Channel Myanmar

Comedy

Bad-Memory Eraser (2024)
Bad-Memory Eraser (2024) Bad-Memory Eraser (2024) ************************** အပိုင်းသစ် (၁၂)စိတ်ရောဂါခံစားနေရတဲ့လူနာလေးနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်တင်းနစ်အားကစားမှာ အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ အီဂွန်အမည်ရတဲ့ ကောင်လေးဟာမထင်မှတ်တဲ့ ဦးခေါင်းပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ဘဝကို ယုံကြည်ချက်မဲ့စွာ လျှောက်လှမ်းနေခဲ့ရသူပါ.....ဦးနောက်ပိုင်းဆိုင်ရာရောဂါများကို သုတေသနပြုလုပ်နေတဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေး ဂယောင်းဂျူယွန်းကတော့အီဂွန်ကို တာဝန်ယူကုသပေးနေရတဲ့သူပေါ့......တစ်နေ့မှာတော့ အီဂွန်တစ်ယောက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် ပိုဆိုးလာတဲ့အခြေအနေကိုဆရာမဝန်မလေးဂျူယွန်း မြင်တွေ့ရချိန်မှာ“ဦးနှောက်ကနေ မှတ်ဉာဏ်ဆိုး”တွေကို ဖျောက်ပစ်လို့ရတဲ့အကြောင်း သုတေသနပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်ဒီသုတေသနရဲ့ဆောင်ရွက်ချက်အရ အီဂွန်တစ်ယောက်ဟာ ပြင်းထန်တဲ့စိတ်ဝေဒနာခံစားနေရတဲ့အဖြစ်ကနေတက်ကြွလန်းဆန်းပြီး မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ယောက်ျားအသွင်အဖြစ် ပြောင်းလဲသွားခဲ့ရုံသာမကဆရာဝန်မလေးဂျူယွန်းကို သူ့ရဲ့အချစ်ဦးဆိုပြီး အထင်မှားပါတော့တယ်.....ဒီလိုနဲ့ အီဂွန်တစ်ယောက် သူ့မှတ်ဉာဏ်ဆိုးကို ပြန်မှတ်မိလာမလားမှတ်မိလာတဲ့နောက်ပိုင်းရော ဆရာဝန်မလေးနဲ့ဆက်ဆံရေး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုချစ်ကြည်နူးဖွယ်ရာ Romance များစွာနဲ့ ခံစားကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်စိတ်ဝေဒနာခံစားနေရတဲ့ အီဂွန်အဖြစ် TVXQ အဖွဲဝင် idol actor Kim Jae-Joong နဲ့ဆရာဝန်မလေး ဂျူယွန်းအဖြစ် Born Again ထဲက မင်းသမီး Jin Se-Yun တိုအပါအဝင်Lee Jong-Won ၊ Yang Hye-Ji ...

Bad-Memory Eraser (2024)

2024
DNA Lover (2024)
DNA Lover (2024) DNA Lover (2024)******************အပိုင်းသစ် (၇) "ကိုယ်နဲ့ ပြီးပြည့်စုံစွာလိုက်ဖက်ညီတဲ့ လက်တွဲဖော်ကို DNA Lover လို့ခေါ်တယ်တဲ့"ရှင်းယွန်းဝူဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်‌ယောက်ဖြစ်ပြီးဥစ္စာပေါ ရုပ်ချော မိန်းမပျိုလေးတွေရဲ့အသည်းကို လှုပ်ခက်စေရာမှာ ဆရာကျပြီးရည်းစားပေါင်းများစွာလည်းထားဖူးခဲ့ပေမဲ့လည်း ဘယ်တော့မှ မမြဲတဲ့သူပါ။တစ်ဖက်မှာလည်း ဟန်ဆိုဂျင်ဟာ မျိုးရိုးဗီဇစင်တာတစ်ခုမှာ သုတေသီအဖြစ်လုပ်ကိုင်နေပြီး မိမိနှင့် DNA အရလိုက်ဖက်ညီမဲ့ လက်တွဲဖော်ကိုရှာဖွေနေတဲ့သူလေးပါ။စတွေ့ထဲက အလွဲလေးတွေနဲ့ပဲစတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ကံကြမ္မာလှို့ဝှက်ချက်ကိုDNA စစ်ဆေးချက်တွေနှင့်တကွ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ကြည့်ရူခံစားရမဲ့အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး Super Junior မှ Choi Si-won၊ Waikiki မှJung In-sun အပြင် Lee Tae-hwanနှင့် Jung Eugene တို့ကိုပါ တွေ့မြင်ရမှာမို့ပေါ့ပေါ့ပါးပါး ရယ်ချင်တဲ့သူတွေအတွက် ကားကောင်းဆန်းဆန်းလေးဖြစ်မှာအသေအချာပဲမလို့ စောင့်ကြည့်လိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ KhinNi မှ ရေးသား‌ထားပါတယ်။) Aired: Aug 17, 2024 - ? Aired On: Saturday, Sunday Genres: Comedy, Romance, Melodrama Episodes: 16 Original ...

