Channel Myanmar

Comedy

Modern Love Chennai (2023) 6.2
Modern Love Chennai (2023) Modern Love ChennaiIMDb-7.4/10National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက် စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ် ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲအချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ် လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ် အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့် ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ..... အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ ၂ မျက်ဝန်းလေးတွေ ၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ ၄ ဒီဇင်ဘာ ၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး ၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့ ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ်အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ...
6.2
TMDb: 6.2/10 4 votes
tv

Modern Love Chennai (2023)

2023
Cheese in the Trap (2016) 7.245
Cheese in the Trap (2016) Cheese in the Trap (2016)*************************အပိုင်း (၁ မှ ၁၆) အထိ  (စ/ဆုံး) Park Hae Jin, Kim Go Eun, Seo Kang Joon, Lee Sung Kyung, Nam Joo Hyukတို့လိုထိပ်ထိပ်ကြဲတွေ ပါဝင်ထားကြတဲ့ Campus Romance ဇာတ်လမ်းတွဲကောင်းလေးကိုပြန်လည်တင်ဆက်‌ပေးလိုက်ပါတယ်နော်။Hong Seolဆိုတဲ့ ကောင်မလေးဟာ အလုပ်လုပ်ရင်း စကော်လာရဖို့အတွက် စာကြိုးစားပြီးဘာကိုမှစိတ်မဝင်စားတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။အဲလို အလုပ်တစ်ဖက်နဲ့ စာတစ်ဖက်နဲ့ မအားလပ်တဲ့ သူ့ဘဝထဲကို အေးစက်ပြီး ထူးဆန်းတဲ့စီနီယာYoo Jungဝင်လာတဲ့အခါမှာတော့ သူ့ကျောင်းသားဘဝဟာ ကမောက်ကမတွေဖြစ်လာပါတော့တယ်။ဒီကြားထဲ ဂျစ်ကန်ကန်ကောင်ချောလေး Baek In Hoပါ ပါလာတဲ့ အခါမှာတော့...ဒီကားလေးဟာ လူငယ်တွေကြား ချစ်သူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေအခက်အခဲလေးတွေအပြင် သရုပ်ဆောင်တစ်ယောက်ချင်းစီကလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားကြမလို့ ထွက်တာကြာတာတောင် အခုထိ ကြည့်ရှုသူတွေ ခဏခဏပြန်ကြည့်ရလောက်အောင်ကို ...
7.245
TMDb: 7.245/10 55 votes
tv

Cheese in the Trap (2016)

2016
Mission Fan-Possible (2023)
Mission Fan-Possible (2023) Mission Fan Possible / Idol စစ်ဆင်ရေး (2023) =====================လောကမှာ မဖြစ်နိုင်တဲ့မစ်ရှင်ဆိုတာ မရှိပါဘူး .. အထူးသဖြင့် အိုင်ဒေါတွေကို အရူးအမူးစွဲလမ်းကြတဲ့ ဆယ်ကျော်သက်ပရိသတ်လေးတွေအကြံထုတ်တဲ့ မစ်ရှင်ဆိုရင်ပေါ့ ..။ဇာတ်လမ်းလေးကတော့ အောင်မြင်မှု အတော်အတန်ရနေတဲ့ Secret Dream ဆိုတဲ့အဖွဲ့က အားလုံးရဲ့ရှေ့မှောက်ကို ၅ နှစ်ပြည့်နှစ်ပတ်လည်ပွဲရယ် concert ရယ်နဲ့ ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အိုင်ဒေါအဖွဲ့ချင်းတူနေတဲ့အခါ fandom ထဲကသူတွေအချင်းချင်းရင်းနှီးတာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဒီအတိုင်းပဲ Patty ဆိုတဲ့ကောင်မလေးမှာလည်း သူချစ်တဲ့ အဆိုတော် Nanai ကို သူ့လိုပဲချစ်ကြ အားပေးကြတဲ့ အကြိုက်တူ အွန်လိုင်းသူငယ်ချင်း Lullabies (fandom name) လေးတွေရှိပါတယ်။ဒီလိုနဲ့ concert ကျင်းပမယ့်နေ့ကို ကြေညာလိုက်တော့ Patty တို့ အွန်လိုင်းသူငယ်ချင်းတွေ concert မှာ ပျော်ပျော်ကြီးဆုံကြဖို့ တိုင်ပင်ကြရင်း မထင်မှတ်တဲ့အကြောင်းအရင်းလေး ပေါ်လာပါတော့တယ်။ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninja က ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆေးရုံတက်နေရသူဖြစ်ပြီး concert ကျင်းပမယ့်အချိန်အထိ အသက်ရှင်ဖို့မသေချာဘူးမို့ သူသိပ်တွေ့ချင်တဲ့ Nanai ...

