Channel Myanmar
Crime
Graceful Friends (2020) 7.0
Graceful Friends (2020) [Unicode]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ဟိုးအတိတ်သူတို ငယ်စဉ်ကာလနဲ့ဆက်စပ်မှုရှိတဲ့အပြင် သူငယ်ချင်းတွေအားလုံးနဲ့ သက်ဆိုင်သလိုဖြစ်လာတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...ဒီစီးရီးက သရုပ်ဆောင်တွေအတော်များများဟာ အခြားစီးရီးတွေမှာဆို အဓိကကျတဲ့ဗီလိန်ခန်းတွေမှာ ပါတဲ့သရုပ်ဆောင်တွေဖြစ်တဲ့အပြင် သရုပ်ဆောင်မှုအပိုင်းမှာလည်း ဆရာကျတဲ့သူတွေချည်းပါပဲ...ပြီးတော့ လူသတ်မှုနဲ့ဆက်စပ်ပြီးတဲ့နောက် ကိုယ်စီ စိတ်ခံစားမှုကြောင့် ရုန်းကန်တဲ့ ဉာဏ်နီဉာဏ်နက်တွေကို စိတ်လှုပ်ရှားစွာ ကြည့်ရတဲ့စီးရီးမို့ ချစ်ကြိုက်မုန်း တွေငြီးငွေ့တဲ့သူတွေအဖို့တော့ တော်တော်ကြီးမိုက်မှာသေချာပါတယ်.... အပိုင်း(၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာ စနေညတွေမှာလွှင့်မှာမို့စောင့်မျှော်ကြည့်ကြပါကုန်...( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ဖြစ်ပါတယ် ) [Zawgyi]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ...
7.0
TMDb: 7.0/10 votes
tv
Graceful Friends (2020)
2020
Bring It On, Ghost(2016)[စ/ဆုံး] 7.6
Bring It On, Ghost(2016)[စ/ဆုံး] Bring It On, Ghost(2016)ဇာတ်လမ်းတွဲ**********************************(စ/ဆုံး)လူငယ်လေးတစ်ယောက်..သူ့မှာ မွေးရာပါထူးခြားတဲ့စွမ်းအင်ပါလာတယ်...အဲ့ဒါက သရဲတွေကိုမြင်နေရသလို ဒီသရဲတွေကို ထိတွေ့တိုက်ခိုက်လို့လည်းရတယ်...ဒီလောကကြီးမှာ ကောင်းမွန်တဲ့သရဲတွေရှိသလို လူတွေကို လိုက်လံဒုက္ခပေးနေတဲ့ သရဲဆိုးတွေလည်းရှိနေတော့ ဒီလူငယ်လေးဟာ ခေတ်နဲ့အလိုက်တစ်မျိုးကြံတယ်...သရဲဆိုးတွေကို အခကြေးငွေနဲ့ လိုက်လံနှိမ်နှင်းပညာပေးရင်း စီးပွားရေးလေး တစ်ဘက်တစ်လမ်းကဝင်ငွေတိုးစေဖို့ကြံရွယ်တယ်....ဒီလိုလိုက်ဗျင်းတဲ့အခါမှာ သူ့ပညာအဆင့်က အငယ်တန်းစားမို့ အစွမ်းနိမ့်သရဲတွေကိုပဲနှိမ်နှင်းနိိုင်တာမို့ သရဲဆိုးတွေနဲ့တွေ့ရင်မာလကီးယားပြီးပြန်လာရလေ့ရှိတယ်...ဒါကြောင့် ဝင်ငွေကလည်းထင်သလောက်မရဘူး...ဆိုတော့ သရဲဆိုးတွေကိုနှိမ်နှင်းဖို့သူ့ပညာကို Upgrade လုပ်ရင်း သရဲဆိုးတွေကိုလုပ်ဖို့ကြိုးစားတဲ့အခါမှာတော့သူထင်မထားဖူးတဲ့ သရဲမလေးနဲ့တွေ့ရင်း နောက်ကွယ်က ထူးဆန်းရှုတ်ထွေးလှတဲ့ ဆိုးယုတ်မှုတွေကို သိလာရတဲ့အခါမှာတော့....ဒီစီးရီးက အပိုင်း(၁၆)ပိုင်းရှိပြီး ရယ်လည်းရယ်ရသလို အက်ရှင်ခန်းတွေလည်း တစ်လှေကြီးပါတယ်..ပြီးတော့ ဇာတ်လမ်းလေးက ဆန်းလှသလို မင်းသားမင်းသမီးကလည်း ချေ့စရာလေးတွေမို့...CM ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...တစ်ရက်ကို တစ်ပိုင်းနှုန်းတင်ဆက်သွားမှာပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Htet Nandar Aung    ပဲဖြစ်ပါတယ်.... Quality –WEB-DL 720 p Duration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : ...
