) [Complete] The Killing Vote (2023) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)Glory ထဲက အချစ်တော်မင်းသမီး Lim Ji-Yeonက ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ထားပြီး မင်းသားကြီးတွေဖြစ်တဲ့ Park Sung-Woongနဲ့ Park Hae-Jinတို့ရဲ့ အပီကြမ်းမယ့် The Killing Voteစီးရီးကတော့ ဒီညမှာပဲထွက်လာပါပြီ။ဇာတ်လမ်းအညွှန်းကတော့ ...ရဲမှူးဖြစ်တဲ့ Kim Moo-Chanဟာ သူ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့သူတစ်ယောက်ပါ။ Kwon Seok Joo ဆိုတဲ့လူကတော့ နာမည်ကျော် တရားရေးရာ ပညာရှင်ဖြစ်ခဲ့ပေမယ့် သူ့သမီးကိုတိုက်ခိုက်ခဲ့တဲ့ မုဒိန်းကောင်ကိုသတ်ပြီးတော့ ရဲစခန်းမှာဝန်ခံခဲ့ပြီး ထောင်ကျခဲ့သူပါ။ Joo Hyun ကတော့ ဆိုးလ်ရဲစခန်းမှာ ငါးနှစ်ကြာလုပ်ခဲ့တဲ့ ရဲမေတစ်ယောက်ပါ။ဒီဇာတ်လမ်းတစ်ခုလုံးကို မွှေမှာကတော့ Dog Maskဆိုတဲ့ အိုင်ဒီနဲ့ အမည်မသိလူတစ်ယောက်ပေါ့။ စက်ဆုပ်စရာကောင်းတဲ့ ရာဇဝတ်သားတွေဟာ ဥပဒေရဲ့အပြစ်ဒဏ်ကို ရှောင်ဖယ်တဲ့အခါ အသက်၁၈နှစ်နဲ့အထက်မြို့သားတိုင်းဆီကို သေဒဏ်မဲပေးဖို့အတွက် မက်ဆေ့တစ်စောင် ရောက်လာပါတော့တယ်။ သေဒဏ်မဲပေးနှုန်း၅၀%ကျော်တာနဲ့ Dog Maskကတော့ အဲဒီမဲပေးခံရတဲ့သူကိုစမုံတုံးပြီးသတ်ပစ်ပါတယ်။ရဲတွေကလည်း ...

The Killing Vote (2023) [Complete]

2023
Akuma Kun (2023) 7.8
Akuma Kun (2023) Akuma kun 2023ဒီဇာတ်ကားထဲမှာ photosensitive scenes များစွာပါဝင်ပါတယ်CM anime ပရိသတ်ထဲမှာ supernatural နဲ့ sherlock ဖန်တွေရှိကြလားမသိဘူး အခုတင်ဆက်ပေးမဲ့ စီးရီးကတော့ အဲ့နှစ်ခုကိုရောထားတဲ့ ဖီလင်မျိုးကို ရရှိမှာဖြစ်ပါတယ်အဓိကဇာတ်ကောင် အာကူးမားကွန်က နတ်ဆိုးကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့လူသားတစ်ယောက် နှစ်တစ်ထောင်မှာ တစ်ယောက်ပဲပေါ်တဲ့ ဂျီးနီးယပ်စ် သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်လဲဟုတ် မိတိဆွေဆိုလဲဟုတ်တာက မယ်ဖီသတို သုံး(၃) လို့ခေါ်တဲ့ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသူတို့နှစ်ယောက်တူတူနေပြီး ဘာလုပ်တာလဲဆိုတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းစုံစမ်းပေးတာ ဘယ်လိုလဲပရိသတ်ကြီး အထာက ဆမ်နဲ့ဒင်းလိုလို ရှားလော့ခ်နဲ့ဒေါက်တာဝပ်ဆင်လိုလိုနဲ့ 221B ဘေကာလမ်းကိုတောင် သတိရမိသွားတယ်မလားအဓိကဗီလိန်ကြီးမလာခင် အပိုင်းတိုင်းမှာ ဖြေရှင်းစရာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ဖြစ်ပြီး စိတ်ဝင်စားစရာနဲ့ တစ်ဆင့်ချင်းဆွဲခေါ်သွားတာမို့ ဇာတ်လမ်းကတော့ သောက်ရမ်းလန်းကြောင်း ပြောပါရစေဒီစီးရီးကို Netflix ကနေ တာဝန်ယူဖန်တီးထားပေးတာဖြစ်ပြီး အန်နီမေးရှင်းစတိုင်က လုံးဝကို old school vibe နဲ့ ဟာသလိုလိုကလေးကြည့်လိုလို ဆွဲထားပေမဲ့ နတ်ဆိုးတွေပေါ်လာတဲ့အခန်းတွေကတော့ သွေးထွက်သံယိုဖြစ်တဲ့အပြင် မိဘက သားသမီးကို သတ်တဲ့အကွက်လို စောင်ဆန်းကြီးဇာတ်ဝင်ခန်းတွေလဲ ပါတာမို့ R Rated မိသားစုနဲ့ မကြည့်ရှုရန်ဖြစ်ကြောင်းပါခင်ဗျာကလေးများကိုလဲ အသက်မပြည့်ရင် ...
7.8
TMDb: 7.8/10 5 votes
tv

