Channel Myanmar

Crime

Devil in Ohio (2022) 6.625
Devil in Ohio (2022) Devil in Ohio (2022)Suspense Thriller ဖြစ်ပြီး Ohio က မိစ္ဆာဒိဋ္ဌိအဖွဲ့တစ်ခုကနေ လွတ်မြောက်လာတဲ့မိန်းကလေးအကြောင်းဖြစ်ပါတယ်။ ဒီ Devil in Ohio ကိုရေးခဲ့တဲ့စာရေးဆရာမက ဒီဇာတ်လမ်းကစိတ်ကူးယဥ်ဖြစ်ပေမယ့် ဇာတ်လမ်းကျောရိုးကတော့ အိုဟိုင်းရိုးက တကယ့်မိစ္ဆာဒိဋ္ဌိအဖွဲ့ပေါ်အခြေခံထားတယ်ဆိုတာကြောင့် ပရိသတ်အတော်များများစိတ်ဝင်စားနေတဲ့ series ပါ။ ဒီလွတ်မြောက်လာတဲ့မိန်းကလေးက ဆေးရုံရောက်လာတော့ ကျောမှာငါးထောင့်ကြယ်စက်ဝိုင်းကြီးကိုထွင်းခံထားရပြီး စိတ်ဒဏ်ရာလဲအတော်ရထားပုံပါပဲ။ ဘာမှလဲမေးမြန်းလို့မရပါဘူး။ ဆေးရုံက စိတ်ရောဂါအထူးကုဒေါက်တာမက်သစ်က ဒီမိန်းကလေးကိုမြင်တော့ သူ့သမီးလေးအရွယ်မို့ တော်တော်သနားပြီးသံယောဇဥ်ဖြစ်သွားပါတယ်။ သုံးလေးရက်ကြာတော့ အခြေအနေအရ ဒေါက်တာမက်သစ်ကကောင်မလေးကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ ကောင်မလေးကြောင့် ဒေါက်တာတို့မိသားစုထဲမှာအပြောင်းအလဲတွေဖြစ်လာတဲ့အခါ၊ ကောင်မလေးရဲ့အတိတ်တွေ ပစ္စုပ္ပန်ထိလိုက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲ။Cult series တစ်ခုဖြစ်ပေမယ့် တစ်ချိန်လုံးသည်းထိတ်ရင်ဖိုဖြစ်နေရမှာမျိုးမဟုတ်ဘဲ Teen drama လေးတွေနဲ့ပါထူးထူးခြားခြားတွဲဖက်ထားလို့ ကြည့်ရမလားကျော်ရမလားဆိုရင်တော့ ကြည့်သင့်တဲ့series တစ်ခုလို့ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Moh Moh, Zaw Myo Thu, K.Hein တို့ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Mystery Quality…. 1080p | 720p File size…600MB | 300MB Format… mp4 Duration….40min Episodes.....8 Episodes Subtitle…. Myanmar Subtitle ...
6.625
TMDb: 6.625/10 56 votes
tv

Devil in Ohio (2022)

2022
Big Mouth (2022)
Big Mouth (2022) Big Mouth 2022ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက ​ Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ် ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင် အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူးတစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ..... လင်မယားနှစ်ယောက်ပေါင်းပြီးတော့ ဒီလိုစွပ်စွဲခံရတဲ့ကိစ္စကို ဖြေရှင်းကြမှာလဲ တကယ့်တရားခံအစစ်ကရောဘယ်သူလဲ နာမည်​ကြီးတွေဖြစ်ကြတဲ့ Lee Jung Suk နဲ့ Yoona တို့ရဲ့ Come back Dramaလေးဖြစ်တဲ့ Big Mouth ကို အပတ်စဥ် သောကြာနဲ့စနေတိုင်းထုတ်လွှင့်မှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပါတယ်File Size – 500MB / 1GBQuality – 720pDuration – 60 minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat ...

Big Mouth (2022)

