Channel Myanmar

Bollywood

Saas, Bahu Aur Flamingo (2023) 8
Saas, Bahu Aur Flamingo (2023) Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p  / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb: 8/10 3 votes
tv

Saas, Bahu Aur Flamingo (2023)

2023
Dead Pixels (2023) Complete 7
Dead Pixels (2023) Complete Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb: 7/10 1 votes
tv

Dead Pixels (2023) Complete

2023
Asur (2020) Season 2 8
Asur (2020) Season 2 Asur Season2 (2023) ******************************* IMDb 9.5S1မှာတုန်းကလည်း လူသတ်သမားရှာဖွေပုံတွေကို အားရစရာကြည့်ရှုခဲ့ရပြီး ယခုမှာတော့ S2လည်း ထွက်ရှိလို့လာပါပြီဟင်ဒူဘာသာမှာ စတ်ယုဒ် တေသရာယုဂ် ဒွာပရ်ယုဂ်နဲ့ ကလီ့ယုဂ်ဆိုပြီး ခေတ်ကြီးလေးခု ရှိပါတယ် ကလီ့ယုဂ်ဆိုတာကတော့ ကလီဆိုတဲ့အသူရာကိုကိုယ်စားပြုပြီး မှည့်ဆိုထားတာပါ ကလီ့ယုဂ်ဆိုတဲ့ မကောင်းဆိုဝါးခေတ်မှာဒုစရိုက်မှုတွေ အရမ်းများလာတဲ့အခါ လောကကိုထိန်းသိမ်းသူ ဗိဿနိုးဘုရားရှင်ဟာ ‌ အရင်ယုဂ်တွေမှာလိုပဲ လူဝင်စားကာ ဒုစရိုက်မှုတွေကို အဆုံးသတ်ပါတယ် ကလီ့ယုဂ်ကို အဆုံးသတ်မယ့် ဘုရားလောင်းရဲ့အမည်ကတော့ ကလ်ကီပါ ဒီကားထဲမှာတော့ အဲ့ဒီကလီဆိုတဲ့ နာမည်နဲ့ ကွင်းဆက်လူသတ်မှုတွေကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သတ်ဖြတ်နေသူက သူ့ကိုယ်သူ ကလီလို့ဆိုပါတယ် သူဖန်တီးလိုက်တဲ့ အမှုတွေက လူငယ်ပေါင်ချိန်ဆန်ဆန် အဖြေရှာတွေ့ဖို့မလွယ်တဲ့ နည်းနာတွေနဲ့ပေါ့ ဒီလူ ဒီနေရာမှာသေဆို တုံးခနဲလဲသေတဲ့အထိ စွမ်းဆောင်နိုင်စွမ်းရှိနေတော့ ရဲတွေ အစိုးရနဲ့ CBI တို့ အကြပ်ရိုက်‌တဲ့ကာလ .. သတ်တာတောင် နိုင်ငံကွန်ရက်တစ်ခုလုံးကို ဟက်ခ်ပြီး Live လွှင့်ပြတဲ့အထိပါပဲဒုစရိုက်မှုတွေရှင်းလင်းဖို့အတွက် ဗိဿနိုးဘုရားက ကလ်ကီအနေနဲ့ လူဝင်စားပြီ းအမြန်ပေါ်ထွက်လာအောင်လို့လည်းပြောတယ် ..ဆိုတော့ ရဲတွေ CBI တွေကြား လက်တစ်လုံးခြားလုပ်သွားပုံတွေ ..ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုက သတ်ပုံသတ်နည်းထူးထူးဆန်းဆန်းတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူတွေကတော့ Thaik ...
8
TMDb: 8/10 42 votes
tv

