Channel Myanmar

Crime

Class of ’09 (2023) 8.2
Class of ’09 (2023) ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ "Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက ...
8.2
TMDb: 8.2/10 17 votes
tv

Class of ’09 (2023)

2023
BITCH X RICH (2023)
BITCH X RICH (2023) BITCH X RICH (2023)*********************အပိုင်း( ၁ မှ ၁၀) အထိ စ/ဆုံးဒီဇာတ်လမ်းတွဲကတော့ ကိုရီးယားရဲ့  မရိုးနိုင်သောကျောင်းတွင်းအကြမ်းဖက်မှုတွေကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်..အပိုင်း (၁၀ ) ပါရှိပြီးချမ်းသာတဲ့မိသားစုကကောင်မလေးနဲ့ အခြေခံလူတန်းစားကောင်မလေးတို့ကြားတိုက်ပွဲကို ကြည့်ရမှာဖြစ်ပါတယ်...ကျောင်းတွင်းအကြမ်းဖက်မှုတွေကြားမှာ မတော်တဆလူသတ်မှုတစ်ခုဖြစ်ခဲ့ပြီးဒီအမှုရဲ့မျက်မြင်သက်သေကတော့ နောက်ခံအင်အားမရှိ ..နာမည်မရှိ..ငွေကြေးအင်အားမရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်..စကားတစ်ချက်မှားလိုက်တာနဲ့ ကြွေပန်းကန်တစ်ချပ်လိုအလွယ်တစ်ကူကွဲကြေနိုင်တဲ့အနေအထားမှာဒီကောင်မလေး ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့....Aired:  May 29, 2023 - Jul 18, 2023 Aired On: Monday, Tuesday Genres: Thriller, Mystery, Youth, Drama Duration: 40 mins Episodes: 10 Original Network: TVN File Size: 720p(~250MB) , 1080p(550MB) Translated by Tiff , Shoon & Thinn Thinzar Encoded by Phyo Pyae «««   Telegram Channel  »»» Episode 01 [720p]     »»»   UsersDrive  ...

BITCH X RICH (2023)

2023
Scoop (2023) Complete 6
Scoop (2023) Complete Scoop 2023IMDb-7.7/10Mid day ရဲ့သတင်းထောက် Jyotirmoy Dey 2011 မှာ အမှုစွပ်စွဲခံရရာကနေ Behind Bars in Byculla:My days in Prison ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန်စီးရီးကို Netflix ကနေထုတ်လွှင့်လိုက်တာပဲဖြစ်ပါတယ်Scoop ဆိုတာ informal အဓိပ္ပာယ်အရဆိုရင် အပြိုင်သတင်းပေါ့ သတင်းစာတိုက်တွေကြား ကိုယ်ကသတင်းထူးသတင်းဦးကို လုပြီး ပုံနှိပ်ဖော်ပြရတာမျိုးပါအဓိကမင်းသမီး ဂျက်ရူတီက East Asia ဂျာနယ်ရဲ့ အဓိကမှုခင်းသတင်းထောက်တစ်ယောက်ပါ မှုခင်းသတင်းထောက်ဆိုတော့ ရဲတွေရော လမ်းဘေးကကောင်တွေရော ဂိုဏ်းစတားတွေအားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် သူ့အတွက်က သတင်းရဖို့အတွက်ဆိုရင် မိသားစုကိုပါဘေးချိတ်ပြီး သတင်းရမဲ့နေရာကိုပြေးတဲ့ သတင်းထောက်တစ်ယောက်ပါအဲဒီအချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်သတင်းထောက်တစ်ယောက်က အသတ်ခံလိုက်ရတဲ့အခါမှာ လူတိုင်းက ဂျက်ရူတီတစ်ယောက် သူ့ရဲ့မြေအောက်လောကအဆက်အသွယ်တွေကိုသုံးပြီး သူ့ပြိုင်ဘက်ကို လုပ်ကြံလိုက်တာလို့ပဲ ယူဆကြပါတော့တယ်ဂျက်ရူတီတစ်ယောက် အပြစ်ကင်းမကင်း သူ့ရဲ့အပြစ်ကင်းမှုကို မှုခင်းသတင်းထောက်ပီပီ ကိုယ်တိုင် ဘယ်လိုသက်သေပြဖို့ကြိုးစားမလဲဆိုတာ လက်တွေ့ဆန်ဆန်သိမြင်ခံစားရမှာမို့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii~ Thaik San ~ BpL ~ YH ~ Yunni တို့ပဲ ...
6
TMDb: 6/10 9 votes
tv