Mission Fan-Possible (2023)

2023
Oh! Youngsim (2023)
Oh! Youngsim (2023) Oh Young Sim (2023)တနင်္လာနဲ့အင်္ဂါကို ချိုချိုမြန်မြန်လေးဖြတ်သန်းဖို့အတွက် webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ drama အသစ်လေးလာပါပြီ။ဇာတ်လမ်းအကျဉ်းလေးကတော့ ..... အိုယောင်းရှင်းဆိုတဲ့ ကောင်မလေးက ရသစုံရှိုးပီဒီတစ်ယောက်ဖြစ်ပေမယ့် လုပ်သမျှရှိုးတိုင်း ကြည့်ရှုသူနည်းပါးလွန်းလို့ ဖျက်သိမ်းခံနေရတဲ့သူတစ်ယောက်ပါ။ အလုပ်ပြုတ်ခါနီးနီးမှာ ရေတိုပရိုဂရမ်လေးတစ်ခုရလာတာကြောင့် နောက်ဆုံးအခွင့်အရေးအနေနဲ့ အဲဒီအစီအစဉ်အောင်မြင်ဖို့အတွက် သေသေကြေကြေကြိုးစားရတော့မယ့်အခြေအနေပါ။ အဲဒီအစီစဉ်အတွက် စွန့်ဦးတည်ထွင်ရေးသမားMark Wang ကို ဖိတ်ခေါ်လိုက်ပေမယ့် တကယ်တော့ ဒီလူက ငယ်ငယ်က သူ့ကိုတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တဲ့ ဝမ်ဂယောင်းထယ်ဆိုတဲ့ ကောင်လေးဖြစ်နေပါတော့တယ်။ ဒီလိုသူတို့၂ယောက်ဆက်ဆံရေးကြားမှာ သူမရဲ့အချစ်ရေးပရိုဂရမ်လေးကရော အောင်မြင်သွားမလား….သူမကို သဘောကျမိနေတဲ့ဂျူနီယာလေး အီချယ်ဒုံတစ်ယောက်ရော ကံကောင်းနိုင်ပါ့မလားဆိုတာကိုတော့ အပတ်စဉ် တနင်္လာနေ့နဲ့အင်္ဂါနေ့တိုင်း စောင့်မျှော်အားပေးရင်း ကြည့်ရှုနိုင်ပါတယ်။ စုစုပေါင်း ၁၀ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Thant Sin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Thant Sin, Myo, Milkeux  တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 400MB | 200MB Format… ...

Oh! Youngsim (2023)

2023
Lucky Hank (2023) 6.8
Lucky Hank (2023) Lucky Hank (2023) =============== IMDb Rating - 6.8/10ကဲ .. ဆောဂွတ်မန်းဆိုတဲ့ နာမည်တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို ထိုးဖောက်ခဲ့တဲ့ Bob Odenkirk ကြီး ဒီတစ်ခါတော့ ကျောင်း ဆရာ ပါမောက္ခကြီး လုပ်နေပြန်ပါပြီ။ ဒီဘဲကြီးက Title မှာ နာမည်ပါတဲ့ ဇာတ်လမ်းတွေနဲ့ အကျိုးပေးတယ်ပြောရမလို တောင် ဖြစ်နေပါပြီ။ အရင်က Better Call Saul ရဲ့ ဆောလ် အခု Lucky Hank ရဲ့ ဟန့်ခ်ပေါ့၊ ဒီစီးရီးမှာလည်း executive producers အဖွဲ့က Breaking Bad နဲ့ Better Call Saul တို့ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Richard Russo ရဲ့ Straight Man ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Comedy Drama ဖြစ်ပါတယ်။ ပြောရရင်တော့ စာရေးဆရာရဲ့ ကောလိပ် ကျောင်းဆရာဘဝက ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေ အကြောင်းပါ။အမြည်းပေးရရင်တော့.. ဝီလီယံ ...
6.8
TMDb: 6.8/10 1800 votes
tv