Asur (2020) Season 2

2020
IRL: In Real Love (2023) Ep 1 to 10 Complete 5.6
IRL: In Real Love (2023) Ep 1 to 10 Complete IRL (In Real Love)Dating Reality Show ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ Too hot too handle အောင်မြင်သွားပြီးနောက်ပိုင်း ဆက်ထွက်လာတဲ့ Love Island(Australia,Brazil) အိုပါးတွေ အိုင်ဒေါတွေ‌လို လှပချောမောတဲ့ ကိုရီးယားသား/သူလေးတွေကို ကြည့်ခဲ့ရတဲ့ Single inferno အပြီးမှာ ‌အိန္ဒိယပရိသတ်ကြီးအတွက် ညိုချောလေး ဖြူနုလေးတွေကို netflix ကနေစီစဉ်တင်ဆက်ထားပေးတဲ့ Show အသစ်လေးလာပါပြီဖောက်ပြန်တာတွေခေတ်စားနေတဲ့ လောကကြီးမှာ ခံစားချက်တွေမလွန်ကျူးကြခင် ကိုယ်ခန္ဓာရင်းနှီးမှုတွေမပါဘဲ ပေါ်တင်ပဲတည့်တွဲကြရင်ရော...ခေါင်းစဉ်လေးအတိုင်းပါပဲ အချစ်စစ်မှာတဲ့အချစ်စစ်မှာဘာတွေလိုအပ်လဲ ကိုယ့်စံချိန်တွေကဘာတွေလဲ ဒါတွေဂာတစ်ခါတလေမှာ ရင်းနှီးသွားမှ ကြုံဖူးသွားကြမှသိကြတာတွေရှိပါတယ်နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်ထင်ရှားသူတွေပါဝင်ထားတဲ့ အချစ်စစ်ကိုရှာကြသူများ ဟာသပေါ့ပါး Reality ရှိုးလေးတင်ဆက်ပေးလိုက်ပါတယ်သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာခွဲနေကြတဲ့ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့ အစမှာတည်းက အားလုံးကရွေးချယ်ထားတဲ့လက်‌တွဲဖော်လုပ်ထားတဲ့ အတွဲကိုယ်စီရှိပါတယ် ဒါပေမဲ့ တခြားသူတွေနဲ့ဆိုရင်ရောဘယ်လိုနေမလဲဆိုပြီး အွန်လိုင်းကနေစတီတာကြပလီကြပေါ့ ဒီလိုနဲ့ Meet Cute ဆိုတဲ့ App လေးကအောင်သွယ်ပေးပြီး ဒီလူတွေအချင်းချင်းပဲ ကော်ဖီဒိတ်လိုက် ပန်းခြံဒိတ်လိုက် ကမ်းခြေဒိတ်လိုက် ပြန်လာရင် တီတူးခဲ့တာလေးတွေပြောလိုက်နဲ့ပေါ့ ...
5.6
TMDb: 5.6/10 5 votes
tv

IRL: In Real Love (2023) Ep 1 to 10 Complete

2023
Garmi (2023) Complete 7
Garmi (2023) Complete Garmi (TV Series 2023) IMDb 7.5/10ရှာရွတ်ရဲ့ Dil Se... အီဖာရဲ့ Haasil တို့လို ဇာတ်လမ်းကောင်းတွေကို ဇာတ်ညွှန်းဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Tigmanshu Dhulia ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ စီးရီးလေးပါ။ Tigmanshu Dhulia က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေမှာ တင်ဆက်မှုအားကောင်းတာနဲ့ နာမည်ရှိပြီးသားသူတယောက်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နယ်မြို့လေးက လူငယ်လေးတစ်ယောက် အစိုးရ၀န်ထမ်းဖြစ်ဖို့ရာ ကိုယ့်ဆီမှာကို နေပြီး ကျောင်းတက်ချင်ပေမဲ့ အပြိုင်အဆိုင်များတဲ့ မြို့ကြီးက တက္ကသိုလ်တစ်ခုကို သွားတက်ဖို့ အဖေဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ သွားခဲ့ရတယ်။ အဲဒီမြို့ အဲဒီတက္ကသိုလ်မှာပဲ စီးပွားရေး နိုင်ငံရေး အားပြိုင်နေတဲ့ လူနှစ်ယောက်က ရှိပြန်ရော။ အစိုးရဖြစ်ဖို့အရေး အစရိုးချင်ယောင်ဆောင်ကြတဲ့ အဲဒီလူ၂ယောက်ရယ်ကျောင်းသားသစ်လေး မောင်အာဗင်တယောက် အစိုးရ၀န်ထမ်းပဲ ဖြစ်ဖို့ကြိုးစားနိုင်မလား တစ်ခြားနယ်ပယ်တခုခုကိုပဲ ရောက်သွားမလား ကြည့်ရမဲ့ နိုင်ငံရေးနဲ့ ကျောင်းသားအရေး ရောသမမွှေထားတဲ့ စိတ်ဝင်စားဖွယ် အိန္ဒိယ၀က်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ထားသူတွေကတော့ chiclon3~YH~Bpl~Yunni~Nyein တို့ပဲဖြစ်ပါတယ်)File Size – 900MB / 400MBQuality – 1080p / 720pDuration – ...
7
TMDb: 7/10 2 votes
tv

