Channel Myanmar

Comedy

Badi Heroine Banti Hai (2024) Season 2 6.5
Badi Heroine Banti Hai (2024) Season 2 Badi Heroine Banti S 02 (2024)Imdb (7.5/10)ဥပါယ်တံမျှဉ်များအားလုံးပဲ S1 မှာ သဘောကျခဲ့ကြတဲ့ အိန္ဒိယဗားရှင်းသူချစ်ခင်လေးရဲ့ S2 ဆက်ထွက်လာပါပြီ... ကာဂျဲလ်တစ်ယောက် သူဌေးကြီးရဲ့သေတမ်းစာအရ ကုမ္ပဏီရောအိမ်ပါအပိုင်ရပြီး ကိုကိုအာဗိတ်ကို ရာထူးဖြုတ်လိုက် သူ့အကြိုက်တွေကို တစ်ခုမကျန် ထင်ရာမြင်ရာလိုလုပ်ချင်တာလုပ်ပြီး ကလူကျီစယ် အချစ်စမ်းနေတာကနေ ပြန်စတင်ထားပါတယ်...S1 အစမှာ အူတူတူအတတ ကာဂျဲလ်လေးဟာ အခုဆိုရင် အမြင်ကတ်ဖို့ကောင်းလောက်အောင် တစ်အိမ်လုံး( အထူးသဖြင့်) ကိုကိုအာဗိတ်ကို ဗိုလ်ကျအနိုင်ကျင့်နေတဲ့ ဖေဖေ့မယားငယ်လေးဖြစ်နေပါပြီ... ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဘောလီးဝုဒ်ပရိသတ်ကြီးပဲ ဆက်လောင်ပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်က CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size – 250MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 26mins (@Episode)Total Episodes: 10Eps (@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ...
6.5
TMDb: 6.5/10 2 votes
tv

Badi Heroine Banti Hai (2024) Season 2

2024
Flex X Cop (2024) [Complete]
Flex X Cop (2024) [Complete] Flex X Cop (2024)******************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ~လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး ...

Flex X Cop (2024) [Complete]

2024
Unpredictable Family(2023)
Unpredictable Family(2023) Unpredictable Family(2023)*************************အပိုင်း( ၁ မှ  ၁၃၁ အထိ ) စ / ဆုံးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ရန်သူတွေအဖြစ် လမ်းခွဲခဲ့ကြတဲ့ လင်မယားနှစ်ယောက်ဟာ ဟိုဘက် ဒီဘက် သားသမီးနှစ်ယောက်ရဲ့ချစ်ခြင်းကြောင့် ခမည်းခမက်ဆက်ဆံရေးအဖြစ် ပြန်ပြီးတွေ့ဆုံကြရတဲ့အခါ....ပဋိပက္ခဟောင်းတွေနဲ့ ရန်လိုမုန်းတီးစိတ်တွေကို ဆေးကြောပြီး စစ်မှန်တဲ့မိသားစုလေးအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားလာမလားဆိုတာကို အူတက်အောင်ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသမိသားစုဒရာမာလေးဖြစ်ပါတယ်ဒီဒရာမာလေးကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အပြင် အပိုင်း ၁၂၀ တောင်ပါဝင်မှာမို့ ပေါ့ပေါ့ပါးပါး မိသားစုဒရာမာလေးကိုမှ တစ်ဝကြီးကြည့်ချင်တဲ့သူတွေအတွက် Channel Myanmar က အသင့်ရှိနေပါပြီနေပါပြီ..အညွှန်းကိုတော့ Hsu Pyae မှရေးသားပေးထားပါတယ်..Episodes: 131 Aired: Sep 18, 2023 - ? Aired On: : Monday To Friday Original Network: SBS Duration: 35min. Genres: Comedy, Romance, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Miri, Hnin Wai ...