Akuma Kun (2023)

2023
Bosch: Legacy (2022) – Season (01), (02) 8.4
Bosch: Legacy (2022) – Season (01), (02)   Bosch: Legacy (2022) - Season (01), (02)=============================2014 ကနေ ၂၀၂၁ အထိ ဘော့ရှ်ဆိုတဲ့ တီဗီစီးရီးတစ်ခု ထွက်ရှိခဲ့ပါတယ်။ အဓိကကတော့ စုံထောက် နဲ့ လူသတ်သမားတွေ အားပြိုင်ပုံပါပဲ။ ဇာတ်လမ်း လည်းကောင်းပြီး IMDb လည်း 8.5 အထိ ရရှိခဲ့ပါတယ်။ စီစန် ၇ ခုတောင် ဆိုတော့ များလွန်းလို့ တင်တော့မတင်ပေးဖြစ်လိုက်ဘူးပေါ့။ဒါပေမဲ့ ကံကောင်းတာက အခု အရင်စီးရီး ၇ ခုကို မကြည့်ဘူးပဲနဲ့ အစကနေ ဆက်ကြည့်လို့ရတဲ့ စီးရီးအသစ်တစ်ခု ထပ်ရိုက်ပေးလိုက်တာပါပဲ။ ဘော့ရှ် ဇာတ်လမ်းတွဲပြီးတော့ အခု ဘော့ရှ်ရဲ့အမွေဆက်ခံတဲ့ကားလေးထွက်လာပါပြီသူတို့ရဲ့ မပြီးပြတ်သေးတဲ့အမှုကနေ တရားခံကတရားစီရင်ရေးရဲ့ အားနည်း ချက်ကြောင့်လွတ်မြောက်သွားရုံသာ မကဘဲ လူမုန်းများမယ့် တခြားအမှုတစ်ခု ကိုပါလိုက်ခဲ့ရပါတယ်။ အဲဒါအပြင် သူဌေးကြီးတစ်ယောက်ရဲ့ အမွေဆက်ခံတဲ့ သူကိုရှာပေးရမယ့်ဘော့ရှ်က နှစ်(၇၀)လောက်က မွေးခဲ့လား မမွေးခဲ့ဘူးလား တောင်မသိတဲ့လူတစ်ယောက်ကိုရှာရမှာပါ။ စုံထောက်ကားပီပီ မြှုပ်ကွက်တွေ ဥာဏ်ကစားကွက်တွေနဲအပြည့်အဝခံစားရမယ့် ဇာတ်လမ်းကောင်းလေးတစ် ကားပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Garfield ဖြစ်ပါတယ်။)Quality...............WEB-DL 720p ...
8.4
TMDb: 8.4/10 19 votes
tv

Bosch: Legacy (2022) – Season (01), (02)

2022
Dexter Season 1+2+3+4+5 +6+7(2006) 8.184
Dexter Season 1+2+3+4+5 +6+7(2006) အခုတင်ပေးထားတဲ့ စီးရီးကတော့ စိတ္တဇလူသတ်သမား သတ်သမားတစ်ယောက်အကြောင်းပါပဲ။ စာမှားရိုက်ထားလားဆိုပြီး နှစ်ခါပြန်မဖတ်ပါနဲ့ မှန်ပါတယ်။ စိတ္တဇလူသတ်သမားတွေကိုမှ တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ချင်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပါ။ စိတ္တဇလူသတ်သမား သို့မဟုတ် ကွင်းဆက်လူသတ်သမားတွေကိုက အခြားလူသတ်သမားတွေနဲ့မတူပါဘူး။ အရမ်းပိရိတယ်၊ အကွက်ကျတယ်၊ ဉာဏ်များတယ်။ ဒီတော့ ဒီလိုလူတွေကိုမှပြန်လိုက်သတ်ဖို့ဆိုရင် ကတုံးပေါ်ထိပ်ကွက် ဂျင်ပေါ်ကထုံးလိုဖြစ်နေဖို့လိုပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားတာက သူဟာ ရဲဌာနမှာအလုပ်လုပ်နေတဲ့ သွေးကျွမ်းကျင်မှုခင်းပညာရှင်ဖြစ်နေတာပါပဲ။ ဒီတော့ အမှုတွေကိုစုံစမ်းလိုက်ပြီးရင် ရဲဌာနတစ်ခုလုံးမရိပ်မိအောင် လိုက်ဖြုတ်လိုက်နဲ့ အတော်ကို ဥာဏ်များရတဲ့အလုပ်ပါပဲ။ ကြည့်ကြည့်လိုက်ကြပါဦး။File size…(1.4 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Drama, Crime, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by VaderDownload LinkEpisode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid ...
8.184
TMDb: 8.184/10 3466 votes
tv