Lucky Hank (2023)

2023
Bupkis (2023) 7.4
Bupkis (2023) Bupkis (2023) =========== Genres - Comedy , Drama IMDb Rating - 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ် comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor တစ်‌ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian, Ariana Grande တို့လို စူပါမာ်ဒယ် တွေ။ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ် ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly , Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ...
7.4
TMDb: 7.4/10 3300 votes
tv

Bupkis (2023)

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020
Dead Pixels (2023) Complete 7
Dead Pixels (2023) Complete Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb: 7/10 1 votes
tv

Dead Pixels (2023) Complete

2023
To the Beautiful You (2012) 6.75
To the Beautiful You (2012) To the beautiful you (2012)ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ်လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နောဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရောဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, ...
6.75
TMDb: 6.75/10 22 votes
tv

To the Beautiful You (2012)

2012
Primo (2023) Complete 10
Primo (2023) Complete Primo (2023) Complete ~ IMDb - 8.1/10, RT - 100%, Meta - 82% ~ ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်း တော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။ ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကို သူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။ မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ...
10
TMDb: 10/10 3 votes
tv

Primo (2023) Complete

2023
Royal Doctor (2023) 8.8
Royal Doctor (2023) "တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ" မြန်မာစာတန်းထိုးဆေးကျောင်းသူလေးဘိုက ရုတ်တရက် တတိယမင်းဆက်အုပ်စိုးလျက်ရှိတဲ့ ဆေးဝါးပေါများရာထိုင်းနယ်မြို့တစ်ခုဆီကို ရောက်ရှိသွားပါတယ်နန်းတွင်းမှာ ကုသခွင့်ရတဲ့ထိတော်ဝင်သမားတော်ထောင်းခမ်မှာဆေးပညာတတ်ကျွမ်းတဲ့ ထောင်းအင်းနဲ့ထောင်းအွန့်လို့ခေါ်တဲ့ သားနှစ်ယောက်ရှိပါတယ်ထောင်းအွန့်ကတော့ ဒီဘက်ခေတ်ကိုရောက်လာတဲ့ ဘိုကို ကယ်ဆယ်ပြီးဆေးကုသပေးခဲ့ရာမှာဘိုနဲ့ထောင်းအွန့်တို့ မေတ္တာမျှသွားမလားဘိုက တချိန်ခေတ်သစ်ကိုပြန်ရမလား ခေတ်ဟောင်းမှာပဲနေရစ်ခဲ့မလားဆိုတာကတချိန်လုံး မတည့်အတူနေဖြစ်နေတဲ့သူတို့နှစ်ဦးရဲ့ဇာတ်ကို " တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ"ဆိုတဲ့ဇာတ်ကားထဲမှာ အချစ်ဟာသရောယှက်ပြီး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်( အညွှန်းရေးသားသူကတော့ Lei Wutyi Tun ဖြစ်ပါတယ် )Native Title: หมอหลวง Episodes: 16 Aired: Mar 21, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 7 min.Translated by  Kyi Nue Zin ,Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [600MB] Yoteshin ...
8.8
TMDb: 8.8/10 votes
tv

Royal Doctor (2023)

2023
The Big Door Prize (2023) 5.907
The Big Door Prize (2023) The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။ သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့ လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။ အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။ စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့် လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့် တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
5.907
TMDb: 5.907/10 27 votes
tv

The Big Door Prize (2023)

