Channel Myanmar

Crime

Kohrra (2023) 7.333
Kohrra (2023) Kohraa 2023(6eps)ယခုတခါ ပရိသတ်ကြီးကို တင်ဆက်ပေးမဲ့စီးရီးကတော့ Netflix ကနေ 2023 ခုနှစ်မှ ာထွက်ရှိလာတဲ့ rotten tomatoes 100%ထိရရှိထားတဲ့ စုံထောက်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးအစမှာတော့ စောစောစီးစီး ခြုံတိုးချောင်းရိုက်လုပ်နေတဲ့ ကျောင်းသားလေးဟာ ဘေးမှာခွေးဟောင်နေလို့ ထကြည့်တော့ အလောင်းတစ်ခုကိုတွေ့လို့ ရဲဌာနကိုသတင်းပို့လိုက်ပါတယ်ရဲတွေရောက်ရှိစစ်ဆေးလိုက်တဲ့အခါမှာ သေသူက မင်္ဂလာပွဲအတွက် ယူကေကပြန်လာတဲ့ သတို့သားလောင်းဖြစ်ပြီး သူရဲ့သတို့သားအရံပါ တစ်ပါတည်းပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ် ဒီအမှုကိုတာဝန်ယူထားတဲ့ ရဲနှစ်ယောက်လဲ သဲလွန်စတွေကို တစ်စစီလိုက်ကောက်ရင်း သက်သေတွေပေါ်ပေါက်လာတဲ့အခါမှာ သူတို့ဘဝကိုပါ ခြိမ်းခြောက်မှုတွေရှိလာတော့ ဘယ်လိုဆက်ဖြေရှင်းကြမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်File Size – 800MB / 400MBQuality –1080p WEB DL / 720pDuration – minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator – ...
7.333
TMDb: 7.333/10 9 votes
tv

Kohrra (2023)

2023
Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022
Only Murders in the Building (2021) – Season 01 8.3
Only Murders in the Building (2021) – Season 01 Only Murders in the Building (2021)==========================IMDb Rating - 9.5/10ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်းSelenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ဇာတ်လမ်းအညွှန်း −Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူကမသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့သက်သေတွေအရ ...
8.3
TMDb: 8.3/10 200 votes
tv

Only Murders in the Building (2021) – Season 01

2021
Kaalkoot (2023) 7
Kaalkoot (2023) Kaalkoot (2023)IMDb-8.4/10Darling ကားထဲက မိန်းမကိုအနိုင်ကျင့်တဲ့ဂျစ်တစ်တစ်ရုပ်နဲ့ မင်းသား Vijay Varma နဲ့ ကပြားမင်းသမီးလေး Suzanna Mukherjee တို့ ပါဝင်ထားတဲ့ စီးရီးပါရဲအရာရှိတစ်ယောက်ဖြစ်ချင်လွန်းရူးသွပ်ကြလွန်းတဲ့ အိန္ဒိယကားများစွာကြည့်ခဲ့ဖူးကြပါတယ် ဒီကားကတော့ ရဲအရာရှိမဖြစ်ချင်ပါပဲ ဖြစ်နေရသူတစ်ယောက်ရဲ့ဘဝပါပဲရာဗီဟာ ရဲအရာအလုပ်ကိုစိတ်မဝင်စားလို့ နှုတ်ထွက်စာတင်ပေမဲ့ နှုတ်ထွက်မရဘဲဆက်တာဝန်ထမ်းနေရသူပါ အဲဒီအတောအတွင်းသူပျက်လိုက်တဲ့တစ်ရက်မှာပဲ ရဲစခန်းမှာလည်းအမှုတွေရှုပ် ၊ မိန်းကလေးတစ်ယောက် အက်စစ်နဲ့ပက်ခံရတဲ့အမှုကလည်း မထင်မှတ်ပဲသူကိုင်တွယ်လာရနဲ့ မပျော်လို့ထွက်ခါမှ ဝန်ပိနေရသူတစ်ယောက် နှုတ်မထွက်ရခင်ကာလအတွင်း ဘယ်လိုကောင်းကောင်းလုပ်ဆောင်နိုင်သွားမလဲ ဘယ်လိုအခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်ဖြတ်ရမလဲရှုစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Zwe ~ Yunni ~ Moon ~ Cherry တို့ပဲဖြစ်ပါတယ်)File Size – 800MB / 720pQuality – 1080p WEB DL / 720pDuration – 32minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime | ...
7
TMDb: 7/10 1 votes
tv

