Channel Myanmar

Comedy

Obliterated (2023) 6.5
Obliterated (2023) Obliterated (2023) ============== IMDb Rating - 6.5/10Action, Comedy အမျိုးအစား ကြိုက်တဲ့သူတွေအတွက် တကယ့် ရွှေဖြစ်မယ့် ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။ Hangover လို ပေါက်တတ် ကရလုပ်တဲ့ ရုပ်ရှင်မျိုးနဲ့ Seal Team လိုမျိုး အထူးတပ်ဖွဲ့ကို ရောသမမွှေထားတဲ့ ဇာတ်လမ်းတွဲပါ။ တကယ်လည်း ရယ်ရသလို၊ အက်ရှင်ပိုင်းကလည်း အဆင်ပြေ ပြေနဲ့ ကြည့်လို့ကောင်းပါတယ်။(၁၈+ ပြကွက်တွေ၊ အဖော်အချွတ်တွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ဖောဖောသီသီပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင် အသိပေးလိုက်ချင်ပါတယ်။)ဇာတ်လမ်းအကျဥ်း ---------------- လပ်ဗေးဂတ်စ်မှာ အဏုမြူဗုံးတိုက်ခိုက်မယ်လို့ သတင်းရတဲ့အတွက် အေဗာဝန်း တားနဲ့ အထူးတပ်ဖွဲ့ဟာ စီးပွားရေးသမား အိုင်ဗန် ခေါ့စလော့ကို ဝင်ရောက်ဖမ်းဆီး ခဲ့သလို အဏုမြူဗုံးကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မစ်ရှင် အောင်မြင်ပြီဆိုပြီး အေဗာတို့ အဖွဲ့သားတွေလည်းပါတီကျင်းပပြီး မီးကုန်ယမ်းကုန် ကဲကြပါတော့တယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ သိမ်းဆည်းရခဲ့တဲ့အဏုမြူဗုံးဟာ အတုဖြစ်နေပြီး ခေါ့စလော့ကို မလွှတ်ပေးရင် လပ်ဗေးဂတ်စ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခေါ့စ လော့ရဲ့ လူတွေက ခြိမ်းခြောက်လာပါတယ်။ ဒါကို အေဗာတို့အဖွဲ့သားတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ...
6.5
TMDb: 6.5/10 3600 votes
tv

Obliterated (2023)

2023
Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
When the Camellia Blooms (2019) [Complete] 8.233
When the Camellia Blooms (2019) [Complete] When the Camellia Blooms (2019)********************************အပိုင်းသစ် (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ ပြန်လည်တင်ဆက်ပေးမဲ့ Seriesလေးကတော့ Kang Ha Neul နဲ့Gong Hyo Jin တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး၂၀၂၀ ခုနှစ် ရုပ်ရှင်ဆုပေး‌ပွဲတွေမှာ ဆု‌တွေအများကြီးသိမ်းပိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အုံးဆန်းဆိုတဲ့ လှပတဲ့ကျွန်းမြို့လေးကိုအခြေတည်ပြီးရဲသားလေးနဲ့ single motherတို့ရဲ့ ရိုးရှင်းပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။အုံးဆန်းမြို့က ယုံးရှစ်ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝတည်းကလူဆိုးဖမ်းဖို့ဆိုရင် အမြဲတဇွတ်ထိုးနိုင်တဲ့သူပါ။ကျောင်းပြီးလို့ ရဲသားဖြစ်သွားတော့လည်း ဆိုးလ်မြို့သူ ဒိုင်ယာနာမင်းသမီးလေးလိုလှပြီးထက်မြက်တဲ့ကောင်မလေးနဲ့တွဲမယ်ဆိုပြီး ဆိုးလ်မှာတာဝန်ကျရာက ရည်းစားမရခဲ့ဘဲအကြောင်းတစ်ခုကြောင့် ရာထူးချခံလိုက်ရပြီး ဇာတိမြိုကိုပဲ ပြန်ရောက်လာပါတယ်။ဆိုးလ်မြို့သူ ဒုံဘဲ့ဟာ အုံးဆန်းမှာ ကမ်မီလီယာဆိုတဲ့အရက်ဆိုင်ဖွင့်ထားပြီးsingle motherအဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ၆နှစ်လုံးလုံး ကြိုးစားရုန်းကန်ကာအုံးဆန်းရဲ့ ဒိုင်ယာနာဆိုပြီး လူသိများလာပါတယ်။ဒီလို ကြိုးစားရုန်းကန်နေရတဲ့ ဒုံဘဲ့ကို ယုံးရှစ်ဟာ မြင်မြင်ချင်း‌ချစ်မိသွားပြီးကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ရဲသားလေးနဲ့ single motherလေးတို့ အချစ်လမ်းမှာ ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ ...
8.233
TMDb: 8.233/10 44 votes
tv