Garmi (2023) Complete

2023
Fireflies: Parth aur Jugnu (2023) 7
Fireflies: Parth aur Jugnu (2023) ဟိုးရှေးပဝေသဏီတည်းက ဟိမဝန္တာရဲ့အောက်ခြေတောင်ပူစာမှာ ဘီးမ်မူကေ့ရှ်ရွှာဆိုတဲ့မြို့လေးတစ်မြို့ဖြစ်တည်ခဲ့တယ် အဲဒီမြို့လေးမှာ လျှိုဝှက်ချက်ပေါင်းစုံနဲ့ နတ်ဆိုးတွေပါရှိတယ်လို့ ဆိုစမှတ်ပြုကြတာပေါ့ဒဏ္ဍာရီအရဆိုရင် ရှရီးရမ်နဲ့ ရာဗန်တို့ကြားတိုက်ပွဲဖြစ်တုန်းက ဟာနုမန်က ‌ ဆန်ဂျီဗနီတောင်တစ်တောင်လုံးကို မ,ရွှေ့ပြီး နေရာပြောင်းတော့ ဆန်ဂျီဗနီစေ့လေးတစ်စေ့က အဲဒီမြို့နားက တောအုပ်ထဲ ‌ပြုတ်ကျကျန်ခဲ့တယ်တဲ့ အဲဒီအစေ့ကနေ ဘယ်လောက်စွမ်းလဲဆိုရင် သာမန်လူတစ်ယောက်ကို မသေမျိုးဖြစ်အောင် လုပ်ပေးနိုင်စွမ်းအထိရှိတာပေါ့ ဒါကို လူယုတ်တွေလက်ထဲကကာကွယ်ဖို့ မျိုးနွယ်စုတွေက သူတို့မင်းသားတွေကို ကာကွယ်သူတွေအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြတယ်နှစ်၅၀ပြည့်တိုင်း အမ်မရစ်ပူနီမာညတိုင်းမှာ တောအုပ်ထဲက ဆန်ဂျီဗနီက ပန်းပွင့်လန်းလာတယ် သူနဲ့အတူ ကာကွယ်သူတောအုပ်နတ်ဆိုးရောပါပေါ့ ဒီလိုဒဏ္ဍာရီတွေကြောင့် နှစ်၅၀ပြည့်တိုင်း လကွယ်ညတွေဆို တောအုပ်ထဲကို ဘယ်သူမှမသွားကြဘူးတဲ့ တစ်နေ့တော့ ဒီလကွယ်ညမှာမှ ပါ့သ်ဆိုတဲ့ကောင်လေးတစ်ယောက်က စာမေးပွဲကျလို့ အဲဒီတောအုပ်ထဲ စိတ်ပြေလက်ပျောက်သွားထိုင်နေမိတယ် သူသွားထိုင်တဲ့အချိန်က ဆန်ဂျီဗနီပန်းပွင့်လာချိန်တဲ့ သွားတိုက်ဆိုင်နေတော့ ဒီပန်းရဲ့ကာကွယ်သူ နတ်ဆိုးနဲ့ ပါ့သ်တို့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်Quality :720p WEB RIP Total Episodes : 600MBFormat : mp4Genres :Sci-Fi & Fantasy, Drama, MysteryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated ...
7
TMDb: 7/10 1 votes
tv

Fireflies: Parth aur Jugnu (2023)

2023
Tu Zakhm Hai (2022) Season1+Season2 7
Tu Zakhm Hai (2022) Season1+Season2 Tu Zakhm Hai 2022ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ...
7
TMDb: 7/10 1 votes
tv

Tu Zakhm Hai (2022) Season1+Season2

2022
Your Honor (2020) Season 2 6.5
Your Honor (2020) Season 2 Your Honor (2021) (Season 2) IMDb 7.2/10 ThrillerSeason 1မှာ ဖြောင့်မတ်မှန်ကန်လွန်းတဲ့ တရားသူကြီး 'ဘစ်ရှင်ဂိုဆလာ'တစ်ယောက် သားဖြစ်သူ 'အက်ဘီ'ရဲ့ပြဿနာကို ဖြေရှင်းရင်းဇနီးဖြစ်သူရဲ့သေဆုံးမှုက ဒီလောက်မရိုးရှင်းဘူးဆိုတာ သိသွားခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ 'ဆတ်ဒ်နမ်မူခီ' အဓမ္မပြုကျင့်တာကို ခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပါတယ်။'ဆတ်ဒ်နမ်မူခီ'ရဲ့သေဆုံးမှုနောက်ကွယ်မှာလည်း 'ဘစ်ရှင်ဂိုဆလာ'ရှိနေပါတယ်။ ဒီသေဆုံးမှုအတွက် 'ဘစ်ရှင်ဂိုဆလာ'ဟာ ခြိမ်းခြောက်မှုတွေအများကြီးရင်ဆိုင်နေရပြီး တစ်ဖက်မှာလည်း ဖြောင့်မတ်တဲ့တရားသူကြီးဆိုတဲ့ဂုဏ်ကို ရထားတဲ့သူမလို့ အခက်တွေ့နေပါတယ်။ ဒီအမှုတွေကို ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ။ သားနဲ့ဇနီးဖြစ်သူရဲ့တရားမျှတမှုအတွက်ရော ဘာတွေဆက်လုပ်မလဲဆိုတာကို တစ်ပိုင်းချင်း စိတ်ဝင်စားစရာကြည့်ရှုကြရမှာဖြစ်ပါတယ်။Quality : 1080p SONY WEB DL /  720pTotal Episodes : 10EpsFormat : mp4Genres :Mystery, DramaDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK  720p Episode 1 - Yoteshin / Userdrive ...
6.5
TMDb: 6.5/10 2 votes
tv

