Channel Myanmar

Comedy

A League of Their Own (2022) Season 01 Complete 7.1
A League of Their Own (2022) Season 01 Complete A League of Their Own (2022) S01 Complete ~ IMDb - 7.5/10, Rotten Tomatoes - 94% ~ ဒီတစ်ခါစီးရီးလေးကတော့ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom H​anks ရဲ့ A League of Their Own ဆိုတဲ့ Sport/ Comedy ရုပ်ရှင်ဇာတ်ကားကြီးအတိုင်း ဒုတိယကမ္ဘာစစ်တွင်းက အမေရိကန်အမျိုးသမီးဘေ့စ်ဘောလိဂ် စတင်ခဲ့ရာကာလကို ကျောရိုးတည်ပြီး Reboot သဘောမျိုးပြန်လည်ဖန်တီးထားတဲ့ စီးရီးတစ်ခုပေါ့။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက အားကစားအသီးသီးမှာ နိုင်ငံတော်အဆင့် အမျိုးသမီးသီးသန့်လိဂ်ရယ်လို့ ခေတ်မစားသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း နာမည်ကြီးအားကစားဖြစ်တဲ့ ​ဘေ့စ်ဘောအတွက်အမျိုးသမီးလိဂ်ဆိုတာမရှိခဲ့ပဲ လိဂ်ရဲ့တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားလိဂ်မှာ စစ်ပွဲကာလတွင်းအကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအရရော ရပ်တည်မှုအရပါယိုင်နဲ့လာတဲ့အတွက် ပရိသတ်တွေအတွက်အသစ်အဆန်းဖြစ်အောင် နိုင်ငံအနှံ့ကဝါသနာရှင် အမျိုးသမီးတွေကို ဇကာတင်ရွေးချယ်ပြီးလိဂ်တစ်ခုဖြစ်အောင်စတင်အသက်သွင်းခဲ့ပါတော့တယ်။ ပြောစရာရှိတာကတော့ သာမန်အားကစားဇာတ်လမ်းတစ်ခုဆိုတာထက် အဲဒီခေတ်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားမှုတွေ၊ ...
7.1
TMDb: 7.1/10 56 votes
tv

A League of Their Own (2022) Season 01 Complete

2022
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
Marriage Not Dating(2014)[Complete] 7.7
Marriage Not Dating(2014)[Complete] Marriage, Not Dating(2014)*************************အပိုင်း(၁ မှ ၁၆ ) အထိ စ/ဆုံးဘဝအမောတွေပြေစေချင်ရင်တော့ ဒီစီးရီးလေးကြည့်ဖို့ ညွှန်းချင်ပါတယ်..ဟွန်းဒုံဆိုတဲ့လူငယ်ဟာ သူဌေးသားလည်းဖြစ်လုပ်ငန်းရှင်လည်းဖြစ်ရုပ်ရည်လေးလည်းနည်းပါးရှိတော့ ကောင်မလေးတွေဝိုင်းဝိုင်းလည်လို့ပေါ့..သူကတော့ စိတ်အပန်းဖြေဖို့လောက် ကောင်မလေးတွေနဲ့တွဲတာပေါ့...ဒီလိုနဲ့တစ်နေ့တော့ သူ့ကိုအတည်သဘောကျပြီး လက်ထပ်ချင်တဲ့ကောင်မလေးနဲ့ဆုံခဲ့ရတယ်..ဒီတော့သူက ဒီဆက်ဆံရေးကြီးကိုဖြတ်ချင်တော့သူတို့အတွဲပြတ်ဖို့အရေး သူငယ်ကြီးအရင်းကြီးဖြစ်တဲ့ ဂီထယ်ကိုအကူအညီတောင်းပါတယ်..အဲ့ဒီနောက် ဆရာကြီး ဂီထယ်က အတွဲကြားပြတ်စဲဖို့ ဝင်ကူညီရာကနေ အလွဲပေါင်းများစွာဖြစ်လာပါတော့တယ်..ခံစားကြည့်ကြပါဦး..... Episodes: 16File Size:1.3GB, 500MBQuality :Web-DL NF 1080p,720PGenres:Comedy, Romance, DramaTranslated by  Yee Wai, Yumeko, Hnin Wai Oo & WinEncoded by  Phyo Pyae  >>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]    ...
7.7
TMDb: 7.7/10 7 votes
tv