When the Camellia Blooms (2019) [Complete]

2019
Strong Girl Nam-soon (2023) [Complete] 10
Strong Girl Nam-soon (2023) [Complete] Strong Girl Nam-soon (2023)******************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး တစ်ချိန်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ မင်မင်နဲ့စွမ်းအားရှင်လေး ဘုံဘုံ (ဘုံဆွန်း)တို့ရဲ့ အဆက် နမ်ဆွန်းလာပါပြီ။Kang Nam Soon (Lee Yoo Mi) က စူပါ ပါဝါရှိတဲ့ ကောင်မလေးပါ။ကလေးဘဝတုန်းက မွန်ဂိုလီးယားမှာ ပျောက်သွားခဲ့ပြီး အရွယ်ရောက်တော့မိဘတွေကိုရှာဖို့ တောင်ကိုရီးယား ဂန်နမ်ကို ရောက်လာခဲ့ပါတယ်။နောက်ဆုံးတော့ အမေဖြစ်သူ Hwang Geum Joo (Kim Jung Eun)အဘွားဖြစ်သူ Gil Joong Gan (Kim Hae Sook) တို့နဲ့ ပြန်တွေ့ဆုံနိုင်ခဲ့ပါတယ်။နမ်ဆွန်းရဲ့ အမေနဲ့အဘွားကလည်း နမ်ဆွန်းလို စူပါပါဝါရှိတဲ့သူတွေပါ။တစ်နေ့မှာတော့ နမ်ဆွန်းတို့ သားအမိ ၃ယောက် ဂန်နမ်မှာဖြစ်ပွားတဲ့။မူးယစ်ဆေးဝါးမှုမှာ ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတယ်။ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက် Kang Hee Sik (Ong Seong ...
10
TMDb: 10/10 1 votes
tv

Strong Girl Nam-soon (2023) [Complete]

2023
Masterpeace (2023)
Masterpeace (2023) Master Peace (TV Series)(2023) IMDb-6.4/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့ မိသားစုဟာသဇာတ်မြူးစီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်။ လင်မယားနှစ်ယောက်ပြဿနာကြားမှာ မိဘတွေပါလာရာကစ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသနှောရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်လမ်းကို ကြည့်ရှူသူတွေဆီ ပြောပြနေသူကတော့ ဧည့်ခန်းမှာချိတ်ထားတဲ့ ပန်းချီကားထဲက မိုနာလီဇာကြီးဖြစ်နေပါရောလား။ ဓားတစ်ချောင်းကနေ စတဲ့ဇာတ်လမ်း။လင်ဖြစ်သူကို ဓားနဲ့ရွယ်ရာကစလို့ ဘေးမှာလူသူလေးပါးလည်းမရှိပါဘဲနဲ့ ယောက္ခမဖြစ်သူသိသွားပါလေရော။သိသွားတော့ နှစ်ဖက်မိဘတွေတိုင်ပင်ကြပြီး သူတို့သားသမီးတွေနေထိုင်ရာ တိုက်ခန်းဆီကို လိုက်လာရာကစ လင်မယားနှစ်ယောက်ကို ပြေလည်ရာပြေလည်ကြောင်း ဆုံးမမယ့်အစီအစဉ်ကနေ ဘယ်လိုတွေ သဘောထားကွဲလွဲ အချင်းများကြမလဲဆိုတာ ပြုံးရင်းရယ်ရင်း ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p DSNP WEB DL / 720pTotal Episodes : 5EpsFormat : mp4Genres : Drama ~ ComedyDuration : 36minsSubtitle : Myanmar Subtitle ...

Masterpeace (2023)

2023
Don’t Touch My Gang (2023)
Don’t Touch My Gang (2023) Don’t touch my gang / ကျောင်းတော်ကြီးမှ အလွဲများ (2023)ကျေးလက်က လူငယ်လေးလေးယောက်၊ သူတို့ရည်မှန်းချက်က ဘန်ကောက်မှာ ကျောင်းသွားတက်ရင်း ဘဝအတွက် စွန့်စားမယ်ဆိုတော့ ရွာကျောင်းက သူငယ်ချင်းတွေက လှောင်ကြတယ်။ သူတို့ရည်မှန်းချက်အတွက် သက်သေပြဖို့ ပညာသင်ဆုထောက်ပံ့တဲ့ ဘန်ကောက်ကကျောင်းတွေကို လိုက်ရှာရင်း သူတို့သဘောကျတဲ့ ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ဖြစ်ချင်တော့ ကွန်ပျူတာကီးဘုတ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီး စာလုံးတစ်လုံးကကျွတ်ထွက်နေတော့ အဲဒီစာလုံးကို မရိုက်ဘဲလျှောက်လိုက်တာ ကျောင်းနာမည်ဆင်တူတဲ့ Vocational School တစ်ခုကို လျှောက်မိရက်သားဖြစ်သွားပါတယ်။ ပညာသင်ဆုရလို့ လေးယောက်သား ပျော်ရွှင်ပြီး ဘန်ကောက်ကို ထွက်လာတဲ့အချိန်ကျမှ သူတို့လျှောက်မိတဲ့ကျောင်းက လွဲနေတယ်ဆိုတာ သိလိုက်ရပြီး အဲဒီကျောင်းမှာ လူမိုက်တွေကြီးစိုးတဲ့အပြင် တစ်နှစ်မှာ ၃၆၅ ရက်လောက် ရန်ပွဲတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဘယ်လိုအလွဲတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူကြည့်ကြမယ်နော်။အညွှန်းကိုတော့ Moh Moh က ‌ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh, Kaung, Kong, Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, School Quality…. ...

