Channel Myanmar

BL

Low Frequency (2023) 10
Low Frequency (2023) Low Frequency (2023)လောလောလတ်လတ်ထွက်ရှိထားပြီး မင်းသားငယ်ငယ်ချောချောလေးတွေပါတဲ့ Romance, Fantasy, Drama, BL ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Mon က ငယ်သူငယ်ချင်းဆုံးသွားပြီးတဲ့နောက်ပိုင်း အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမက်လာတာ ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ ဘာကြောင့် အဲဒီအိပ်မက်ကို မက်နေရလဲဆိုတာ အဖြေရှာမရဖြစ်နေတဲ့အချိန် Thames ဆိုတဲ့ နာမည်ကြီးမင်းသားလေးတစ်ယောက် သူ့ဘဝထဲဝင်လာပါတယ်။ Thames ရဲ့ မန်နေဂျာက Mon ရဲ့အစ်မဆိုတော့ သူတို့ချင်းရင်းနှီးသွားပြီး အပြန်အလှန်စကားတွေပြောကြရင်း ကြည်နူးစရာဇာတ်လမ်းလေး ဖြစ်လာခါနီးအချိန်မှာမှ Thames က ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ အဲဒီအတောအတွင်း Mon ကို သူတို့မိသားစုကိုးကွယ်တဲ့ အဘဘုန်းကြီးက အဆောင်တစ်ခု အမြန်ပေးခိုင်းသွားပြီး သိပ်မကြာခင်မှာ သူတစ်ခုခုနဲ့ကြုံရတော့မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒီတော့ Mon တစ်ယောက် သူ့အိပ်မက်တွေကို အဖြေရှာနိုင်ပါ့မလား၊ အဘဘုန်းကြီးပြောသလိုမျိုး တစ်ခုခုထူးဆန်းတာ ကြုံရတော့မလား၊ Thames နဲ့ရော အချစ်ဇာတ်လမ်းလေး ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Blue, ...
10
TMDb: 10/10 2 votes
tv

Low Frequency (2023)

2023
His Man Season 1 + 2 10
His Man Season 1 + 2 His Man 2022ကိုရီယားရဲ့ Dating Showတွေထဲမှာမှ ထူးထူးခြားခြားလေးဖြစ်တဲ့ ပထမဆုံး BL Dating Showလေး ထွက်ရှိလိုလာပါပြီအချစ်စစ်ကိုရှာဖွေပြီး နောက်ဆုံးမိဘနဲ့ပါ တွေ့ပေးလိုရတဲ့ထိ လက်တွဲဖော် ချစ်သူကောင်လေးမျိုးနဲ့ သတ္တိရှိရှိ အချစ်တွေကို ပုံဖော်ကြမယ့် ကောင်လေးတွေ...သူတို တစ်အိမ်တည်းမှာ အခန်းဖော်တွေအဖြစ် အတူနေထိုင်ကြရင်း ဘယ်လို ကြည်နူးစရာ စုံတွဲဒိတ်တင်းမစ်ရှင်တွေကို လုပ်ရင်း ဘယ်သူ့ဆီ နှလုံးသားတွေ ဦးတည်ကြမလဲဘယ်လိုအသဲယားစရာ လှုပ်ရှားမှုတွေကို ပုံဖော်ကြမလဲ နောက်ဆုံးမှာ သူတို စိတ်ကူးယဥ်ချစ်သူပုံစံနဲ့ တထပ်တည်းကျတဲ့ အချစ်လေးကို ပိုင်ဆိုင်နိုင်မလားဆိုတာDating Showတို ထုံးစံအတိုင်း ခံစားချက်မျိုးစုံကြိုးခုန်နေရတာမျိုးကိုမှ BLလေးပါဖြစ်နေတော့ LGBT Supporter ဖူဂျိုရှီ ဖူဂျီရှီ တို စောင်ကိုက်ကြည့်ရဦးမှာလည်း အသေအချာပါ(အညွှန်းကို Hay Man မှရေးသားထားပြီးတော့ CM Variety Teamမှ ဘာသာပြန်ဆိုထားပါတယ်)File Size –  650MB / 200MBQuality ...
10
TMDb: 10/10 1 votes
tv