Kaalkoot (2023)

2023
Full Circle (2023) 6.4
Full Circle (2023) Full Circle (2023) ============= IMDb Rating - 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ 'ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ' ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ ...
6.4
TMDb: 6.4/10 2700 votes
tv

Full Circle (2023)

2023
Rafuchakkar (2023) 7
Rafuchakkar (2023) Rafuchakkar (2023)IMDb-6.8/10အခုနောက်ပိုင်း အိန္ဒိယစီးရီးတွေပိုပိုကောင်းလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါပဲ ခုတစ်ခါလည်း ဆုရနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Manish Paul ၊ Priya Bapat တို့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ crimes ‌and drama စီးရီးလေး တင်ဆက်ပေးလိုက်ပါတယ်မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ကျင်းပဖို့ရောက်နေတဲ့ ပါဝန်ကူးမားဟာဘုမသိဘမသိအဖမ်းခံပြီးတရားရုံးထိ တန်းရောက်သွားပါတော့တယ် သူ့ရဲ့ရိုးသားမှုအတွက် အမှုရင်ဆိုင်ပေးမဲ့ရှေ့နေကတော့ ငယ်သူငယ်ချင်းဂျယ်ဒေ့ဗ် သူစွပ်စွဲခံထားရတဲ့အမှုတွေက ပါလီမန်အဖွဲ့ဝင်တစ်ဦးနဲ့ သူ့သမီးကိုလိမ်လည်မှု၊ နိုင်ငံတွင်းကနာမည်အကြီးဆုံးဘီစကစ်စက်ရုံကမုန့်ကို အဆီချဘီစကစ်ဆိုပြီး အမျိုးသမီးတွေကိုလိမ်ရောင်းမှု စသဖြင့်နိုင်ငံ့ပြည်သူတွေကိုထိခိုက်စေတဲ့ လိမ်လည်မှုပေါင်းများစွာ။အိန္ဒိယနိုင်ငံ‌တော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ သူ့ကိုစွဲချက်တင်မှာကတော့ ရီတူး ၊ သူကလည်း ဒီအမှုတွေကို သိတောင်မသိပါဘူးငြင်း သူငယ်ချင်းဖြစ်သူဂျယ်ဒေ့ဗ်ကလည်းသူအပြစ်ကင်းကြောင်းသက်သေအစုံပြပေး၊ ရီတူးကလည်း သူကျူးလွန်ခဲ့တဲ့အကြောင်းရာအပြည့်စုံကို ဇာတ်လမ်းသဖွယ်စိတ်ဝင်စားနိုင်အောင်တင်ပြနိုင်နေလေတော့ တရားခွင်ဟာ အကြိတ်အနယ်ဖြစ်လာပါတော့တယ် ဒီလိမ်လည်မှုပေါင်းများစွာကျူးလွန်နေတဲ့သူ ကျူးလွန်ရတဲ့အကြောင်းရင်းကို ရီတူးရဲ့ ဖော်ထုတ်ပုံတွေနဲ့အတူရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~Soe Kalayarတို့ပဲဖြစ်ပါတယ် )File Size – 800MB / 400MBDuration – 40minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – ...
7
TMDb: 7/10 2 votes
tv

Rafuchakkar (2023)

2023
Deadloch (2023) 5.7
Deadloch (2023) Deadloch (2023) ========= Comedy, Crime IMDB 6.6/10ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ် တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်.... နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ် ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ် ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်... ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်... နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့် ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်အညွှန်းကိုတော့ Thiha Yan ...
5.7
TMDb: 5.7/10 18 votes
tv

Deadloch (2023)

2023
Your Honor Season 1 (2020) 8.172
Your Honor Season 1 (2020) ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူး တရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ်ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ် ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား .. လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါ တရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား ...မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့ တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူး သူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့ အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး ...ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ ... လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ...
8.172
TMDb: 8.172/10 1311 votes
tv

Your Honor Season 1 (2020)