Scoop (2023) Complete

2023
Crackdown (2023) Season2 Complete 10
Crackdown (2023) Season2 Complete Crackdown Season02 (2023) IMDb-8.2/10 မကြာခင်ကမှ တင်ဆက်ပေးထားတဲ့ Crackdown စီးရီးလေးရဲ့အဆက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Season01မှာ အကြမ်းဖက်ဂိုဏ်းထဲကို လူအစားထိုးပြီး စစ်ဆင်ရေးလုပ်ခဲ့ကြတာ မှတ်မိသေးတယ်မလား။ အခုSeason02မှာတော့ ဒေလီကနေ တူရကီကိုသွားတဲ့ လေယာဉ်ပျံပေးဆွဲခံရတာပါ။ အိန္ဒိယပြည်သူရှစ်ဆယ်ပါတဲ့ ဒီလေယာဉ်ပျံပေးဆွဲတာကို ဘယ်သူတွေလက်ချက်မှန်းလည်း မသိပါဘူး။ဒီလိုနဲ့ ထုံးစံအတိုင်း RAWကနေဖွဲ့စည်းထားတဲ့ DO အဖွဲ့ဆီကိုပဲ ဒီပြဿနာကိုဖြေရှင်းဖို့ ရောက်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)Quality : 1080p JLO WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Action & Adventure, Crime, DramaDuration : 28minsSubtitle : Myanmar Subtitle ( Hardsub )Translated by chiclon3~ Saii~ Thaik San~ Zwe~  BpL~ Nyein~ Aditi~ YunniEncoded by YK 720p Episode 1 - ...
10
TMDb: 10/10 1 votes
tv

Crackdown (2023) Season2 Complete

2020
Crackdown (2020) Season1 Complete 10
Crackdown (2020) Season1 Complete Crackdown (TV Series 2020) IMDb-8.2/10ပထန်တွေ တိုက်ဂါးတွေနေဦး မင်းတို့ရဲ့ဘိုးအေ အာပီလာပြီ RAW ဆိုတာနဲ့ ကျွန်တော်တို့ Bollywood ပရိတ်သတ်ကြီးရဲ့အဖြေက...။ ဟုတ်ပါတယ် RAW ဆိုတာက ကျွန်တော်တို့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။မသိသေးတဲ့သူတွေကို ပြောရမယ်ဆို MI ကားတွေထဲက တွမ်ခရုစ်လို 007 ဂျိန်းစဘွန်းလို စပိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကလည်း RAW အဖွဲ့ကြီးကနေ ခွဲထွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ မစ်ရှင်တွေ ဆောင်ရွက်ကြပုံပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ကျွန်တော်တို့ မင်းသားကြီးဟာ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပြောနေပါတယ်။သူတို့ပြောနေတာက...။Facebook က recap တွေကြည့်တာများပြီး အကျင့်ပါသွားလို့ပါ။အဆုံးထိတော့ ဆက်မပြောတော့ပါဘူး ကိုယ့်ကိုယ်ကြည့်မှ ပိုအရသာရှိမှာပါ စပိုင်ကား အက်ရှင်ကား ကြိုက်သူတွေအတွက် စွန်းအကြိုက်တွေ့စေမယ့်ဇာတ်လမ်းတွဲ။ တစ်ပိုင်းလောက်ကြည့်ရုံနဲ့ ဆက်ဆက်ပြီး ကြည့်ချင်လာမယ့်ဇာတ်လမ်းတွဲ။ဒီလိုဇာတ်လမ်းတွဲမျိုးကို ကျွန်တော်တို့ ချန်နယ်လ်မြန်မာရဲ့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးဆီကို ကျွန်တော်တို့ CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)File Size – 800MB /400MBQuality – ...
10
TMDb: 10/10 1 votes
tv