Marriage Not Dating(2014)[Complete]

2014
Unlock My Boss (2022) [Complete]
Unlock My Boss (2022) [Complete] Unlock My Boss (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Park Sung Woong အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို CM fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။Unlock The Boss webtoon ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Thriller/Mystery အမျိုးအစားဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်လာမှာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်း ...ဆွန်းဂျူကတော့ အသက် ၃၉ နှစ်အရွယ်ရှိပြီး ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်လို့ လူတွေသတ်မှတ်ထားကြတဲ့ ဆွန်းဂျူက တစ်ရက်မှာတော့ မတော်တဆသေဆုံးသွားခဲ့ပြီး စမတ်ဖုန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရှာတယ်။အင်ဆောင်းကတော့ အသက် ၂၉ နှစ်အရွယ်ရှိပြီး အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ စမတ်ဖုန်းဖြစ်သွားတဲ့ စီအီးအိုကို အင်ဆောင်းက အမှတ်မထင် ကောက်ယူခဲ့မိတယ်။အဲဒီနောက်မှာတော့ စီအီးအိုဆွန်းဂျူကို သတ်တဲ့ တရားခံကို ရှာဖွေဖို့အတွက် အင်ဆောင်းက ကြိုးစားသွားရမှာပါ။စီအီးအိုဆွန်းဂျူတစ်ယောက် ဘာကြောင့်သေဆုံးသွားခဲ့လဲ? လူသတ်တရားခံကရော ဘယ်သူဖြစ်မလဲ? ...

Unlock My Boss (2022) [Complete]

2022
A Good Day to be a Dog(2023) 10
A Good Day to be a Dog(2023) A Good Day to be a Dog(2023)***************************အပိုင်း ( ၁ မှ ၁၄) ထိ စ/ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာစကားသင်တဲ့ Han Hae Na ကအပြင်ပန်းမှာတော့ သာမန်ဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ထင်ရပေမယ့်တကယ်တော့ ကျိန်စာသင့်နေသူတစ်ယောက်ပါ။ လူတစ်ယောက်ကိုနမ်းလိုက်မိတာနဲ့ညစဥ်ညတိုင်း သန်းခေါင်ယံအချိန်ကနေ ၆ နာရီကြာ ခွေးအဖြစ်ပြောင်းလဲသွားပြီးကိုယ်နမ်းခဲ့တဲ့သူကို ခွေးအသွင်နဲ့ပြန်နမ်းနိုင်မှာသာ ညတိုင်းခွေးဘဝရောက်နေတဲ့ဘဝကြီးကကျွတ်မှာပါ။ဒီလိုနဲ့ယောက်ျားတွေကိုမနမ်းမိဖို့ရှောင်ရင်း စင်ဂယ်ဘဝရောက်နေရရှာတဲ့ Han Hae Na တစ်ယောက်တစ်ညမှာတော့ တစ်ကျောင်းတည်းက သင်္ချာဆရာ Jin Seo Won ကို မူးမူးနဲ့နမ်းမိသွားပါတော့တယ်။ ငယ်ငယ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ခွေးတွေကိုအရမ်းကြောက်တဲ့ Jin Seo Won ရယ် ..ကိုယ်နမ်းခဲ့တဲ့သူကို ခွေးဘဝနဲ့ပြန်နမ်းမှဖြစ်မယ့် Han Hae Na ရယ် ဘယ်လိုအခွီတွေ အရိုတွေဖြစ်ကြဦးမလဲ။အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်သလို cast တွေအနေနဲ့ကလည်းPark Gyu Young နဲ့ ဆရာချောချောလေးများဖြစ်ကြတဲ့ Cha ...
10
TMDb: 10/10 1 votes
tv

A Good Day to be a Dog(2023)