Dexter Season 1+2+3+4+5 +6+7(2006)

2006
Duranga (2023) Season 2 5.8
Duranga (2023) Season 2 Duranga 2-2023 (အတိတ်နဲ့ ပစ္စုပ္ပန်ကြားက အားပြိုင်မှု)IMDb-7.5/10မနှစ်က CM ကနေတင်ဆက်ပေးခဲ့တဲ့ Psychology Thriller ကား Duranga ရဲ့ Season 2 လည်းထွက်ရှိလာပြီမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးတင်ဆက်ပေးလိုက်ပါတယ်Season 1 မှာ လူသတ်မှု အယောင်ဆောင်မှု စိတ္တဇလူသတ်သမားကျူးလွန်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ သပွတ်အူဆန်ဆန်ရှုစားခဲ့ရပြီး အခုထွက်လာတဲ့ ၈ ပိုင်းကတော့ ရှေ့အတွဲမှာပါခဲ့တဲ့ မြှုပ်ကွက်တွေ ဇာတ်အလှည့်အပြောင်းလေးတွေကို တစ်ခုချင်းဖြေထုတ်ပြသွားမှာပဲဖြစ်ပါတယ်အတိတ်ကို ပြည်ဖုံးကားချပြီး ဆာမစ်ဗာဒယ်အသွင်နဲ့ ဘဝကိုမိသားစုအတွက်ရှင်သန်တော့မဲ့အဘီရှက်ခ်ဘန်နီ... အဲဒီချိန်မှာပဲ ဆာမစ်ဗာဒယ်အစစ်အမှန်က ကိုမာကနေနိုးထလာခဲ့ပြီး အဘီရှက်ခ်ဘန်နီရဲ့ ဇနီးဖြစ်သူရဲအရာရှိကလည်း သူအရင်ကကျူးလွန်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအမှုတွေရဲ့တရားခံကို လိုက်ဖော်ထုတ်နေတယ်မိသားစုအေးချမ်းရေးအဓိကထားနေချိန်မှာမှ သမီးဖြစ်သူကလည်း ကျောင်းမှာအနိုင်ကျင့်စော်ကားခံနေရတယ်ပြောင်းလဲဖို့ကြိုးစားနေပေမဲ့ ဟိုးအတိတ်ကိုပဲ ပြန်‌ဆွဲခေါ်နေတဲ့ အခြေအနေပေါင်းများစွာကြားမှာ ဘဝကို မယိမ်းမယိုင်ရပ်တည်နိုင်မလား အတိတ်တစ်ဖန်ပြန်လည်သွားဦးမလားစိတ္တဇဆန်ဆန်လူသတ်မှုတွေထက် လူတစ်ယောက်ရဲ့ အကောင်းအဆိုးစိတ် လွန်ဆွဲမှုတွေ ၊ မိသားစု ဇနီး ခင်ပွန်းကြားကကွဲလွဲနေတဲ့ အလွှာပါးလေးတွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Alex ~ Yunni ~ V ~ ...
5.8
TMDb: 5.8/10 5 votes
tv