Don’t Touch My Gang (2023)

2023
The Wedding Contract (2023)
The Wedding Contract (2023) ဘွာတေးမခံတဲ့ စွာလေးလန်ချစ်သူမလေး(2023)မိဘတွေ စက်ရုံမှာမီးလောင်ပြီး မဆုံးခင်အထိ ဖင်မ် အရာရာတိုင်းပြည့်စုံခဲ့ပါတယ် သို့ပေမဲ့ ကံကြမ္မာဆိုးကြီးကြောင့် ဖင်မ် မိဘမဲ့ခဲ့ရပါတယ်ဒါတင်မကဘဲ အကြွေးတွေပါ တင်ခဲ့ပါတယ် ဖင်မ် သူ့အဘိုး သူ့အစ်ကိုနဲ့ နယ်က အိမ်ကို ပြောင်းပြီး ခြံအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆာရန်က ဖင်မ်တို့ ခြံရဲ့ဘေးချင်းကပ် ခြံပါ ဖင်မ်ရဲ့အဘိုးကို ကူညီပေးခဲ့တဲ့သူဆိုလည်း မမှားပါဘူး ဖင်မ်နဲ့တော့ သိပ်ပြီးမတည့်ပါဘူး ကြောင်နဲ့ကြွက်လိုပေါ့တစ်နေ့ ဖင်မ်ရဲ့အစ်ကို ဖြစ်သူ ရဝီးက သူ့အဘိုးခြံကို ထင်မိုင်ဆိုတဲ့ သူဌေးဆီ အကြွေးဆပ်ဖို့ ရောင်းလိုက်ပါတယ် ဒါတင်မကဘဲ သူ့အကြွေးအတွက် သူ့ညီမကိုပါ ပေးမယ်လို့ အပေးမယူလုပ်ခဲ့ပါတယ် ဆာရန် သိသွားတော့ တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ပေးပြီး ဖင်မ်နဲ့လက်ထပ်မှတ်ပုံတင်လိုက်ပါတော့မယ် လက်ထပ်မှတ်ပုံတင်လိုက်တဲ့အကြောင်းရင်းကတော့ ဖင်မ်ကို ထင်မိုင်သူဌေးဆီက လွှတ်မြောက်အောင် ကူညီချင်လို့ပါပဲ ဆိုတော့ ဖင်မ်နဲ့ဆာရန်တို့ လက်ထပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသံယောဇဉ်ဖြစ်သွားကြမှာလဲ မတည့်ကြတဲ့လူနှစ်ယောက်က အတူတူနေနိုင်ပါ့မလားဆိုတော့ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake Love ဖြစ်ပါတယ်)Translated by Nang Mwe Kham & ...

The Wedding Contract (2023)

2023
A Series of Unfortunate Events (2017) 7.343
A Series of Unfortunate Events (2017)   ဉာဏ်ကြီးရှင်လေး ၃ယောက်ဆီကမှ အမွေလုဖို့ကြိုးစားမိတဲ့ လူဆိုးကြီး (သို့) A Series of Unfortunate Eventsဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.8 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းလေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေရတဲ့အကြောင်းလေး ရိုက်ပြထားတာပါ ဇာတ်လမ်းရဲ့ အစမှာတင်ပဲ "ပျော်စရာဇာတ်သိမ်းပိုင်းတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မကြည့်ပါနဲ့လို့" ပေါ်ပေါ်ထင်ထင် သတိပေးထားတဲ့ ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအစမှာပဲ ဘော်ဒယ်လရီတို့ မိသားစုရဲ့ စံအိမ်ကြီးက မီးလောင်သွားပြီး မီးထဲမှာ မိဘနှစ်ပါး ပါသွားတာကြောင့် ကျန်ခဲ့တဲ့ မောင်နှမ၃ယောက် ကို မွေးစားဖို့ အနီးစပ်ဆုံးဆွေမျိုးဆီ ပို့ပေးလိုက်ရပါတယ်။ ဗိုင်အိုလတ်၊ ကလော့စ် နဲ့ ဆန်နီတို့ဆိုတဲ့ မောင်နှမ၃ယောက်ကတော့ ရုတ်တရက်ကြီးကို သူဌေးသားသမီးတွေ ဘဝကနေ မိဘမဲ့ဘဝ တန်းရောက်သွားတော့တာပါပဲ။ ဒါပေမဲ့ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ ဆိုသလို သူတို့ကို မွေးစားမဲ့ ကောင့်တ်အိုလော့ဖ် ဆိုတဲ့သူကလည်း ဗိုင်အိုလတ်လေး ...
7.343
TMDb: 7.343/10 748 votes
tv