2023
Hi Venus (2022)
Hi Venus (2022) CMပရိတ်သတ်လေးကို ရာသီဥတုအေးအေးလေးနဲ့လိုက်ဖက်တဲ့ချိုမြိန်တဲ့အချစ်ကားတစ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်ဒီကားမှာတော့ မင်းသားJoseph ZENGနဲ့မင်းသမီးLiang Jieတိုရဲ့အထင်လွဲမှုကနေစတင်တဲ့ချစ်ခြင်းတရားကိုကြည့်ရှုရပါဖြစ်ပါတယ်လုကျောင်းရှီကအန်းရှီးဆေးရုံကဆေးရုံအုပ်တစ်ယောက်ထောင်ယွမ်ရွာကိုလာရင်းမှာလမ်းမှာဆိတ်တစ်ေကာင်ကိုတွေ့လိုကယ်ခဲ့ပြီးတော့ မောင်းရင်းကားတိုက်ခဲ့တယ်ကလေးဆရာဝန် ယဲ့ရှီလန်က အန်းရှီးဆေးရုံကနေထောင်ယွမ်ရွာမှာကူညီဖိုအပိုခံလိုက်တဲ့ဆရာဝန်မလေးဆိတ်တစ်ကောင်ပျောက်သွားတဲ့အချိန်မှာ ရှာရင်းနဲ့လုကျောင်းရှီးကိုဆိတ်ခိုးတဲ့သူလိုထင်ပြီး သူခိုးလိုဆက်ဆံခဲ့တယ်တွေ့ဆုံရမဲ့ရေစက်ကရှိနေသေးတော့ ယဲ့ရှီလန်ကိုဆေးရုံလည်းရောက်ရောလုကျောင်းရှီးနဲ့တွေ့ခဲ့တယ် လုကျောင်းရှီကသူခိုးလိုစွပ်စွဲဆက်ဆံခဲ့တဲ့ရန်ငြိုးကိုဂလဲ့စားချေလိုအတွက် ယဲ့ရှီလန်ကို အတွင်းရေးမှုးအနေနဲ့ဘေးနားထားပြီးတော့ နှိပ်စက်ခဲ့တယ်ယဲ့ရှီလန်ကသူရဲ့ကံံဆိုးမှုကြီးကိုတွေ့ရှိခဲ့တာလား?သူ့ကိုကယ်တင်ပေးမဲ့ ကယ်တင်ရှင်ကြီးကိုတွေ့ရှိခဲ့တာလား?သူတိုနှစ်ယောက်နေ့စဥ်နဲ့အမျှတပူးပူးတတွဲတွဲ အလုပ်လုပ်နေကြရင်နဲ့ဘယ်လိုမျိုးအချစ်မီးပန်းလေးတွေဖြစ်ပေါ်လာမလဲဆိုတာကိုCMနဲ့အတူတူကြည့်ရှုလိုက်ကြရအောင်!(အညွှန်းရေးသားထားသူကတော့ Hnin Wut Hmon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Life, Medical, RomanceDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 -  StreamVid / Usersdrive / Yoteshin / StreamSB Episode 1 ...

Hi Venus (2022)

2022
Accidentally Meow On You (2022)
Accidentally Meow On You (2022) နွေးထွေးပြီး ကြင်နာဂရုစိုက်တတ်တဲ့စိတ်ကိုအေးစက်စက်အပြုအမူတွေနဲ့ ဖုံးကွယ်ထားတဲ့သူဌေးလေးကျိချိန်နဲ့ထူးခြားပြီးသန်မာတဲ့လက်ထောက်ကျိုးထျန်းတိုဟာကြောင်လေးတစ်ကောင်ကနေအစပြုပြီး တွေ့ဆုံခဲ့ကြပါတယ်အားကစားသမားတစ်ယောက်ဖြစ်တဲ့ကျိုးထျန်းဟာဒဏ်ရာဟောင်းပြန်ပေါ်လာလို အားကစားသမားဘဝကိုနားလိုက်ရတော့ဖျော်ဖြေရေးလောကထဲကိုရောက်သွားပြီးလက်ထောက်အဖြစ်နဲ့အလုပ်ရှာခဲ့ပြီး နောက်မှာတော့ ကျိုးထျန်းတစ်ယောက်သူချစ်တဲ့ကြောင်လေးချုံချုံဟာပျောက်သွားတဲ့အတွက်ကြောင်ရှာပုံတော်ဖွင့်ရင်းအွန်လိုင်းပေါ်ကနေကြောင်ချစ်တဲ့သုံးစွဲသူတစ်ယောက်နဲ့ချိတ်ဆတ်မိသွားတဲ့အခါသူတိုရဲ့အတွေးအမြင်တွေကိုအချင်းချင်းမျှဝေဖြစ်ခဲ့ကြတယ်မထင်မှတ်ဘဲ သူနဲ့ချိတ်ဆတ်မိတဲ့အွန်လိုင်းပေါ်ကသူငယ်ချင်းကအေးစက်စက်မျက်နှာနဲ့ ကျိချိန်ဆိုတာကိုသိသွားတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကို CM ကနေစောင့်မျှော်အားပေးကြပါဦးရှင်(အညွှန်းရေးသားထားသူကတော့ Khin Myat Noe ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) - MegaUp / StreamVid / Usersdrive / ...