2022
Narco-Saints (2022) [Complete] 7.333
Narco-Saints (2022) [Complete] Narco-Saints (2022)အပိုင်းသစ် - ၁ မှ ၆ [အစ-အဆုံး](1080p များလည်း ရပါပြီ)အွန်းဆူဆိုတဲ့ သူဟာ မိဘ(၂)ပါးလည်းမရှိ ..ငယ်စဉ်ကတည်းက ပညာလည်းကောင်းစွာမသင်ရတော့ ဘဝကအတော်ရုန်းကန်ရတယ်။ ဒါပေမဲ့သူဟာ အမေရိကန်သံရုံးကသူတွေနဲ့နီးစပ်ခဲ့လို့ အင်္ဂလိပ် စကားအတော်အတန် ပြောတတ်တဲ့အပြင် သူ့မိသားစုလည်း သူ့လိုမဖြစ်စေရဘူးဆိုတဲ့စိတ်ကြောင့် အလုပ်အကိုင်တွေ ကြိုးစားလုပ်လို့ အတော်အဆင်ပြေလာတယ်။ဒီနောက်တော့ ပိုချမ်းသာချင်တဲ့သူ့ဆီကို ကုန်သည်တစ်ယောက်က ဆူရာနမ်ဆိုနိုင်ငံက ငါးတွေကို ကိုယ်တိုင် ကုန်ကူးဖို့ လာရောက်ဆက်သွယ်တယ်။ ဒီတော့ သူဟာ ဆူရာနမ်ကို သွားခဲ့တယ်...လူရည်လည်တဲ့သူ့အဖို့ သိပ်အခက်အခဲမရှိပေမဲ့ အဲ့ဒီကာလများဆီမှာ ကိုရီးယားကို ဆူရာနမ်ကနေ မူးယစ်ဆေးတွေသွင်းနေတဲ့အကောင်ကြီးကြီး တစ်ကောင်လည်းရှိတယ်။အဲ့ဒီနောက်မှာတော့ ...ဒီစီးရီးက ဘက်ဂျက်တွေအများကြီးသုံးထားသလို နာမည်ကြီး cast တွေချည်းသုံးထားပြီး ဖြစ်ရပ်မှန်အပေါ်အခြေခံထားတယ်လို့လည်းဆိုတာမို့ ဒီလထဲ အကြည့်သင့်ဆုံး အကြမ်းဆုံး ကိုရီးယားစီးရီးဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက် နင်းကန်ကြည့်သင့်ပါကြောင်း ...Aired                ...
7.333
TMDb: 7.333/10 3 votes
tv

Narco-Saints (2022) [Complete]

2022
DC’s Stargirl – Season (2) 7.9
DC’s Stargirl – Season (2) DC's Stargirl Season (2)=================2020မှာ HBO maxက​နေ developedလုပ်ခဲ့တဲ့ DC universeရဲ့ Stargirl seriesဟာအခုဆိုရင် CWလက်ထဲကို Season(2) အဖြစ်​ ရောက်လာခဲ့ပါပြီ။CWရဲ့ series ဖြစ်သွား​ပေမယ့် CGI, settingနဲ့ costumeအပိုင်းမှာ Season(1)ထက် မနိမ့်သွားတဲ့အပြင် ဇာတ်လမ်းပိုင်းမှာလည်း ပိုပြီးဆွဲ​ဆောင်မှုရှိတဲ့ Teen Action series​ကောင်းတစ်ခုအဖြစ် ရှိ​နေပါ​သေးတယ်။Season(1)အဆုံးမှာ Injustice Society of Americaကို ဖြိုလှဲ နိုင်ခဲ့တဲ့ Stargirlတို့ရဲ့ JSAအဖွဲ့ဟာအခုဆိုရင် အရွယ်နဲ့မမျှတဲ့ စိတ်ပင်ပန်း​မှုဒဏ်​တွေ၊ မ​ကောင်းတဲ့အမှတ်တရ​တွေရဲ့ ထိုးနှက်မှုကို စတင်ခံစား​နေရပါပြီ။ အဓိကဇာတ်လိုက်ဖြစ်တဲ့ Courtney Whitmoreဟာလည်း Stargirlဘဝနဲ့ ပုံမှန်ဆယ်​ကျော်သက်​ ကျောင်းသူ ဘဝကြားမှာ Balanceဖြစ်ဖို့ ရုန်းကန်​နေရပါတယ်။အရာရာကိုကာကွယ်​စောင့်​ရှောက်ရမယ့် တာဝန်က Stargirlရဲ့ တာဝန်ပဲလို့ တရား​သေမှတ်ယူထားတဲ့ Courtneyရဲ့ မရင့်ကျက်မှု​တွေကို ဒီSeasonမှာ အဓိကထားပြီးပြသသွားမှာပါ။ တစ်ဖက်မှာလည်း ISAအဖွဲ့ပျက်သုဉ်းမှုမှာ ရှင်ကျန်ခဲ့တဲ့ Cindy Burmanက Eclipsoကိုချုပ်​နှောင်ထားတဲ့ Black Diamondကို တွေ့သွားခဲ့ပြီဖြစ်တဲ့အတွက် JSAနဲ့ Stargirlအ​ပေါ်မှာရှိတဲ့ သူ့အ​ဖေရဲ့​သွေးကြွေးကို ပြန်ဆက်​ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ ဒါ့အပြင် တခြား​​သော Villain characterအသစ်​တွေ၊ ...
7.9
TMDb: 7.9/10 3860 votes
tv

DC’s Stargirl – Season (2)