2023
SisterS (2023) Complete 7.1
SisterS (2023) Complete SisterS (2023) ~ IMDb - 7.1/10, Rotten Tomatoes - 100% ~ ဒီစီးရီးလေးက ရိုးရိုးလေးပဲ။ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ အဆန်းဆုံးက ကနေဒါသူနဲ့ အိုင်ယာလန်သူ ညီအစ်မဖြစ်နေတာပဲလို့ပြောရမယ်။ ဖအေတူ မအေကွဲတွေပေါ့။ ဒါ အဆန်းဆုံးပဲ။ ကျန်တာ ဘာမှဆန်းဆန်းပြားပြားမပါဘူး။ ဒါပေမဲ့ တော်တော်လေး ရိုးရှင်းပေမဲ့ စိတ်ပေါ့ပါးသွားစေမယ့် ချစ်စရာဇာတ်လမ်းတွဲလေး။ ကနေဒါက ကောင်မလေးက တစ်သက်လုံးအမေနဲ့နေလာတယ်။ အဖေဆိုတာ ဘာလဲတောင်မသိခဲ့ဘူး။ သူ့အမေကတော့ သူ့အဖေ ဆုံးသွားပြီလို့ပြောထားတယ်။ တစ်နေ့ သူ့အမေရဲ့သေတမ်းစာ သူ့လက်ထဲရောက်လာမှပဲ သူ့မှာ အဖေရှိသေးတာသိလိုက်ရတယ်။ ဒီလိုနဲ့ သူ့အဖေရှိတဲ့ အိုင်ယာလန်ကို သူရောက်လာတယ်။ သူ့အဖေရဲ့ မယားကြီးနဲ့ တွေ့ကြတယ်။ ရှိမှန်းမသိခဲ့တဲ့ သူ့အစ်မနဲ့လည်းတွေ့ကြတယ်။ အသက်၃၀ကျော်ပြီးမှ တွေ့ကြတဲ့ ညီအစ်မတတွေပေါ့။ သူကတော့ အဆင်ပြေနေပေမဲ့ သူ့အမက စားပွဲထိုးလုပ်ရင်း အကြွေးတွေတင်နေရင်း ဘဝကခက်ခဲနေတယ်။ ဘယ်သူ့ကိုမှလည်း အမြင်ကြည်မနေဘူး။ ဒီလိုနဲ့ ...
7.1
TMDb: 7.1/10 4 votes
tv

SisterS (2023) Complete

2023
Knowing Brother 8.1
Knowing Brother Knowing Brothers (2015-Present)ဒီ Variety Show လေးက​တော့ အားလုံးသိကြတဲ့အတိုင်း Knowing Brothersကျောင်း​တော်ကြီးရဲ့ ကျောင်းသားများဟာ အပတ်စဥ် ကျောင်း​တော်ကြီးဆီ​ရောက်လာတဲ့ကျောင်း​သားသစ်​လေးတွေကို ကြိုဆိုဧည့်ခံကြပြီး ဂိမ်း​တွေအတူ​​ဆော့ Quiz တွေ အတူ​ဖြေကြတဲ့ Variety Show လေး တစ်ခုပါ။Channel Myanmar မှလည်း ဒီအစီအစဥ်​လေးကို တင်ဆက်​ပေးလာခဲ့တာ ရက်သတ္တပတ် ၇ပတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။တင်ဆက်​ပေးလာရင်းနဲ့ ကြည့်ရှုအား​ပေးသူများပြားတဲ့ အစီအစဥ်​လေးမို့လို့ Knowing Brothers Show မှာHit ဖြစ်​ခဲ့တဲ့ အပိုင်း​ဟောင်း​လေး​တွေကို ပြန်လည်တင်ဆက်​ပေးဖို့ CM Variety Team မှ စီစဥ်ခဲ့ပါတယ်။လက်ရှိ Kpop လောကမှာကြီးစိုး​နေကြတဲ့ BTS, BlackPink, EXO, Twice, Seventeen, ITZY စတဲ့ နာမည်ကြီးအဖွဲ့​တွေအပြင်တခြားအဖွဲ့​ပေါင်းများစွာရဲ့ကျောင်း​တော်ကြီးဆီ လာ​ရောက်လည်ပတ်တုန်းက အပိုင်း​​တွေကို ပြန်လည်တင်ဆက်​ပေးမှာမို့CM ပရိသတ်ကြီးများက မျှော်​လင့်​စောင့်စား​​ပေးရုံပါပဲ။အပိုင်း​ဟောင်း​တွေကို တင်ဆက်​ပေးရင်း အပတ်စဥ်ထွက်ရှိ​နေတဲ့ အပိုင်းသစ်​​တွေကိုပါ မပြတ်မလတ်အ​ကောင်းဆုံး ...
8.1
TMDb: 8.1/10 19 votes
tv