A Series of Unfortunate Events (2017)

19932017
The Golden Bull Agent (2023) 8
The Golden Bull Agent (2023) ရွှေကျွဲရိုင်းရဲ့လျှို့ဝှက်မစ်ရှင် (၂၀၂၃)ဒီဇာတ်ကားကတော့ လူဆိုးသူဌေးဆင်ကို နှိမ်နင်းကြမယ့် ကျားလေးကောင် စစ်ဆင်ရေးပါ ကျတ် ခထာ ဆန်နဲ့မိုင့်အိတ်ဆိုတဲ့ ကျားလေးကောင် ဂိုဏ်းကို ဆေယတ်က သူကြီးအာ့အကူအညီနဲ့ လျှို့ဝှက်ဖွဲ့စည်းထားပါတယ် သူတို့လေးယောက်က ထွေ့ကရထင်ထောင်းရွာမှာ ဒုစရိုက်မှုကျူးလွန်နေတဲ့ သူဌေးဆင်ကို အမြစ်ဖြတ်ဖို့ မစ်ရှင်တစ်ခုလုပ်ရမှာပါ မစ်ရှင်ကာလအတွင်းမှာ ခထာဟာ သူဌေးဆင်ရဲ့သမီးဒွတ်ဒေါင်ကို သဘောကျမိခဲ့တယ် သူလျှိုလုပ်နေတဲ့ကျတ်က သူကြီးသမီး ရဲမေကတီးကိုမှ ချစ်မိတော့ သူဌေးဆင်ကို နှိမ်နင်းမဲ့ဒီမစ်ရှင်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုအက်ရှင်တွေနဲ့ ဟာသတွေကို ကြည့်ရှုခံစားရမလဲဆိုတာကတော့ ဒီဇာတ်လမ်းလေးမှာ ဟာသ အက်ရှင် ဒရမ်မာ အကုန်ရောယှက်ထားလို့ မပျင်းရဘဲကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Lei က ရေးထားပေးပြိးတော့ ဘာသာပြန်တွေကတော့ Nang Mwe Kham, Fake Lovန, Tawa, lei wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy , Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. ...
8
TMDb: 8/10 10 votes
tv

The Golden Bull Agent (2023)

2023
Mantra Takiang Kaeo (2023) 5
Mantra Takiang Kaeo (2023) "မှော်ဝင်ဖန်မီးခွက်ဖူးစာ" မြန်မာစာတန်းထိုးဝီးယူ အဖြစ် Kiatipoom Banluechairit ရေနီ့ အဖြစ် Gar Nuttacha Chayangkanont ဘေလေ့စ် အဖြစ် Trai Jakkapat ဆီလီနာ့ အဖြစ် Cher Cherlyn Wagstaffeဇာတ်လမ်းအကျဉ်းဖန်မီးခွက်က အရမ်းကို တန်ဖိုးရှိပြီး အစွမ်းထက်တဲ့ ပစ္စည်းလေးပါဖန်မီးခွက်ရဲ့ ပိုင်ရှင်ကတော့ စုန်းမထာဟီရာ့ ပါတစ်နေ့မှာတော့ သူ့ဖန်မီးခွက်ကြီး ရဲတိုက်ကနေရုတ်တရက်ပျောက်ဆုံးသွားပါတယ်စုန်းမအီဝေလင်က အပြစ်ပေး ထိန်းချုပ်ခံနေရတဲ့ စုန်းနက်မကြီးပေါ့အပြစ်ဒဏ်အောက်က လွတ်လပ်ချင်ပြီး စုန်းမထာဟီရာ့ အပေါ် အငြိုးထားနေတဲ့ စုန်းမကြီးလည်း ဟုတ်ပါတယ်ဖန်မီးအိမ်ကို လိုက်ရှာဖို့အတွက် လူ့ပြည်ကို သွားဖို့ စုန်းမထာဟီရာ့ မစ်ရှင်ချလိုက်ပါတော့တယ်လူ့ပြည်ကိုရောက်တော့ မိဘ ဘယ်သူ ဘယ်ဝှာမှန်းမသိတဲ့ သာမန်မဟုတ်တဲ့ ကလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်စုန်းမထာဟီရာ့ တစ်ယောက် သူ့ဖန်မီးအိမ်ပျောက်ဆုံးသွားတာနဲ့ဒီကလေး ပတ်သက်မှုရှိနေလိမ့်မယ်လို့ သံသယ၀င်ခဲ့ပါတယ်ဆိုတော့ စုန်းမထာဟီရာ့ ဒီကလေးကို ဘယ်လို ကိုင်တွယ်သွားမှာလဲစုန်းနက်မရဲ့ ရန်ကနေရော ဘယ်လို ကာကွယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake love ဖြစ်ပါတယ်)Translated ...
5
TMDb: 5/10 112 votes
tv