2021
DC’s Stargirl – Season (1) 9.1
DC’s Stargirl – Season (1) DC's Stargirl Season (1)==================Christmas အကြို ညတစ်ညမှာ JSA (Justice Society of America)အဖွဲ့နဲ့ Injustice Society တို့ အပြင်းအထန် တိုက်ခိုက်ကြရင်း  JSA တစ်ဖွဲ့လုံးမျိုးကန်းသွားခဲ့ပါတယ်။  အဲဒီမှာ ဒဏ်ရာရပြီး သေခါနီးဖြစ်နေတဲ့ Starman ကသူ့ရဲ့sidekickဖြစ်တဲ့ Pat ကို Comis Staff ကြီး ပေးခဲ့လိုက်တယ်။  ထိုက်တန်တဲ့သူတစ်ယောက်ကို ပေးအပ်ခိုင်းပြီး JSA ကို ဆက်လက်ရှင်သန်အောင်ထားဖို့မှာခဲ့တော့တယ်။၁၀ နှစ်ကြာပြီးတဲ့နောက်မှာ Pat ရဲ့ မယားပါသမီး Courtney Whitmore ကStaff ကို မတော်တဆတွေ့သွားတွေ့သွားတဲ့အချိန်မှာ Stargirl Origin အတွက်အခြေခိုင်တဲ့ episode တစ်ခုဖြစ်လာပါတော့တယ်။  VFX တွေကလည်း တော်တော်လေး လန်းပါတယ်။  မင်းသမီးလေးလည်း အတူတူပါပဲ။  DC Fan တွေအတွက်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့်seriesတစ်ခုပါ။  Complete Zip File ...
9.1
TMDb: 9.1/10 12 votes
tv

DC’s Stargirl – Season (1)

2020
Being a Hero (2022)
Being a Hero (2022) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့Being a Hero ဆိုတဲ့ ပြည်သူ့လုံခြုံရေးဝန်ထမ်းတွေနဲ့မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကြားက ဖြစ်ရပ်လေးတွေကိုအခြေခံပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်Cast တွေကတော့ Dream of splendor ထဲ မင်းသား Chen Xiao နဲ့Untamed ဇာတ်ကားထဲက လန်ကျန့် Wang Yibo ပဲဖြစ်ပါ‌တယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်Kဆိုတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရေးအဖွဲကြောင့်Wu Geng တစ်ယောက် အသတ်ခံလိုက်ရပါတယ်အဲ့နောက်မှာတော့ သေဆုံးသူရဲ့သားဖြစ်သူ Wu Zhenfeng ကရဲတပ်ဖွဲကနေ ထုတ်ပယ်ခံလိုက်ရပါတော့တယ်အဖြစ်မှန်ကို သိသွားပြီးနောက်မှာ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့Chen Yu ကိုကယ်တင်ဖိုအတွက်နဲ့ သူကိုယ်တိုင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးအဖွဲရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသတင်းအစအနပျောက်သွားခဲ့ပါတယ်အချိန်တွေကြာပြီးနောက်မှာတော့သူငယ်ချင်းနှစ်ယောက်ပြန်ဆုံကြချိန်မှာWu Zhenfengက လက်ရှိအမှု ရဲ့ တရားခံ အဖြစ်သံသယဝင်ခံနေရသူဖြစ်ပြီး Chen Yu ကတော့ဒီအမှုကို စုံစမ်းဖော်ထုတ်မယ့် တာဝန်ရှိသူ တစ်ယောက်ဖြစ်နေခဲ့ပါတယ်အဲ့တော့ ဒီအမှုရဲ့ တကယ့် တရားခံက ဘယ်သူဖြစ်မှာလဲသူတိုနှစ်ယောက်ရဲ့ ပြန်လည်‌‌ တွေ့ဆုံမှုက ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကိုတော့Cats တွေတင်ပဲ ...

Being a Hero (2022)