2020
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023) 7
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023) Kerala Crime Files (2023) IMDb 7.3တောင်းဆိုမှုများတဲ့စီးရီးဖြစ်တဲ့အညီ တစ်ပိုင်းချင်းစီက ဆွဲဆောင်မှုအပြည့် စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေမှာပါ ဇာတ်လမ်းက စလာတည်းက လူသေမှုနဲ့စပါတယ်တည်းခိုခန်းတစ်ခုမှာ ပိုက်ပေါက်နေလား စစ်ဆေးရင်း အခန်းတစ်ခုထဲတွေ့လိုက်ရတဲ့ အလောင်းတစ်ခု.. ဒီအလောင်းကိုစုံစမ်းတော့ ပြည့်တန်ဆာတစ်ယောက်ဖြစ်နေလေရဲ့ ..ဆိုတော့ ပေါ့ပေါ့တန်တန်ပဲ ဝတ်ကျေတန်းကျေစုံစမ်းရာကနေ သာမန်အမှုမဟုတ်နေတဲ့အခါ...လူသတ်သမားကို ရှာလေဝေးလေနဲ့ ရဲနဲ့လူသတ်သမားကြား လက်နှစ်လုံးခြားဖြစ်ပုံတွေ စုံစမ်းရေးရဲ့ထုံးစံအရ ကိုယ်ပါကူဝင်စဉ်းစားရလောက်တဲ့အထိ ဆွဲခေါ်သွားနိုင်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ရင်း...(အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~BpL~Aditi~YH~Thaik San တို့ပဲဖြစ်ပါတယ်)File Size – 600MB / 300MBQuality – 1080p / 720pDuration – 28minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Mystery, DramaTranslator – Yunni ~BpL~Aditi~YH~Thaik San Encoder – YK 720p Episode 1 - Yoteshin ...
7
TMDb: 7/10 1 votes
tv

Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023)

2023
Barracuda Queens (2023) 5.3
Barracuda Queens (2023) Barracuda Queens (2023)၁၉၉၀ ခုနှစ်နှောင်းပိုင်း ဖောက်ထွင်းမှုတွေကျူးလွန်ခဲ့တဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime, Drama, Thriller အမျိုးအစား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDb 6.3 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Lollo, Mia, Klara, Frida တို့လေးယောက်က အလယ်တန်းကျောင်းမှာတည်းက ခင်လာခဲ့ပြီးတော့ Barracuda Queens ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားပြီး တပူးတွဲတွဲနေကြတဲ့ သူငယ်ချင်းလေးယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်ပီပီ ဇိမ်ခံဟိုတယ်တစ်ခုမှာ သွားကဲတဲ့အချိန် အရက်အမူးလွန်ပြီးလုပ်ခဲ့မိတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေပေးဖို့ ဖြစ်လာတဲ့အခါ အိမ်ကိုလည်းမပြောရဲ၊ လျော်စရာပိုက်ဆံလည်းမရှိ ဖြစ်လာပါတယ်။ အဲဒါနဲ့ Lollo တို့မိသားစုရဲ့ ပါတီပွဲမှာ အိမ်ကမိတ်ဆက်ပေးတဲ့ Amina ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံမိသွားပြီး Amina တို့မိသားစုက လူချမ်းသာတွေဆိုတာ သိသွားပါတယ်။ အဲဒါအပြင် ပိတ်ရက်မှာ Amina တို့မိသားစုက ကိုင်ရိုမှာ မင်္ဂလာပွဲတစ်ခု သွားတယ်မယ့်အကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ သူငယ်ချင်းတွေ ကြံရာမရတဲ့အဆုံး Amina တို့အိမ်ကို ဖောက်ထွင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ထဲဝင်ကြတဲ့အချိန်မှာ ...
5.3
TMDb: 5.3/10 13 votes
tv

Barracuda Queens (2023)