DNA Lover (2024)

2024
Good Partner (2024)
Good Partner (2024) Good Partner (2024) *******************အပိုင်းသစ် 13ရှေ့နေမမနှစ်ယောက်အပြိုင်ကြဲကြမဲ့ ကားသစ်လေးရပါပြီ ...ဒယ်ဂျောင်းဥပဒေရုံးက ရှေ့နေမမ ချာအွန်းဂယောင်းဟာဆိုရင်....ကွာရှင်းတဲ့အမှုတွေကိုပဲသီးသန့်လိုက်တဲ့ လုပ်သက် ၁၇ နှစ်ရှိ နာမည်ကြီးရှေ့နေတစ်ယောက်ပါအလုပ်လုပ်တဲ့နေရာမှာ ထက်ထက်မြက်မြက်ရှိပြီး....သူ့အတွက် သူ့ရဲ့အမှုသည်တွေနဲ့ ဒယ်ဂျောင်းဥပဒေရုံးအတွက်အကျိုးအမြတ်ရရှိရေးကသာ.....ပထမဦးစားပေးအဖြစ်သတ်မှတ်ထားသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးဒီလိုနဲ့ အလုပ်ခွင်က ကွာရှင်းတဲ့အမှုတွေကိုဖြေရှင်းပေးရင်း....တစ်နေ့မှာ သူကိုယ်တိုင် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းရတော့မဲ့အရေးကိုကြုံလာပါတော့တယ်တစ်ဖက်မှာလည်း ချာအွန်းဂယောင်းနဲ့အလုပ်အတူတွဲလုပ်ရတဲ့....ရှေ့နေပေါက်စမလေး ဟန်ယူရီက မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေနိုင်တဲ့သူပါအလုပ်လုပ်တဲ့နေရာမှာ အမှုသည်အဆင်ပြေရေး၊ ဥပဒေရုံးနာမည်ကောင်းရရေး၊အကျိုးအမြတ်ရရေးကိုကြည့်ပြီးလုပ်တတ်တဲ့ ချာအွန်းဂယောင်းနဲ့.....မတရားဘူးထင်ရင် လျစ်လျူမရှုနိုင်ဘဲ ဝင်ဖြေရှင်းတတ် ဝင်စွက်ဖက်တတ်တဲ့ ဟန်ယူရီတို့ဟာဆိုရင်....ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ သိပ်ကီးမကိုက်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ပါတယ်ဒီလိုနဲ့ အရာရာတိုင်းကို မတူညီတဲ့အမြင်တွေနဲ့ကြည့်ပြီး....အမြဲငြင်းခုံနေရတဲ့သူတို့နှစ်ယောက် ကိုယ်စီကိုယ်စီ ဘဝရဲ့ပြောင်းလဲမှုကြီးတွေနဲ့ကြုံတွေ့လာကြတဲ့အခါ..... Cast တွေအနေနဲ့ အမိုက်စားမမနှစ်ယောက်ဖြစ်တဲ့.....Jang Na Ra, Nam Ji Hyun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို.....Kim Joon Han, Phyo Ji Hoon, Ji Seung Hyun, Han Jae Yi တို့က ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်....CM ကနေလည်း အပတ်စဉ် ...