Your Honor (2020) Season 2

2020
Your Honor (2020)Season1 Complete 8
Your Honor (2020)Season1 Complete Your Honor-------------------------- CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီအိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း "ဟင်...ဟာ" ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ...review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က "ဘစ်ရှင်ဂိုဆလာ"သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ"တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ"ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ"အက်ဘီ"ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin ...
8
TMDb: 8/10 1 votes
tv

Your Honor (2020)Season1 Complete

2020
Vyavastha (2023) Complete 8
Vyavastha (2023) Complete Vyavastha 2023ZEE5 ကနေအသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.7 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင် Sampath Raj နဲ့ မင်းသမီးချော Hebah Patel တို့အဓိကပါဝင်သရုပ်‌ဆောင်ထားပါတယ်။ချာကရာဗာသီ... ထက်မြက်ပြီး ကိုင်တွယ်တဲ့အမှုတိုင်း အနိုင်ရတဲ့ ဝါရင့်ရှေ့နေကြီးတစ်ဦး၊ ပြစ်မှုတွေကို ပညာသားပါပါ ဖုံးကွယ်တတ်ပြီး ဒုစရိုက်သမားတွေအကြိုက်၊ စီးပွားရေးသမားတွေအကြိုက် ရှေ့နေလိုက်ခကုဋေချီပေးရတဲ့ ရှေ့နေတစ်ဦး၊ အမှုနိုင်ဖို့ ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့သူ...ဂျေ ဗမ်စီခရစ်ရှ်နာ... ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ လောလောလတ်လတ် ဥပဒေကျောင်းဆင်း ရှေ့နေလေးတစ်ဦး၊ အကြံကောင်းပေမယ့် တရားရုံးရောက်လို့ အရေးအကြောင်းဆို စကားထစ်တတ်တဲ့သူ...ဒီလိုနဲ့ အတွေ့အကြုံ မိုးနဲ့မြေကွာတဲ့ ဒီရှေ့နေနှစ်ဦး နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အချိန်မှာတော့ ယုန်သူငယ်လေးက ကျားဂူထဲဝင်သွားတဲ့အဖြစ်လို ရှေ့နေနှစ်ဦးရဲ့အားပြိုင်မှုကို ထင်မှတ်မထားတဲ့ Plot twist တွေနဲ့ အမှုကိုဘယ်လိုယှဉ်ဖိုက်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat ...
8
TMDb: 8/10 1 votes
tv

Vyavastha (2023) Complete

2023
Oru Kodai Murder Mystery (2023) Complete 7
Oru Kodai Murder Mystery (2023) Complete Oru Kodai Murder Mystery(2023)IMDb-6.7/10စတိတ်ကျောင်းသားဘဝမှာ ကျောင်းအုပ်ဆရာကြီးဆရာမကြီးတွေရဲ့သား မှန်ကြောင်အူကြောင်ကြောင်လေးတွေမြင်ဖူးတယ် ဟုတ်ဒီကားထဲမှာဗီယွန်ဆိုတဲ့ကောင်လေးဟာ ကျောင်းအုပ်ဆရာမကြီးရဲ့ ထူးချွန်ကျောင်းသားရဲ့ညီ ကျောင်းရဲ့အလှပဂေးကိုမှရွေးကြိုက်ပြီး လေကြီးလေကျယ်တွေပြောတဲ့ မှန်ကြောင်ငတိလေးပါသူ့ဘေးကအရာအားလုံး လူအားလုံးကသူ့ကိုဝိုင်းပစ်ပယ် အနိုင်မကျင့်နားမလည်ကြဘူးဆိုပြီး တစ်ယောက်တည်းပန်းနုသွေးနေသူပေါ့ ခရက်ရှ်လေးကြောင့်သာ ဘဝကြီးကနေချင်စရာရှိသူပါဆိုပြီး ခရက်ရှ်မျက်နှာတစ်ကမ္ဘာလုပ်နေသူပါအဲဒီလောက်ကြီးထိသူမှတ်ယူထားတဲ့ ကောင်မလေးက တစ်နေ့မှာ ရုတ်တရက်ကြီးပျောက်သွားပြီး နောက်မှာတော့ အလောင်းကိုသာ ပြန်တွေ့ပါတော့တယ် အဲဒီလိုနဲ့ လိုက်စုံစမ်းရင်း ရဲတွေရှာတွေတဲ့ သက်သေတွေအရ သံသယရှိသူဟာ ဗီယွန်ပါတဲ့ခရက်ရှ်ကလည်းသေ သူ့ကိုလည်းစွပ်စွဲခံရတဲ့ဗီယွန်ဟာ နည်းပညာရူးလေး အမွှာနှစ်ကောင်အပါအ၀င် သူ့သူငယ်ချင်းလေးယောက်နဲ့အတူ အသည်းအသန်လိုက်စုံစမ်းပါတော့တယ်ကျောင်းသားလေးတွေရဲ့အလွဲဟာသလေးတွေနဲ့ အစပျိုးထားပြီး အလှည့်အပြောင်းလေးတွေနဲ့ဆွဲခေါ်သွားမယ့် မှုခင်းကားကောင်းလေးပါFile Size – 800MB / 400MBQuality – 1080p / 720pDuration – 45minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , MysteryTranslator – BpL~Yunni~Cherry~Khin~Sai~HM~NyeinEncoder – YK 720p Episode 1- Yoteshin / Userdrive / Megaup / Streamsb / ...
7
TMDb: 7/10 1 votes
tv