7.6
TMDb: 7.6/10 28 votes
tv
Bring It On, Ghost(2016)[စ/ဆုံး]
2016
Stranger(2017) 8.7
Stranger(2017) Stranger(2017)ဇာတ်လမ်းတွဲအညွှန်း******************************* အပိုင်း( ၁ မှ ၁၆) ထိ(စ/ဆုံး)ရှေ့နေရုံးက အမှုစစ် တစ်ယောက်ဆီကို လူတစ်ယောက်ရောက်လာတယ်....သူက ဒီရှေ့နေကို ပိုက်ဆံတွေအများကြီးပေးဖို့ ဝန်မလေးသလို သူဒုက္ခရောက်မယ့်အရေးကလွတ်ဖို့ဆိုဘာမဆိုလုပ်မယ့်ပုံပါပဲ....ကြည့်ရတာ ဒီလူသိထားတဲ့ လျှို့ဝှက်ကိစ္စတော်တော်များများရှိသလို ထိပ်သီးပိုင်းကလူကြီးတွေကလည်းအန္တရယ်ရှိတဲ့ သူ့ကိုရှင်းထုတ် အပြစ်ပုံချချင်တဲ့ အနေအထားမှာရှိတယ်...ဒါ့ကြောင့် တော်လွန်းတဲ့ရှေ့နေတစ်ယောက်ဆီ ကာကွယ်ဖို့ရောက်လာတာဖြစ်တယ်...အမှုစစ်ကလည်း စိတ်ဝင်စားစရာ ဒီကိစ္စကိုစုံစမ်းဖို့ နောက်နေ့  အကူအညီလာတောင်းတဲ့သူအိမ်ကိုလိုက်သွားတယ်...အိမ်ကိုရောက်တဲ့အချိန်မှာပဲ နောက်ကျသွားပါပြီ...ဘာဖြစ်လို့ဆို ရှေ့နေမရောက်ခင်ကထဲကဒီလူဟာ အသတ်ခံလိုက်ရလို့ပါပဲ.....ဒီစီရီးက အပိုင်း(၁)မှာတင် ခပ်သွက်သွက်စဖွင့်ထားတယ်.... လူသေမှုနဲ့စတင်ပြီး နှုတ်ပိတ်ခံရတဲ့ သဲလွန်စများနဲ့ ပျိုးထားသလို အမှုစစ်တွေ ရဲတွေကလည်း အချက်အလက်ပေါ်မူတည်ပြီး အဖြေထုတ်တဲ့ အခန်းတွေကို စိတ်ဝင်စားစရာပြထားတယ်...အသေးစိတ်အချက်အလက်တွေနဲ့ တင်ပြထားသလို အီနေတာကိုမရှိဘူး...Tempo က အပိုင်းတစ်မှာကထဲကတဖြည်းဖြည်းတင်သွားတာ...ကျသွားတယ်ရယ်လို့မရှိဘူး...အချစ်အမုန်း သရေကွင်းဝါးပြီး ပန်းခြံထဲပြေးလွှားနေတဲ့ တေ့လွဲရိုစီးရီးတွေလိုတော့မဟုတ်ဘူး..သရုပ်ဆောင်တွေကလည်း ဖက်ရှင်အလှအပတွေနဲ့မသွားဘဲနဲ့ တကယ်ရုန်းကန်လှုပ်ရှားနေတဲ့နွမ်းလျှလျှဟန်တွေနဲ့...ပြီးတော့ ဆရာကျလွန်းတဲ့ မြေခွေးတွေ  ကတုံးပေါ်ထိပ်ကွက်တဲ့ ကိုယ်လွတ်ရုန်းဖို့ တစ်ယောက်ယောက်ကိုချနင်းဖို့ ဝန်မလေးတဲ့ အပြုံးတုအောက်က ကောက်ကျစ်တဲ့ လူတွေတလှေကြီးနဲ့ ဒီစီးရီးက ဖွဲ့စည်းထားတယ်...ဒါ့ကြောင့် Season 1 ...
8.7
TMDb: 8.7/10 32 votes
tv
Stranger(2017)
2017
Dark Season 3 [COMPLETE] 8.5
Dark Season 3 [COMPLETE] Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark ပါ။ဒီကားလေးက လျှို့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။Season 3 မှာ အပိုင်း ၈ ပိုင်းပါရှိပါတယ်။ လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာသဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ခ်ျအတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာရဲမှုးအောလ်ရစ်ခ်ျရဲ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အလောင်းအနေနဲ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ...Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။လျှို့ဝှက်ဆန်းကျယ် ...