Good Partner (2024)

2024
Love Next Door (2024)
Love Next Door (2024) Love Next Door (2024) *********************** အပိုင်းသစ် (၇)ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပုံပြင်ဇာတ်လမ်းဟာအခုတော့ ပရိသတ်ရှေ့မှောက်ကိုရောက်လာပါပြီရှင်.......ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့.......ချွဲဆောင်းဟျိုနဲ့ ဘယ်ဆော့ရူတို့က အသက် (၄)နှစ်အရွယ်ကတည်းကစတင်သိကျွမ်းခင်မင်လာခဲ့ကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ....တက္ကသိုလ်ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်စီ ကိုယ်ပိုင်လမ်းကို လျှောက်ကြတဲ့အခါမှာချွဲဆောင်းဟျိုကတော့ ကိုးရီးယားမှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာပြီးတော့“အင်”လို့ခေါ်တဲ့ ဗိသုကာအလုပ်ရုံကို ဦးစီးလုပ်ကိုင်ပါတယ် ..ဆောင်းဟျိုကတော့ ဉာဏစွမ်းရည်ပြည့်စုံသည်သာမကဘဲရူပါလည်း ဖြောင့်ပြီး အကျင့်စရိတ္တလည်း ကောင်းမွန်သူတစ်ဦးပါ ..ဘယ်ဆော့ရူကတော့ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်းကျောင်းစာထူးချွန်ပေမဲ့လည်း ပျော်ပျော်နေတတ်တဲ့ ငမွှေစိန်လေးပါ ..ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးနဲ့ဝင်လုပ်ရင်းနောက်ပိုင်းအလုပ်ထွက်ကာ အမိနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာတော့ငယ်ပေါင်းဖော်ကြီးဆောင်းဟျိုနဲ့ ပြန်ဆုံမိကြပါတော့တယ်....ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲနဲ့ တကျက်ကျက်ရန်ဖြစ်နေခဲ့ကြတဲ့ ကလေးနှစ်ယောက်ဟာလူကြီးအဖြစ်နဲ့ပြန်ဆုံကြချိန်မှာ တကျက်ကျက်ရန်ဖြစ်ရင်းကနေတစ်ရစ်ပြီးတစ်ရစ် အချစ်နှောင်ကြိုးတွေ ဘယ်လိုချည်မိကြမလဲဆိုတာကိုRomatic-Comedy ပီပီ ဟာသအနှောလေးတွေနဲ့ရင်ခုန်ကြည့်ရှုရမှာပါ ပရိသတ်ကြီးတို့ရေ.........ချွဲဆောင်းဟျိုအဖြစ် Jung Hae In နဲ့ ဘယ်ဆော့ရူအဖြစ် Jung So Min တို့အပြင်Kim Ji Eun (Branding In Seongsu, Longing ...

Love Next Door (2024)