Mantra Takiang Kaeo (2023)

2023
Shoresy (2022) Season1+2 Complete 7.9
Shoresy (2022) Season1+2 Complete ကနေဒါနိုင်ငံလို့ပြောတာနဲ့ ကျွန်တော်တို့ပထမဆုံးပြေးမြင်တာကတော့ ဟော်ကီပါပဲ။ ဟုတ်ပါတယ်။ ဒီကနေဒါဇာတ်လမ်းတွဲကတော့ IMDB 8.5 နဲ့ Rotten Tomatoes 100% ရထားတဲ့ ဟော်ကီနဲ့ပတ်သက်တဲ့ Sitcom ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDB 8.6 ရထားတဲ့ နောက်ထပ်နာမည်ကြီး Sitcom ဇာတ်လမ်းတွဲဖြစ်တဲ့ Letterkenny ရဲ့ spinoff လည်းဖြစ်ပါတယ်။နာမည်ကြီးကနေဒါသရုပ်ဆောင် Jared Kesso ကိုယ်တိုင်ရေးပြီး Shoresy နေရာမှာ ကိုယ်တိုင်သရုပ်ဆောင်ထားလည်းဖြစ်ပါတယ်။ Shoresy ဟာကျေးလက်ဒေသကနေ ဟော်ကီအသင်းတစ်ခုမှာ ဝင်ကစားဖို့ ဆတ်ဒ်ဘူရီမြို့ကို ပြောင်းလာပါတယ်။သူဝင်ကစားတဲ့အသင်းက Bulldogs ဖြစ်ပြီး သူဝင်မကစားခင်မှာ ဆတ်ဒ်ဘူရီမြို့ရဲ့ ထိပ်တန်းဟော်ကီအသင်းတစ်ခုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူဝင်လာတဲ့အချိန်ကစပြီး ပွဲ 20 ဆက်တိုက်ရှုံးပြီး နည်းပြဖြစ်သူက ထွက်သွားရုံတင်မကဘဲ မန်နေဂျာဖြစ်သူကပါ အသင်းကိုဖျက်သိမ်းတော့မယ့်အထိ အခြေအနေဆိုးလာပါတယ်။ရှုံးရမှာကို သေလောက်အောင်မုန်းတဲ့ Shoresy ဟာ သူ့ရဲ့နည်းပြအတွေ့အကြုံနဲ့ စွန့်စားမှုများတဲ့ အစီအစဉ်တစ်ခုကို မန်နေဂျာကိုပြောပြပြီး အသင်းကိုမဖျက်သိမ်းဖို့နဲ့ ပြိုင်ပွဲကိုနိုင်အောင်လုပ်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ လေးသင်းလိဂ်မှာ အဆင့်လေးဖြစ်နေတဲ့ Bulldogs က ဆတ်ဒ်ဘူရီမြို့ရဲ့ ...
7.9
TMDb: 7.9/10 29 votes
tv

Shoresy (2022) Season1+2 Complete

2022
[18+] Gen V (2023) Complete 8.5
[18+] Gen V (2023) Complete Gen V (2023) S01 Complete  (The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ)  ~ IMDb - 7.9 /10, Rotten Tomatoes - 97% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ...
8.5
TMDb: 8.5/10 7 votes
tv