2023
Shadow Detective S2(2023)[Complete] 5.778
Shadow Detective S2(2023)[Complete] Shadow Detective S2(2023)*************************အပိုင်း (၁ မှ ၈) ထိ စ/ဆုံးကိုင်း Season 2 ထွက်ရှိလာပါပြီ...ပင်စင်ယူခါနီးပြီဖြစ်တဲ့ စုံထောက်ဟောင်း ထက်ရိုဟာ ခြိမ်းခြောက်တဲ့ဖုန်းကောလ်တစ်ခုရခဲ့ပြီးနောက်မှာလူသတ်မှုနဲ့ အစွပ်စွဲခံလိုက်ရပါတယ်။ ခြိမ်းခြောက်တဲ့သူက သူ့ကိုယ်သူ ထက်ရိုရဲ့သူငယ်ချင်းလို့ပြောပြီးဂိမ်းတစ်ခုကစားမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူက သူလိုက်နေတဲ့အမှုတွေကိုထက်ရိုကို စုံစမ်းခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ စုံထောက်ဟောင်း ထက်ရိုဟာ သူ့ရဲ့အတိတ်ကိုတူးဖော်ဖို့ဖြစ်လာခဲ့ပြီးတော့ သူ့ကိုခြိမ်းခြောက်တဲ့သူကို လိုက်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာ ထက်ရိုဟာ ဂိမ်းကို နိုင်သွားမလား?ပထမအတွဲကိုတော့ ၂၀၂၂ ခုနှစ်မှာ အပိုင်း ၈ ပိုင်းအနေနဲ့ ထုတ်လွှင့်ခဲ့ပြီးတော့သူငယ်ချင်းဖြစ်သူ ဂျင်ဟန်သေသွားပြီးနောက် နောင်တတွေနဲ့ ကျန်ခဲ့ရတဲ့ ထက်ရိုဟာဂျင်ဟန်ကိုသတ်ခဲ့တဲ့တရားခံ ဥက္ကဌဂျန်ကို လက်စားပြန်ချေမလား၊ ဂျင်ဟန်က‌ရောတကယ်ပဲသေသွားတာလားဆိုတာကို ဒုတိယအတွဲမှာ ကြည့်ရမှာပါ။စုံထောက်ဇာတ်လမ်း၊ အက်ရှင်ခပ်ကြမ်းကြမ်းကိုကြိုက်တဲ့ CM fan တွေမလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါပဲခင်ဗျ....Aired: Jul 5, 2023 - Aired On:Wednesday Genres: Crime , ...
5.778
TMDb: 5.778/10 9 votes
tv

Shadow Detective S2(2023)[Complete]

2022
Delightfully Deceitful(2023)[Complete]
Delightfully Deceitful(2023)[Complete] Delightfully Deceitful(2023)**************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးLee Ro Um ဆိုတဲ့ကောင်မလေးဟာ genius တစ်ယောက်လို ထက်မြက်တဲ့သူပါ..ဒါပေမဲ့ သူမဟာ ငယ်ငယ်လေးကတည်းက ဆိုးသွမ်းတဲ့အသိုက်အဝန်းနဲ့ကြီးပျင်းခဲ့ရသလို အားကြီးတဲ့သူမှန်သမျှ အားငယ်တဲ့သူကို အနိုင်ကျင့်တဲ့ခေတ်ရဲ့အဓိက ဇာတ်ဆောင်တစ်ယောက်လို စတေးခံခဲ့ရတော့ စိတ်ဒဏ်ရာအကြီးကြီးရရှိခဲ့ပါတယ်...နောက်ဆက်တွဲအနေနဲ့ ဒီကောင်မလေးဟာ လောကကြီးကိုရှုမြင်ပုံဟာအဆိုးဘက်ပဲမြင်နေတတ်ပြီး အားလုံးကိုသံသယနဲ့ ရှင်သန်နေတတ်တဲ့သူပါ...ဒါ့ကြောင့်လည်းရန်သူတွေများနေတတ်ပါတယ်..ဒီလိုကောင်မလေးဟာ ခေတ်ပညာတတ်ပြီးယဉ်ကျေးသိမ်မွေ့ပြီးတစ်ချို့ကိစ္စတွေမှာ စာအုပ်ကြီးဆန်နေတဲ့ ရှေ့နေလူငယ်လေးတစ်ယောက်နဲ့တွေ့ဆုံပြီး အလုပ်ကြီးတစ်ခုလုပ်ဖို့အကြောင်းဖန်လာရတဲ့အခါမှာတော့....သူတို့တွေဘယ်လိုရှေ့ဆက်ကြမလဲ...ဘယ်လိုရန်သူတွေရောကြုံဆုံလာရမလဲဆိုတာကိုတော့....Aired:  May 29, 2023 - Jul 18, 2023 Aired On: Monday, Tuesday Genres:Comedy, Crime, Drama Duration: 70 mins Episodes: 16 Original Network: TVN File Size: 720p(~450MB) , 1080p(900MB) Translated by  Miri, Hnin Wai Oo , Treasure Htet & Tiff Encoded by ...