Unpredictable Family(2023)

2023
Extraordinary (2023) Season 02 7.3
Extraordinary (2023) Season 02 ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း စူပါတွေပဲ။ ကယ်ရီရဲ့ပါဝါက ဝိညာဉ်တွေကို သူ့ကိုယ်ထဲကို ဆင့်ခေါ်နိုင်တယ်။ သူ့ပါဝါကတော့ ဒီထဲတော်တော်အသုံးဝင်တယ်ပြောရမှာပဲ။ သူ့ပါဝါကြောင့် အလုပ်ကောင်းကောင်းရထားတယ်။ တခြားတော့မဟုတ်ဘူး။ မယားကြီးနဲ့ မယားငယ် ...
7.3
TMDb: 7.3/10 88 votes
tv

Extraordinary (2023) Season 02

2023
Save the Tigers Season 2 (2024) 6.7
Save the Tigers Season 2 (2024) Save the Tigers Seasons 2 (2024) (မယကတို့ ဘဝ)IMDb-8/10မယကတို့အကြောင်း အရယ်အမောတွေနဲ့ Save the Tigers Season 1 ကို သဘောကျခဲ့ကြတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်ထွက်လာပါတယ်မယက ဆိုတဲ့နေရာမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းမရှိ အသာလေးခိုစားပြီးကြောက်နေကြသူတွေမဟုတ်ဘဲ ချစ်လို့အလျော့ပေးအလိုလိုက်ရာက အကျင့်ပါပြီး ကြောက်တယ်အမည်တပ်ခံလိုက်ရတယ်တွေလည်းရှိကြတာပါပဲဂန်တာ ဗစ်ကရမ် ရာဟူးလ် တို့သုံးယောက်က မိန်းမတွေအိမ်ပေါ်ကနှင်ချလို့ အမူးသောက်ဖို့ထွက်လာရင်း ကိုယ့်ကိုယ်ကိုယ်‌သတ်သေဖို့လုပ်နေတဲ့ နာမည်ကြီးမင်းသမီးဟမ်ဆာလက်ခါနဲ့ တွေ့ကြတယ် ဟမ်ဆာလက်ခါရဲ့ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့ စိတ်သောကတွေကို သူတို့ကတစ်ထိုင်တည်းဖြေရှင်းပေးနိုင်ရာက သူတို့နဲ့အရမ်းခင်သွားကြပြီး အမူးသောက်ကဲကြတော့တာပဲ နောက်ရက်မနက်မှာတော့ မင်းသမီးဟမ်ဆာလက်ခါပျောက်မှု သံသယတရားခံသုံးယောက်ဆိုတဲ့သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ....။ ရဲကလည်းသူတို့သုံးယောက်ကိုအတင်းရိုက်စစ် သူတို့ကလည်းမူးပြီး ဘာမှမမှတ်မိ ။နေမြင့်မှ ဟမ်ဆာလက်ခါတစ်ယောက် ကျွဲခြံထဲမှာအိပ်ပျော်ရာကနိုးလာပြီး အကုန်ဖြေရှင်းနိုင်သွားတယ် အမှုကရှင်းသွားပေမဲ့ မရှင်းတာက ဂန်တာတို့သုံးယောက်ရဲ့ အိမ်ထောင်သည်ဘဝတွေပါပဲနိုင်ငံကျော်မင်းသမီးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုဆိုတဲ့ကောလဟလကြီးကြောင့် သူတို့မိန်းမတွေနဲ့ မိန်းမဘက်ကအမျိုးအသိုင်းအဝိုင်းကြားက မကြည်မလင်အချေအတင်တွေကြား သုံးယောက်သား ဘယ်လိုမျောပါးဖြေရှင်းကြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး1 တုန်းကလိုပါပဲ အောက်လုံးတွေ ကလိထိုးဟာသတွေမပါဘဲ မယားကြောက်လို့ အမည်တပ်ခံရသူတွေရဲ့ အဖြစ်ကိုလည်း ရှုထောင့်တစ်ခုကနေရယ်မော ခံစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
6.7
TMDb: 6.7/10 3 votes
tv

Save the Tigers Season 2 (2024)

2023
Doctor Slump (2024) [Complete]
Doctor Slump (2024) [Complete] Doctor Slump (2024)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာJeong-woo ...