8.5
TMDb: 8.5/10 1849 votes
tv
Dark Season 3 [COMPLETE]
2017
Rugal (2020)
Rugal (2020) Rugal (2020)===========Korea MyDrama List မှာ Rating 9.1/10 ထိရရှိထားပါတယ်။#Unicodeကိုရီးယားကားဆို အချစ်ကားချည်းပဲ မထင်ကြပါနဲ့။ ဒီလို အက်ရှင်ကားကောင်းကောင်းတွေလည်း ရှိပါတယ်။ရဲအက်ရှင်ကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကြီး ကောင်းတဲ့ကား ဖြစ်သွားတာပါပဲ။ ဇာတ်လမ်းကတော့ "ရူဂယ်" ဆိုတဲ့ အထူးလျှိူ့ဝှက်တပ်ဖွဲ့ အကြောင်းပါ။ ဘယ်လို တပ်ဖွဲ့မျိုးလဲဆိုတော့ ချိုကျိုးနားရွက်ပဲ့တပ်ဖွဲ့ပါ။ မျက်စိကန်းတဲ့လူ၊ တစ်ကိုယ်လုံးမီးလောင်ထားတဲ့လူ၊ ခေါင်းကို ကျည်ဆံမှန်ထားတဲ့လူ နဲ့ လက်ကို ထိခိုက်ထားတဲ့လူ တွေ ပါပါတယ်။ ဒီလူတွေကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူမတူအောင် ထူးခြားသွားပါတော့တယ်။ မျက်စိမမြင်တဲ့လူကို လူကဖန်တီးတဲ့ မျက်စိ ထည့်လိုက်တဲ့ အချိန်မှာတော့ မျက်စိပြန်မြင်လာရတဲ့အပြင် မျက်စိကနေ အချက်အလက်တွေ ရလာပါတယ်။ စောင့်ကြည့်ကင်မရာလို အသုံးချလို့ ရလာပါတယ်။တခြားလူတွေလည်း အားနည်းချက်ကို ပြုပြင်လိုက်တဲ့အခါမှာ အားသာချက်တွေ ပြန်ဖြစ်လာကြပါတယ်။သူတို့အဖွဲ့က "အားဂို့စ်" ဆိုတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့.....Webtoon ...
Rugal (2020)
2020
The Outsider (2020) 7.6
7.6
TMDb: 7.6/10 263 votes
tv
The Outsider (2020)
2020
When They See Us (2019) 8.6
When They See Us (2019) (Unicode)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲစွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါအမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကိုမှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ ...
8.6
TMDb: 8.6/10 98 votes
tv
When They See Us (2019)
2019
Narcos Season 1 (Complete) 8
Narcos Season 1 (Complete) Narcos(2015)ဇာတ်လမ်းတွဲ(Season-1)အတွဲ(၁)စ/ဆုံးIMDb...8.9,,,,Rotten...89%Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ် ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကိုမီးရှိူ့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသောမူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသောရာဇာဝတ်သားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့်ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇဝတ်မှုအသေးစားတွေကျူးလွန်ရင်းမှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။ ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။Biography/Crime အမျိုးအစားဖြစ်ပေမယ့် လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ်Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားကကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗာျးတို့မှားသွားလိမ့်မယ်...၊ ပါ့ဘလိုရဲ့ဒုစရိုက်လောကလှုပ်ရှားပုံတွေ...သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ...နောက်ကျောဓားနဲ့ထိုးမယ့်သူတွေကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo ...
8
TMDb: 8/10 620 votes
tv
Narcos Season 1 (Complete)
2015
Unbelievable (2019) [COMPLETE] 8.3
Unbelievable (2019) [COMPLETE] (Unicode)နက်ဖလစ်ကနေ အပိုင်း ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီး အသစ်တစ်ခု ထွက်လာပြန်ပါပြီ။Imdb 8.5 နဲ့ အကောင်းဆုံး စီးရီးဆုတွေထဲမှာ ဆန်ကာတင်နေပါတယ်။ Crime Drama အမျိုးအစားပါ။၂၀၁၅ တုန်းက ထုတ်ဝေခဲ့တဲ့ “မယုံနိုင်စရာ မုဒိန်းမှု ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် လိင်ကိစ္စ သရုပ်ဖော်မှုတွေ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ကလေးများ ကြည့်ရှုရန် မသင့်တော်ကြောင်း သတိပေးချင်ပါတယ်။မုဒိန်းမှုပေါင်း ၃၀ ကျော်ကို ပိပိရိရိ သဲလွန်စမကျန်အောင် ပြုကျင့်သွားတဲ့လူကို ထောင်ဒဏ် 327 နှစ်ခွဲ ချနိုင်ခဲ့တဲ့အထိ ရေဆုံးမြေဆုံးလိုက်တဲ့ စုံထောက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ မယ်ရီ ဆိုတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး တစ်ယောက် မုဒိန်းကျင့်ခံရလို့ တိုင်ချက်ဖွင့်တာကနေ စပါတယ်။ဒီစီးရီးထဲမှာတော့ ...