Delightfully Deceitful(2023)[Complete]

2023
Kin (2021) 8.065
Kin (2021) ကင်ဆယ်လာမိသားစုဟာ ဒဗ္ဗလင်အခြေစိုက်ဂန်းစတားမိသားစုတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့အထဲမှာပါပါတယ်။ ကွေလန်မိုးဆိုတဲ့ သူတို့ပြိုင်ဘက်တစ်ယောက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ရာကနေ မိသားစုထဲက သွေးဆူလွယ်တဲ့ မိုက်ရူးရဲတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့လက်ချက်နဲ့သူတို့တစ်မိသားစုလုံး တစ်မြို့လုံးက ဂန်းစတားတွေရဲ့ပစ်မှတ်အောက်ရောက်တဲ့အထိပြဿနာတွေကြီးထွားလာပါတော့တယ်။ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေ၊ မိသားစုတွင်းက သွေးကွဲမှုပြဿနာတွေ ပြိုင်ဆိုင်မှုတွေကြားကနေ ဘယ်လိုရုန်းထွက်ကြမလဲ? အင်အားကြီးတစ်ဖက်ရန်သူကိုဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ အစရှိတာတွေကို ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရပါလိမ့်မယ်။Crime/Drama ပရိသတ်တွေသေချာပေါက်အကြိုက်တွေ့မှာဖြစ်ပြီး episode 1 ကနေအဆုံးအထိ မထတမ်းကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဖရန့်ကင်ဆယ်လာအဖြစ် GOT ထဲက Littlefinger တစ်ဖြစ်လဲ Aidan Gillenခေါင်းဆောင်ပါဝင်ထားတာပါ။File size…(848 MB)/(406 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias  Season 1Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamsb Episode ...
8.065
TMDb: 8.065/10 23 votes
tv

Kin (2021)

2021
The Trial (2023) 7
The Trial (2023) The Trial (TV Series)(2023)တခေတ်တခါက ရိုမန့်တွေနဲ့အသည်းစွဲခဲ့ရတဲ့ မမကာဂျိုး၊အခုတော့ အန်တီကာဂျိုးပေါ့။ မင်းသမီးချောကာဂျိုးကို ဝဘ်စီးရီးအနေနဲ့ ရှားရှားပါးပါးမြင်တွေ့ရမှာပါ။"အချစ်ဆိုတဲ့ တရားရုံးမှာကျွန်မပျော်ရွှင်မှုသေဒဏ်ကျခံရမယ်လို့ တခါမှမတွေးခဲ့မိဘူး" ရှေ့နေနီယိုနိုကာတဖြစ်လဲ ကာဂျိုး။ကာဂျိုးက ဒီဇာတ်လမ်းထဲမှာ သမီးနှစ်ယောက်ရဲ့အမေ ခုံရုံးတရားသူကြီးရဲ့ဇနီးတယောက်အနေနဲ့အဓိကပါဝင်ထားပါတယ်။ သူ့ခင်ပွန်းဖြစ်တဲ့ ခုံရုံးတရားသူကြီးက လာဘ်ပေးလာဘ်ယူအနေနဲ့ လိင်အမြတ်ထုတ်မှုကျူးလွန်မှုကြောင့် ထောင်ကျသွားပါတယ်။ဒီကိစ္စကြောင့်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပစ်ပယ်လာတဲ့အခါ ကာဂျိုးတယောက် သူတတ်ကျွမ်းခဲ့တဲ့ ရှေ့နေအလုပ်ကိုပြန်လုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့ရဲ့အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကြောင့် တစထက်တစအောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်သူ တရားသူကြီးကို ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတော့တယ်။"စိတ်ရဲ့အသိနဲ့ သက်သေ" အဲဒီနှစ်ခုအကြား ရွေးချယ်ဖို့ကြုံလာခဲ့ရင် သက်သေကိုပဲအဓိကထားမယ်ဆိုတဲ့ ဥပဒေကျောင်းကသင်ပေးလိုက်တဲ့အတိုင်း ခံယူထားတဲ့ ကာဂျိုးတယောက် ခင်ပွန်းဖြစ်သူအပေါ်ရော ဘယ်လိုသက်သေတွေရှာပြီး အမှန်တရားနောက်လိုက်မလဲ။အမှုဆိုတာ ကိုယ့်ကိုလာမပတ်သရွေ့ ခေါင်းအေးအေးထားရှင်းလို့ရပေမယ့် ရွံစရာအကောင်းဆုံးအမှုကိုမှ ပတ်သက်တဲ့လင်ယောကျ်ားနဲ့ မိသားစုပျော်ရွှင်မှု၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးကို တပြိုင်တည်းပုခုံးထမ်းပြီး ရင်ဆိုင်ရမယ့် အမျိုးသမီးတယောက် ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကိုတော့.... (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Zwe~YH တို့ပဲဖြစ်ပါတယ်)Quality : 1080p DSNP WEB DL / 720p DSNP WEB DL Total Episodes : 8EpsFormat : mp4Genres :Drama, Crime, MysteryDuration ...
7
TMDb: 7/10 1 votes
tv