Accidentally Meow On You (2022)

The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Valeria – Season (01)(02) 6.5
Valeria – Season (01)(02) Valeria - Season (01)(02) ================= IMDb Rating - 6.5/10ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှ ထွက်မလာဘဲ လမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူ အားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်း ဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာ လည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့ လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်း မလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File ...
6.5
TMDb: 6.5/10 6000 votes
tv

Valeria – Season (01)(02)

2020
Wayne (2019) Complete 8.309
Wayne (2019) Complete Wayne 2019IMDb - 84 % , RT Rating 100%Now we're talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ ...
8.309
TMDb: 8.309/10 324 votes
tv

Wayne (2019) Complete

2019
From Repair To Pair (2022)
From Repair To Pair (2022) ဒီတစ်ခါမှာတော့ youkuကအဆွေးတစ်လိုင်းတွေ အဝကြည့်ပြီးမျက်ရည်မဆယ်နိုင်သေးတဲ့လူတွေအတွက်ချိုမှချိုဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့CMက မိတ်ဆက်ပေးချင်ပါတယ်။"ချိုးယွမ်"ဟာ ယဉ်ကျေးမှုအနုပညာလက်ရာတွေကိုမြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူတိုမိသားစုဟာလည်း ပန်းပုပညာနောက်ခံရှိတဲ့အ‌လျောက်"ယွီရှင်းကျန့်"လိုခေါ်တဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းဟာသူမရဲ့ ပန်းတိုင်တစ်ခုပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ထိုနေရာရောက်ဖိုဆိုတာသူမအတွက် ကောင်းကင်က ကြယ်ကို ဆွတ်ခူးဖိုအိမ်မက်မက်သလို ဖြစ်နေခဲ့ပါတယ်"ချင်ကျစ်ယွင်"ကတော့ ယွီရှင်းကျန့်က ရှေးဟောင်းအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်ဖြစ်ပြီးချိုးယွမ်ရဲ့ လေးစားရဆုံး အိုင်ဒေါလ်တစ်ယောက်လည်းဖြစ်ပါတယ်။"လော်ယိုချန်"ဆိုတဲ့ ချိုးယွမ်ရဲ့အစ်ကိုဖြစ်သူဟာနာမည်အတိုင်း ငွေသာအရာရာဆိုတဲ့လူမျိုးဖြစ်ပါတယ်၊ဒီလိုနဲ့အစ်ကိုဖြစ်သူကြောင့်ရော တစ်နေ့မှာ ယွီရှင်းကျန့်လုပ်ငန်းမှာအကျပ်အတည်းကြုံတွေ့နေချိန် ချိုးယွမ်တတ်မြောက်ထားတဲ့ရော်ဘာပန်းချီပညာဟာ ယွီရှင်းကျန့်အတွက်အသက်ကယ်ဆေးတစ်ခွက် ဖြစ်နေခဲ့ပါတော့တယ်၊ဒါကြောင့်ပဲချိုးယွမ်ဟာ သူမအလေးစားရဆုံးသူဆီမှာပဲ တပည့်ဖြစ်ပြီးနီးစပ်ဖို အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့"ဘယ်လောက်ပဲ ဖြောင့်တန်းနေတဲ့ မျဉ်းတစ်ကြောင်းဖြစ်ပါစေ၊ထိမိရင်တော့ ရွေ့သွားနိုင်တာပဲ"ဆိုတဲ့အတိုင်းချိုးယွမ်အမြဲတစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့"ဇော့ဟွိက်ရန်"ဟာ ပြည်ပကနေ ပြန်လာခဲ့ပါတော့တယ်-သူတို နှစ်ယောက်ကြားက စည်းကရော ခိုင်မြဲနေမှာလား-စွာတေးလန်မလေးနဲ့ ဆရာတပည့်ကြားကရယ်မောစရာဟာသလေးတွေနဲ့အချို‌‌ေလး‌ေတွကိုပုံမှန်နဲ့မတူကွဲပြားတဲ့ပုံစံနဲ့ ကြည့်ရှုရမယ့်အပြင်ရှေးဟောင်းယဉ်ကျေးမှုအလေ့အထတွေကိုပါတစ်ဝကြီးမြင်‌ေတွ့ရမှာပဲ ဖြစ်ပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 23Format : mp4Genres : Comedy, Mystery, DramaDuration : 45 min per EpisodeSubtitle : ...