Duranga (2022) Complete 9
Duranga (2022) Complete Duranga (2022)IMDb-7.7/10ဘောလိဝုဒ်ကိုမှ အိုဗာမပါပဲ ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်သူတွေအတွက်ကတော့ စီးရီးတွေက ရေငတ်တုန်းရေတွင်းထဲကျသလို အကြိုက်တွေ့စေမှာပါလွန်ခဲ့တဲ့ 17 နှစ် ဆာရန်ဝါဒီဆိုတဲ့မြို့လေးမှာ အမျိုးသမီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စိတ္တဇဆန်ဆန်ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိခဲ့ဖူးတယ်သူ့ရဲ့ အရိပ်မည်းကြီးက သူ့သားသမီးတွေပေါ်မှာ လွှမ်းမိုးလာခဲ့ပြီး....တစ်နေ့ ဆာရန်ဝါဒီ ရွာလူကြီးသတ်ခံရတဲ့အချိန်မှာ အားလုံးက သူ့သားလက်ချက်လို့ မှတ်ယူလိုက်ကြတယ်ဒါတွေဖြစ်ပြီး 17 နှစ်အကြာမှာ "The Pulse" ဆိုတဲ့ Youtuber တစ်ယောက်က လွန်ခဲ့တဲ့ 17 နှစ်က ကွင်းဆက်လူသတ်မှုတွေအကြောင်း vlog တွေရိုက်တင်ခဲ့တယ်အဲ့ဒီနောက်မှာ လွန်ခဲ့တဲ့ 17 နှစ်ကလို ရက်ရက်စက်စက်နည်းတွေနဲ့ ပုံစံတူလူသတ်မှုတွေ ဆက်တိုက်ပေါ်လာခဲ့တယ်တချို့က လွန်ခဲ့တဲ့ 17 နှစ်ကလူ ပြန်ပေါ်လာတာ ပြောကြပြီး တစ်ချို့က ပုံစံတူကူးချထားတဲ့ တရားခံအသစ်တွေလို့ ပြောကြတယ်တစ်ကယ် ပြန်လာတာလား ..... ပုံစံတူကူးချထားတာလား...... တရားခံအစစ်က ဘယ်သူလဲ.....လှည့်ကွက်တွေနဲ့ လူတွေရဲ့စိတ်နေသဘောထားကိုပါ တွေ့ရတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦးFile Size – 300MBQuality – 720p Hindi AAC2.0CHDuration – 33minsTotal Episodes:9EpsSubtitle ...
9
TMDb: 9/10 1 votes
tv

Duranga (2022) Complete

2022
Maigret (2016-2017) 8.1
Maigret (2016-2017) Maigret Season(1 & 2) CompleteIMDb Rating (7.8)/Rotten Tomatoes (92%)အခု တင်ပေးတဲ့ စီးရီးထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီစီးရီးက ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာတော့ Mr.Bean လို့လူသိများတဲ့ မင်းသားကြီး Rowan Atkinson က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။မစ္စတာဘင်းရဲ့ Maigret စီးရီးက စီစင် ၂ ခုရှိပြီး စီစင်တစ်ခုမှာ ၂ ပိုင်းပါဝင်ပါတယ်...ဆိုတော့...စုစုပေါင်း အပိုင်း(၄)ပိုင်းပဲရှိပါမယ်။ ကျွန်တော် Episode ၄ ပိုင်းလုံးကို ဒီမှာပဲ တင်ဆက်လိုက်ပါတယ်။+++++++++++++++++++Maigret Sets a Trap (Season-1,Episode-1)ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး ...
8.1
TMDb: 8.1/10 38 votes
tv

Maigret (2016-2017)

2016
Black Bird (2022) 8.519
Black Bird (2022)     ဒီတစ်ခါတော့ စိတ္တဇလူသတ်သမားကိုမှ ထောင်ထဲမှာ မိတ်ဖွဲပြီး သတ်ထားတဲ့ သူတွေရဲ့ အလောင်းကို ရှာခိုင်းမဲ့ စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဂျင်မီ ဆိုတဲ့ ဆေးရောင်းသမားဟာ ရဲတွေရဲ့ ဝင်စီးတာကို ခံရပြီး လက်နက်မှု ဆေးရောင်းမှုကြောင့် ထောင် ၁၀နှစ် ကျနေတုန်းမှာပဲ ကောင်မလေး ၁၄ယောက်ကို သတ်ထားတဲ့ ကွင်းဆက်လူသတ်သမားကို သက်သေမခိုင်လုံလို ပြန်လွှတ်ပေးရတော့မဲ့ အခြေအနေဖြစ်နေခဲ့တာပါအဲဒါနဲ့ ရုပ်ချောပြီး စကားအပြောကောင်းတဲ့ ဂျင်မီ ကို ကွင်းဆက်လူသတ်ဖမ်းထားတဲ့ ထောင်ဆီလွှတ်ပြီး ဖျောက်ထားတဲ့ အလောင်းတွေကို ရှာဖွေဖို ရဲတပ်ဖွဲက သဘောတူညီချက်တစ်ခုလုပ်ပါတော့တယ် အဲဒီတော့……ဂျင်မီ မိတ်ဖွဲရမဲ့သူက တကယ်ပဲသတ်ထားတာလား စိတ္တဇပဲဖြစ်နေတာလား ပုံမှန်လူကိုမှ ရူးချင်ယောင်ဆောင်ထားတာလား ဆိုတာကိုတော့ ဆက်လက်ရှုစားရင်း အဖြေရှာလိုက် ကြပါဦးခင်ဗျာ File size…500 Mb Quality….Webrip 720p Format…mp4 Duration….1HR Genre... Drama / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode ...
8.519
TMDb: 8.519/10 27 votes
tv