The Trial (2023)

2023
Shaitan (2023) 7
Shaitan (2023) Shaitan (2023) IMDb-7.6/10 အမှန်အမှားဆိုတာ ကျပ်ပြားစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နံရံပါးပါးလေးပဲခြားတာ။"အများညီရင် ဤကို ကျွဲဖတ်"ဆိုတဲ့ စကားအတိုင်းပဲ ခေတ်အဆက်ဆက် အမှန်အမှားဆိုတာလည်း လုပ်ရပ်ပေါ်မကြည့်ဘဲ အများအမြင်မှာပဲလမ်းဆုံးတတ်တာမလား။"အမျိူးသမီးတယောက် သူ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်သာဘဲ ယောက်ျားတွေနဲ့ အိပ်ရတဲ့အခါ အဲဒီအမျိုးသမီးကို ပြည့်တန်ဆာလို့သမုတ်ကြပြီး သူနဲ့အတူအိပ်တဲ့ယောက်ျားတွေကိုတော့ ဘာနာမည်မှမတပ်ကြဘူး" ဆိုတဲ့ ဘာလီ၊ မိခင်ရဲ့အလုပ်အပေါ် ရှက်ရွံ့စိတ်နဲ့ ဖအေလုပ်သူစွန့်ပစ်ခဲ့တဲ့ မိသားစုလေးယောက်ကို ပုခုံးထမ်းချင်ပေမယ့် သူ့ကိုဘယ်သူမှ အလုပ်မပေးချင်ကြ။ဒီလိုနဲ့ တရက်မှာ ကံဆိုးမသွားရွာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း သူတို့မိသားစုထဲကို ကံကြမ္မာဆိုးကြီး၀င်ခဲ့ပြီး လူ့အသိုင်းအဝိုင်းက သူ့ကိုလူသတ်သမားလို့သတ်မှတ်လိုက်ကြတဲ့အခါ။"သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားဆိုတာ နိုင်ငံရေးသမားနဲ့ရဲတွေမှာရှိတဲ့အရာမဟုတ်ဘူး"ဆိုတဲ့ ရဲအရာရှိနာဂီရတ်ဒီ၊ အထက်ကပေးအပ်လာတဲ့ တာ၀န်ကို မပျက်ကွက်အောင်ထမ်းဆောင်ပေမယ့် ကိုယ်ကျိုးမတွက်တဲ့ ရဲအရာရှိတစ်ယောက်။အဲဒီလို၂ယောက်တို့ ပေါင်းမိသွားတဲ့အချိန်မှာတော့ အမှန်တရားအတွက်သူတို့တွေ တိုက်ပွဲ၀င်ကြမလား။ ကလဲ့စားတစ်ခုအတွက်နဲ့ပဲ လမ်းဆုံးနေမလားဆိုတာ နိုင်ငံရေးလှည့်ကွက်တွေကို ဇာတ်အိမ်တည်ထားပြီး ကိုးပိုင်းပဲပါ၀င်တဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, Aditi, Moon, BpL, Yunni, Zweတို့ပဲဖြစ်ပါတယ်)File Size – 1.1GB / 500MBQuality – 1080p / ...
7
TMDb: 7/10 1 votes
tv

Shaitan (2023)