Crackdown (2020) Season1 Complete

2020
The Good Mothers (2023) 7
The Good Mothers (2023)  IMDB 7.7/10 Crime , Drama အီတလီက မာဖီးယားဂိုဏ်းနဲ့ အဖွဲ့အစည်းတွေအကြောင်းကိုရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ။ မာဖီးယားဂိုဏ်းက ခေါင်းဆောင်ရဲ့သားနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ရတဲ့ အန်နာဟာ ဒန်နိစ်ဆိုတဲ့သမီးတစ်ယောက်ရလာပါတယ် ။ သူ့သမီးအရွယ်ရောက်လာတော့ သူ့အဖေ လူဆိုးနဲ့ဝေးရာကိုသားအမိနှစ်‌ေယာက်ထွက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြိ ။ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာအရ သူ့ဖခင်နဲ့ပြန်လည်ဆုံစည်းခဲ့ပြီး အဖြစ်ဆိုးတွေဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ပြန်ပေးဆွဲခံရကာသေဆုံးသွားပြီး သမီဖြစ်သူ လည်း ဖခင်နဲ့ မာဖီးယားမိသားစု၀င်ဖြစ်လာပါတယ် ။ ဒါပေမယ့် သူတို့သားအမိလိုဖြစ်နေတဲ့ အမျိုးသမီးတွေများစွာရှိနေပါတယ် ။ ဒါကိုသိတဲ့ အီတလီရဲတပ်ဖွဲ့၀င်တွေက မာဖီးယားဂိုဏ်းက ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးအိမ်ထောင်ရှင်‌မတွေကိုစည်းရုံးကာ မာဖီးယားဂိုဏ်းတစ်ခုလုံးကိုနှိမ်နင်းတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားတာဖြစ်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(628 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:56:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7
TMDb: 7/10 14 votes
tv

The Good Mothers (2023)

2023
Bloodhounds(2023)[Complete]
Bloodhounds(2023)[Complete] Bloodhounds(2023)******************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက် ယခု (၉) ရက်နေ့ Netflix မှာပြသတော့မယ့် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်....ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်..ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါသားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...ဇာတ်ကား Casts Line up တွေကလည်း ရှယ်ပါပဲနော် Wo Do Hwan ၊ Lee Sang Yi ၊ Park Sung Woong ၊Huh Joon Ho နဲ့ Siwon (Super Junior) တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေကဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ...

Bloodhounds(2023)[Complete]

2023
Without Sin (2022) 5.7
Without Sin (2022) IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ ...
5.7
TMDb: 5.7/10 6 votes
tv

Without Sin (2022)