Doctor Slump (2024) [Complete]

2024
Chicken Nugget (2024) [Complete] 10
Chicken Nugget (2024) [Complete] Chicken Nugget (2024)***********************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီဇာတ်ကားလေးက လက်ရှိ ထုတ်လွှင့်နေတဲ့ ဇာတ်ကားတွေနဲ့ မတူဘဲတမူထူးခြားပြီး ဆန်းပြားတဲ့ ဇာတ်လမ်းပုံစံလေးကြောင့် မထွက်ခင်ကတည်းကပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားပြီးသားမလို့ လက်လွှတ်မခံသင့်တဲ့ကားလေး ဖြစ်ပြီးတော့ တစ်ကားလုံး အူပြတ်အောင် ခွီနေရမှာ အသေအချာပါပဲ။သရုပ်ဆောင်တွေကတော့ Choi Sun-Man အဖြစ် မင်းသားကြီး Ryu Seung-Ryong၊Go Beak-Joong အဖြစ် Ahn Jae-Hong၊ Choi Min-A အဖြစ် ပရိတ်သတ်ကြီးတို့ရဲ့အသဲစွဲKim You-Jung က special appearanceအနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ဒါ့အပြင် cameo အဖြစ်နဲ့ Squid Gameထဲက Jung Ho-Yeonက ပါဝင်အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအညွှန်းChoi Sun-Manက အသေးစားစက်ပစ္စည်း ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။Go Baek-Joongကတော့ အဲဒီကုမ္ပဏီက အလုပ်သင်ဖြစ်ပြီးတော့Choi Sun-Manရဲ့သမီး Choi Min-Aအပေါ် ကြိတ်ကြွေနေသူပါ။တစ်နေ့မှာတော့ Choi Min-Aက ...
10
TMDb: 10/10 1 votes
tv

Chicken Nugget (2024) [Complete]

2024
X.X.X: Uncensored (2018) 4.4
X.X.X: Uncensored (2018) XXX: Uncensored (2018)အခုတစ်ခါမှာတော့ လူငယ်တွေအကြိုက်အချစ်ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်လမ်းတွဲလေးရဲ့ထူးခြားချက်ကတော့ anthology အမျိုးအစားဖြစ်နေတာပါပဲ။အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေတဲ့ ကောင်လေးတစ်ယောက်ကို မိန်းမလှလေးတစ်ယောက်က သူ့ကားပျက်နေလို့ လမ်းကြုံလိုက်ရာကနေစပြီး ဇာတ်လမ်းလေးတွေဖြစ်ခဲ့ပါတယ်။ ကောင်မလေးဟာလည်း လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီး ရင်ဖိုစရာကောင်းပါတယ်။ ဒီကောင်လေးကလည်း အချစ်ကံခေလွန်းနေသူမို့ အချစ်ငတ်နေတဲ့ အချစ်ရူးသမားလေးဟာ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။လမ်းခရီးတလျှောက်လုံးမှာလည်း သူတို့ကြားသိရသမျှ ဗဟုသုတတွေကိုမျှဝေသွားခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းလေးတွေကလည်း စိတ်ဝင်စားစရာလူငယ်အကြိုက်အချစ်ဇာတ်လမ်းလေးတွေမို့ သူမတူသောရသပေါင်းများစွာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်နော်။နောက်ဆုံးတော့ ဒီကောင်လေး သူလိုချင်တဲ့အချစ်ကို ရပါ့မလား...။ဘာတွေဆက်လက်ပြီး ကြုံရဦးမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်နိုင်ပါပြီနော်။မိသားစုနဲ့ကြည့်ရန် မသင့်တော်သော အခန်းများပါဝင်သဖြင့် အသက်ပြ​ည့်မှကြည့်ဖို့ တို်က်တွန်းလိုက်ပါတယ်နော်။File Size – 300MB(Appx;) @EpisodeQuality – 1080p WEB DLDuration – 15mins(@Episode)Total Episodes: 5Eps (@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ~ MysteryEncoder – XCrossTranslator - Devil Episode ...
4.4
TMDb: 4.4/10 17 votes
tv