Oru Kodai Murder Mystery (2023) Complete

2023
Dahaad (2023) Complete 6.2
Dahaad (2023) Complete Dahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျအိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက် ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ် မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ...... အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့ မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း ...
6.2
TMDb: 6.2/10 5 votes
tv

Dahaad (2023) Complete

2023
Gutar Gu (2023) Complete
Gutar Gu (2023) Complete Gutar Gu 2023Gutar Gu 2023 ( IMDb 8.4/10)နေ့စဉ်ဘဝတွေမှာ ရုန်းကန်လှုပ်ရှား စိတ်ပင်ပန်းရပါတယ်ဆိုမှ ဒရာမာတွေ အတုံးအတစ်လိုက်နဲ့ စိတ်ပင်ပန်းစရာ ဇာတ်ကားတွေကြည့်ပြီး လောင်မနေပါနဲ့ ပရိသတ်တို့ပရိသတ်တို့ရဲ့ နုနယ်ဖြူစင်တဲ့ ကျောင်းသားဘဝတွေကို အလွမ်းပြေ ပေါ့ပေါ့ပါးပါး ကျောင်းသားအချစ်ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ မြို့ပြောင်းလာတဲ့ ကျောင်းသူသစ်ကောင်မလေးရယ် ရည်းစားမထားဖူးတဲ့ အိမ်ရှင်ကျောင်းသား လူပျိုပေါက်လေးရယ် အတန်းထဲမှာမျက်မှန်းတန်းမိကြရာကတစ်ဆင့် မိတ်ဆွေတွေဖွဲ့ အဆင့်တွေတက်နဲ့ ဖြေးဖြေးချင်းအချစ်တွေ ပေါက်ဖွားလာတဲ့အခါပေါ့ဘယ်လိုလဲ ဇာတ်လမ်းလေးက ငယ်ဘဝကို အမှတ်ရမိစေတယ်မလား ဒီ web series လေးမှာ ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးတွေအပြင် အချစ်ရေးရာ အကြံပေးတဲ့အစ်ကိုကြီးတွေ ဘေးကနေမီးထိုးလိုက်ဂျင်းထည့်လိုက်နဲ့ သူငယ်ချင်းတွေဟိုလွဲဒီလွဲ စသဖြင့် ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ကြည်နူးစရာလေးမို့ ပရိသတ်ကြီးတို့ငယ်ဘဝအလွမ်းပြေ ဘဝအမောတွေ ခေတ္တပြေပျောက်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size –600MB / 300MBQuality – 1080p WEB DL / 720pDuration – 25minsTotal Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – Khin~Sai~BpL~ThaikSan~Yunni~CherryEncoder ...

Gutar Gu (2023) Complete

2023
Save the Tigers (2023) Complete 7
Save the Tigers (2023) Complete Save the Tigers(IMDb 8.1/10)ယောကျာ်းတွေမကောင်းတဲ့ကား ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား အမျိုးသမီးအခွင့်အရေးတန်းတူရရေး ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့ နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်‌တင်ဆက်ပေးမဲ့ imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ save the tiger ကျားများကိုကယ်တင်ပါတဲ့ ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ် ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့ တရားရုံးကို မိန်းမမခေါ်ရဲလို့ ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ ကျားမအခွင့်အရေး အိမ်ထောင်ရေး Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7
TMDb: 7/10 1 votes
tv

Save the Tigers (2023) Complete

2023
The Forgotten Army – Azaadi ke liye (2020) Complete 6.897
The Forgotten Army – Azaadi ke liye (2020) Complete The Forgotten Army - Azaadi ke liye 2020IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ် မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့ လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ...ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ်သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲစစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမ‌ဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – 40minsTotal Episodes:5EpsSubtitle ...
6.897
TMDb: 6.897/10 146 votes
tv