[18+] Gen V (2023) Complete

2023
Adult Trainee (2021) [Complete] 7.6
Adult Trainee (2021) [Complete] Adult Trainee (2021) ******************** အပိုင်း (၁ မှ ၇) စ / ဆုံး Twinkling Watermelon ထဲက ဟာအွန်းဂယောနဲ့(G)I-DLE ထဲက Miyeonတို့ ပါဝင်ထားတဲ့ web drama လေးပါ။တစ်ကိုယ်ရည်အာသာဖြေမှုကို စွဲလမ်းနေတဲ့ Jae Minရှေးရိုးစွဲ မိန်းကလေးဖြစ်တာကြောင့် ချစ်သူရဲ့ စွန့်ပစ်ခြင်းခံလိုက်ရပြီးတကယ်အချစ်စစ်နဲ့ တွေ့လာတဲ့အခါ ရှေးရိုးစွဲဝါဒီကို ပြုပြင်ဖို့ ကြိုးစားတဲ့ Yu Raရည်းစားတစ်ခါမှ မထားဖူးတဲ့ အဝလွန်နေတဲ့ ကောင်မလေး Na Eunဆယ်ကျော်သက်လေးတွေရဲ့ နေ့စဉ် ကျောင်းသားဘဝ၊ အချစ်ရေး၊ ကြုံတွေ့လာရမယ့် စိတ်ပူပန်မှု‌တွေနဲ့ဟော်မုန်းဓာတ်ကြောင့် ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ စူးစမ်းချင်လာတတ်ကြတဲ့အထန်ကောင်လေးတွေအကြောင်းကို part 3 ပိုင်းခွဲပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ဟာသနှော ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းကိုတော့ AHtet မှ ရေးသားပေးထားပါတယ်။) Episodes: 7 Aired: Nov 12, 2021 - Nov 26, ...
7.6
TMDb: 7.6/10 18 votes
tv

Adult Trainee (2021) [Complete]

2021
Still Up (2023) 7.2
Still Up (2023)  ဒီလမှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple TV+ ရဲ့ IMDB 6.2/10, Rt 78 % ရရှိထားတဲ့ Comedy series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Craig Roberts (Submarine) နဲ့ မင်းသမီး Antonia Thomas (The Good Doctor ထဲက Dr. Claire Browne)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါပြီး စုစုပေါင်း အပိုင်း ၈ ပိုင်း ထွက်ရှိမှာဖြစ်ပါတယ်။အိမ်ထဲက အိမ်ပြင်လည်းမထွက်၊ ညညဆို အိပ်မပျော်တတ်၊ သန်းခေါင်မှ သရဲဝင်ပူးသလိုလို ဖုတ်ပဲဝင်သလိုလိုနဲ့ အိုးတွေခွက်တွေလှန်ပြီး အစားတွေထစား၊ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ messenger ထဲဝင်ပြီး "ဟေး"တို့ "ဟိုင်း" တို့ကနေ မတက်တဲ့ အခြေအနေမျိုးနဲ့သူတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ဒီကားထဲက ဒန်နီ့ကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ကိုယ်ချင်းစာတတ်မှာပါ။ဒန်နီက အပြင်ထွက်ရမှာကြောက်တဲ့ ...
7.2
TMDb: 7.2/10 12 votes
tv

Still Up (2023)

2023
Campus Beats (2023) 2
Campus Beats (2023) Campus Beats 2023 (သို့) စည်းချက်ကြားကရင်ခုန်သံIMDb-8.6/10နာမည်အတိုင်း စည်းချက်တွေကကွက်တွေကို တစ်ဝကြီး ရှုစားရမဲ့စီးရီးဗျာMAD ဆိုတဲ့ လူကုံထံအသိုင်းအဝိုင်းတွေတက်တဲ့ ကျောင်းတစ်ခုရှိတယ် အဲဒီကျောင်းကိုပဲထောက်ပံ့ကြေးနဲ့လာတက်တဲ့သူတွေလည်းရှိတယ်ရွှေဇွန်းကိုက်သူဌေးသားသမီးတွေက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့သူတွေကို ဝိုင်းနှိမ်ကြဘလိန်းကြပေါ့ သူတို့ဘလိန်းကြပုံက ထုကြရိုက်ကြမဟုတ် အကတွေပြိုင် တဲလန့်တွေယှဉ်ကြတာ အဲဒီမှာ နီတရာဆိုတဲ့ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ကောင်မလေးကို ရီဟာနာတို့အဖွဲ့ကပြဿနာရှာကြရာကစပြီး ရီဟာနာဘက် နီတရာဘက်ဆိုပြီး ကွဲကြပြိုင်ကြဖြစ်ရော ၊ နီတရာရဲ့ ထူးခြားတဲ့ပုံလေးကိုကြွေသွားတာ ပျိုတိုင်းကြိုက်လူချောလေး အီရှန်နီတရာဆိုတာက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ သာမန်ဆင်းရဲသူလေးမဟုတ် MAD ကျောင်းအတွင်းဖြစ်သွားတဲ့ အမှုတစ်ခုကိုစုံစမ်းဖို့ရုပ်ဖျက်ပြီး ဝင်လာတဲ့သူ....သူစုံစမ်းနေတဲ့အမှုက ဘာများလဲ သူနဲ့အီရှန်တို့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်လာမလဲ အချောလေးတစ်သိုက် အကအခုန်လေးတွေနဲ့အတူ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Alex ~ ToMo ~ BpL ~ Zwe ~ Yunni ~ Dee တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
2
TMDb: 2/10 1 votes
tv