Black Bird (2022)

2022
The Outlaws S02 (2022) [Complete] 8.444
The Outlaws S02 (2022) [Complete] The Outlaws S02 (2022) [အစ-အဆုံး]အပိုင်းသစ် - ၆ (ဇာတ်သိမ်းပိုင်း)မူးယစ်ရာဇာရဲ့ ငွေအိတ်ကြီးကောက်ရတာကို ပြန်မပေးဘဲ ​ဘုံးမိလို့ ထီအကြီးကြီးပေါက်သွားတဲ့ လူ၇ယောက် series လေးရဲ့အဆက်ထွက်လာပါပြီ။Season 1 တုန်းက လူဆိုးတွေ လိုက်တာကနေလည်းလွတ် ရဲတွေမေးသမျှကိုလည်း ကွေ့ပတ်ဖြေပြီး လွတ်လာတဲ့ ၇ယောက် Season 2 မှာတော့ ပထမတစ်ကြိမ်လို ကံကောင်းနေတော့မှာမဟုတ်ပါဘူး။မူးယစ်ဂိုဏ်းချုပ်ကြီးရဲ့ အကြပ်ကိုင်တာခံထားရတဲ့ ဒီ လူ ၇ယောက် ကျားခံတွင်းဝကနေလွတ်ဖို့ ဘယ်လိုဘယ်ပုံ လှုပ်ရှားကြမယ်၊ ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးကြမယ်ဆိုတာကိုတော့ ဆက်လက် ကြည့်ရှုကြပါဦးစို့ ...(အညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်)Aired: Aug 5, 2022 Aired On: Friday Genres: Comedy, Drama, Crime, Thriller Duration: 45mins Episodes: 6 Original Network: BBC File Size: 1080p(~1GB) ...
8.444
TMDb: 8.444/10 27 votes
tv

The Outlaws S02 (2022) [Complete]

20212022
Player (2018) 7.5
Player (2018) Player (2018) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၄ ) ထိ စ / ဆုံး ဒီဇာတ်လမ်းတွဲဟာ မင်းသားကြီး ဂျွန်စော နဲ့ f(x) အဖွဲ့ဝင်ဖြစ်တဲ့ Krystal အဓိကပါဝင်သရုပ်ဆောင်ထားတယ်..ရုပ်ထွက်ကိုလည်းရှယ်ဖြစ်အောင် ပြုလုပ်ပေးထားလို့ကြည့်ပြီးသားသူတွေလည်း အရသာတစ်မျိုးရနေပါလိမ့်မယ်..မှုခင် အက်ရှင်ဇာတ်လမ်းတွဲဖြစ်သည့်အလျှောက် အပိုင်း (၁)မှာကတည်းကဇာတ်ရှိန်ခပ်သွက်သွက်နဲ့ကိုသွားထားပါတယ်.. ဟာရီဆိုတဲ့ဘဲကသူများမျက်ခုံးမွေးပေါ်လမ်းလျှောက်ဖို့မွေးဖွားလာတဲ့သူလို့ဆိုရမယ်..သူက ထက်မြက်တဲ့သူတွေစုစည်းပြီး  မကောင်းတဲ့နည်းတွေနဲ့ ချမ်းသာလာတဲ့လူတွေကိုမှာ လိုက်ပြီးဗျင်းတာဖြစ်ပါတယ်... ရဲတွေနဲ့ ထိုးကျွေးလိုက်ပိုက်ဆံတွေ ဖြတ်ခုတ်လိုက်နဲ့..ဒီလို ကတုံးပေါ်ထိပ်ကွက်နည်းမျိုးစုံကိုအထူးကျွမ်းကျင်တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်..ဒီတော့ တစ်ချို့ သူဌေးကြီးတွေအတွက် အသေသတ်ပစ်ဖို့ပစ်မှတ်ထားခံရသလို ရဲတွေကလည်း တရားမဝင်တဲ့သူ့နည်းတွေအတွက်ဖမ်းဆီးဖို့ကြိုးစားပါတယ်...ဒီလိုကြားထဲမှာ သူဘယ်လိုတွေဆက်လှုပ်ရှားမလဲဆိုတာကိုတော့...ဒီစီးရီးထဲမှာ ဟက်ကာနည်းပညာတွေနဲ့  ကားစတန့်ဆိုင်ကယ်စတန့်တွေ အက်ရှင်ခန်းတွေနဲ့Krystal လေးရဲ့  ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့်၁၄ပိုင်းလုံးမပျင်း မရှိနဲ့ ရှယ်ကြီးပါပဲ... Episodes: 14Aired: Jun  Sep 29 ,2018  Nov 11 , 2018Aired On:  Saturday, SundayFile Size: 1.14GB, ...
7.5
TMDb: 7.5/10 11 votes
tv