2023
Lies Hidden in My Garden (2023)
Lies Hidden in My Garden (2023) Lies Hidden In My Garden (2023) (အညွှန်း) ================================သူ့ခေတ်သူ့အခါနဲ့ ဗီလိန်ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး လင်းလက်တောက်ပနေဆဲဖြစ်တဲ့ ကြယ်ပွင့်နှစ်ပွင့်ကို အတူယှဉ်ပြီးမြင်ရမယ့် “Lies Hidden In My Garden” ကို ENAက လာမယ့် အင်္ဂါနေ့မှာထုတ်လွှင့်သသွားမှာပဲ ဖြစ်ပါတယ်။ 2020 ခုနှစ်ရဲ့ “Hi Bye, Mama” အပြီး “Kim Tae Hee” ရဲ့ ၃ နှစ်ကြာ hiatus အပြီး ပြန် comeback တဲ့ စီးရီးလည်းဖြစ်သလို “The Glory” နဲ့အောင်မြင်မှုတွေကို အပိုင်သိမ်းနိုင်ခဲ့တဲ့ “Lim Ji Yeon” ကို နောက်ထပ်ကွဲပြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရဦးမယ့်စီးရီးဆိုလည်း မမှားပါဘူး။မျိုးရိုးအားဖြင့်ချမ်းသာပြီး ခင်ပွန်းသည်က ဆရာဝန်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ “Joo Ran” .. အစစအရာရာပြီးပြည့်စုံပြီး ငြိမ်းချမ်းသာယာနေတဲ့ Joo Ran ရဲ့ဘဝဟာ သူတိုအိမ်ခြံဝန်းအနောက်ဘက်ကနေ ထူးဆန်းတဲ့အနံ့ကြီးကို သတိထားလိုက်မိတဲ့အချိန်ကစပြီး ဂယက်တွေစလာပါတော့တယ်။တစ်ဖက်မှာလည်း Joo ...

Lies Hidden in My Garden (2023)

2023
Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
The Night Manager (2023)
The Night Manager (2023) The Night Manager (2023) Crime IMDb 8.1/10ပထမဆုံး p1အနေနဲ့ လေးပိုင်းထွက်ရှိထားတဲ့ ဒီစီးရီးဟာဆိုရင်တော့ ဘောလိဝုဒ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို အတော်ရရှိခဲ့ပြီး ခုချိန်မှာ p2အနေနဲ့ လေးပိုင်းဆက်လက်ထွက်ရှိလာပါတယ်ဒီစီးရီးလေးမှာ ပျိုမေတို့အသည်းစွဲ မင်းသားချောလေး အာဒစ်သယားရွိုင်းကပူး..မအိုဆေးသောက်ထားတယ်လို့ ပြောစမှတ်တွင်လောက်အောင် နုပျိုနေတဲ့ မင်းသားကြီး အနီလ်ကပူး.. မင်းသမီးချောလေး ဆိုဘီသားဒူလီပါလားတို့က အဓိကနေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့စိတ်ဝင်စားစရာပါ။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမျိုးရေး ပဋိပက္ခနဲ့ လက်နက်မှောင်ခို လောဘသားတို့ရဲ့ဆက်နွယ်မှုတွေအကြောင်းပါ။ လူမျိုးရေးပဋိပက္ခကြောင့်ရှုပ်ထွေးနေချိန် ကြားထဲကနေ အမြတ်ထုတ်ချင်တဲ့ ဝိသမလောဘသားတစုဟာ လက်နက်မှောင်ခိုလုပ်ဖို့ကြံလာပါတယ်... အဲ့ဒီ လောဘသားတစုရဲ့လုပ်ရပ်ကြောင့်ပဲ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာပုံကို အသည်းတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့် ဘောလိဝုဒ်ဇာတ်လမ်းတွဲကောင်းတခုပဲဖြစ်ပါတယ်File Size –  1GB / 500MBQuality – 1080p WEB DL / 720pDuration – 47minsTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator –BpL~ Taylor~Yunni~Khin KhinEncoder – YK  720p Episode 1 - Yoteshin / Userdrive / Megaup ...

The Night Manager (2023)

2023
Deadwood Season 1+2 +3(2004)
Deadwood Season 1+2 +3(2004)    HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ...

Deadwood Season 1+2 +3(2004)