His Man Season 1 + 2

2022
Step By Step (2023)
Step By Step (2023) Step by Step / ချစ်ခြင်းရယ်ညှာ အလွှာလွှာ အဆင့်ဆင့် (2023)ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ဂျီအန်လုပ်ငန်းစုပိုင်ရှင်ရဲ့သား ခွန်ဂျန်က ကုမ္ပဏီလက်အောက်ငယ်သားတွေအပေါ်မှာ စည်းကမ်းတင်းကြပ်ပြီး အပြင်းအထန်ပြောဆိုတတ်တဲ့ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး မန်နေဂျာတစ်ယောက်...။ နိုင်ငံခြားမှာပညာသင်ကြားခဲ့ပြီး အဖွဲ့ထဲမှာ စိတ်အားထက်သန်ဆုံးဖြစ်တဲ့ အလုပ်သင်လေး ဖတ် အလုပ်ထဲမှာ အဖွဲ့သားတွေခိုင်းသမျှလုပ်ပေးရတဲ့ ဖတ်ဟာ အပြင်မုန့်သွားဝယ်ပေးရင်း သူတို့ရဲ့မန်နေဂျာ ခွန်ဂျန်နဲ့ မတော်တဆဖြစ်ပြီး တွေ့ဆုံခဲ့ပါတယ်။ ဖတ်က သူ့ရဲ့အထက်လူကြီးဆိုတာမသိဘဲ တွေ့ဆုံမယ့်အချိန်ကို စောင့်မျှော်ရင်း သဘောကျလာခဲ့ပြီးတဲ့နောက် အလုပ်မှာ သူ့ရဲ့စည်းကမ်းတင်ကြပ်ပုံကို မြင်တွေ့ပြီး နုတ်ထွက်စာတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ.... ခွန်ဂျန်ကရော ဘယ်လိုတုံ့ပြန်မလဲ သူတို့နှစ်ယောက်ပြန်လည်အဆင်ပြေနိုင်ကြမလား..ဆိုတာကိုတော့ CM ကနေ တင်ဆက်ပေးလိုက်ပြီမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော် စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo Myo, Thada, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…1GB | ...

Step By Step (2023)

2023
La Pluie (2023) 10
La Pluie (2023) La Pluie / အချစ်ရဲ့စကားသံ (2023)ဒီတစ်ခေါက်တင်ဆက်သွားမယ့် စီးရီးလေးကတော့ "La Pluie" ဆိုတဲ့ ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ထိုင်း BL စီးရီးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဆန်တိုင် ဆိုတဲ့ကောင်လေးက မိုးရွာတဲ့အချိန်ရောက်တိုင်း အကြားအာရုံပျောက်သွားတတ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပါတယ်။ ဒီရောဂါဟာ သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာဆိုရင် မထူးဆန်းတော့တဲ့ ရောဂါတစ်မျိုးလိုဖြစ်နေပါပြီ။ တချို့ကတော့ ဒီရောဂါဟာ ဆန်းကြယ်မှုတစ်ခုလို့ သတ်မှတ်ကြပြီး တချို့ကတော့ ကျိန်စာလို့ သတ်မှတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါဟာ လုံးဝ နားမကြားရတာမဟုတ်ဘဲ မိုးရွာတဲ့အချိန်မှသာ ဘယ်လိုအသံမျိုးကိုမှမကြားရတော့တာကြောင့်ဖြစ်ပါတယ်။ ဒီအကြားအာရုံပျောက်တဲ့ လက္ခဏာတွေထဲမှာ ထူးဆန်းတာတစ်ခုလည်းရှိနေပါသေးတယ်။ ဒီရောဂါခံစားနေရတဲ့သူတွေမှာ အသက် ၂၀ပြည့်တာနဲ့ ကိုယ့်နှလုံးသားနဲ့ ထပ်တူကျတဲ့ ဖူးစာရှင်ရဲ့ အသံကို ကြားလာရတတ်တယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါကို အချစ်စစ်ရဲ့ စတင်မှုတစ်ခုလို့လည်း လူတွေက ယုံကြည်ကြပါသေးတယ်။ဆန်တိုင် ဆိုတဲ့ ကောင်လေးကတော့ ငယ်ဘဝကမိဘတွေရဲ့အိမ်ထောင်ရေးကြောင့် ဒီလိုမျိုး အချစ်စစ်နဲ့ ဖူးစာရှင်ဆိုတာမျိုးကို မယုံကြည်နိုင်ခဲ့ပါဘူး။ အသက် ၂၀ ပြည့်တဲ့နေ့ ဖူးစာရှင်ရဲ့ အသံကို စပြီးကြားလိုက်ရတဲ့နေ့မှာ ဆန်တိုင်တစ်ယောက် ...
10
TMDb: 10/10 1 votes
tv