From Repair To Pair (2022)

2022
Meet Cute (2022)
Meet Cute (2022) Meet Cute (2022) IMDb 7.4/10 Dramaအခုတစ်ခါမှာတော့ သိပ်ချစ်ဖို့ကောင်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Anthology အမျိုးအစားဖြစ်ပြီး စိတ်ကြည်နူးစရာ အပိုင်းလေး ၅ ပိုင်းပါဝင်ပါတယ်နော်။ဟုတ်ပါတယ်။ အပိုင်းလိုက် ဇာတ်လမ်းတစ်ပုဒ်စီပါလို့ စီးရီးတစ်ခုတည်းနဲ့ ဇာတ်လမ်းပိုဒ်တို ၅ပိုဒ်ကြည့်နိုင်တာပေါ့နော်။ ဇာတ်လမ်းတိုင်းမှာလည်း မတူညီတဲ့ Relationships တွေကို ပညာပေးရိုက်ကူးထားပါတယ်။ ဒီစီးရီးလေးကို ယင်ကောင်မင်းသား နာနီကလည်း ပူးတွဲပရိုဂျူဆာအဖြစ်တာဝန်ယူပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းကတော့ ဇာတ်ကားနာမည်လေးအတိုင်းပါပဲ ချစ်စရာ ကြည်နူးစရာ ကြုံကြိုက်တိုက်ဆိုင်မှုလေးတွေနဲ့ တွေ့ဆုံမှုလေးတွေအကြောင်းပါ တစ်ခါတလေ ဘဝမှာ အမှတ်မထင်တွေ့ဆုံမှုလေးတွေကနေ ကိုယ့်ဘဝရဲ့အရေးကြီးဆုံးဖြတ်ချက်တွေချလာနိုင်ပါတယ်ကိုယ်အမှတ်မထင်ဆုံတွေ့လိုက်ရတဲ့သူက ကိုယ့်ကိုအကြာကြီး ခရက်ရှ်နေပြီး ကိုယ့်ဘဝရဲ့လက်တွဲဖော်လည်းဖြစ်လာနိုင်ပါတယ်ယောက္ခမဆိုတိုင်း ကိုယ့်အပေါ်အမြဲတမ်းဆိုးနေလိမ့်မယ်မထင်လိုက်ပါနဲ့နော် သူ့ရဲ့စရိုက်ကို ကိုယ်နဲ့အံကိုက်မဖြစ်လို့ မကြိုက်ဘူးလို့ မဆိုလိုက်ပါနဲ့နော် အဲ့ဒါက သူ မင်းကိုမဆုံးရှုံးချင်လို့ ပြုမူနေတာလည်း ဖြစ်နိုင်ပါတယ်နော်လမ်းကြုံလိုက်ရင်းနဲ့လည်း ဘဝရဲ့အရင်းနှီးဆုံးလူတွေဖြစ်လာနိုင်ပါတယ် ဆိုတဲ့ ဘဝရဲ့ကြည်နူးစရာတွေ့ဆုံမှုလေးတွေအကြောင်းကို ဒီစီးရီးလေးမှာ ရသမြောက်စွာကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်File Size – 500MB / 250MB Quality – 1080p  / 720pDuration – 38minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – ...