2022
Asur (2020) Season 2 8
Asur (2020) Season 2 Asur Season2 (2023) ******************************* IMDb 9.5S1မှာတုန်းကလည်း လူသတ်သမားရှာဖွေပုံတွေကို အားရစရာကြည့်ရှုခဲ့ရပြီး ယခုမှာတော့ S2လည်း ထွက်ရှိလို့လာပါပြီဟင်ဒူဘာသာမှာ စတ်ယုဒ် တေသရာယုဂ် ဒွာပရ်ယုဂ်နဲ့ ကလီ့ယုဂ်ဆိုပြီး ခေတ်ကြီးလေးခု ရှိပါတယ် ကလီ့ယုဂ်ဆိုတာကတော့ ကလီဆိုတဲ့အသူရာကိုကိုယ်စားပြုပြီး မှည့်ဆိုထားတာပါ ကလီ့ယုဂ်ဆိုတဲ့ မကောင်းဆိုဝါးခေတ်မှာဒုစရိုက်မှုတွေ အရမ်းများလာတဲ့အခါ လောကကိုထိန်းသိမ်းသူ ဗိဿနိုးဘုရားရှင်ဟာ ‌ အရင်ယုဂ်တွေမှာလိုပဲ လူဝင်စားကာ ဒုစရိုက်မှုတွေကို အဆုံးသတ်ပါတယ် ကလီ့ယုဂ်ကို အဆုံးသတ်မယ့် ဘုရားလောင်းရဲ့အမည်ကတော့ ကလ်ကီပါ ဒီကားထဲမှာတော့ အဲ့ဒီကလီဆိုတဲ့ နာမည်နဲ့ ကွင်းဆက်လူသတ်မှုတွေကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သတ်ဖြတ်နေသူက သူ့ကိုယ်သူ ကလီလို့ဆိုပါတယ် သူဖန်တီးလိုက်တဲ့ အမှုတွေက လူငယ်ပေါင်ချိန်ဆန်ဆန် အဖြေရှာတွေ့ဖို့မလွယ်တဲ့ နည်းနာတွေနဲ့ပေါ့ ဒီလူ ဒီနေရာမှာသေဆို တုံးခနဲလဲသေတဲ့အထိ စွမ်းဆောင်နိုင်စွမ်းရှိနေတော့ ရဲတွေ အစိုးရနဲ့ CBI တို့ အကြပ်ရိုက်‌တဲ့ကာလ .. သတ်တာတောင် နိုင်ငံကွန်ရက်တစ်ခုလုံးကို ဟက်ခ်ပြီး Live လွှင့်ပြတဲ့အထိပါပဲဒုစရိုက်မှုတွေရှင်းလင်းဖို့အတွက် ဗိဿနိုးဘုရားက ကလ်ကီအနေနဲ့ လူဝင်စားပြီ းအမြန်ပေါ်ထွက်လာအောင်လို့လည်းပြောတယ် ..ဆိုတော့ ရဲတွေ CBI တွေကြား လက်တစ်လုံးခြားလုပ်သွားပုံတွေ ..ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုက သတ်ပုံသတ်နည်းထူးထူးဆန်းဆန်းတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူတွေကတော့ Thaik ...
8
TMDb: 8/10 42 votes
tv

Asur (2020) Season 2

2020
Love & Death (2023) Complete 8.3
Love & Death (2023) Complete Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~  (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး)  ကြက်‌သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့‌လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ ...
8.3
TMDb: 8.3/10 7 votes
tv

Love & Death (2023) Complete

2023
Muted (2023) 6.9
Muted (2023)  ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို အသစ်ထွက် Crime/Drama/Mysteryအမျိုးအစား စပိန် mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ မင်းသား Arón Piper (Eliteထဲက Ander Muñoz)နဲ့ မင်းသမီး Almudena Amor (The Good Boss)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆယ်ဂီရိုဆိုတဲ့ကောင်လေးက အိုင်ကျူ ၁၅၄ ရှိပြီး ဉာဏ်ကောင်း ထက်မြက်လွန်းပေမယ့် အဖေနဲ့အမေကို ရက်ရက်စက်သတ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ မိဘတွေကို ဝရန်တာကနေ တွန်းချခဲ့တာမို့ သူ့ကို ဝရန်တာလူသတ်သမားလို့ ခေါ်ခဲ့ကြတာပေါ့။မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့ပေမယ့် အမှုရင်ဆိုင်တဲ့အချိန်မှာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် သူ့အမှုက ထွက်ဆိုချက်မရှိတဲ့ အမှုတစ်ခုအဖြစ် ထူးဆန်းတဲ့အမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကိုသတ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၆နှစ်အကြာမှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ဆယ်ဂီရိုတစ်ယောက် အကျဉ်းသားဘဝကနေ လွတ်ငြိမ်းခွင့်ရခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလိုလွတ်လာတဲ့ ဆယ်ဂီရို့ကို ...
6.9
TMDb: 6.9/10 37 votes
tv

Muted (2023)