Player (2018)

2018
A Model Family (2022) 8
A Model Family (2022) A Model Family (2022)စစ်ပွဲတွေ ရောဂါတွေ မတော်တဆမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဥ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်ဒါပေမယ့် အဲဒီထက်ပိုများတဲ့ အသက်တွေကတော့ ငွေကြောင့်ဆုံးရှုံးနေတယ်တဲ့လောကမှာ ငွေကြောင့်ဆုံးရှုံးရတဲအသက်တွေ ဘယ်လောက်အထိများနေပြီလဲဇာတ်လမ်းအကျဥ်းဘတ်ဒုံဟာက ဂန်အွန်းဂျူနဲ့လက်ထပ်ထားတဲ့ သာမန် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ် သားသမီး ၂ ယောက်ရှိပြီး သားငယ်လေး ဟျွန်းအူ နှလုံးအစားထိုးခွဲစိတ်ဖို့အတွက် ငွေအရေးပေါ်လိုအပ်နေတယ် မိသားစုအပေါ် သူ့ရဲ့ တာဝန်မကျေမှုတွေကြောင့် ဇနီးဖြစ်သူ အွန်းဂျူကလည်း သူ့ကို ကွာရှင်းချင်နေတယ် အွန်းဂျူမှာကလည်း လျို့ဝှက်ချက်တွေက ရှိနှင့်ပြီးသားပေါ့ဒုံဟာတစ်ယောက် စိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာထွက်လာခဲ့ရာက မထင်မှတ်ဘဲ ကားတစ်စီးကိုတွေ့လိုက်ရတယ်လူပြတ်တဲ့လမ်းမပေါ်မှာရပ်ထားတာမို့ ထူးဆန်းလို့ အဲဒီကားအနားကိုသွားကြည့်တဲ့အခါ... ကားထဲမှာ လူနှစ်ယောက် သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာတွေ့လိုက်ရတယ် အစက အရေးပေါ်ကို ဖုန်းဆက်ပေးပေမယ့် ကားနောက်ခန်းက ငွေထုတ်ကြောင့် စိတ်ပြောင်းပြီး ဖုန်းချလိုက်တယ် နောက်ဆုံး ကားထဲကငွေတွေကို ခိုးယူလိုက်မိတယ်အဲဒီငွေတွေက မူးယစ်ဂိုဏ်းတွေနဲ့ ပက်သက်နေတဲ့အခါ ဒုံဟာတစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။Drama: A Model Family Director: Kim Jin-Woo Writer: Lee ...
8
TMDb: 8/10 1 votes
tv

A Model Family (2022)

2022
The Outlaws S01 (2021) [Complete] 8.5
The Outlaws S01 (2021) [Complete] The Outlaws Season 1 (2021)အပိုင်း (၁ မှ ၆) အစ/အဆုံးဘဝမှာ တစ်ခါမှ မသိကျွမ်းဖူးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ မတူညီကြတဲ့ သူစိမ်း ခုနစ်ယောက် မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူမှုကြွေးပြန်ဆပ်ဖို့အတွက် ဘရစ်စတိုးမြို့မှာ ရှိတဲ့ မြို့ပြအသင်းတိုက်မှာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံရပြီးမှ အချင်းချင်း ရင်းနှီးလာကြပါတယ် ကံကောင်းချင်တော့ သူတို့ဟာ ငွေသားတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို ရှာတွေ့ခဲ့ကြပြီး ဝေစုခွဲယူကြဖို့ စီစဉ်ထားကြပါတယ် ဒါပေမဲ့ သူတို့မသိတာက ဒီငွေထုပ်ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတချို့ကလည်း အပူတပြင်းလိုက်ရှာနေတယ်ဆိုတာပါပဲ အပိုင်း ၆ ပိုင်း ပါတဲ့ Season 1 ကို BBC က ထုတ်လွှင့်ပြသားထားပြီး BBC One နဲ့ Amazon Studios တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့အပြင် ဇာတ်အိမ်လည်း ခိုင်တာကြောင့် ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် Aired: 25 October 2021 -- Aired On: ...
8.5
TMDb: 8.5/10 12 votes
tv

The Outlaws S01 (2021) [Complete]