The Forgotten Army – Azaadi ke liye (2020) Complete

2020
United Kacche (2023) 7
United Kacche (2023) United Kacche (2023) IMDb 7/10နိုင်ငံခြားမှာပိုက်ဆံရှာပြီးသူဌေးဖြစ်လာဖို့ဆိုတာ ပန်ဂျပ်ပြည်နယ်က တန်ဂိုဆိုတဲ့ကောင်လေးရဲ့အိပ်မက်တစ်ခု...အသိတွေရော သူငယ်ချင်းတွေပါထွက်နေကြတဲ့အချိန် ပိုက်ဆံကမရှိတော့ တန်ဂိုတစ်ယောက် အကြံအိုက်နေချိန်ပေါ့ဒီလိုနဲ့လူတစ်ယောက်နဲ့တွေ့ဆုံပြီး အဲဒီလူအကြံပေးပါတယ် ပန်ချာပီတွေလုပ်နေကြနည်းအတိုင်း ဘိုးဘွားမြေတွေပေါင်ပြီး နိုင်ငံခြားထွက်ဖို့ပါ ဒီလိုပဲပတ်ကြံလိုက်တာပေါင်ဖြစ်သွားတယ်ဆိုပါတော့ နိုင်ငံခြားရောက်ပြီးတော့ အလုပ်ရှာဘာညာနဲ့ဗီဇာသက်တမ်းကုန်ပါလေရော ပြဿနာကဒီကစမှာပါ ဒီလိုတရားမဝင်နေထိုင်သူတွေကိုကာကြေးလို့ခေါ်ကြပါတယ်ဒီကာကြေးတွေကိုဖမ်းတဲ့အဖွဲ့ကရှိနေပါတယ် ဖြစ်ချင်တော့ အဲဒီဖမ်းမဲ့ကောင်နဲ့တန်ဂိုနဲ့တစ်အိမ်တည်းမှာသွားငှားမိပါလေရော ဒီတော့ အဖော်မပါကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့နိုင်ငံခြားမှာ တရားမဝင်ဖြစ်နေမဲ့အပြင်ကို လိုက်ဖမ်းတဲ့လူနဲ့ပါအတူနေမိတဲ့ တန်ဂိုတစ်ယောက်ဘယ်လိုဇာတ်သိမ်းသွားမလဲကြည့်လိုက်ကြပါဦးFile Size – 311MBQuality – 720p WEB RIPDuration – 24minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ComedyTranslator – BpL~Cherry~Yunni~ThaikSanEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup / Meganz / Streamvid / Streamsb Episode 2 - Yoteshin / Userdrive / Megaup / Meganz ...
7
TMDb: 7/10 1 votes
tv

United Kacche (2023)

2023
Tooth Pari: When Love Bites(2023) 5.5
Tooth Pari: When Love Bites(2023) Tooth Pari: When Love Bites 2023အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ ထူးထူးခြားခြား Netflix ကနေအသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော ဗန်ဗိုင်းယားစီးရီးတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.8အထိရရှိထားပြီး cast တွေအနေနဲ့ နာမည်ကြီးမင်းသမီးလေးတန်ညာက ဗန်ဗိုင်းယားမအဖြစ် သရုပ်ဆောင်ထားပြီး သွားဆရာ၀န်ကတော့ ဂန်ဂူဘိုင်းဇာတ်ကားထဲက မင်းသားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း လတ်ရဲဆတ်ရဲတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် လူသားတွေကိုပလေးရင်း သူ့ဆန္ဒတွေကိုဖြည့်ဆည်းတာပေါ့။ တစ်နေ့မှာ မတော်တဆဖြစ်ပြီး သူ့အစွယ်ကျိုးသွားခဲ့တယ်။ သူ့အစွယ်ပြန်ရဖို့အရေး သွားဆေးခန်းသွားရာမှာ မာမား boy လေးသွားဆရာဝန်နဲ့ ဆုံတွေ့ဖို့ဖြစ်လာတော့တယ်။ လူသားတွေကိုပတ်ပလေးနေတဲ့ ဗန်ဗိုင်းယားမလေးတစ်ယောက် သွားဆရာဝန်နဲ့တွေ့သွားတဲ့အခါ ထုံးစံအတိုင်းလူသားနဲ့ ဗန်ဗိုင်းယားတို့ကြားက အချစ်တွေပေါက်ဖွားလာပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခံလိုက်ရတဲ့အခါ ...ဇာတ်လမ်းထူးခြားတဲ့ Drama ,Thriller ,Comedy ကားဖြစ်ပြီး‌ ပေါ့ပေါ့ပါးပါးတင်ဆက်ထားပေမယ့် နောက်ပိုင်းမှာ ဇာတ်လမ်းက plot twist တွေနဲ့ dark ဖြစ်တဲ့ဇာတ်ကွက်ကို ကြည့်ရှုရမှာဖြစ်ပါတယ်။Quality : 1080p NF WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres ...
5.5
TMDb: 5.5/10 4 votes
tv

Tooth Pari: When Love Bites(2023)