Campus Beats (2023)

2023
Goosebumps (2023) 6.3
Goosebumps (2023) Goosebumps (2023) =============== IMDb Rating - 6.3/10 Adventure, Comedy, Fantasyဟောလိုးဝင်းကာလ နီးလာပြီဆိုတော့ Disney နဲ့ Hulu တို့ရဲ့ ဇာတ်လမ်း တွဲ ဇာတ်လမ်းကောင်းတစ်ခုကလည်း ထွက်ရှိလို့လာပါပြီ။ Stranger Things, Lock & Keys တို့ကို ကြိုက်တဲ့ Horror fan တွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းဖြစ်ပြီး Rating ကောင်းတွေ လည်းရရှိထားပါတယ်။ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက် နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင် ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို လှုပ်နှိုးသလိုဖြစ်သွားပါတယ်။အိုင်ဇယ်ယာတို့ ...
6.3
TMDb: 6.3/10 1515 votes
tv

Goosebumps (2023)

2023
Friends (2003) – Season 10 (Complete) 8.5
Friends (2003) – Season 10 (Complete) F.R.I.E.N.D.S (Season 10) ~ IMDb rating - 8.5/10 ~ချန်ဒလာ၊ မော်နီကာ၊ ရေချယ်လ်၊ ဖီဘီ၊ ဂျိုဝီ၊ ရော့စ် တို့နဲ့ နှုတ်ဆက်ရတော့မယ့် နောက်ဆုံးစီဆင်ရောက်လာပါပြီ။ ဒီခရီးဟာ နောက်ဆုံးတော့ ဆုံးခန်းတိုင်တော့မယ်ဆိုတာ လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။ ဒါပေမဲ့ ပြီးသွားလည်း ကိစ္စမရှိပါဘူး။ အစကနေ အဆုံးထိ ပြန်မာရသွန်ဖို့ ထိုက်တန်တဲ့ စီးရီးတစ်ခုပဲ မဟုတ်လား။ နောက်ဆုံးစီဆင်ဟာ ကျန်တဲ့ စီဆင်‌ထက် အပိုင်းနည်းပေမဲ့ တခြားစီဆင်တွေထက်ကို ရသမျိုးစုံ ပေးနိုင်ပါလိမ့်မယ်။ ခွီရရင်လည်း ပိုခွီရ၊ လွမ်းမောစရာတွေလည်း ပိုကြုံရ၊ မျက်ရည်ဝဲစရာတွေကလည်း ထိန်းမရနိုင်အောင် ဖြစ်ပါလိမ့်မယ်။ FRIENDS ဟာ ထူးထူးခြားခြားအနေနဲ့ Sitcom Series ထဲမှာ အကောင်းဆုံး Ending တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Sitcom တစ်ခုပါ။ ကျန်တဲ့စီးရီးတွေကတော့ အစပိုင်း ကောင်းပေမဲ့ အလယ်မှာ အီသွားတာမျိုး၊ အဆုံးကျ တက်သုတ်ရိုက် ...
8.5
TMDb: 8.5/10 5693 votes
tv

Friends (2003) – Season 10 (Complete)

1994
Friends (2002) – Season 09 (Complete) 8.5
Friends (2002) – Season 09 (Complete) F.R.I.E.N.D.S (Season 9)~ IMDb rating - 8.2/10 ~အရင်စီဆင်တွေမှာ Ross ဟာ သူ့သား Ben ကို Carol ဆီပဲ ပို့ထားခဲ့ရတဲ့အတွက် Ben အခန်းတွေဟာ နည်းတယ်လို့ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အခုစီဆင်မတော့ Emma လေးကို မွေးတဲ့သူဟာ Rachel လည်း ဖြစ်နေပြန်၊ တိုက်ခန်းမှာလည်း အတူနေကြပြန် ဆိုတော့ ကလေးမမွေးဖူးလို့ ကလေးမထိန်းတတ်တဲ့ ရေချယ်လ်နဲ့ အတွေ့အကြုံ ရှယ်ရှိပြီးသား ရော့စ်တို့ အဖြစ်ဟာ ရယ်လည်း ရယ်ရ၊ ကြည်နူးလည်း ကြည်နူးရပါိလိမ့်မယ်။ အမ်မာလေးကလည်း တအား ချစ်စရာကောင်းပါသေးတယ်။ အမ်မာလေးမွေးလာတော့ အန်တီ မော်နီကာလည်း ‌ကလေးပိုးထလာလို့ ချန်ဒလာခမျာ ကလေးတစ်ယောက် ဖန်တီးပေးရတာပေါ့။ ဒါမဲ့ ထုံးစံအတိုင်းပါပဲ။ ထင်ထားတဲ့အတိုင်း ဖြစ်ဖို့က ဘယ်လွယ်မလဲ။ စီဆင်ကိုးခုလုံးမှာ ဖီဘီ့ခမျာ ဘဲတွေ တစ်လှေကြီးနဲ့ဆိုတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ သူတကယ် ချစ်ခဲ့တာဆိုလို့ ...
8.5
TMDb: 8.5/10 5642 votes
tv