2021
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
The Defenders(2017)Season 1 7.2
The Defenders(2017)Season 1 The Defenders(2017)Season 1[ WEB-DL 1080p5.1Ch]********************************************************အပိုင်း ( ၁ မှ ၈ ) အထိ စ/ဆုံး ဒီစီးရီးကတော့ အရင် Netflix ကနေ ပြသခဲ့တဲ့ Marvel ရဲ့ စူပါဟီးရိုး လေးယောက်ကို စုစည်းပြီး တင်ဆက်ထားတာပါ။ Daredevil, Jessica Jones. Luke Cage နဲ့ Iron Fist တို့ ပါဝင်ပါတယ်။ အရင်စီးရီးလေးခုထဲမှာ ဂျက်စီကာ ဂျုန်းစ်ကလွဲပြီး ကျန်တဲ့ ၃ ခုလုံးတင်ပေးပြီးပါပြီ။ JJ ကိုတော့ သိပ်မကြိုက်တာရယ် ဘာသာပြန်မယ့်သူမရှိတာရယ်ကြောင့် မတင်ဖြစ်ပါဘူး။ ၄ ယောက်လုံးအကြောင်းကိုတော့ မိတ်ဆက်အနေနဲ့ ရေးပေးထားပါတယ်။ Marvel ရဲ့ Time Line အရဆိုရင် Daredevil Season 1/2 ပြီးတဲ့နောက်မှာဆက်လက်ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲတွေဆိုရင်လည်းမမှားပါဘူး..Daredevil ဆိုတာကတော့ မတ် မားဒေါ့ခ်ဆိုတဲ့ ရှေ့နေပါ။...
7.2
TMDb: 7.2/10 959 votes
tv

The Defenders(2017)Season 1

2017
Shining Girls (2022) (Complete) 9
Shining Girls (2022) (Complete) Shining Girls (2022) (Complete Mini Series) ~ IMDb - 7.4/10, Rotten Tomatoes - 83%, Meta - 65% ~ Apple TV+ ကနေ နိုလန်ရိုက်တဲ့ စီးရီးလို့ထင်ရလောက်အောင် ရှုပ်ယှက်ခက်နေတဲ့ Thriller စီးရီးအသစ်တစ်ခုထွက်လာပါတယ်။ Lauren Beukes ရဲ့ နာမည်တူ ၀တ္တုကိုပဲ ပြန်ရိုက်ထားတာပါ။ ဇာတ်ကြောင်းကလည်း ထူးပါတယ်။ အချိန်ခရီးသွား ကွင်းဆက်လူသတ်သမားကို လိုက်တဲ့အကြောင်းပါ။ တော်တော်ရှုပ်သလို စစချင်းမှာဆို ဘာအကြောင်းလဲသိဖို့တောင် ခက်ပါတယ်။ ခေါင်းစားရတဲ့ ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ အကြိုက်စီးရီးပါပဲ။ မင်းသမီးချောတာမပါဘဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ Series ဆိုလို့ ဒီ Series ပဲရှိမယ်ထင်တယ်။ ရင်တသိမ့်သိမ့်တုန်ဖွယ် ထူးခြားဆန်းကျယ်အမျိုးအစားပေါ့။ လူသတ်သမားကိုရှာတဲ့ မင်းသမီးက သူ့အကြောင်းသူတောင် မမှတ်မိဘူး။ လူသတ်သမားက အချိန်တွေ ခုန်ကူးပြီး လူလိုက်သတ်နေတယ်။ ...
9
TMDb: 9/10 8 votes
tv

Shining Girls (2022) (Complete)

2022
Who Killed Sara? (2021) 7.7
Who Killed Sara? (2021) Who killed Sara? (2021) Season 1+2+3IMDb 6.4/10 ======================ဆာရာ့ကို သတ်တာ ဘယ်သူလဲ....ဒီတစ်ခါ Thriller Criminal series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပါပဲဆာရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက် သေဆုံးသွားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ဖွဲ့လုံး ဒုက္ခရောက်ရတဲ့ ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆာရာရဲ့ သေဆုံးမှုက မတော်တဆဖြစ်ရပ်လို့ အများက ထင်ကြေးပေးနေကြချိန်မှာ သူ့အစ်ကိုအရင်းက သူသတ်ပါတယ်လို့ ဝန်ခံပြီး ထောင်ဒဏ် အနှစ် ၃၀ ကျခံသွားပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက အဲဒီလောက်မရိုးရှင်းပါဘူး။ တကယ်တမ်း နောက်ကွယ်မှာ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ လူကုံထံ လက်ဇ်ကာနို မိသားစုတစ်စုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်နေပါတယ်။သေဆုံးသူရဲ့ အစ်ကိုဟာ ဘာဖြစ်လို့ အမှုကိုဝန်ခံလိုက်ရတာလဲ သူထောင်ကလွတ်လာချိန်မှာရော အမှုမှန်ကို ဘယ်လို ဖော်ထုတ်မလဲ.....။တကယ်တမ်း ဆာရာကို သတ်သွားတာ ဘယ်သူဖြစ်နေမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးပါဦး....။ဒီဇာတ်ကားမှာ Season 3ခု ပါဝင်ပြီး Channel Myanmar ကနေ စဆုံး တင်ဆက်ပေးထားတာဖြစ်လို့ စောင့်စားစရာမလိုဘဲ ...
7.7
TMDb: 7.7/10 1041 votes
tv