8.3
TMDb: 8.3/10 66 votes
tv
Unbelievable (2019) [COMPLETE]
2019
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv
Truth Be Told (2019)
2019
Don’t F**k with Cats: Hunting an Internet Killer (2019) 7.4
Don’t F**k with Cats: Hunting an Internet Killer (2019) netflixရဲ့documentaryတွေထဲမှာရေပန်းစားနေတဲ့true crimeဖြစ်ပါတယ် အဓိကအကြောင်းအရာကတော့အင်တာက်ပေါ်မှာအိမ်မွေးတိရိစ္ဆာန်လို့ အများကလက်ခံထားတဲ့ကြောင်လေးတွေကိုစိတ္တဇဆန်ဆန်သတ်ပြပြီးနာမည်ကြီးချင်နေတဲ့လူတစ်ယောက်ကို အခြားအင်တာနက်ပေါ်ကnerd and geekတွေစုပြီးအမိဖမ်းဖို့ ကြိုးစားတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ် kitten killerရဲ့အမှုဟာအခြားserial killerတွေလောက်မဆိုးဝါးဘူးလို့ပြောလို့ရပေမယ့် သူ့အကြောင်းရိုက်ထားတဲ့documentaryကတော့ အခြားသောcrime documentaryတွေယှဉ်ရင်အတော်ကြည့်လိုက်ကောင်းပြီး တကယ့်video clipတွေကိုလည်းအသုံးပြုထားတာမို့ ကြည့်ရတာအတော်အရသာတွေ့စေပါတယ် အရမ်းဆိုးရွားတဲ့ဟာတွေကိုတော့ဒီထဲမှာမပြထားပေမယ့် ၃ပိုင်းလုံးကြည့်ပြီးရင်တော့ဘာလို့မထည့်ထားတာလဲဆိုတာမှန်းကြည့်လို့ရမှာပါ ကြောင်လေးတွေကိုသတ်တဲ့wannabe serial killerပေါက်စkitten killerအကြောင်းကိုကြည့်ကြည့်ပါဦးခင်ဗျ netflixရဲ့documentaryတွေထဲမှာရေပန်းစားနေတဲ့true crimeဖြစ်ပါတယ် အဓိကအကြောင်းအရာကတော့အင်တာက်ပေါ်မှာအိမ်မွေးတိရိစ္ဆာန်လို့ အများကလက်ခံထားတဲ့ကြောင်လေးတွေကိုစိတ္တဇဆန်ဆန်သတ်ပြပြီ းနာမည်ကြီးချင်နေတဲ့လူတစ်ယောက်ကို အခြားအင်တာနက်ပေါ်ကnerd and geekတွေစုပြီးအမိဖမ်းဖို့ ကြိုးစားတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ် kitten killerရဲ့အမှုဟာအခြားserial killerတွေလောက်မဆိုးဝါးဘူးလို့ပြောလို့ရပေမယ့် သူ့အကြောင်းရိုက်ထားတဲ့documentaryကတော့ အခြားသောcrime documentaryတွေယှဉ်ရင်အတော်ကြည့်လိုက်ကောင်းပြီး တကယ့်video clipတွေကိုလည်းအသုံးပြုထားတာမို့ ကြည့်ရတာအတော်အရသာတွေ့စေပါတယ် အရမ်းဆိုးရွားတဲ့ဟာတွေကိုတော့ဒီထဲမှာမပြထားပေမယ့် ၃ပိုင်းလုံးကြည့်ပြီးရင်တော့ဘာလို့မထည့်ထားတာလဲဆိုတာမှန်းကြည့်လို့ရမှာပါ ကြောင်လေးတွေကိုသတ်တဲ့wannabe serial killerပေါက်စkitten killerအကြောင်းကိုကြည့်ကြည့်ပါဦးခင်ဗျ File size…800mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…60min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Shoon Thu Thu ChainComplete ZIp VIP  / Yoteshin  /  Megaup
7.4
TMDb: 7.4/10 13 votes
tv
Don’t F**k with Cats: Hunting an Internet Killer (2019)
2019
High Seas (2019) Season 2 [COMPLETE] 5.5
High Seas (2019) Season 2 [COMPLETE] (Unicode)Season 2 မှာတော့ သင်္ဘောပေါ်ကို လူ (၅)ယောက် ကယ်တင်ပြီးခဲ့တဲ့နောက်မှာတော့ .....ကာဆန်ဒရာ ဆိုတဲ့ အကြားအမြင်ရနေတဲ့ အမျိုးသမီးတစ်ယောက် ပါလာပါတယ်သူက ဒီသင်္ဘောပေါ်မှာ သရဲ ရှိတယ် ဆိုပါတယ်ဒီသရဲကို မြင်တဲ့လူတွေကလည်း မြင်ကြပါတယ်ဒီသရဲ နဲ့ ဒီသင်္ဘောနဲ့ ဆက်စပ်မှု ရှိရဲ့လား?ပထမတွဲမှာတုန်းက အပိုင်းတိုင်းနီးပါးမှာ Twist ပေါင်းများစွာနဲ့ ဇာတ်ကား။ခုကားမှာရော ဘယ်လို Twist တွေ လာဦးမလဲ?ဒီကားမှာ လူတွေရဲ့ မမြင်ရတဲ့ တခြားအခြမ်းတွေကိုပါ ပြသသွားပါသေးတယ်။စပိန်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း လူ့သဘောသဘာဝကို ကျကျနန ဖော်ပြသွားနိုင်ပါတယ်။ကြည့်မိရင် နောင်တမရစေရမယ့် ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။(ဘာသာပြန်တင်ဆက်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်)(Zawgyi)Season 2 မှာတော့ သင်္ဘောပေါ်ကို လူ (၅)ယောက် ကယ်တင်ပြီးခဲ့တဲ့နောက်မှာတော့ .....ကာဆန်ဒရာ ...