2024
Only Murders in the Building Season 4 (2024) 8.314
Only Murders in the Building Season 4 (2024) Only Murders in the Building (Season 4) Genre – Comedy, Crime, Mystery, Drama IMDB – 8.1/10ကျွန်တော့် အသည်းကျော်လေး Selena Gomez တို့ရဲ့ နာမည်ကျော် စီးရီးလေး Season 4 ထွက်လာခဲ့လို့ ထပ်မံတင်ဆက်ပေးလိုက်ရပါပြီဗျာ။ဒီ S4 ဟာဆိုရင်လည်း မထွက်ခင်ကတည်းက Rotten Tomato မှာ ရာနှုန်းပြည့်နဲ့ ပွဲခံနေတာကြောင့် စိတ်မပျက်စေရလောက်ဘူးလို့ ထင်မိပါတယ်။ အရင် Season 3 အဆုံးမှာ မေဘယ်တို့တသိုက် လူသတ်တရားခံဖော်ပြီး ပွဲခံနေကြတဲ့အချိန် ချားစ်ရဲ့စတန့်သရုပ်ဆောင် ဆက်ဇ်တစ်ယောက် ချားစ်ရဲ့ တိုက်ခန်းမှာတင် သေနတ်ပစ်သတ်ခံရပြီး ဇာတ်သိမ်းခဲ့ပါတယ်။ယခုမှာလည်း အဲဒီကနေ တိုက်ရိုက်တင်ဆင်ပေးထားပြီး သူတို့တွေ တိုက်ခန်းထဲဝင်ခဲ့တဲ့အချိန်မှာတော့ အလောင်းက မရှိတော့ပါဘူး ချားစ်တစ်ယောက်လည်း ဒီတိုင်းဆက်ဇ်ပျောက်နေတယ်ထင်နေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုက ပေါ့ကတ်စ်တွေ ပြဇာတ်တွေတင်မကတော့ပဲ ဒီ Season မှာတော့ ဟောလိဝုဒ်ကနေ သူတို့ရဲ့အကြောင်းတွေကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရပါတော့တယ်။ဒီလိုနဲ့ အိုလီဗာကတော့ ဟောလိဝုဒ်ဆို ...
8.314
TMDb: 8.314/10 1351 votes
tv

Only Murders in the Building Season 4 (2024)

Cinderella at 2AM (2024)
Cinderella at 2AM (2024) Cinderella at 2 AM (2024) **************************အပိုင်းသစ် 5ဒီတစ်ခါတော့ မမနဲ့ မောင်လေး ဇာတ်လမ်းမျိုး တောင့်တနေသူတွေအတွက်ယောက္ခမမြေက ဖြည့်ဆည်းပေးလိုက်ပါပြီ....Main cast တွေအနေနဲ့  ပရိသတ်အချစ်တော် Moon Sang Min နဲ့Reborn Rich, Tell Me That You Love Me တို့က မင်းသမီး Shin Hyun Been တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်....ရိုရိုချိုချိုလေးစောင်ကိုက်ကြည့်ချင်သူတွေအတွက် ကွက်တိပါပဲနော် ဇာတ်လမ်းအကျဉ်း ---------------ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်...မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါလက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့....ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်...မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ...

Cinderella at 2AM (2024)

2024
Running Man 8.2
Running Man Running Man အပိုင်းသစ် (717)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Sunny (2024) 6.5
Sunny (2024) Season 1 Ep 1 to 10 [ စ /ဆုံး ]ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာနေပြီး ဂျပန်နိုင်ငံသား မာဆာဆာကာမိုတိုနဲ့ အိမ်ထောင်ရက်သားကျ၊ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အမေရိကန်လူမျိုးဆူဇီ ဆာကာမိုတို တစ်နေ့မှာတော့ လေယာဉ်နဲ့ခရီးထွက်သွားတဲ့ အမျိုးသားနဲ့ သားလေးတို့ရဲ့ လေယာဉ်ကပျက်ကျပြီး အလောင်းတွေ ရှာမတွေ့ဖြစ်ခဲ့ပါတယ်အမျိုးသားနဲ့ သားဖြစ်သူကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရလို့ လစ်ဟာနေတဲ့ ဘဝကြီးထဲကို ရုတ်တရက်အမျိုးသားအလုပ်လုပ်တဲ့ ကုမ္ပဏီကဆိုပြီး လူတစ်ဦးရောက်လာကာ အမျိုးသားကိုယ်တိုင်တီထွင်ထားတယ်ဆိုတဲ့"Sunny" အမည်ရ အိမ်သုံးစက်ရုပ်တစ်ရုပ်ကို လက်ဆောင်လာပေးသွားပါတယ်..အရင်ကတည်းက စက်ရုပ်ဆို မုန်းတီးနေတဲ့ ဆူဇီတစ်ယောက်Sunny ရဲ့ ကျောချမ်းစရာ အပြုအမူတွေကိုတွေ့ပြီး စွန့်ပစ်ဖို့လုပ်ပေမဲ့လည်း မရတဲ့အဆုံး ရေခဲသေတ္တာတီထွင်တဲ့အပိုင်းမှာအလုပ်လုပ်တယ်လို့သိထားတဲ့ အမျိုးသားက တီထွင်ထားတဲ့စက်ရုပ်ဆိုတာကြောင့် နောက်ကွယ်က မသိသေးတဲ့အကြောင်းတွေကို ဖော်ထုတ်ဖို့လုပ်ရာက ဘယ်လိုအဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရမလဲ....အိမ်သုံးစက်ရုပ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား...လူတွေမသိကြသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..အလောင်းရှာမတွေ့သေးတဲ့ သူ့အမျိုးသားနဲ့ သားလေးကရောတကယ်ဆုံးပါးသွားတာ ဖြစ်နိုင်မလား....တကယ့်နောက်ကွယ်က ရန်သူက ဘယ်သူလဲ ...
6.5
TMDb: 6.5/10 6 votes
tv