Who Killed Sara? (2021)

2021
Bang Bang Baby (2022) 7.8
Bang Bang Baby (2022) Bang Bang Baby (2022)ဒီဇာတ်လမ်းတွဲလေးကတော့ အီတလီ ဇာတ်လမ်းတွဲ Crime Drama အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းကတော့ စိတ်အားငယ်တတ်တဲ့ အဲလစ်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက် ပေါ်အခြေခံထားပါတယ်အမေနဲ့ပဲ ကြီး​​ပြင်းခဲ့ရပြီး အဖေက​တော့သေသွားခဲ့ပါပြီ သူအဖေက ရာဇဝတ်သားတစ်ယောက်ပါ အဲလစ်က သူ့အဖေကိုပဲ အမြဲသတိရနေခဲ့ပြီး သေသွားပြီဆိုတာကိုလည်း မယုံနိုင်ဖြစ်နေခဲ့ပါတယ် တစ်ရက်မှာ​​ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေရဲ့ အမျိုးတွေရှိတဲ့ မြို့ဆီသွားပြီး သူအဖေအကြောင်းစုံစမ်းခဲ့ကြပါတယ် အဲမှာ သူ မယုံကြည်နိုင်လောက်တဲ့ကိစ္စဖြစ်ခဲ့ပြီး အများကြီး ပြောင်းလဲသွားခဲ့ရပါတယ်။ ဘာကိစ္စတွေ ဖြစ်လို့ သူ ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရလဲ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့တာလဲ ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စုစုပေါင်း ၁၀ ပိုင်းတိတိ ပါဝင်မှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre.....Drama, Crime Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz, Leonard ...
7.8
TMDb: 7.8/10 14 votes
tv

Bang Bang Baby (2022)

2022
The Staircase (2022) 6.7
The Staircase (2022)    ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲလေးတစ်တွဲလာပါပြီ။ နိုင်ငံကျော်အမှုအခင်းကြီးတစ်ခုကို ပြန်လည်ရိုက်ကူးပြထားတာပါပဲ။ မိုက်ကယ်ပီတာဆန်ဆိုတဲ့သူက သူ့မိန်းမ လှေကားပေါ်နေပြုတ်ကျပါတယ်ဆိုပြီး ၉၁၁ဖုန်းဆက်နေတဲ့အချိန်မှာပဲ သူ့မိန်းမက သေသွားခဲ့တာပါ သူကမြို့တော်ခန်းမကလူတွေနဲ့ ပြည်နယ်ရှေ့နေကိုဝေဖန်နေတဲ့ ဝတ္တုစာရေးဆရာတစ်ယောက်ပါ အဲဒီအချိန်မှာပဲ သူ့မိန်းမသေဆုံးပုံကသဘာဝအတိုင်းမဟုတ်ဘဲ တစ်ခုခုနဲ့ရိုက်နှက်လို့သေရတဲ့ပုံပေါက်နေတဲ့အခါမှာတော့ပြည်နယ်ရှေ့နေကဦးဆောင်ပြီး သူ့ကိုတရားစွဲဖို့ကြိုးပမ်းပါတော့တယ်လူတွေအမြင်မှာ သာယာတဲ့အိမ်ထောင်ရေးနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုတစ်စုရဲ့နောက်ကွယ်က လူမသိသူမသိအရှုပ်တော်ပုံတွေနဲ့အတူ တရားရုံးမှာသူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတဲ့ ကားကောင်းလေးတစ်ကားပါပဲ ကြီးကြီးမားမားကြီးနဲ့ တစ်ချက်တည်းကျင်းဝင်တဲ့ လှည့်ကွက်တွေအစား ပါးပါးလေးနဲ့ပုတ်ထားတဲ့လှည့်ကွက်တွေထဲမှာ မျောနေရင်း တကယ့်ကို ကြည့်ရှုလို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါပဲ Crime Drama ကောင်းကောင်းကြိုက်သူတွေအတွက် HBO ရဲ့ ဒီစီးရီးကောင်းကို လက်လွှတ်မခံသင့်ပါကြောင်း နဲ့ ၈ ပိုင်းအထိ တစ်ပတ်တစ်ပိုင်းထွက်လာမှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ File size… (489 Mb) Quality…. 720p Format…mp4 Duration….1 hr 05Min Genre...Drama / Crime Episode...8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Episode 1 720p - VIP / Yoteshin / Megaup // Usersdrive / ...
6.7
TMDb: 6.7/10 9 votes
tv

The Staircase (2022)

2022