5.5
TMDb: 5.5/10 13 votes
tv
2019
Catch The Ghost (2019) 8
Catch The Ghost (2019) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Catch The Ghost ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားလေးကို tvN ရုပ်သံလိုင်းကနေ အပတ်စဥ် တနင်္လာ အင်္ဂါ ၂ ရက် ကိုရီးယား စံတော်ချိန် 21:30 မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်း ပါ၀င်မှာဖြစ်ပါတယ် ယူယောင်းဟာ ခေါင်းမာတဲ့ ရဲမေလေး တစ်ယောက်ဖြစ်ပါတယ် သူ့မှာ Autism ဖြစ်နေတဲ့ အမွှာညီမတစ်ယောက်ရှိပြီး ညီမဖြစ်သူဟာ မြေအောက်ရထား ဘူတာမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ညီမပျောက်ဆုံးမှုကို မြေအောက်ရထား ကွင်းဆက်လူသတ်သမားရဲ့ လက်ချက်လို့ သူမကယူဆထားပေမယ့် အလောင်းမတွေ့ရတာကြောင့် ရဲတွေက မစုံစမ်းပေးခဲ့ပါဘူး ဒါကြောင့် သူမကိုယ်တိုင်စုံစမ်းဖို့ မြေအောက်ရထားရဲဌာနကို ၀င်ခဲ့ပါတယ် ဂိုဂျီဆော့ဟာ မြေအောက်ရထားရဲဌာန ၀မ်ဆူရီဘူတာရဲ့ ရဲမှူးတစ်ယောက်ဖြစ်ပြီး ပြဿနာကြီးလာမယ့်ကိစ္စတွေကိုတော့ အမြဲလက်ရှောင်ပြီး အေးဆေးနေဖို့ကြိုးစားသူပါ ဒါပေမယ့် ယူယောင်းရောက်လာပြီးနောက်ပိုင်းမှာ တရားမျှတမှုကို လိုချင်လွန်းတဲ့ ယူယောင်း​ရဲ့ စည်းဘောင်အပြင်ကျော်ပြီး လုပ်လိုက်တဲ့ ပြသနာတွေကိုပဲ အမြဲလိုက် ရှင်းရပါတော့တယ် ဂျီဆော့နဲ့ယူယောင်း တို့ ကွင်းဆက်လူသတ်မှုနဲ့ အခြားသော မြေအောက်ရထားဘူတာက အမှူတွေကို ဘယ်လိုဖြေရှင်းမလဲ ယူယောင်းရဲ့အမွှာပျောက်ဆုံးမှုကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားနဲ့ ပက်သက်နေလားဆိုတာကို ဒီဇာတ်ကားလေးမှာ ...