Sunny (2024)

2024
The Zone: Survival Mission S3 (2024) 8.5
The Zone: Survival Mission S3 (2024) The Zone: Survival Mission S3 (2024)***************************************အပိုင်းသစ် (၇) ဒီတစ်ခေါက် ကျွန်တော်တို့ CM ကနေ ပရိတ်သတ်ကြီးတို့ အားလုံးစောင့်မျှော်ကြည့်ရှုသင့်တဲ့ ရသစုံရှိုးလေးတစ်ခုကတော့ ရှေ့မှာလည်းseason 2 ခုထွက်ထားတဲ့အပြင် ပါဝင်တဲ့သူတွေကလည်း တကယ့်ကိုဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်ကြတဲ့ နာမည်ကျော် MC Yoo Jae Seok၊Girl Generation အဖွဲ့ဝင် Kwon Yuri နဲ့အတူ ဒီ s3 မှာတော့ s1 နဲ့ s2 ကအဖွဲ့ဝင်ဟောင်း Lee Kwang Soo အစား  နာမည်ကြီး entertainer တစ်ဖြစ်လဲUFC လက်ဝှေ့သမားဟောင်းဖြစ်တဲ့ Kim Dong Hyun၊ Single Inferno ဆိုတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း Gen Z က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအဟော့ဆုံး youtuber ဖြစ်တဲ့အပြင် မကြာသေးမီကပဲ acting debut ...
8.5
TMDb: 8.5/10 votes
tv

The Zone: Survival Mission S3 (2024)

KAOS (2024) Season 1 7.314
KAOS (2024) Season 1  IMDb - 7.5, RT 72% အသီးသီးရရှိထားတဲ့ Netflix Dark Comedy, Fantasy Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Greek Mythology ကို ခေတ်ပေါ်ပုံစံနဲ့ ပြန်လည်စိတ်ကူးပုံဖော် ရိုက်ကူးပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့ကောင်းပါတယ်။သိကြတဲ့အတိုင်း Mount Olympus က နတ်ဘုရားတွေထဲမှာ Zeus ဟာ King of the Gods (နတ်ဘုရားတွေရဲ့ ဘုရင်တစ်ပါး) ပေါ့။ ကျန်တဲ့ နတ်ဘုရားတွေက သု့လက်အောက်က ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်ရင်း လူသားတွေကို အုပ်ချုပ်ကြတယ်။ ဒီနတ်ဘုရားတွေ အထူးသဖြင့် Zeus ကို ဖီဆန်သူကတော့ Prometheus ပေါ့။ဒီစီးရီးမှာ Zeus ကို ဖြုတ်ချမဲ့ Prometheus ရဲ့လုပ်ကြံမှုကြီးကို Prometheus ကိုယ်တိုင်က ဇာတ်ကြောင်းပြောကြတဲ့ ပုံစံနဲ့ အဆင့်ဆင့်ရိုက်ကူးပြထားပါတယ်။ File size…(800 ...
7.314
TMDb: 7.314/10 59 votes
tv

KAOS (2024) Season 1

2024
No Gain No Love (2024)
No Gain No Love (2024) No Gain No Love (2024) *********************** အပိုင်းသစ် (၄)ဒီတစ်ခါမှာတော့ Hometown Cha-Cha-Cha ထဲမှ မင်းသမီး Shin Min A နဲ့Penthouse မှ မင်းသား Kim Young Dae တို့ရဲ့ ‌မမနဲ့မောင်လေး Rom-Com ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း -ဆွန်းဟယ်ယောင်း (Shin Min-A) ဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့်အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကိုအိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့...သူယူလို့ ...