La Pluie (2023)

2023
The Luminous Solution (2023)
The Luminous Solution (2023) The Luminous Solution / ကော်ဖီတစ်ခွက်ရဲ့ ဆန္ဒ (2023)ထနာက သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ အလုပ်ထုတ်ခြင်းခံထားရပါတယ် ဒါတင်မကပဲ ၁၀ နှစ်ကြာတွဲလာတဲ့ သူ့ရဲ့ချစ်သူ ပါထစ် နဲ့ ဆက်ဆံရေးကလည်း ပြဿနာများစွာရှိလာပြန်ပါတယ် တစ်နေ့မှာ ထနာဟာ အမှတ်မထင်ပဲ ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်သွားပါတော့တယ် အဲဒီကော်ဖီဆိုင်က သာမန်ကော်ဖီဆိုင်မဟုတ်ဘဲ လိုအပ်နေတဲ့အချိန်မှပေါ်လာတတ်ပြီး လူတွေရဲ့ကံကြမ္မာကိုပါ ပြောင်းလဲပေးနိုင်တဲ့ ဆုတောင်းတွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးတဲ့ကော်ဖီဆိုင်ပဲဖြစ်ပါတယ် ထနာဟာ သူ့မှာဖြစ်နေတဲ့ပြဿနာတွေ အဆင်ပြေချင်တဲ့အတွက် ဆုတောင်းဖို့လုပ်ပါတော့တယ် ဒါပေမယ့် ဆုတောင်းတစ်ခုတောင်းတိုင်း ပေးဆပ်ရမယ့်ပေးဆပ်မှုတွေလည်း တွဲပါလာတတ်ပါကြောင်း ကော်ဖီဆိုင်ပိုင်ရှင်က သတိပေးပါတယ် အဲဒါကို ဂရုမစိုက်တဲ့ ထနာဟာ သူ့ရဲ့ဆုတောင်းကို တောင်းလိုက်တဲ့အခါ ဘယ်လိုပေးဆပ်မှုတွေကို ပြန်ပေးဆပ်ရမလဲဆိုတာကို အပတ်စဥ်တင်ဆက်ပေးမှာမို့ CMကနေစောင့်မျှော်ကြည့်ရှုနိုင်ပါပြီအညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 450MB Format… ...

The Luminous Solution (2023)