2023
The Rising (2023) 6.9
The Rising (2023) The Rising (2023)ဒီဇာတ်လမ်းမှာ မင်းသမီးသေသွားပါတယ်လို့ပြောရင် အညွှန်းရေးသူကအကျင့်ယုတ်ပြီး စပွိုင်လာပေးတယ်မထင်လိုက်ပါနဲ့။ မင်းသမီးသေတဲ့နေရာကပဲစရတဲ့ သဘာဝလွန်လူသတ်မှုဇာတ်လမ်းဖြစ်နေလို့ပါ။ သေသွားတဲ့ကောင်မလေးက နိဗ်။ သူ့အထင်အရတော့ တစ်မနက်မှာ သူကရေကန်ကြီးထဲမှာ အိပ်ရာကနိုးလာတယ်ပေါ့။ တကယ်တမ်းတော့အဲ့ဒါက သူ့ဝိဥာဥ်ပါ။ သူ့ကိုယ်သူသေပြီမှန်းတောင်မသိတဲ့ နိဗ်က အိမ်တွေဘာတွေပြန်ပြီး သူ့အမေရယ်ညီကိုမောင်နှမတွေရယ်နဲ့ စကားပြောဖို့ပါကြိုးစားလိုက်ပါသေးတယ်။ သူတို့ကသူ့ကိုမမြင်နိုင်မှန်းသိပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတွေ့မှပဲ သူသေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။ ဒါပေမဲ့နိဗ်က သူဘာကြောင့်သေသွားလဲ။ သူ့ကိုဘယ်သူကသတ်တာလဲဆိုတာ မမှတ်မိပါဘူး။ သူမသေခင်တစ်ညကလဲ သူကကွင်းပြင်တစ်ခုမှာလုပ်တဲ့ပါတီမှာရှိနေပြီး အဲ့မှာ သူ့အဖေ သူ့ချစ်သူ သူ့ဘော်ဒါတွေအပြင် သူတို့မြို့လေးကတခြားသူတွေလဲရှိနေခဲ့တယ်။ သူတို့ထဲကဘယ်သူဖြစ်နိုင်မလဲဆိုတာနိဗ်ရှာရမှာပါ။ တစ်ခုထပ်ထူးတာက နိဗ်ရဲ့ဝိဥာဥ်ကို မြင်နိုင်တဲ့လူတစ်ချို့ရှိပါသေးတယ်။ သူတို့ကဘာလို့နိဗ်ကိုမြင်နိုင်ရတာလဲ? ဘယ်လိုဖြစ်ဖြစ် နိဗ်ကသူတို့အကူအညီကိုယူပြီး သူ့ကိုသတ်တဲ့လူသတ်မှုကို ကိုယ်တိုင်ပြန်စုံစမ်းတာကိုကြည့်ရမယ့် ထူးခြားတဲ့စီးရီးကောင်းတစ်ခုပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Crime, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron720pEpisode 01 - Userdrive ...
6.9
TMDb: 6.9/10 25 votes
tv

The Rising (2023)

2022
Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Garmi (2023) Complete 7
Garmi (2023) Complete Garmi (TV Series 2023) IMDb 7.5/10ရှာရွတ်ရဲ့ Dil Se... အီဖာရဲ့ Haasil တို့လို ဇာတ်လမ်းကောင်းတွေကို ဇာတ်ညွှန်းဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Tigmanshu Dhulia ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ စီးရီးလေးပါ။ Tigmanshu Dhulia က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေမှာ တင်ဆက်မှုအားကောင်းတာနဲ့ နာမည်ရှိပြီးသားသူတယောက်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နယ်မြို့လေးက လူငယ်လေးတစ်ယောက် အစိုးရ၀န်ထမ်းဖြစ်ဖို့ရာ ကိုယ့်ဆီမှာကို နေပြီး ကျောင်းတက်ချင်ပေမဲ့ အပြိုင်အဆိုင်များတဲ့ မြို့ကြီးက တက္ကသိုလ်တစ်ခုကို သွားတက်ဖို့ အဖေဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ သွားခဲ့ရတယ်။ အဲဒီမြို့ အဲဒီတက္ကသိုလ်မှာပဲ စီးပွားရေး နိုင်ငံရေး အားပြိုင်နေတဲ့ လူနှစ်ယောက်က ရှိပြန်ရော။ အစိုးရဖြစ်ဖို့အရေး အစရိုးချင်ယောင်ဆောင်ကြတဲ့ အဲဒီလူ၂ယောက်ရယ်ကျောင်းသားသစ်လေး မောင်အာဗင်တယောက် အစိုးရ၀န်ထမ်းပဲ ဖြစ်ဖို့ကြိုးစားနိုင်မလား တစ်ခြားနယ်ပယ်တခုခုကိုပဲ ရောက်သွားမလား ကြည့်ရမဲ့ နိုင်ငံရေးနဲ့ ကျောင်းသားအရေး ရောသမမွှေထားတဲ့ စိတ်ဝင်စားဖွယ် အိန္ဒိယ၀က်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ထားသူတွေကတော့ chiclon3~YH~Bpl~Yunni~Nyein တို့ပဲဖြစ်ပါတယ်)File Size – 900MB / 400MBQuality – 1080p / 720pDuration – ...
7
TMDb: 7/10 2 votes
tv