Knowing Brother

2015
Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
Pong Lang Hak On Son (2023) 7.8
Pong Lang Hak On Son (2023) "သံစဉ်များနဲ့အချစ်တေး" မြန်မာစာတန်းထိုး Pong Lang Hak On son 2023ဖွန်မ် အဖြစ် Kuan Denkhun Ngamnet ဖလိန်းဖင် အဖြစ် Tita Chayanit Chayjaroenဇာတ်လမ်းအကျဉ်းဖလိန်းဖင်က ပုန်လန်အကကို မြတ်နိုးတဲ့ သူတစ်ယောက်ပါဒါပေမဲ့ အမေဖြစ်သူက ဖလိန်း ပုန်လန်ကတာကို မနှစ်မြို့ပါဘူးဒါကြောင့် ဖလိန်းကို မကဖို့ အတန်တန်တားပါတော့တယ်ဖွန်မ်က သူ့အမေကို ပုန်လန်တီးဝိုင်းမထောင်ဖို့ ဆန့်ကျင်နေတဲ့သူပါဖွန်မ်ရဲ့အမေက သူ့အဖေအတွက် ပုန်လန်တီးဝိုင်း ထောင်ပေးချင်လို့ သားဖြစ်သူရဲ့စကားကို နားမထောင်ဘဲ တီးဝိုင်းထောင်ဖို့ ပုန်လန်အကအဖွဲ့ကို ရှာဖွေခဲ့ပါတယ်တစ်နေ့ ဖလိန်းတို့ ပုန်လန်အကဖွဲ့ကိုတွေ့သွားတော့ ‌ပုန်လန်အီဆန်အွန်ဆွမ်တီးဝိုင်းထောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်ဆိုတော့ ဖလိန်း သူ့အမေကို ဆန့်ကျင်ပြီး ပုန်လန်အီဆန်အွန်ဆွမ်တီးဝိုင်းထဲကို ၀င်သွားမှာလားသူမြတ်နိုးတဲ့ ပုန်လန်အကကို ဆက်ကခွင့်ရှိမလားဖလိန်းရဲ့အမေကရော ဘာကြောင့် သူ့ကိုမကခိုင်းချင်ရတာလဲဆို‌တာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Tawan ဖြစ်ပါသည်) Native Title: โปงลางฮักออนซอน Episodes: 15 Aired: Apr 10, 2023 - ? Aired On: Monday, ...
7.8
TMDb: 7.8/10 votes
tv

Pong Lang Hak On Son (2023)

Bora! Deborah (2023)
Bora! Deborah (2023) မမ Yoo In Na ရဲ့ အသစ်ထွက်တဲ့ကားလေးရပါပြီနော်ဒယ်ဘိုရာနေရာမှာ Goblin နဲ့နာမည်ကြီးခဲ့တဲ့ Yoo In Na ကသရုပ်ဆောင်ထားပြီး အီဆူဟျော့အဖြစ် Tunnel နဲ့နာမည်ရခဲ့တဲ့ Yoon Hyun Min ဟန်ဆန်းဂျင်အဖြစ် မင်းသားကြီးJoo Sangwook တို့ကအပြင် Shooting Starကသတင်းထောက်မမလေးလည်းပါဝင်ထားပါတယ်2PM Changsung နဲ့ ikon အဖွဲ့ဝင်June တို့ကလည်းအားဖြည့်ပါဝင်ထားတာကြောင့်မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပါပဲနော်ဒယ်ဘိုရာဟာ သူ့ရဲ့အချစ်ရေး၊ ရည်းစားထားနည်းရဲ့လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး အချစ်ရေးအကြံပေး အချစ်ရေးနည်းပြ စာရေးဆရာမ အပြင်ရုပ်သံတင်ဆက်သူအဖြစ်နဲ့ပါ နာမည်ရထားပြီးအောင်မြင်နေတဲ့သူဖြစ်ပါတယ်အီဆူဟျော့ကတော့ ထုတ်ဝေသူတစ်ဦးဖြစ်ပြီး ဘိုရာကိုမကောင်းမြင်နေခဲ့ရာကနေ မမျှော်လင့်ပဲ အလုပ်တူတူတွဲလုပ်ရာကနေ သူမဆီမှာကျရှုံးသွားပြီး ဘာတွေဆက်ဖြစ်လာမယ့်ဆိုတာ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်ရမယ့် Romance Comedy လေးပဲဖြစ်ပါတယ် တစ်ပတ်၂ပိုင်းနှုန်းနဲ့တင်ဆက်သွားမှာဖြစ်လို့ မလွတ်တမ်းစောင့်ကြည့်သင့်ပါတယ်နော်File Size – 990MB / 500MBQuality – 1080p WEB DL / 720pDuration – 1h 10mTotal Episodes:  ...