8
TMDb: 8/10 1 votes
tv
Catch The Ghost (2019)
2019
The End of the F***ing World season 2 (2019) 7.9
The End of the F***ing World season 2 (2019) ဒီစီးရီးလေးကတော့ ဗြိတိန် ဟာသအကြမ်းစား မျိုးပါပဲ။အရင်အတွဲ ၁ တုန်းက လူကြိုက်များခဲ့ပြီး အခု အတွဲ ၂ မှာ ပိုကြမ်းလာပါတယ်။ဒီလိုဟာသမျိုးတွေက ဇာတ်လမ်းက ရယ်စရာမကောင်းသလိုစကားတွေ သရုပ်ဆောင်တွေကလည်း မရယ်ရပါဘူး။ဒါပေမယ့် တွေးရင်းရယ်ရမလို ပြုံးရမလို စိတ်ညစ်ရမလို ဖြစ်စေတတ်တာမျိုးပါ။တစ်လောကလုံးကို အရွဲ့တိုက်ချင်နေတဲ့အယ်လစ်ဆာဆိုတဲ့ မိန်းကလေး နဲ့လူလေးသတ်ဖူးချင်လို့ အယ်လစ်ဆာကိုသတ်ဖို့ သူ့နောက်က တကောက်ကောက်လိုက်ပြီးအကွက်ချောင်းနေတဲ့ ဂျိမ်းစ် ဆိုတဲ့ကောင်လေးပါတယ်၊သူတို့ သတ်မိခဲ့တဲ့ မုဒိန်းကောင်ကို လူကောင်းထင်ပြီးရည်းစားတော်မိထားတဲ့ ကောင်မလေးက သူတို့ ၂ ယောက်ကို လက်စားချေဖို့ တကောက်ကောက်လိုက်တယ်ပေါ့။သူတို့သုံးယောက် ပြဿနာတွေ ပတ်ရှာကြတာကို ထိုင်ကြည့်ရမှာပါပဲ။စောင့်နေတဲ့သူတွေ ကြည့်နိုင်ပါပြီ။ဒီစီးရီးလေးကတော့ ဗွိတိနျ ဟာသအကွမျးစား မြိုးပါပဲ။အရငျအတှဲ ၁ တုနျးက လူကွိုကျမြားခဲ့ပွီး အခု အတှဲ ၂ မှာ ပိုကွမျးလာပါတယျ။ဒီလိုဟာသမြိုးတှကေ ဇာတျလမျးက ရယျစရာမကောငျးသလိုစကားတှေ သရုပျဆောငျတှကေလညျး မရယျရပါဘူး။ဒါပမေယ့ျ တှေးရငျးရယျရမလို ပွုံးရမလို စိတျညဈရမလို ဖွဈစတေတျတာမြိုးပါ။တဈလောကလုံးကို ...
7.9
TMDb: 7.9/10 365 votes
tv
The End of the F***ing World season 2 (2019)
2017
Sacred Games Season 2 [COMPLETE] 8.1
Sacred Games Season 2 [COMPLETE] Bollywood ပရိသတ်တွေအတွက် အိန္ဒိယဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sacred Games ကိုတင်ဆက်ပေးလိုက်ပါတယ်။Rating အနေနဲ့လည်း IMDb 8.9/10 အထိရရှိထားလို့ ကောင်းမကောင်းညွှန်းနေဖို့ မလိုလောက်ပါဘူး၂၀၁၈ က Season 1 ထွက်ခဲ့ပြီး အားပေးကြိုက်နှစ်သက်သူများခဲ့သလို ယခုလည်း မကြာခင်ကမှ Season 2 ထွက်လာလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Season 1 ကြည့်ဖူးသူတွေအတွက်တော့ ထွေထွေထူးထူးဇာတ်လမ်းပြောပြစရာမလိုပေမယ့် အခုမှစကြည့်မယ့်သူတွေအတွက် ဇာတ်လမ်းလေး ညွှန်းပေးလိုက်ပါမယ်မွန်ဘိုင်းမြို့ရဲ့ အကျင့်ပျက်ချစားရဲတွေကြားမှာ သင်းကွဲလိုဖြစ်နေသူ စုံထောက်ကြီး ဆာရ်တက်ဂျ်ထံကို သတင်းပေးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်အဲ့ဒိဖုန်းထဲမှာဘာသတင်းပေးခဲ့တာလဲ ဆိုရင် မွန်ဘိုင်းမြို့ဟာ ၂၅ ရက်အတွင်းပျက်စီးတော့မယ်ခင်ဗျားမြို့ကိုကယ်တင်ပါဆိုပြီးတော့ ဖြစ်ပါတယ်ဒီသတင်းပေးတဲ့သူကတော့ တခြားသူမဟုတ်ဘဲ မွန်ဘိုင်းမြို့မှာ တွေ့တာနဲ့ပစ်သတ်ဖို့ အမိန့်ပေးခံထားရတဲ့ ဒုစရိုက်၊ လူဆိုးလူမိုက်ကြီး ဂနေ့ရှ် ဂိုင်တွန်ဒီပဲဖြစ်ပါတယ်ဂနေ့ရှ် ဂိုင်တွန်ဒီနဲ့ ဆာရ်တက်ဂျ်တို့ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိသလဲ၂၅ ရက်အတွင်းမှာ ဘာဖြစ်မှာလဲဆိုတာကတော့ အားလုံးပဲ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ***ဒီဇာတ်လမ်းတွဲဟာ TV-MA ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေကြမ်းပါတယ်သွေးသံရဲရဲအခန်းတွေနဲ့ လိင်အသားပေးအခန်းတွေအများအပြားပါဝင်သောကြောင့် ကလေးသူငယ်များ၊ မိသားစုဝင်များနှင့်အတူကြည့်ရှုသူများ ...