2023
Jubilee (2023) 8
Jubilee (2023) Jubilee (2023)IMDb-7.9/10Padmaavat ထဲကမင်းသမီးချောလေး Aditi Rao Hydari နဲ့ မင်းသားကြီး Aparshakti Khurana တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၄၀ ၀န်းကျင်အငွေ့အသက်လေးတွေနဲ့ ဇာတ်ကားကောင်းလေးကိုခံစားကြည့်ပါဦး၁၉၄၇ ၀န်းကျင်အိန္ဒိယရဲ့ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့အတူ ရုပ်ရှင်လောကမှာလည်းသပွတ်အူလည်နေကြပါတယ်Roy Talkies ဆိုတာ အဲဒီခေတ်အခါက မျက်နှာသစ်လေးတွေကိုစင်တင်ပြီး အောင်မြင်ကျော်ကြားအောင်လုပ်ပေးနေတဲ့ နံပါတ်တစ်စတူဒီယို ဒီရဲ့ပိုင်ရှင် စရီကန့်ရွိုင် သူ့ရဲ့စတူဒီယိုပါတနာ ဇနီးချောဆူမီတရာကူမာရီ မစ္စတာရွိုင်ဟာ သူဆက်ထုတ်မဲ့ရုပ်ရှင်အတွက်အားလုံးကြေညာပြီးပေမဲ့ အဓိကဇာတ်ဆောင်ကိုတော့ ချန်လှပ်ထားခဲ့တယ် ရုပ်ရှင်လောကသားတွေကြားမှာတော့ အဲဒီဇာတ်ဆောင်နဲ့ မဒမ်ဆူမီတရာထွက်ပြေးသွားပြီဆိုတဲ့ ကောလဟတွေ‌ မစ္စတာရွိုင်ဟာ သူ့ဘ၀နဲ့စတူဒီယိုအတွက် အရေးပါနေသူဇနီးနဲ့ သူစင်တင်ပေးမဲ့မင်းသား နှစ်ယောက်သားကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်မှပဲ သူ့သိက္ခာသူ့ဘ၀သူ့စတူဒီယိုကို ကယ်တင်နိုင်တော့မှာပါ၁၉၄၇ ဆိုတဲ့ကာလတွေဟာ ဉာဏ်များတယ် ပဟေဋိဆန်တယ် ရန်သူမိတ်ဆွေရောထွေးနေပြီး ကြည့်ရှူသူတွေအတွက်ကတော့ တစ်ကွက်ချင်းစိတ်၀င်တစားနဲ့စီးမျောသွားနိုင်တဲ့အတွက် CM ပရိသတ်‌ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 700MB/ 350MB Quality – 1080p / 720pDuration – 58minsTotal Episodes:Subtitle – Myanmar HardsubFormat – ...
8
TMDb: 8/10 1 votes
tv

Jubilee (2023)

2023
Anger Tales(2023) 9
Anger Tales(2023) Anger TalesIMDb-5.2/10လူတစ်ယောက်ချင်းစီရဲ့ဘ၀မှာ အထိမခံနိုင်တဲ့အရာတွေရှိနေပါတယ် ဒါတွေကိုရင်ဆိုင်ကြုံတွေလာတဲ့အချိန်မှာ ဘယ်လိုရှင်းဆိုင်ဖြေရှင်းကြပါသလဲEp 1ကိုယ်ချစ်ရတဲ့မင်းသားရဲ့ကားကို ဖန်တွေအတွက်စုပြီးပြဖို့ကြိုးစားနေတဲ့လူတစ်ယောက် အားလုံးအဆင်ပြေပြီးစီးပြီး ပြမယ့်ချိန်နီးမှရုံပိုင်ရှင်ကပြမပေးနိုင်ဘူးဆိုပြီးထဖောက်ပါတော့တယ် ပရိသတ်အားကောင်းလွန်းတဲ့မင်းသားရဲ့ကား သူကိုယ်တိုင်လည်းသဘောကျရတဲ့မင်းသားမို့ သူ့လေးစားရတဲ့မင်းသားနာမည်မပျက်ရစေဖို့ ဘယ်လိုစွမ်းကုန်ကြိုးခုန်ကြိုးစားမလဲEp 2တွေ့ရာအကုန်စားတဲ့ပူဂျာတစ်ယောက် ယောကျာ်းရကာမှ သက်သတ်လွတ်သမားဘဝရောက်သွားရတဲ့အခါ ...ဒါ့အပြင် သူ့ယောကျာ်းမိသားစုတင်သက်သတ်လွတ်သမားတွေမဟုတ်ဘဲ သူတို့နေထိုင်ရာတစ်တိုက်လုံးကလူတွေကသက်သတ်လွတ်သမားတွေဖြစ်နေလေတော့ အစားသောင်းကြမ်းတဲ့ပူဂျာတစ်ယောက် ဘယ်လိုနှစ်ပါးသွားမလဲEp-3ပုထုဇဉ်လူတွေအားလုံးမှာ ဒေါသထွက်ရင် သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခုထိပဲရှိကြပါတယ်။ အဲ့ဒီသည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားပြီဆိုရင်တော့ အသိစိတ်လွှတ်ချင်လွှတ်သွားနိုင်သလို လူသတ်ချင်တဲ့စိတ်ရိုင်းတွေပေါ်လာတတ်ကြပါတယ်။ အာနန်နဲ့ ပက်ဒမ်မာတို့ဟာ အိမ်ငှားဘ၀နဲ့လင်မယားတွေပါ။ အိမ်ရှင်ဘယ်ချိန်ဖယ်ခိုင်းမလဲဆိုတာကို အမြဲရင်တထိတ်ထိတ်ဖြစ်နေရတဲ့သူတွေပါ။ တစ်နေ့မှာအိမ်ရှင်ဖြစ်သူကို သူ့အမျိုးတွေပါခေါ်တင်ထားပြီး ငါအိမ်ရှင်ပဲဆိုပြီး အိမ်ငှားအပေါ်ကို မထီမဲမြင်ဆက်ဆံလာတဲ့ချိန်မှာ ပဒမ်မာတစ်ယောက်အိမ်ငှားတစ်ယောက်အနေနဲ့ သည်းမခံနိုင်တဲ့အဆုံး ၀င်ပြောလိုက်မိရာမှ ဘယ်လို‌တွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားနာမည်အတိုင်းပဲ ဒေါသတစ်ဖွားဖွားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။Ep-4အသက်၃၀ကျော်အရွယ် လက်မထပ်နိုင်သေးတဲ့ ပုံတုံးတုံး လူပျိုသိုးကြီးဖြစ်နေတဲ့အပြင် အလုပ်အကိုင်အတည်တကျရယ်လို့မရှိသေးတဲ့ ဂီရီကို အဒေါ်ဖြစ်သူ ပဒ်ဒမ်မားကတော့ စိတ်ပူနေရှာပါတယ်။ သူ့တူလေး ဒီဘဝကနေ ကျွတ်နိုင်ဖို့ တတ်နိုင်သမျှနည်းနဲ့ကြိုးစားနေပေမယ့် ဘာမှအရာမထင်ပါဘူး။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးနေရှာပါတယ်။ ဒီတူဝရီးနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။File Size – ...
9
TMDb: 9/10 1 votes
tv