Friends (2002) – Season 09 (Complete)

1994
Friends (2001) – Season 08 (Complete) 8.5
Friends (2001) – Season 08 (Complete) F.R.I.E.N.D.S (Season 8) Complete~ IMDb Rating - 8.4/10 ~အရင်စီဆင်ကလည်း ထုံးစံအတိုင်းပဲ ကြည်နူးစရာအပြည့်နဲ့ ပြီးသွားပါတယ်။ ဒါပေမဲ့ တစ်ခုတော့ အားမလိုအားမရဖြစ်စေမဲ့ ဇာတ်တန်းလန်းကြီးနဲ့ သိမ်းသွားတာပေါ့။ ကိုယ်ဝန်ရှိနေတာ ဘယ်သူလို့ထင်ပါသလဲ။ တကယ်တမ်း သေချာတွေးကြည့်ရင် ဘယ်သူမှန်း အတော်လေးကို ရှင်းနေတာပဲမလား။ ဟုတ်ပါတယ် မိတ်ဆွေတို့ ထင်ထားတဲ့ တစ်ယောက်ပါပဲ။ ဒီစီဆင်ဟာ မော်နီကာရဲ့ ချန်ဒလာတို့ Mon-dler အတွဲရဲ့ အိမ်ထောင်ရေးခရီးကြမ်း ပေါက်တတ်ကရ ဇာတ်လမ်းတွေ အစပျိုးရာစီဆင်ဖြစ်သလို Joey ရဲ့ Character Development ကောင်းကောင်းကို တွေ့ရတော့မယ့် စီဆင်ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေအပေါ် ချစ်တဲ့၊ အနစ်နာခံလိုတဲ့ စိတ် အပြည့်နဲ့ပေါ့။ Joey ရဲ့ ဇာတ်ဟာ ဒီစီဆင်ကစပြီး ကြည့်တဲ့သူတွေပေါ် မူတည်ပြီး အတွေးစ နှစ်မျိုး ဝင်စေပါတယ်။ ဒီလို ဖြစ်စရာမလိုဘူး နဲ့ ဒီလိုက ...
8.5
TMDb: 8.5/10 5592 votes
tv

Friends (2001) – Season 08 (Complete)

1994
Friends (2000) – Season 07 (Complete) 8.5
Friends (2000) – Season 07 (Complete) F.R.I.E.N.D.S (Season 7) Complete~ IMDb rating - 8.3/10 ~Season 6 ဟာ အတော်လေးကို ကြည်နူးစရာကောင်းလောက်တဲ့ ဇာတ်သိမ်းလှလှလေးနဲ့ သိမ်းသွားတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီစီဆင်မှာလည်း ကြည်နူးကြရပါဦးမယ်။ ချန်ဒလာနဲ့ မော်နီကာရဲ့ Mon-dler အတွဲဟာ Sitcom Series တွေရဲ့ အကောင်းဆုံးအတွဲတွေထဲက တစ်တွဲစာရင်းထဲ ပါသင့်မပါသင့် ကျွန်တော် မပြောတတ်လှပေမဲ့ ကျွန်တော့်အတွက်တော့ ဒီအတွဲဟာ တကယ့်စံပြပါပဲ။ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း တစိုးတစမကျန် အကုန်နီးပါးသိတယ်။ တစ်ချိန်လုံး ချစ်ကြောင်းကြိုက်ကြောင်း ရိုမနေသလို တစ်ယောက်နဲ့တစ်‌ယောက် ဘာဟိတ်ဟန်မှမရှိ ပြောင်ပြောင်နောက်နောက် ရွဲ့လိုက်စောင်းလိုက်နဲ့ပါပဲ။ ဒီလို ပေါက်တတ်ကရ‌တွေ တစ်ချိန်လုံးဖြစ်နေတာတောင်မှ တစ်ချက်တစ်ချက် ရိုပြီး ထွက်လာတဲ့ ချန်ဒလာရဲ့ တော်ကီတွေဟာလည်း တကယ့်အနှစ်တွေပဲမဟုတ်လားဗျာ။ တကယ်တမ်း ဒီစီဆင်က အရင်စီဆင်တွေထက် Iconic Legendary Scenes ...
8.5
TMDb: 8.5/10 5507 votes
tv

Friends (2000) – Season 07 (Complete)

1994