Meet Cute (2022)

2022
Because This Is My First Life (2017)[Complete] 8.447
Because This Is My First Life (2017)[Complete] Because This Is My First Life (2017)*********************************မမမူဒေါ့ကိုလွမ်းနေမယ့် ယော်ရောဘွန်းတို့အတွက် Jung So Min Unnie ရဲ့ series ဟောင်းလေးတစ်ခုကိုCM ကနေအလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်နော်.... နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So Min) ကတော့နာမည်ကြီးထမင်းငတ်၊ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်ပါ။အသက် ၃၀ အထိရည်းစားလည်းမထားဖူးတဲ့အပျိုကြီးပေါက်စ Yoon Ji Ho အနေနဲ့ အိမ်ကိုလည်းသေချာမထောက်ပံ့နိုင် အိမ်ထောင်ဖက်တွေ့ဖို့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း အိမ်ပိုင်ရှိပြီး အလုပ်အကိုင်အတည်တကျရှိနေပေမယ့် အပေါင်ကြွေးခေါင်ခိုက်နေသူNam Se Hee (Kim Min Ki) ကတော့ အဖေဖြစ်သူဆီကနေ အိမ်ထောင်ပြုဖို့ အကြပ်ကိုင်တိုက်တွန်းခံနေရချိန်မှာ......ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ထိုလူသားနှစ်ဦး ကြံကြံဖန်ဖန်ပေါင်းစည်းရဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းလေးက ပေါ့ပါးပေမယ့် ဆွဲဆောင်မှုရှိတဲ့အပြင် Healing Drama လည်းဆန်တဲ့အတွက်watch list ထဲထည့်သင့်တဲ့အကြောင်း recommend ပေးလိုက်ပါတယ်နော်......။  Episodes: 16File Size: 1.5G ...
8.447
TMDb: 8.447/10 75 votes
tv

Because This Is My First Life (2017)[Complete]

2017
100 Days My Prince(2018)[Complete] 8.206
100 Days My Prince(2018)[Complete] 100 Days My Prince(2018)************************ CM က ဒရာမာချစ်သူတွေစိတ်တိုင်းကျမဲ့ old but gold ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီငယ်ငယ်ကတည်းက ဆော့ကစားရင်း ဆုံတွေ့ခဲ့ကြတဲ့ ဘုရင့်တူတော် အီယူးလ်နဲ့ ဘုရင့်ညာလက်ရုံးဖြစ်သူစစ်သူကြီးရဲ့သမီး ယွန်းအီဆောတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အလှည့်အပြောင်းများစွာနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်။တစ်ညမှာ ယွန်းအီဆောကို မြင်မြင်ချင်းကြွေမိသွားတဲ့ အီယူးလ်က အီဆောအထင်ကြီးအောင်စာတွေကြိုးစားကျက်မှတ်ထားတာကိုပြဖို့ အဖေဖြစ်သူရဲ့ အပြင်မထွက်ပါနဲ့ဆိုတဲ့အမှာစကားကို ဆန့်ကျင်ပြီး ထွက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ အဲညဟာ အီယူးလ်ရဲ့ အဖေဖြစ်သူက အစ်ကိုတော်ဘုရင်ကိုသစ္စာဖောက်ပြီး နန်းလုတဲ့အချိန်ဖြစ်တာကြောင့် ဘုရင့်ညာလက်ရုံး စစ်သူကြီးတို့တစ်မိသားစုလုံးပါကွပ်မျက်ခံရတဲ့ညဖြစ်နေပါတော့တယ်။ဒါကို အီယူးလ်လေးကလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ယွန်းအီဆောကတော့အစ်ကိုဖြစ်သူနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲကတည်းက သူတို့ ၂ ဦးကွဲကွာသွားရပြီး ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ပြန်တွေ့မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ။ဒီဇာတ်လမ်းတွဲကို အားလုံးရဲ့အချစ်တော် Exo က DO နဲ့ မင်းသမီးလေး နမ်ဂျီဟျွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးဂင်ဆွန်းဟို နဲ့ ဟန်ဆိုဟီးတို့လို နာမည်ကြီးသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။  Episodes: 16File Size:1.1GB, 500MBQuality :Web-DL ...
8.206
TMDb: 8.206/10 126 votes
tv