X.X.X: Uncensored (2018)

2018
Maamla Legal Hai (2024) 8.5
Maamla Legal Hai (2024) Maamla Legal Hai (ရှေ့နေများရဲ့ဘဝ) IMDb - 8.3/10ဒီတစ်ခေါက်မှာတော့ အိန္ဒိယရှေ့နေစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးမှာတော့ အိန္ဒိယရဲ့ ရှေ့နေလောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးများကို အခြေခံပြီးတော့ ဟာသလေးတွေရောပြီး တင်ဆက်ပြသပေးထားတာပဲဖြစ်ပါတယ်။ပတ်ပါဂျန်တရားရုံးမှာ ဖြစ်နေတဲ့ ဖြစ်ရပ်မှန်အကြောင်းလေးတွေကို အခြေခံပြီးတော့ ရှေ့နေတွေရဲ့ ရုန်းကန်လှုပ်ရှားနေရပုံတွေ အမှုလိုက်ပုံလိုက်နည်းတွေ တရားမှုမတရားမှုတွေကို တင်ဆက်ပြသထားပါတယ်။အဲဒီတရားရုံးကို ဟားဗက်ကနေ ရှေ့နေဘွဲ့ယူလာပြီး အတွေ့အကြုံရချင်လို့ အလုပ်လုပ်ဖို့ရောက်လာတဲ့ အန်နယာရှရော့ဖ်တစ်ယောက်ရော ဘယ်လိုတွေ တွေ့ကြုံရဦးမလဲ .......ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှုတွေကို မြင်တွေ့ရမလဲဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 38 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Yunni~BpL~V~Alex~ToMo Encoder – YK Episode 1 - Yoteshin | Userdrive | Megaup ...
8.5
TMDb: 8.5/10 4 votes
tv

Maamla Legal Hai (2024)

2024
Queen of Divorce (2024) [Complete]
Queen of Divorce (2024) [Complete] Queen of Divorce (2024)*****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်ကားလေးကတော့ Extraordinary Attorney Woo ကားထဲက ​ရှေ့​နေ​ဂျန်မြောင်​ဆော့နဲ့ Penthhouse ထဲက ရှင်းဆူယွန်းတို့အဓိက ပါဝင်သရုပ်​ဆောင်ထားတာတဲ့ အချစ်ဟာသ ဒရာမာလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းKim Sara (Lee Ji Ah)က ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ဥပ​ဒေ ကုမ္ပဏီတစ်ခုရဲ့​ချွေးမတစ်​​​​ယောက်ဖြစ်ပြီး သူမ​ယောက်ျားရဲ့ သစ္စာ​ဖောက်မှုခံရပြီး​နောက်မှာတော့ကွာရှင်းမှု​တွေကို​ဖြေရှင်းတဲ့သူအဖြစ် လုပ်ကိုင်​နေပါတယ်။မ​ကောင်းတဲ့ အိမ်​ထောင်ဖက်​တွေကို အပြစ်​ပေးပြီး တရားမျှတမှုမရှိကွာရှင်းခံရတဲ့ သူ​တွေကို အကူအညီ​ပေးနေတဲ့သူပေါ့။ဂျာမန်သိုးထိန်းခွေးလို့ ခေါ်ကြတဲ့ Dong Ki Joon( Kang Ki Young)ကတော့Sa Raရဲ့ Solution ကုမ္ပဏီက အကြံ​ပေး​ရှေ့​နေတစ်​ယောက်ပဲဖြစ်ပါတယ်။Sa Raနဲ့ Ki Joon တို့နှစ်​ယောက် ခက်ခဲတဲ့ ကွာရှင်းမှု​တွေကိုဘယ်လိုကိုင်တွယ်​ဖြေရှင်းကြမလဲ...။Sa Ra က​ရော သူ့ကိုသစ္စာ​ဖောက်ခဲ့တဲ့ သူ့ခင်ပွန်းဟောင်းကိုဘယ်လိုလက်စား​​ချေမလဲဆိုတာကို ဟာသဆန်ဆန် ​ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Phyu ...