Garmi (2023) Complete

2023
In the Name of God: A Holy Betrayal (2023) 7.929
In the Name of God: A Holy Betrayal (2023) In the Name of God: A Holy Betrayal ( 2023 ) ======================================= . . IMDb 7.1/10, Rotten tomatoes 67% ၂၀၀၈ ခုနှစ်တုန်းက ကိုရီးယားမှာ ဂျောင်မြောင်ဆော့ဆိုတဲ့ ဒိတ်ဒိတ်ကြဲဘာသာရေးခေါင်းဆောင်တစ်ယောက် သူ့ရဲ့ ဖော်လိုဝါမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အမှုနဲ့ ထောင် ၁၀ နှစ်ကျသွားခဲ့တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ယေရှုဝင်စားတဲ့သူ၊ ဘုရားသခင်ရဲ့တမန်တော်ပါလို့ ကြေညာခဲ့ပြီး ယုံကြည်ကိုးကွယ်သူပေါင်းလည်း ထောင်သောင်းကျော်တဲ့အထိ များပြားခဲ့တာပါ။လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကြောင့် ထောင် ၁၀ နှစ်ကျသွားခဲ့ပေမဲ့ ၂၀၁၈ ထောင်ကထွက်လာခဲ့ပြီး လျှပ်စစ်ခြေပတ် ပတ်ထားရတဲ့အချိန်မှာတောင် သူဟာ ဆိုးရွားတဲ့ လိင်ပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပါပဲ။ အဲဒီ လိင်ပြစ်မှုတွေရဲ့ နစ်နာသူ မိန်းကလေးတွေ speak up လုပ်ကြရာကနေ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်မြောက်လာခဲ့ပါတယ်။ ဒီ မှတ်တမ်းရုပ်သံမှာဆိုရင် ဂျောင်မြောင်ဆော့အပါအဝင် ဘတ်ဆွန်းဂျာ၊ ဂင်ဂီဆွန်း၊ အီဂျယ်ရော့ဆိုတဲ့ မတူညီတဲ့အရေခြုံဘာသာရေးဂိုဏ်းခေါင်းဆောင်လေးယောက်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ ဆိုးယုတ်တဲ့ပြစ်မှုတွေ၊ ဘာသာရေးခုတုံးလုပ်မှုတွေ၊ မျက်စိမှိတ်ယုံကြည်ကိုးကွယ်မှုရဲ့ ဆိုးကျိုးတွေကို သေချာဖော်ပြထားပါတဲ့အတွက် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကြိုက်တတ်သူတွေ စိတ်ဝင်စားကြမယ့်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ကြမ်းတမ်းတဲ့ ...
7.929
TMDb: 7.929/10 14 votes
tv

In the Name of God: A Holy Betrayal (2023)

2023
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Citadel (2023) 9.5
Citadel (2023) Citadel Season 1 (2023)ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ "မန်တီကိုး" ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး ...
9.5
TMDb: 9.5/10 8 votes
tv

Citadel (2023)

2023
Tu Zakhm Hai (2022) Season1+Season2 7
Tu Zakhm Hai (2022) Season1+Season2 Tu Zakhm Hai 2022ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ...
7
TMDb: 7/10 1 votes
tv