No Gain No Love (2024)

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
Against the Gods (2023) 10
Against the Gods (2023) တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့်လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီးသူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန်ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ်ပြန်လည်မွေးဖွားခဲ့တယ်။အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေကမသေဘဲ အကုန်အသက်ရှင်နေကြတယ်။ဒါပေမဲ့...သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…    1.5 GB /  500 MB Quality… Web-DL 4K / 1080p Format… mkv Duration…. 25m Genre ..... Animation/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi 4K  (CM APP Only)www.cmapp.tv  1080pEP ...
10
TMDb: 10/10 2 votes
tv

Against the Gods (2023)

2023
Love Andante (2024)
Love Andante (2024) Love Andante (2024) ************************** အပိုင်း (၁ မှ ၈) စ/ဆုံးဒီဇာတ်ကားလေးကတော့ တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေးရပြီးတဲ့နောက် စစ်မဲ့ဇုန်မှာ“ငြိမ်းချမ်းရေး”ရွာ လို့ အမည်ရတဲ့ ရွာတစ်ရွာတည်ပြီးတောင်/မြောက် နိုင်ငံသားတွေ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်းကိုအခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။Lim Juyeong ( Kwon Hyunbin )ဟာ တောင်ကိုးရီးယား နာမည်ကြီး စန္ဒယားပညာရှင် ဖြစ်ပြီးHa Na Kyung ( Song Jiwoo )ကတော့ မြောက်ကိုးရီးယား အရာရှိကြီး တစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်သလို နာမည်ကြီး ဆေးဝါးပညာရှင်လည်း ဖြစ်ပါတယ် ။တောင်ကိုးရီးယားနိုင်ငံသားနဲ့ မြောက်ကိုးရီးယားနိုင်ငံသူလေးတို့ဟာ အကြောင်းကြောင်းကြောင့် “ငြိမ်းချမ်းရေး”ရွာကို ရောက်လာကြပြီးအဲဒီရွာရဲ့ နေထိုင်သူရွေးချယ်တဲ့ smart AI စနစ်ရဲ့ အမှားအယွင်းကြောင့်တစ်အိမ်တည်း အတူနေရဖို့ ဖြစ်လာတဲ့အခါ ...ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ ။အလွဲလေးတွေကြားထဲမှာ နှစ်ယောက်သား ခံစားချက်တွေ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာကို“ငြိမ်းချမ်းရေး”ရွာသားတွေနဲ့ ဇာတ်ကြောင်းအဖုံဖုံနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း ...

Love Andante (2024)