Queen of Divorce (2024) [Complete]

2024
Mera Bhai (2024) 7
Mera Bhai (2024) Mera Bhai (2024) ညီအစ်ကိုကြားက သံယောဇဉ်ကြိုး IMDb - 8.5/10မတည့်အတူနေ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့ ရန်ပွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘစ်တူက ကောလိပ်နောက်ဆုံးနှစ် တက်နေပြီး အလုပ်ရှာဖို့ကြိုးစားနေတဲ့သူ။ ဆစ်တူက ဆယ်တန်းတက်နေပြီး စာမကြိုးစားဘဲ ပေါ့တီးပေါ့ဆနဲ့နေတဲ့သူ။ဒီညီအစ်ကိုနှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ညီအစ်ကိုသံယောဇဉ်ကို သဘာဝကျကျနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 21minute (@Episode)Total Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Comedy ~ DramaTranslator – CM Bollywood TeamEncoder – YK Episode 1 - ...
7
TMDb: 7/10 1 votes
tv

Mera Bhai (2024)

2024
Let’s Talk About CHU 7.8
Let’s Talk About CHU လူကြီးမိဘများနှင့် အတူမကြည့်သင့်သော အခန်းများပါ၀င်ပါသည်။  ဒီဇာတ်ကားလေးကတော့ 2024မှ Netflix ကနေပြထားတဲ့ လိင်အသိပညာပေးထိုင်ဝမ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့Wax နည်းပညာရှင်တစ်ဦးဖြစ်တဲ့ ချူအိုက်လို့‌ခေါ်တဲ့ ကောင်မလေးက" အတွင်းရေး အလင်းအစီအစဉ် " ဆိုတဲ့ခေါင်းစဉ်နဲ့ လိင်ပညာပေး အကြောင်းအရာvlog တွေတင်တဲ့ယူတျု့ချန်နယ်တစ်ခုထောင်ထားတဲ့သူပါ ။ သူမက ဘဝကို" only sex , no love " ဆိုတဲ့ဆောင်ပုဒ်နဲ့ပဲနေထိုင်ပြီးတော့ အချစ်ကိုအယုံအကြည်မရှိတဲ့သူပေါ့ ။ဒါ့အပြင်သူမက ဖျင်ခဲ့နဲ့လည်း ကာလရှည် အိပ်ဖော်အဖြစ်ဆက်ဆံရေးတစ်ခုရှိနေပါသေးတယ်။ဒါပေမဲ့ ချူမိသားစုထဲမှာပဲ sex နဲ့ love ကြား စိတ်ဆန္ဒတွေကို မခွဲခြားနိုင်မဖြည့်ဆည်းနိုင်တဲ့ ပြဿနာလေးတွေပေါ်လာချိန်မှာတော့... ချူအိုက်တစ်ယောက်ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းသွားမလဲ ? မိမိကိုယ်ကိုယ်ရောရှာတွေ့သွားမလား ?ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာထက်ပိုတဲ့ ဆက်ဆံရေးတစ်ခုကို စတင်နိုင်မလားဆိုတာကိုဆက်ပြီးကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်။===================================Quality : WEB-DL 1080p , 720p Total Episodes : 8 Format : mp4 Genres : ...
7.8
TMDb: 7.8/10 10 votes
tv