Duranga (2023) Season 2

2022
The Hunt for Veerappan (2023) 8.273
The Hunt for Veerappan (2023) The Hunt for Veerappan (TV Series) (2023) IMDb - 8.0/10Documentaryကောင်းကောင်း ငတ်မွတ်တောင့်တနေသူတွေအတွက် Netflixကနေ ရေကြည်တစ်စက်ပတ်ဖြန်းလိုက်ပါပြီ။အိန္ဒိယတောင်ပိုင်းရဲ့တောတောင်တွေကို အုပ်စိုးတဲ့တရားမဝင်အမဲလိုက်သမားကနေ အိန္ဒိယရဲ့အကြီးမားဆုံးရာဇဝတ်ကောင် စန္ဒကူးမှောင်ခိုသမားတစ်ဖြစ်လဲ တောဘုရင်ကြီးတစ်ယောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့။သူ့ရဲ့မိသားစုမိတ်ဆွေတွေရဲ့ အမြင်၊လိုက်လံဖမ်းဆီးခဲ့တဲ့ အရာရှိတွေရဲ့အမြင်၊ တပည့်တပန်းတွေရဲ့အမြင်တွေကို လိုက်လံမေးမြန်းထားတာတွေ။သူ့အပေါ် သစ္စာရှိတဲ့လူအပေါ်မှာ သူ့အသက်ကိုစတေးလိုက်ဖို့ဝန်မလေးသလို သစ္စာဖောက်တဲ့လူကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တတ်တယ်ဆိုတဲ့ နှလုံးလှလူမိုက်ကြီး။အစိုးရအာဏာပိုင်တွေဘက်က သမိုင်းမှာအဆိုးဝါးဆုံးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပေမယ့် ရွာသူရွာသားတွေက ဘုရားလိုကိုးကွယ်ကြပြန်ရော။ပြည်နယ်နှစ်ခုပေါင်းပြီး လိုက်လံဖမ်းဆီးပေမယ့်လည်း ဆယ်စုနှစ်ကြာလွတ်မြောက်ထွက်ပြေးနိုင်ခဲ့သူကြီး။ အိန္ဒိယရဲ့သမိုင်းမှာ ကာလအရှည်ကြာဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ရာဇဝတ်ကောင်ကြီး။ "မူသူး နင့်ကိုငါ လက်ထပ်မလို့တွေးနေတာ နင်ရောဘယ်လိုလဲ" "နင်မှငါ့ကို မယူရင် ငါ့နှလုံးသားကိုလည်း ကျောက်စိုင်ကျောက်ခဲအဖြစ်ထားလိုက်တော့မယ် တစ်သက်လုံး တခြားမိန်းမကိုရှာမှာမဟုတ်တော့ဘူး"ဆိုတဲ့ ဒရာမာကင်းကြီးလည်းဖြစ်ပြန်ရော။ သူ့နာမည်က ဗီရပ်ပန်တဲ့။ဗီရပ်ပန်ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေ၊ ကြင်နာတတ်မှုတွေနဲ့ ရက်စက်မှုတွေကိုအပိုင်းလေးပိုင်းနဲ့ တစ်၀ကြီးခံစားကြည့်ရှုလိုက်ပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေက​တော့ V~Thaik San~Yunni~Alexတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )Quality : 1080p NF WEB DL / 720pTotal ...
8.273
TMDb: 8.273/10 11 votes
tv

The Hunt for Veerappan (2023)

2023
Power Book IV: Force (2023) Season 2 8.422
Power Book IV: Force (2023) Season 2 CM ပရိသတ်ကြီးတို့ကို ဒီတစ်ခါမှာတော့ American crime series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Series ရဲ့နာမည်ကတော့ Power Book IV : Force ဖြစ်ပြီးတော့ ဒီတစ်ခါတင်ဆက်ပေးမှာက Season 2 ပါ။ IMDb rating 8.1/10 နဲ့ Rotten tomatoes 100% ရရှိထားတဲ့ series ဖြစ်တာမလို့ မကောင်းမှာကို စိတ်ပူစရာမလိုပါဘူး။ ဒီ series က Courtney A. Kemp ဖန်တီးခဲ့တဲ့ Power series ရဲ့ sequel ဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ တွမ်မီက နယူးယောက်ခ်က ထွက်လာပြီးနောက် ချီကာဂိုကို ရောက်လာတယ်။ သူက မူးယစ်ဆေးအရောင်းအဝယ်ထဲ ပါဝင်ပတ်သက်မိရာကနေ ဘိန်းရာဇာဖြစ်လာဖို့ ဆုံးဖြတ်လိုက်ရင်း နယ်မြေအတွင်းက ဂိုဏ်းကို ဝင်ထိန်းချုပ်လိုက်ပါတယ်။တွမ်မီက မြို့မှာရှိတဲ့ လူဆိုးတွေနဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေ အပါအဝင် ...
8.422
TMDb: 8.422/10 102 votes
tv

Power Book IV: Force (2023) Season 2

2022
Scam 2003: The Telgi Story (2023) 8
Scam 2003: The Telgi Story (2023) Scam 2003 (IMDb 8.1/10)အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါအမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ ‌သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ်အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ...
8
TMDb: 8/10 1 votes
tv