Tu Zakhm Hai (2022) Season1+Season2

2022
Accused (2023) 7.3
Accused (2023) ဒီတခါတော့ ပရိသတ်ကြီးကို IMDB 7.4 ရှိတဲ့ Crime, Drama ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် စွပ်စွဲခံရခြင်းဆိုတဲ့အတိုင်း အမှုတစ်ခုမှာ စွပ်စွဲခံရတဲ့သူတွေအကြောင်းနဲ့ တရားရုံးမှာ ဘယ်လိုအဆုံးသတ်သွားလဲဆိုတဲ့အကြောင်းကို တင်ဆက်ပြသပေးထားတာပါ အပိုင်း၁ မှာတော့ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်ကြီး စကော့တ် ဟာ စိတ်ပုံမှန်မဟုတ်တဲ့သူ့သားကို ကုသပေးဖို့ကြိုးစားရင်းနဲ့ စွပ်စွဲခံလိုက်ရတဲ့အကြောင်းပါပဲ သူ့သားဟာ တခြားသူတွေနဲ့မတူဘဲ စိတ်ဆိုးလွယ်တဲ့အပြင် သူ့ကို ဟားတိုက်တယ်လို့ ထင်တဲ့သူတွေကိုပါ လက်စားချေဖို့ အစီစဉ်ကြီးတစ်ခုဆွဲထားတာပါ တစ်နေ့ သူတို့အိမ်ဘေးက ခွေးပျောက်သွားလို့ သူ့အဖေက သူ့သားကို စွပ်စွဲတာကနေ ပြဿနာကြီးတက်ပြီး သူ့သားစီစဉ်ထားတာတွေကို သူ့အဖေက ဖတ်မိသွားခဲ့တာပါ အဲဒါနဲ့ သူ့အဖေက ဘယ်လိုဖြေရှင်းမလဲ ဘာတွေဆက်ဖြစ်မလဲ သူ့သားစီစဉ်ထားတာကရော အကောင်အထည်ပေါ်လာမှာလား ဆိုတာကို ဆက်လက်ရှုစားလိုက်ကြပါဦး File size…678Mb / 384MB Quality….Webrip 720/ 1080p Format…mp4 Duration….50 Min Genre...Crime , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
7.3
TMDb: 7.3/10 votes
tv

Accused (2023)

Vyavastha (2023) Complete 8
Vyavastha (2023) Complete Vyavastha 2023ZEE5 ကနေအသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.7 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင် Sampath Raj နဲ့ မင်းသမီးချော Hebah Patel တို့အဓိကပါဝင်သရုပ်‌ဆောင်ထားပါတယ်။ချာကရာဗာသီ... ထက်မြက်ပြီး ကိုင်တွယ်တဲ့အမှုတိုင်း အနိုင်ရတဲ့ ဝါရင့်ရှေ့နေကြီးတစ်ဦး၊ ပြစ်မှုတွေကို ပညာသားပါပါ ဖုံးကွယ်တတ်ပြီး ဒုစရိုက်သမားတွေအကြိုက်၊ စီးပွားရေးသမားတွေအကြိုက် ရှေ့နေလိုက်ခကုဋေချီပေးရတဲ့ ရှေ့နေတစ်ဦး၊ အမှုနိုင်ဖို့ ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့သူ...ဂျေ ဗမ်စီခရစ်ရှ်နာ... ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ လောလောလတ်လတ် ဥပဒေကျောင်းဆင်း ရှေ့နေလေးတစ်ဦး၊ အကြံကောင်းပေမယ့် တရားရုံးရောက်လို့ အရေးအကြောင်းဆို စကားထစ်တတ်တဲ့သူ...ဒီလိုနဲ့ အတွေ့အကြုံ မိုးနဲ့မြေကွာတဲ့ ဒီရှေ့နေနှစ်ဦး နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အချိန်မှာတော့ ယုန်သူငယ်လေးက ကျားဂူထဲဝင်သွားတဲ့အဖြစ်လို ရှေ့နေနှစ်ဦးရဲ့အားပြိုင်မှုကို ထင်မှတ်မထားတဲ့ Plot twist တွေနဲ့ အမှုကိုဘယ်လိုယှဉ်ဖိုက်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat ...
8
TMDb: 8/10 1 votes
tv

Vyavastha (2023) Complete

2023