Let’s Talk About CHU

2024
Sungkyunkwan Scandal(2010) 6.485
Sungkyunkwan Scandal(2010) Sungkyunkwan Scandal(2010)****************************အပိုင်း (၁ မှ ၂၀)ထိ စ/ဆုံး ဒီတစ်ခါမှာတော့ K drama fanတွေ ရင်းနှီးပြီးသားcastတွေဖြစ်တဲ့ Park Min Young, Park Yoo Chun,Song Joong Ki, Yoo Ah Inတို့ ပါဝင်ထားတဲ့ တစ်ချိန်က အရမ်းနာမည်ကြီးခဲ့တဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းခေတ် ဆောင်းဂယွန်းဂွမ်ကျောင်းမှာ ပညာသင်ယူ‌ေနကြတဲ့ လူငယ်လေးယောက်ရဲ့အချစ်နဲ့ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ပြထားတာပါဂင်ယွန်းဟီး(Park Min Young)ဟာ သူမရဲ့အဖေဆုံးပါးသွားကတည်းကမိသားစုတာဝန်တွေကို ထမ်းထားရတဲ့အပြင် ပညာကိုပါ သေချာဆည်းပူးလေ့လာနေတဲ့ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ တစ်နေ့မှာတော့ ဂင်ယွန်းဟီးဟာ ယောက်ျားလေးလိုဝတ်ဆင်ပြီးသူ့မောင်လေးရဲ့ ကျောင်းသားကတ်ကိုယူကာ အမျိုးသားတွေပဲ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ အမှုထမ်းစာမေးပွဲကို သွားဖြေပါတော့တယ်အဲဒီနေ့မှာပဲ အီဆွန်းဂ‌ျွန်း(Park Yoo Chun)နဲ့ တွေ့ဆုံကာ သူငယ်ချင်းဖြစ်သွားပါတယ်အီဆွန်းဂျွန်းကတော့ အာဏာရှိအသိုင်းအဝိုင်းမှ ရုပ်ရည်ချောမောတဲ့သခင်လေးတစ်ယောက်ပါ သူတို့နှစ်ယောက်လုံး စာမေးပွဲအောင်ပြီး ဆောင်းဂယွန်းဂွမ်ကျောင်း တက်ခွင့်ရပြီးတစ်ခန်းတည်း အတူနေရပါတော့တယ်ဆောင်းဂယွန်းဂွမ်ကျောင်းမှာ‌ေတာ့ ဂူယုံးဟာ( Song Joong ...
6.485
TMDb: 6.485/10 33 votes
tv

Sungkyunkwan Scandal(2010)

2010
Start-up (2024)
Start-up (2024) နိဒါန်း (၂၀၂၄)(function(f,b,n,j,x,e){})();ဒီဇာတ်ကားလေးကတော့ Korea remake ကား ဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောစရာ မလို‌တော့ဘူးလို့ထင်ပါတယ်အဓိကကတော့ လူငယ်တွေအတွက် motivation ဖြစ်စေတဲ့ ဇာတ်ကားလေး ဖြစ်တဲ့အတွက် Motivation ပျောက်နေရင် ဒီကားလေးကို ကြည့်ဖို့ အကြံပြုချင်ပါတယ်(function(f,b,n,j,x,e){})();တိုးတက်နေတဲ့ AI နည်းပညာအကြောင်း‌တွေလည်း ပါဝင်တာကြောင့် ဗဟုသုတတွေလည်း အများကြီးရစေမှာပါ ဆိုတော့ knowledge ယူရင်း စိတ်ခွန်အားယူရင်း ဒီဇာတ်ကားလေးကို စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun နဲ့ Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Business, Comedy, Drama Quality…. 1080p | 720p File size…  900MB | 350MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, ...