Scam 2003: The Telgi Story (2023)

2023
Annika (2021) 7.135
Annika (2021)   2021 ခုနှစ်ထွက် စကော့တလန်အကောင်းဆုံးစီးရီးတွေထဲကတစ်ခုဖြစ်တဲ့ crime drama စီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ BBC Radio4 ရဲ့ Annika Standhed ဆိုတဲ့ drama ပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Alibi နဲ့ All3Media မှာလွှင့်ဖို့ Black Camel Pictures ကနေထုတ်လုပ်ရိုက်ကူးထားတာပါ။ 2021 ခုနှစ် ဩဂုတ်လမှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။လက်ရှိ Series နှစ်ခုထုတ်လွှင့်ထားပြီး serie တစ်ခုမှာ episode ၆ ခုဖြစ်ပါတယ်။ Episode တစ်ခုစီတိုင်းမှာ အဓိကဇာတ်ကောင်များမပြောင်းလဲဘဲ သီးခြားဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ Nikola Walker၊ Jamie Sives၊ Katie Leung၊ Kate Dickie၊ Ukweli Roach နဲ့ Silvie Furneaux တို့ကဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။Series ရဲ့ဇာတ်အိမ်ကိုတော့ နော်ဝေနွယ်ဖွား စကော့တလန်ရေကြောင်းသေမှုသေခင်းဌာနက အမှုလိုက်အင်စပက်တာ အန်နစ်ကာစထရန်းဒက်တ် ရဲ့အမှုလိုက်ပုံတွေ၊ သမီးဖြစ်သူမော်ဂန်နဲ့ အပြန်အလှန်ဆက်ဆံရေးတွေအပေါ်အခြေခံပြီး ...
7.135
TMDb: 7.135/10 37 votes
tv

Annika (2021)

2021
Ripe Town ( 2023 ) 8.3
Ripe Town ( 2023 ) ကဲ တရုတ်ဇာတ်ကားတွေထဲက အခုနှစ်တွေမှာ အဆင့်မြင့်လာတယ်လို့ ပြောရလောက်အောင်ကို ဇာတ်လမ်းဇာတ်အိမ်တွေကအစ ဆွဲဆောင်မှုရှိလာတာ တွေ့ရမှာပါ။ အခုလည်း တရားမျှတမှုကို မရလို့ ကိုယ်တိုင် တရားစီရင်ပေးတဲ့အကြောင်းကို တွေ့ရမယ့် ဇာတ်ကားပါ။နာမည်က 繁城之下 Ripe Town လို့ခေါ်တယ်။ ဇာတ်လမ်းကို မင်မင်းဆက်ခေတ် ဝမ့်လိဧကရာဇ် 萬曆皇帝 ၃၇ နှစ်မြောက်အချိန်မှာ စတင်ထားပါတယ်။ ဝမ့်လိဧကရာဇ် နန်းသက် ၃၇ နှစ်မြောက်ကာလ ကျန်းနန်ဒေသက ရှေးဟောင်းမြို့လေးမှာ ကွင်းစက်လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လျက်ရှိတယ်။သေဆုံးမှုတွေထဲမှာ လူအမျိုးမျိုး ပါဝင်နေပြီး သေဆုံးသူတွေ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အဆက်အစပ် မရှိကြဘူး။ အဲ့ဒါထက် ထူးဆန်းတာက သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထား ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ပြီး ချန်ထားခဲ့တာပါပဲ။ ဒါ့အပြင် မှုခင်းဖြစ်တဲ့နေရာမှ ာ စီရင်ချက်ချလိုက်ကြောင်း စာတစ်ကြောင်းကို ချန်ရစ်ထားခဲ့လေ့ ရှိပါတယ်။အလုပ်သင်အနေနဲ့ ပထမဆုံးမှုခင်းကို ကိုင်တွယ်နေရတဲ့ ရဲမက်ဗိုလ်လေး ချွီဆန်းကန်းဟာ သူ့ထက်ဝါနုတဲ့ တွဲဖက်တစ်ယောက်နဲ့အတူ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်။ အမှုက နက်ရှိုင်းလာတာနဲ့အမျှ ဟိုးအခြေခံ လယ်သမားလူတန်းစားကစလို့ သူဌေးသူကြွယ်ကနေ ရာထူးအာဏာရှိတဲ့ မှူးမတ်တွေနဲ့ပါ ဆက်နွယ်နေတာကို သူတို့ သိလာကြတယ်။ ...
8.3
TMDb: 8.3/10 3 votes
tv

Ripe Town ( 2023 )

2023