2023
Love Tractor (2023)
Love Tractor (2023) Love Tractor (2023)မြို့သား နဲ့ တောသူ တော့ မဟုတ်တဲ့ မြို့သား နဲ့ တောသားရဲ့ အချစ်ဇာတ်ကားလေး လာပါပြီ။မြို့ကြီးသားလေး Hyeon Yul က စာတော်တဲ့ ဥပဒေကျောင်းသား တစ်ယောက်ဖြစ်ပြီးတော့ မြို့ပြမှာ မပျော်ပိုက်ဘဲ လမ်းတွေ ပျောက်နေခဲ့ရတဲ့ မြို့ကြီးသားလေး တစ်ယောက် ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့အိမ်ကနေ ဘယ်သူမှ မသိအောင် ထွက်လာခဲ့ပြီးတော့ အဘိုးဖြစ်သူရဲ့ ရွာမှာ ခေတ္တ နေထိုင်နေရင်း တောသားလေး Ye Chen နဲ့ စတင်တွေ့ပြီးတော့ အချစ်ထွန်စက်ကြီးကို ဘယ်လို ခုတ်မောင်းကြမယ် ဆိုတာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ပေးကြပါဦး။တောနယ်က ရိုးသားဖြူစင်မှုတွေနဲ့ တောတောင်အလှအပတွေကိုလည်း တစ်ဝကြီး ခံစားကြရဦးမှာပါ။တစ်ပတ်ကို ၂ ပိုင်းနှုန်းနဲ့ ၈ ပိုင်းတိတိ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 400MB | ...

Love Tractor (2023)

2023
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
Past-Senger (2023)
Past-Senger (2023) Past-Senger (2023)BL ပရိသတ်တွေအတွက် ကြည့်စရာဇာတ်လမ်းတွဲအသစ်လေးကို CM ကတင်ဆက်ပေးပါဦးမယ်နော်ကီရို့ဆိုတဲ့ကောင်လေးက သူငယ်ချင်းတစ်သိုက်နဲ့ အမြဲပျော်နေတတ်ပြီး ဗိသုကာပညာကိုသင်ယူဖို့တက္ကသိုလ်တက်တော့မယ့်အချိန်မှာ ကချော်ကချွတ်နဲ့ နောက်ပြောင်ရင်း နောက် ၂၅ နှစ်ကိုရောက်သွားပါလေရော...ဘီးလ်ဆိုတဲ့ကောင်လေးကတော့ ၂၀၂၂ ခုနှစ်မှာ ဗိသုကာမေဂျာတက်နေတဲ့ ရိုးသားကြိုးစားဖိုးသခွားလေးပေါ့နော်အဲအချိန်မှာ သူတို့နှစ်ယောက်ဆုံပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ ၂၅ နှစ်ဆိုတဲ့ ကွာဟနေတဲ့အချိန်ကာလကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ... BL ထဲမှာပါ အချိန်ခရီးသွားပုံစံလေးနဲ့ဆိုတော့ တစ်မျိုးတစ်မည်ဖြစ်နေလို့ အထူးညွှန်းစရာမလိုတော့လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Blue, MyoMyo, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz, Blue, MyoMyo, ThantSin Encoder ..... Aaron720pEpisode 01 - Userdrive | ...

Past-Senger (2023)

2023
The Promise (2023) 8.1
The Promise (2023) The Promise (2023) (အညွှန်း) =====================ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xPPhupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။အညွှန်းကို Lai Laii က ...
8.1
TMDb: 8.1/10 1 votes
tv

The Promise (2023)

2022
Love Syndrome III : The Series (2023)
Love Syndrome III : The Series (2023) Love Syndrome (2023)ချစ်သူလေးကို ကိုယ့်အပေါ်မှာ စိတ်တိုင်းကျဆိုးခွင့်ပေးထားတဲ့ "Day" နဲ့ ချစ်သူက အလိုလိုက်လွန်းလို့ စိတ်ရှိလက်ရှိဆိုးနေတဲ့ကောင်လေး "Itt"ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂ နှစ်ကြာတဲ့အထိ ဘာပြဿနာမှမရှိခဲ့ပေမဲ့လည်း တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ကံဆိုးမှုတစ်ခုက သူတို့နှစ်ယောက်ဆီကို ရောက်ရှိလာခဲ့တဲ့အခါ...။အရင်က "Itt" ကို အလိုလိုက်ခဲ့တဲ့ "Day" တစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားချိန်မှာတော့ တစ်ချိန်က သူအမြတ်တနိုးချစ်ခဲ့တဲ့ "Itt" အပေါ် ဘယ်လိုများပြောင်းလဲသွားမလဲ။ "Itt" ကရော ဒီအခြေအနေကို ကျော်လွှားနိုင်ပါ့မလား။ သူတို့ချစ်သူနှစ်ဦးအတွက် အရင်လိုပျော်စရာကောင်းတဲ့နေ့ရက်တွေ ပြန်ရောက်လာနိုင်ပါဦးမလား ဆိုတာ စောင်လည်းကိုက်ရင်း တစ်သျှူးလည်းဆောင်ရင်းကြည့်ရမယ့် BL ကား အသစ်စက်စက်လေး ဖြစ်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo, Mary တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration….40min Subtitle…. Myanmar Subtitle ...