Anger Tales(2023)

2023
Happy Family, Conditions Apply (2023) 5
Happy Family, Conditions Apply (2023) Happy Family Conditions (2023)IMDb-6.7/10မိသားစု၀င်တွေအကုန်စုပေါင်းနေရတာ ပျော်ဖို့ကောင်းလား စရိုက်မတူတဲ့လူတွေစုနေတာရော သုတရသစုံမလား ပြဿနာတွေပဲစုံမလားမျိုးဆက်လေး‌ဆက်တောင်‌စုပေါင်းနေနေတဲ့ ဂူဂျာရာသီမျိုးရိုးမိသားစုတစ်စု ရှေးရိုးစွဲသူ ဂူဂျာရာသီလူမျိုးအချင်းချင်းကိုသာ‌သွေးသားတော်စပ်ချင်သူ အပြောင်းအလဲအကူးအပြောင်းကြိုက်သူ ပျော်ပျော်နေတတ်သူ စုပေါင်းနေကြတဲ့မိသားစုလေးတစ်နေ့မှာ မိသားစုရှိသမျှအကုန်စုပေါင်းနေတာပဲကြိုက်တဲ့ရာမေ့ရှ်ရဲ့သားဆန်ဂျူးက အိမ်ခွဲနေဖို့ပြင်ဆင်နေတာကို သိလိုက်ရလို့အံ့ဩ၀မ်းနည်းသွားတယ် တစ်ပြိုင်တည်းမှာပဲ သူ့ညီဖြစ်သူက ကင်ညာ-အမေရိကန်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တာကိုသိလိုက်ရပါတော့တယ်ဒီအိမ်ဒီမိသားစုရဲ့ စံနှုန်းတွေအိမ်မက်တွေဟာ အမျိုးမျိုးကွဲပြားနေတော့ ဒီစံအိမ်မိသားစုရော ပြိုကွဲမလား မိသားစုစိတ်ဓာတ်တွေပိုခိုင်မြဲလာမလားဆိုတာ အရွှန်းဖောက်ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးမှာ ယခုခေတ်ရဲ့ပြသနာတွေ မျိုးဆက်တစ်ခုနဲ့တစ်ခုထိငြိတတ်တဲ့ ကတောက်တဆလေးတွေ gender equality တွေ အိမ်တွင်းရေးအခက်အခဲတွေ မိသားစုသိုက်သိုက်ဝန်းဝန်းဆိုရင် ပျော်စရာကြီးလို့ထင်ရပေမဲ့ ပျော်ရွှင်စရာသိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုရဖို့ မလွယ်ကြောင်း ဟာသလေးတွေနဲ့ လက်တွေ့ကြည့်ရှုရင်းနဲ့ပဲ ကိုယ့်မိသားစုကို တန်ဖိုးထားကြပါလို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်File Size – 800MB / 400MBQuality – 1080p AMZ WEB DL / 720pDuration – 28mTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, DramaTranslator –HM ...
5
TMDb: 5/10 2 votes
tv

Happy Family, Conditions Apply (2023)

2023