8.1
TMDb: 8.1/10 47 votes
tv
Sacred Games Season 2 [COMPLETE]
2018
Sacred Games (2018) Season 1 [COMPLETE] 9.7
Sacred Games (2018) Season 1 [COMPLETE] July 6 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင်မယ့် India Series အကြောင်း နည်းနည်းပြောချင်တယ်၊ အစကတော့ Netflix ကနေ ပထမဆုံးရိုက်တဲ့ India Series၊ Cast တွေထဲမှာ ကိုယ်ကြိုက်တဲ့ Nawazuddin Siddiqui ပါနေတော့ မိုက်ပြီဆိုပြီး မှတ်ထားတာ မနေ့ကမှ ဒီကားအကြောင်းလိုက်ရှာဖတ်မိတော့မှရေလည်ကြမ်းနေမှန်းသိတော့တယ်၊ဒီ series ကို ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ပါဝင်ထားသူက အိန္ဒိယရဲ့ မာတင်စကော့စေးလို့ ပြောကြတဲ့ Anurag kashyap ၊Gangs of Waseeypur ဇာတ်ကားအပါအဝင် နာမည်ကျော်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ Anurag kashyap ကိုယ်တိုင်ရိုက်ကူးထားပြီးသူရဲ့ Phantom Flim နဲ့ ပူးပေါင်းထုတ်လုပ်ထားတယ်၊ဒီဇာတ်ကားက Vikram Chandra ရဲ့ 2016 ခုနှစ်က ထွက်ရှိထားတဲ့ နာမည်တူ Sacred Game ဆိုတဲ့ ဝတ္ထုကို အခြေခံထားတယ်၊သူရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv
Sacred Games (2018) Season 1 [COMPLETE]
2018
Wu Assassins (2019) 6.8
Wu Assassins (2019) အက်ရှင်အကြမ်းစားတွေကြိုက်တဲ့ ဘော်ဒါတွေအတွက် နာမည်ကြီး ထိုင်းကားThe Raid ရဲ့ မင်းသား Iko Uwais ဦးဆောင်ထားတဲ့Wu Assassin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါစေ။ဆန်ဖရန်စစ်စကို ရဲ့ တရုတ်တန်းမှာ အုပ်ချုပ်နေတဲ့ ထရိုက်ရက်ဂုဏ်း ခေါင်းဆောင် ဦးလေးခြောက် ရဲ့ မွေးစားသား ခိုင်ဂျင်း ကလူမိုက်လေကထဲမှာ မနေချင်ပါဘူး။ဒါပေမဲ့ သဘာဝလေကကြီးရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် ဝူ လို့ခေါ်တဲ့မီး ရေ မြေကြီး သစ်သား သတ္ထု စတဲ့ ဓာတ်တွေရဲ့ အရှင်သခင်တွေကိုမကောင်းမှုလုပ်ခြင်းမှ တားဖို့ ဝူ သုတ်သင်သူ အဖြစ် ခိုင်ဂျင်း ကိုရွေးချယ်လိုက်ပါတယ်။ကိုယ်ခံပညာနဲ့ချတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက်အက်ရှင်ခန်းတွေ အများကြီးပါတဲ့ Wu Assassin ဇာတ်လမ်းတွဲကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ။Translators : Little Neo , Htet Wai Lwin , ...
6.8
TMDb: 6.8/10 8 votes
tv
Wu Assassins (2019)
2019
Dark Season 2 [COMPLETE] And Season 3 8
Dark Season 2 [COMPLETE] And Season 3 Dark စီးရီးဟာ ဂျာမန်စီးရီးပါ။အချိန်ခရီးသွား သိပ္ပံစိတ်ကူးယဉ်ဖြစ်ပြီး တကယ်ကို ကမ္ဘာကျော်ပါပဲ။နားလည်လွယ်မှာတော့ မဟုတ်ပါဘူး။အကျဉ်းပြောရရင် အချိန်ခရီးသွားနိုင်စေတဲ့ နေရာတစ်ခုရှိတယ်ပေါ့။ဒါပေမယ့် အချိန်တိုင်းကို မဟုတ်ပါဘူး။အတိတ်ကို ၃၃ နှစ် အနာဂတ်ကို ၃၃ နှစ် သွားနိုင်ပါတယ်။အဲဒီ ကာလတွေမှာ ရှိတဲ့ မိသားစုတွေ အဖေက သားဖြစ် မြေးက အဘိုးဖြစ် ဒီလိုတွေ ရှုပ်ကုန်တာပါ။အစအဆုံး အံ့သြစရာတွေချည်း ကြည့်ရမှာပါ။ဦးဏှောက်ကိုအလုပ်ပေးချင် လိုက်တွေးချင်တဲ့သူတွေ အကြိုက်ပါပဲ.... (ဘာသာျပန္ေပးထားသူကေတာ့ Nyan Lin Oo ပါ) Quality – 720p NF WEB-DLDuration – 1hr 00min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, MysterySource : 720p.NF.WEBRip.DDP5.1.x264-NTGTranslator – Nyan Lin OoEncoder – THZ ============================================================================== Complete Zip ...