Love Syndrome III : The Series (2023)

2023
Happy Merry Ending(2023)[Complete] 2
Happy Merry Ending(2023)[Complete] Happy Merry Ending(2023)**************************အပိုင်း ( ၁ မှ ၈) ထိ စ/ဆုံးအားလုံးစောင့်နေကြတဲ့ ဒီ BL Series လေးမှာဆိုရင် SS501 အဖွဲ့ဝင် Kyu Jong တစ်ယောက်Main Role ကနေပါဝင်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းကတော့ အီဆွန်းဂျွန်းဟာ မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာဂုဏ်ပြု‌တေးသီဆိုပေးရတဲ့အလုပ်ကိုလုပ်နေတဲ့ သာမန် ခပ်အေးအေးကောင်လေးတစ်ယောက်ပါဒီအလုပ်တစ်ခုတည်းကိုပဲနှစ်နဲ့ချီပြီးလုပ်လာရတဲ့ အချိန်မှာ တဖြည်းဖြည်းနဲ့ မင်္ဂလာဆောင်နေကြတဲ့ အတွဲတွေအတွက်အချစ်ကိုပုံဖော်စိတ်ကူးမြင်ယောင်ရင်း ဂုဏ်ပြုသီဆိုပေးဖို့တောင် ခက်ခဲလာတဲ့အထိ သူ့ရဲ့အလုပ်အပေါ်ကို စိတ်ဝင်စားမှုနည်းလာပါတော့တယ်ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့မင်္ဂလာခန်းမကို ပီယာနိုတီးပြီးဖျော်ဖြေမယ့် ဆုန်းဂျယ်ဟျွန်းဆိုတဲ့ကောင်လေးရောက်လာတဲ့ အခါမှာတက်တက်ကြွကြွသွက်သွက်လက်လက်ရှိတဲ့ ဂျယ်ဟျွန်းနဲ့ အေးတိအေးစက်ဆွန်းဂျွန်းတို့ ကြားကသံယောဇဉ်၊ ခင်မင်ရင်းနှီးမှူတို့က မင်္ဂလာပွဲတစ်ခုပြီးတိုင်း ပိုပိုလာရပါတော့တယ်...ဒီလိုနဲ့နောက်ဆုံး သံယောဇဉ်တိုးရင်း ဘယ်လောက်အခြေအနေထိရောက်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစရာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်....Episodes: 8Aired On: Wednesday, ThursdayFile Size:300MBQuality :Web-DL 1080pGenres: Drama, BL, RomanceTranslated by  ThynnEncoded by  Phyo ...
2
TMDb: 2/10 1 votes
tv

Happy Merry Ending(2023)[Complete]