100 Days My Prince(2018)[Complete]

2018
The Fabulous (2022) [Complete]
The Fabulous (2022) [Complete] The Fabulous (2022) [အစ-အဆုံး]အပိုင်းသစ် - ၈ (ဇာတ်သိမ်းပိုင်း) ရပြီနော်အားလုံးစောင့်နေကြတဲ့ Minho နဲ့ Soo Bin တို့ရဲ့ The Fabulous ဇာတ်လမ်းတွဲလေးထွက်လာပါပြီ။ဖက်ရှင်လောကထဲမှာ သူတို့ဘဝတွေကို နှစ်မြှုပ်ထားပြီးတော့ ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်နေကြတဲ့ လူငယ်တွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဖက်ရှင်ဦးစားပေး ဇာတ်ကားလေးဖြစ်လို့ လူငယ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ဂျီအူမင်ကတော့ ဓာတ်ပုံတွေကို ပိုမိုပြီး လှပအောင်လို့ ပြုပြင်ပေးတဲ့ freelancer retoucher တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမကဘဲ အလုပ်လုပ်တဲ့နေရာမှာလည်း အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့အလုပ်မှာ အချစ်ရေးမှာရော သူက သိပ်ပြီး စိတ်အားထက်သန်မှုတွေ ရှိမနေခဲ့ပါဘူး။ဖြိုဂျီအွန်းဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ဖက်ရှင်လောကမှာ အလုပ်လုပ်ဖို့အတွက် အိပ်မက်တွေရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဇိမ်ခံဘရန်းတွေကို ပရိုမိုးရှင်းဆင်းပေးတဲ့ ကုမ္ပဏီတစ်ခုမှာ ဌာနခွဲမှူးတစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဖက်ရှင်လောကမှာ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားချိန်မှာတော့ ဒီလောကထဲမှာ အမြဲတမ်း တက်ကြွပြီး ...

The Fabulous (2022) [Complete]

2022
You Are My Makeup Artist (2022) 8.5
You Are My Makeup Artist (2022) You Are My Make up Artist (2022)စူပါစတားမလေးရဲ့နှလုံးသားပိုင်ရှင်ဝါစီတာ အဖြစ် Janie Tienphosuwan ကတ် အဖြစ် Gulf Kanawutဇာတ်လမ်းအကျဉ်းဝါစီတာက နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်ပြီး ချစ်ရသူ ရတ်ချာနွန်နဲ့ လက်ထပ်ပြီး မိသားစုဘဝကို တည်ဆောက်ချင်နေတဲ့ မိန်းကလေးတစ်ယောက်ပါကတ်ကတော့ ဝါတို့အိမ်က ကောင်လေးဖြစ်ပြီး ငယ်ကတည်းက မိတ်ကပ်လိမ်းတာဝါသနာပါတာမို့ လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမိတ်ကပ်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်ကတ်က ခွန်ဝါ့ကို ချစ်ကြောက်ရိုသေသူဖြစ်ပြီး ခွန်ဝါ့စကားတစ်ခွန်းဆို တစ်ခွန်းအတိုင်း အလိုလိုက် အကြိုက်ဆောင်သူလည်းဖြစ်ပါတယ်ခွန်ဝါကတော့ ကတ်ကို မောင်လေးတစ်ယောက်လို သဘောထားပြီး ဂေးနေတယ်လို့ မှတ်ယူထားပါတယ်ဝါရဲ့သတို့သားလောင်း နွန်က အမြဲဖောက်ပြန်နေတတ်သူဖြစ်ပြီး မိသွားတိုင်း ဝါ့ကို တောင်းပန်ကာ သက်သေမရှိတာကြောင့် ခွင့်လွှတ်ပေးခံရသူပေါ့တစ်ရက် နွန်က ဝါ့အမေ စျာပနကို မလာဘဲ ဖောက်ပြန်နေခဲ့တဲ့အပြင် ဗီဒီယိုကပါ လူထုဆီ ပျံ့လာခဲ့ချိန်မှာတော့...ဝါတစ်ယောက် အကြီးအကျယ် ပေါက်ကွဲကာ ကတ်နဲ့ တူတူ ...
8.5
TMDb: 8.5/10 votes
tv