2024
Personal Taste (2010) 7.906
Personal Taste (2010) Personal Taste(2010) **********************အပိုင်း ၁ မှ ၁၆စ/ဆုံးဒီတစ်ခေါက် Channel Myanmar ကနေ တင်ဆက်ပေးလိုက်တဲ့ ဇာတ်လမ်းတွဲလေးကတော့....K-drama လောကမှာ မသိတဲ့သူမရှိတဲ့ နာမည်ကြီးမင်းသား Lee Min-ho နဲ့...Crash Landing on You ထဲက မင်းသမီး Son Ye-jin တို့ရဲ့....2010ခုနှစ်က ထွက်ရှိထားတဲ့ Personal Taste လို့ အမည်ရတဲ့ ရိုမန့်တစ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်နာမည်ကြီးမင်းသား၊မင်းသမီးတွေ ရိုက်ထားတဲ့ ဇာတ်လမ်းဟောင်းလေးဖြစ်တာကြောင့်....မတူညီတဲ့ရသခံစားချက်ကို ပေးစွမ်းနိုင်မှာပါ ဇာတ်လမ်းအညွှန်း -----------------------အလွဲလွဲအချော်ချော်တွေနဲ့ လူတကာကို လွယ်လွယ် ယုံကြည်တတ်တဲ့ မရင့်ကျက်သေးတဲ့ ဘတ်ဂယ်အင်က....ချစ်သူရည်းစားဆီကနေ ရက်စက်မှုကို ခံလိုက်ရတဲ့အတွက် အချစ်ကို စိတ်နာနေတဲ့ ကောင်မလေးပါရုပ်ရည်ချောမော စတိုင်လ်ကျပြီး အသန့်ကြိုက်လွန်းတဲ့ ဂျောင်ဂျင်ဟိုကတော့....ရုပ်နဲ့မလိုက်အောင် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးပါဘတ်ဂယ်အင်က ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးထဲမှာ သူနဲ့အတူနေထိုင်ဖို့အတွက်....Straight ကောင်လေးတွေအစား Gay အခန်းဖော်ကောင်လေးကို ရှာပါတော့တယ်အဲဒီအချိန် ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်ကို...အကြံအစည်တစ်ခုကြောင့် ဝင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဂျောင်ဂျင်ဟိုက...သူ့ကိုယ်သူ Gay လို့ ...
7.906
TMDb: 7.906/10 494 votes
tv

Personal Taste (2010)

2010
The Big Bang Theory 2007 – 2019 8.1
The Big Bang Theory 2007 – 2019 Our whole universe was in a hot, dense state Then nearly fourteen billion years ago expansion started, waitSit-com တွေထဲမှာ fan တွေ တောင်းဆိုမှုအများဆုံး ဖြစ်တဲ့ The Big Bang Theory ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ဒုတိယ တောင်းဆိုမှုအများဆုံးကတော့ Friends စီးရီးပါပဲ။ Friends က ဂန္ဓဝင် sit-com တစ်ခုဖြစ်ပေမယ့် သိပ္ပံဟာသတွေ၊ စူပါဟီးရိုးဟာသတွေ အများကြီးပါတဲ့ big bang theory ကိုတော့ ကျွန်တော်ပိုကြိုက်မိပါတယ်။ဒီစီးရီးကလည်း Dr.House လိုပဲ အရမ်းကောင်းသလောက် ဘာသာပြန်ရ အရမ်းခက်တာမို့ ဖြည်းဖြည်းချင်းပဲ တင်သွားမှာပါ။ မကြည့်ဖူးသေးတဲ့ သူတွေ တစ်ပိုင်းလောက် မြည်းကြည့်လိုက်ပါ။ ကြိုက်တယ်ဆိုရင်တော့ လူများများကြည့်ဖြစ်သွားအောင် ညွှန်းပေးကြပါဦး။ဇာတ်လမ်းအကျဉ်းအဓိက အမျိုးသား ဇာတ်ကောင် ...
8.1
TMDb: 8.1/10 703791 votes
tv

The Big Bang Theory 2007 – 2019

Totally Completely Fine (2023) Season 1 7.2
Totally Completely Fine (2023) Season 1  Totally Completely Fine ဆိုတဲ့ Australian စီးရီလေးမှာတော့ Vivian တစ်ယောက် အဖိုးသေဆုံးပြီးနောက် Vivian တို့မောင်နှမသုံးယောက် အညီအမျှ အမွေခွဲတဲ့အခါ ချောက်ကမ်းပါးက အိမ်ကြီးကို Vivian အမွေဆက်ခံလိုက်ရတယ်။ အဲဒီအိမ်မှာ ထူးခြားချက်တစ်ခုရှိနေပြီး ထူးခြားချက်ကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့လူတွေဟာ Vivian အဖိုးရဲ့ အိမ်နောက်က ချောက်ကမ်းပါးကိုလာပြီး ခုန်ချလေ့ရှိတယ်။အမွေရပြီးမှ Vivian ဟာ သူမရဲ့အဖိုးက သေကြောင်းကြံဖို့လာတဲ့လူတွေရဲ့အသက်ကို ကယ်တင်ပေးနေတာကို သိလိုက်ရတယ်။ Vivian အိမ်ပြောင်းလာတဲ့ ပထမနေ့မှာတင်ပဲ မင်္ဂလာပွဲကနေထွက်ပြေးပြီး သေကြောင်းကြံဖို့ရောက်လာတဲ့ သတို့သမီးလေး Amy ကို Vivian ကယ်တင်လိုက်နိုင်တယ်။Vivian တစ်ယောက် သေကြောင်းကြံဖို့လာတဲ့လူတွေကို ကူညီရင်း သူမရဲ့အိမ်အသစ်က ဘဝသစ်ကို ဘယ်လိုအဆင်ပြေအောင် အခြေချဖို့ကြိုးစားမလဲဆိုတာကိုတော့ အခုစီးရီးလေးကို ကြည့်ရှူအားပေးကြပါဦး File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:49:00 Genre... ...
7.2
TMDb: 7.2/10 12 votes
tv