Start-up (2024)

2024
Coffee Prince (2007) [Complete] 8.074
Coffee Prince (2007) [Complete] Coffee Prince (2007)**********************အပိုင်း (၁ မှ ၁၇) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတွေ တစ်ခနဲတောင်းဆိုထားကြတဲ့ကော်ဖီမင်းသားကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကလည်း ကေဒရာမာဖန်တိုင်း ရင်းနှီးကြတဲ့ Yoon Eun Hye, Gong Yoo,Lee Sun Kyun, Kim Dong Wook, Kim Jae Wook တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးဖြတ်သန်းနေတဲ့ ချွဲဟန်ဂယောကိုသူရဲ့အဘွားဖြစ်သူဟာ သူ့မြေး အလေလိုက်ပြီးနေတာကိုသည်းမခံနိုင်တော့တဲ့အဆုံးမှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ပေးပြီးအလုပ်လုပ်ခိုင်းပါတော့တယ်။ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကို နှစ်သက်တဲ့ချွဲဟန်ဂယောဟာအဘွားဖြစ်သူရဲ့စီစဉ်မှုကို နည်းလမ်းမျိုးစုံနဲ့ ခေါင်းရှောင်ရင်းယောက်ျားလေးလို ဝတ်စားသွားလာနေထိုင်တတ်တဲ့ဂိုအွန်ချန်းနဲ့ ရေစက်ဆုံခဲ့ပါတော့တယ်။မိန်းကလေးဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတဲ့အွန်ချန်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့်ယောက်ျားလေးဟန်ဆောင်ပြီး ဟန်ဂယောရဲ့အကူအညီကို ရယူခဲ့ပါတယ်။ချွဲဟန်ဂယောက အဘွားဖြစ်သူရဲ့စကားအတိုင်း ကော်ဖီဆိုင်ကို ဦးစီးဖြစ်မလား။ဂိုချန်းအွန်းက မိန်းကလေးဆိုတာကို ချွဲဟန်ဂယောတစ်ယောက် ဘယ်လိုသိသွားမလဲ ဆိုတာကိုဇာတ်လမ်းမှာ အဖြေဝင်ရှာကြည့်လိုက်ပါနော်။မှင်စာဦးလေးကြီးရဲ့ငယ်ရွယ်စဉ်တုန်းက အရိုလေးတစ်ဖြတ်ကို စောင်ကိုက်ရင်းခံစားကြည့်လိုက်ရအောင်...... (အညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ်) Aired: Jul 2, ...
8.074
TMDb: 8.074/10 217 votes
tv

Coffee Prince (2007) [Complete]

2007
Ted (2024) Season 1 7.8
Ted (2024) Season 1 (function(f,b,n,j,x,e){})();(function(f,b,n,j,x,e){})();ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ...
7.8
TMDb: 7.8/10 8 votes
tv

Ted (2024) Season 1

2024
One Day (2024) 7.755
One Day (2024) ကဲ ... ယောက်ျားအရင့်အမာကြီးတွေတောင် ဒူးနဲ့မျက်ရည်သုတ်နေရတယ်လို့ နာမည်ကြီးနေတဲ့ 14 ပိုင်းရှိ Netflix အချစ် အလွမ်းစီးရီးတစ်ခု လာပါပြီ။ ဒီစီးရီးဟာ 2011 ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ One Day movie ကို ပြန်လည် ဆွဲဆန့် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောရရင်တော့ ဒက်စ်တာဆိုတဲ့ သူဌေးသားလေးရယ် အမ်မာဆိုတဲ့ နယ်မြို့လေးက သာမန်လူတန်းစား ကောင်မလေးရယ်က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပေါ့။ မီးနဲ့ရေ အဖြူနဲ့အမည်းလို ကွာခြားလှတဲ့ ဒက်စ်နဲ့ အမ်တို့ဟာ ဆန့်ကျင်ဘက်တွေက အချင်းချင်း ဆွဲဆောင်ကြတယ်ဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်ကြိုက်နေကြပါတယ်။ဒါပေမဲ့လည်း လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ အချစ်ရေးလိုပဲ သူတို့ရဲ့ အချစ်ရေးဟာလည်း ဖရန့်ဇုန်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဝေးရောက်နေချိန် စာပေးစာယူရှိကြတယ်။ထွေးပွေ့မှုတွေ လိုအပ်နေချိန်မှာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတယ်။ ဒါပေမဲ့ အဆင့်က တက်မလာပါဘူး။ဒီလိုနဲ့ နှစ်တွေလတွေ ကြာသွားရင်း အသက်တွေကြီးသွားရင်း ...
7.755
TMDb: 7.755/10 48 votes
tv

One Day (2024)

2024
Marry My Husband(2024)
Marry My Husband(2024) Marry My Husband(2024)************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My Husbandနာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာတစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကိုအပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီးလွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကိုပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကိုဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်......အညွှန်းကိုတော့ Hsu Lei မှရေးသားပေးထားပါတယ်.. Aired: Jan 1, 2024 ...