You Are My Makeup Artist (2022)

2022
Emily in Paris (2022) Season 3 7.9
Emily in Paris (2022) Season 3   နက်ဖလစ်ရဲ့ ကမ္ဘာကျော်စီးရီးဖြစ်တဲ့အမ်မလီ တဂျိန်းဂျိန်းအင် ပဲရစ် အတွဲ-၃ ထွက်လာပါပြီ။ဒီစီးရီးဟာ ဖက်ရှင်၊ ဟာသ၊ အချစ်၊ ပဲရစ်အလှအပတွေကြောင့်အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးလည်းဖြစ်ပါတယ်။ အတွဲ-၂ ရဲ့အဆုံးအတိုင်းအမ်မလီနဲ့အယ်လ်ဖီ၊ ဂါဘရီရယ်နဲ့ ကာမီလ်တို့ ဘယ်လို စခန်းသွားကြမလဲ။ဆရာမကြီးနှစ်ယောက်ဖြစ်တဲ့ မက်ဒ်လင်းနဲ့ ဆယ်လ်ဗီတို့ အားပြိုင်မှုကြားမှာအမ်မလီ ဘာဆက်လုပ်မလဲ။အမ်မလီနဲ့ သူငယ်ချင်း မင်ဒီတို့နှစ်ယောက်ရောကြားထဲမှာဘယ်လိုတွေ ခွီကြဦးမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။ File Size –  300MB / 500MB @EpisodeQuality – 720p / 1080p AAC 5.1CHDuration – 35 minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy / DramaTranslator – Mr Anderson , JimX , Thet Hnin Hsu ...
7.9
TMDb: 7.9/10 941 votes
tv

Emily in Paris (2022) Season 3

2020
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
Emily in Paris (2021) Season 2 8
Emily in Paris (2021) Season 2 Emily In Paris Season 2 (2021)အားလုံးမျှော်လင့်စောင့်စားခဲ့တဲ့ Emily in Paris S2 ကတော့ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ S1 တုန်းက မတင်မကျနဲ့ ကြည့်ရှုသူပရိသတ်ကြီးကို ထားသွားခဲ့တဲ့ Emily ဟာ S2 မှာတော့ ပိုမိုက်တဲ့ဖက်ရှင်အလန်းစားတွေနဲ့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အားလုံးလည်း သိထားပြီးသား ဇာတ်လမ်းဖြစ်တာကြောင့်Spoil မဖြစ်အောင် အညွှန်းကို အကျဉ်းချုံးပဲ ဖော်ပြလိုက်ပါတယ်။ပဲရစ်မြို့က ထွက်သွားဖို့ စိတ်ပြင်းပြနေခဲ့တဲ့ ဂါဘရီယယ်ဟာတစ်ယောက်သောသူကြောင့် စိတ်ပြောင်းပြီး ပဲရစ်မြို့မှာဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂါဘရီယယ်ရဲ့ ရည်းစားဖြစ်သူကာမီလ်ဟာလည်း နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိနေမှန်းသိနေတာကြောင့် ရည်းစားဖြစ်သူနဲ့ အတူရှိရတာကိုတောင် မပျော်နိုင်ရှာပါဘူး။ဆိုတော့ အမ်မလီတစ်ယောက် သူငယ်ချင်းဖြစ်သူကို အားနာပြီးရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကကြိုးစားပမ်းစား ရုန်းထွက်ဖို့ ပြင်ဆင်ရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာCM ပရိသတ်ကြီးတို့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ CM Team ပဲ ဖြစ်ပါတယ်) File ...
8
TMDb: 8/10 610 votes
tv

Emily in Paris (2021) Season 2

2021