Totally Completely Fine (2023) Season 1

2023
6th Sense Agency (2024)
6th Sense Agency (2024) သရဲဖမ်း အေဂျင်စီ (၂၀၂၄)မြင်နေကျနဲ့မတူတဲ့ ဇာတ်အိမ်ဆန်းဆန်းတွေ ရိုက်ပြချင်တဲ့ Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲအသစ် ရောက်လို့လာပြန်ပါပြီ။ သရဲခြောက်တဲ့အိမ်တွေကို သရဲနှင်ပြီး ရောင်းပေးမယ့်ဇာတ်လမ်းမို့ သရဲတွေ နေရာတကာ ဖောဖောသီသီ မြင်ရမှာပဲ ဖြစ်ပါတယ်။ သရဲကားကြိုက်သူများ ကြည့်ပါ၊ ကြောက်ဖို့တော့ တာဝန်မယူပါ။ :3ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် အွန်ဟာ ဘာလုပ်လုပ် ဘာမှမဖြစ်မြောက်တဲ့ ငနဲတစ်ကောင်ပါပဲ။ စီးပွားတွေ သောက်သောက်လဲ ရှာတတ်လွန်းလို့ ကုန်လိုက်တဲ့ ငွေဟာလဲ သောက်သောက်လဲ ဖြစ်ပါတယ်။ နောက်ဆုံး သူ့အဖေပေးခဲ့တဲ့ တိုက်ကိုတောင် အကြွေးနဲ့ အသိမ်းခံလိုက်ရပါတော့တယ်။အဖေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့၊ တိုက်ကို ပြန်ဝယ်နိုင်ဖို့ ငွေများများရမယ့် ဂွင်ကောင်းကောင်း ရှာရာမှာ သရဲခြောက်တဲ့အိမ်ကို အကျိုးဆောင်ရောင်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လူလိမ်နတ်ဆရာအဖွဲ့ဆီမှာပါ ညှပ်ချခံရအပြီး၊ အိမ်ကိုလည်း ဘယ်လိုမှရောင်းမရတဲအဆုံး လက်လျော့မယ့်ဆဲဆဲမှာ သရဲတွေကို မြင်နိုင်၊ သရဲတွေနဲ့ စကားပြောနိုင်စွမ်းရှိတဲ့ ထစ်ဆိုတဲ့ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ ငွေရှာချင်တဲ့ ခပ်တုံးတုံးငနဲတစ်ကောင်၊ မှတ်ဉာဏ်ပြန်ရှာမယ့် သရဲမြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူလိမ် ၂ ယောက်တို့ ပူးပေါင်းပြီး ...

6th Sense Agency (2024)

2024
Chutney Sambar (2024)
Chutney Sambar (2024) Chutney Sambar (2024) IMDb - 8.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။ တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။"အာမူဒါစားသောက်ဆိုင်"ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီး မိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။ မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲ အကြံပြုပါတယ်။သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီး သူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကို မကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီးအဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။ အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်း အလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration ...

Chutney Sambar (2024)

2024
[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024