Marry My Husband(2024)

2024
Hustlers (2023) 5
Hustlers (2023) Hustlers (2024) "လူပေါ်လူဇော်" IMDb - 8.3/10 Amazon miniTVကနေ ထုတ်လွှင့်ခဲ့တဲ့ အလန်းစား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းငါးပိုင်းပါဝင်ပြီး ကြည့်ရှုသူအပေါင်း မပျင်းရအောင် ဆွဲခေါ်သွားနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အခြေသတင်းကြီးတဲ့ အိန္ဒိယရဲ့ အိုင်စီအီးဆိုတဲ့ အင်ဂျင်နီယာကျောင်းကြီးကို အိန္ဒိယပရိသတ်အတော်များများ သိပြီးဖြစ်မှာပေါ့။တစ်နိုင်ငံလုံးက ထိပ်သီးကျောင်းသားကျောင်းသူတွေပဲ တက်ခွင့်ရတဲ့ အင်ဂျင်နီယာကောလိပ်။ ထုံးစံအတိုင်း ဖရက်ရှာကျောင်းသားလေးတွေကနေစတဲ့ ဇာတ်လမ်း။ မာနို့ဂျ်နဲ့ ဆန်ဂျေးဆိုတဲ့သူငယ်ချင်းနှစ်ယောက်။ ညီအစ်ကိုတွေလောက်ထိ သံယောဇဉ်ဖြစ်သွားကြသူတွေ။ ဆန်ဂျေးက ကိုတာဆိုတဲ့မြို့လေးကနေ ကျောင်းလာတက်တဲ့သူ။သင်ရိုးစာအုပ်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထက် လက်တွေ့ဘ၀မှာအသုံးချဖို့ကို သင်ကြားလိုသူ။အိန္ဒိယတစ်နိုင်ငံလုံးမှာ သူ့နာမည်ပြောလိုက်တာနဲ့ လူတိုင်းသိနိုင်တဲ့အထိ ကျော်ကြားမှုမျိုးကို ရည်မှန်းထားတဲ့သူ။တစ်နေ့ကို ၁၈နာရီစာကြည့်ဖို့တွန်းအားပေးတဲ့အဖေတစ်ယောက်ကြောင့် စိတ်ညစ်နေရသူ။ မာနို့ဂျ်မိဘတွေကကျ ပြောင်းပြန်။ 3Idiotsရုပ်ရှင် ကြည့်ထားပုံရ။ သားကို အခန်းလိုက်ပို့တဲ့ ပထမဆုံးနေ့မှာပဲ မျက်နှာကျက်ကပန်ကာ ဖြုတ်သွားလေရဲ့။ မှာသွားသေးတယ်၊ စာမေးပွဲမအောင်လည်း ရွာပြန်ခဲ့ ဘာမှမဖြစ်ဘူးတဲ့။မာနို့ဂျ်က သင်ရိုးစာအုပ်ကို အာဂုံဆောင်ထားတဲ့သူ။ စာမေးပွဲမှာ သင်ရိုးထဲကဟာပဲမေးမှာ ...
5
TMDb: 5/10 2 votes
tv

Hustlers (2023)

2024
Knight Flower(2024) 9
Knight Flower(2024) Knight Flower(2024)********************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်...ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံးအိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီးအိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာတစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.....Episodes: 12 Aired:Jan 12, ...
9
TMDb: 9/10 1 votes
tv

Knight Flower(2024)

2024