Bora! Deborah (2023)

2023
American Born Chinese (2023) 8.5
American Born Chinese (2023)  ဒီစီးရီးကိုတော့ အတော်များများ မျှော်နေကြတာပါ။ ဒစ္စနေးကနေ မင်းသမီးကြီး မီရှဲယိုနဲ့ ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်မှော်စီးရီးပါပဲ။အမေရိကန်နိုင်ငံနဲ့ တရုတ်ကောင်းကင်ဘုံကို အခြေခံထားပါတယ်။ ကောင်းကင်ဘုံမှာ မိုးနတ်မင်းဟာ အေးချမ်းစွာ အုပ်စိုးနေပေမဲ့ နွားမိစ္ဆာဟာ ပုန်ကန်ဖို့ အင်အားစုနေပါပြီ။ နွားမိစ္ဆာကိုတားနိုင်ဖို့ကလည်း မျောက်မင်းစွန်းဝူခုန်းရဲ့ သံတောင်ဝှေးရှိမှဖြစ်မှာဆိုပေမဲ့ သံတောင်ဝှေးကို စွန်းဝူခုန်းရဲ့ သား စွန်းဝေ့ချန်က ခိုးပြီးထွက်ပြေးသွားပါတယ်။ ခိုးပြီးတော့ အမေရိကန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ပြီးပုန်းနေခဲ့တာပါ။ အဲဒီမှာပဲ စွန်းဝေ့ချန်နဲ့ တရုတ်လေး ကျင်းဝမ်တို့ သူငယ်ချင်းဖြစ်လာပါတယ်။ အဲဒီတောင်ဝှေးကို ပြန်ရဖို့ လိုက်ယူတဲ့ ဝူခုန်း၊ နွားမိစ္ဆာတို့အဖွဲ့နဲ့ စွန်းဝေ့ချန်ကိုကူညီမယ့် ကွမ်ယင်မယ်တော်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာ....File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….35:00 Genre...Drama Horror Thriller Episode... 8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Aderson Translated by CM Team  Episode 1 720p  ...
8.5
TMDb: 8.5/10 2 votes
tv

American Born Chinese (2023)

2023
Stealer: The Treasure Keeper(2023)[Complete] 10
Stealer: The Treasure Keeper(2023)[Complete] Stealer: The Treasure Keeper(2023)**********************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံး ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးမှာတော့ Alice တို My Sassy Girl တို့ရဲ့မင်းသား Joo Won အဓိကပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပက်သက်ပြီး စိတ်ဝင်စားစရာရိုက်ပြထားတာမိုလို ကြည့်ရတာ ဆန်းသစ်ပြီး အကြိုက်တွေ့ကြမယ်လို မျှော်လင့်ပါတယ်... SKUNK ဆိုတာကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုသီးသန့် ခိုးယူတဲ့ သူခိုးတစ်ယောက်ပါ..သူဟာနေ့ဘက်ဆိုရင် သာမာန်အလုပ်သမားတစ်ယောက်လိုနေထိုင်ပြီးညဘက်ဆိုရင် တန်ဘိုးကြီး  ယဉ်ကျေးမှုအမွေအနှစ်တွေကို လိုက်လံခိုးယူပါတယ်..ဒီအတွက် သူဟာ အချိန်ကြာမြင့်စွာလေ့ကျင့်ထားပြီး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာခိုးယူမှုတိုင်းဟာ သဲလွန်စ မကျန်ဘဲ ပြီးမြောက်သွားလေ့ရှိတယ်...ဒီလိုဖြစ်စဉ်မျိုးခဏ ခဏဖြစ်လာတဲ့အခါမှာ ကိုးရီးယားက ရဲတွေအတော်ခေါင်းခြောက်ရပါတယ်... နောက်ဆုံးသီးခြား Team ကြီးတစ်ခုဖွဲ့ပြီးဒီသူခိုးကိုဖမ်းဖို့ကြိုးစားလာကြတဲ့အခါမှာတော့..သူက ဘာလို့ ဒီလိုမျိုးခိုးယူနေတာလဲ....ဘာကြောင့်လဲအပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး ရိုက်ချက်ကောင်းကောင်းတွေမို့ ခံစားကြည့်ကြပါဦး...Aired: Apr 12, 2023 - May 18, 2023 Aired On: ...
10
TMDb: 10/10 1 votes
tv

Stealer: The Treasure Keeper(2023)[Complete]

2023