8
TMDb: 8/10 411 votes
tv
Dark Season 2 [COMPLETE] And Season 3
2017
Dark (2017) Season 1 [COMPLETE] 8
Dark (2017) Season 1 [COMPLETE] Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။ဒီကားလေးက လျှို ့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။အပိုင်း၁ဝပိုင်းပါရှိပါတယ်။လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ ့အလောင်းအနေနဲ ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ...Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ ...
8
TMDb: 8/10 228 votes
tv
Dark (2017) Season 1 [COMPLETE]
2017
Kill It(2019)Season 1 6.3
Kill It(2019)Season 1 Kill It(2019) ဇာတ်လမ်းတွဲစ/ဆုံးဂင်ဆူယွန်းဆိုတဲ့ လူငယ်လေးဟာ ငယ်ငယ်လေးကထဲက ကြေးစားလူသတ်သမားတစ်ဦးရဲ့ပြုစုပျိုးထောင်မှုကြောင့်တိုက်ရည်ခိုက်ရည်မျိုးစုံနဲ့ လူသတ်နည်းမျိုးစုံကို လက်ဆင်ကမ်းအမွေရထားသူဖြစ်တယ်...အဆင့်မြင့်ကြေးစားလူသတ်သမားဖြစ်သူရဲ့သင်ကြားမှုကြောင့် ပင်ကိုယ်ပါရမီပါတဲ့ ဒီလူငယ်လေးဟာ ဆရာတစ်ဆူလိုပါပဲ.....ပြောရရင်ကြေးစားလူသတ်အသိုင်းအဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်...ဒိုယောင်းဂျင် ဆိုတဲ့ကောင်မလေးကတော့ စုံထောက်တစ်ယောက်...သူက အမှုသွား အမှုလာတွေကို ချဉ်းကပ်ပုံ ၊စဉ်းစားပုံ၊ဆက်စပ်တွေးတောပုံတွေက အရွယ်နဲ့မလိုက်အောင်ထက်မြက်လွန်းတဲ့သူ....ထူးဆန်းတဲ့လူသေမှုတွေကြောင့်ဂင်ဆူယွန်းတို့ရှိတဲ့ဘက်ကို အမှုလိုက်ဖို့စေလွှတ်ခြင်းခံထားရတဲ့သူ....ဒီကားက 2019 ခုနှစ်ထွက် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး စုံထောက်မှုခင်း အက်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်...ရုရှားမာဖီးယားဂိုဏ်းတွေလည်းပါသလို မူးယစ်ဂိုဏ်းတွေ မူးယစ်ဆေးတွေ၊အတွဲလိုက် လူသတ်မှုတွေပါဝင်တယ်..ဖိုက်တင်ခန်းတွေလည်းအတော်ကောင်းသလို လက်နက်မျိုးစုံကိုလည်းသုံးထားတာတွေ့ရတယ်..မှုခင်းလိုက်တဲ့အချိန်မှာ ဆက်စပ်တွေးခေါ်ပြီး အမှုလိုက်ပုံစံတွေကလည်း တော်တော်လေးကိုပညာသားသလိုအပိုင်း(၁)မှာတင် လျှိုှုဝှက်ချက်ပေါင်းများစွာနဲ့ ဇာတ်လမ်းကိုစထားတယ်...ကြေးစားလူသတ်သမားဖြစ်တဲ့ ဂင်ဆူယွန် ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါလဲမဖော်ပြထားတဲ့အပြင်ရှေးယခင်ကထဲက မဖော်နိုင်သေးတဲ့ အကြီးပိုင်းလူသတ်မှုတွေကလည်း ရှိနေပြန်တယ်...ပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို အတော်ကိုဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွဲလို့ဆိုရမှာဖြစ်တယ်...မှုခင်း အက်ရှင်ကားတွေကိုကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်းညွှန်းဆိုပါရစေ...(၁၂)ပိုင်းထွက်ရှိပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN , Cynthia,May Phyu Zaw နဲ့ May Tharaphi Lwin ပဲဖြစ်ပါတယ်...Quality – 720p  WEB-DLDuration – ...
6.3
TMDb: 6.3/10 3 votes
tv
Kill It(2019)Season 1
2019