2023
The Eighth Sense (2023) 10
The Eighth Sense (2023) The Eighth Sense (2023)ဒီတစ်ခေါက်အလှည့်ကျလာတဲ့ Korea BL ဇာတ်လမ်းလေးကတော့ Lim Ji-Sub နဲ့ Jun-Taek Oh တို့ပါဝင်ထားတဲ့ The Eighth Sense ဆိုတဲ့ကျောင်းသားဇာတ်လမ်း‌လေးဖြစ်ပါတယ်ဂျီဟျွန်းက ဆိုးလ်တက္ကသိုလ်တစ်ခုမှ ကျောင်းသားအသစ်ဖြစ်ပြီး ကျေးလက်မြို့ငယ်လေးမှ ပြောင်းရွှေ့လာခဲ့ပါတယ် သူက အဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ ရုန်းကန်နေရပြီး အလုပ်များတဲ့ဆိုးလ်ကို ပြောင်းရွှေ့ခြင်းရတာ သူ့အတွက် ကမောက်ကမနှင့် စိတ်ရှုပ်ထွေးစေခဲ့ပါတယ်နှစ်ကြီးကျောင်းသား ဂျယ်ဝန်းက မဖြစ်မနေစစ်မှုထမ်းပြီးနောက်မှာ ဆိုးလ်ကို ပြန်လာခဲ့ပါတယ်ဂျီဟျွန်းအချိန်ပိုင်းအလုပ်လုပ်နေတဲ့ဆိုင်မှာ မထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးရဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စူးစမ်းလိုစိတ်များ စတင်ပေါ်ပေါက်လာခဲ့ပါတယ် ဂျီဟျွန်း က ဂျယ်ဝန်း တက်တဲ့ လှိုင်းစီးကလပ်မှာ ပါဝင်လာတဲ့အခါ အခြေအနေတွေက ဘယ်လိုဆက်ဖြစ်လာမလဲ.....ဂျီဟျွန်းက လှိုင်းစီးခြင်းနဲ့ ပင်လယ်ပြင်ကို ချစ်မြတ်နိုးကြောင်း တွေ့ရှိလာတဲ့အခါမှာ သူတို့ရဲ့သံယောဇဉ်တွေဟာ ပိုမိုနက်ရှိုင်းလာပြီး ရေလွှာလျှောစီးအဖွဲ့ရဲ့ခရီးတစ်ခုစထွက်ချိန်မှာ တွေ့ဆုံကြပြီး ခဏတာဆွဲဆောင်မှုတစ်ခုပဲလား... ဒါမှမဟုတ် တစ်သက်တာချစ်ခြင်းမေတ္တာလားဆိုတာကိုတော့‌ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားကတာကတော့ Myo Myo and ...
10
TMDb: 10/10 1 votes
tv

The Eighth Sense (2023)

2023
Chains of Heart (2023)
Chains of Heart (2023) Chains of Heart (2023)သစ်တောအရာရှိလေးတစ်ယောက်ဖြစ်တဲ့ဒင်မှာ ခန်ဆိုတဲ့ နှစ်နဲ့ချီမြတ်နိုးရတဲ့ချစ်သူရှိပါတယ်။ RS သက်တမ်းလည်းမနည်းလှတဲ့ သူတို့နှစ်‌ယောက်ရဲ့ဘဝက ကြမ္မာဆိုးငင်ချင်တော့ မူးယစ်မှောင်ခိုမာဖီးယားဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်မိပြီး တောင်စောင်းကနေ နှစ်ယောက်တူတူ ပြုတ်ကျသွားတဲ့အခါ...ခန်တစ်ယောက် အသက်မသေဘဲနိုးထလာခဲ့ပေမဲ့ သေသည်ရှင်သည်လည်း သေချာမသိရဘဲ အစရှာမရ ပျောက်ခြင်းမလှပျောက်နေတဲ့ဒင်၊ ဒင်ကို‌ဆုံးရှုံးလိုက်ရတာကြောင့် နှလုံးသားတံခါးကိုချိတ်ပိတ်လိုက်တဲ့ "ခန်" တစ်ယောက် ၂ နှစ်အကြာမှာ ရန်ပွဲထဲကသူ့ကို ရုတ်တရက်ဝင်ကယ်သူနဲ့ဆုံလိုက်ရပေမဲ့ မျက်နှာကိုသေချာမြင်ခွင့်မရလိုက်တဲ့အခါ...အဲဒီနေ့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ဘဝထဲကို တိတ်တခိုးဝင်ရောက်လာတဲ့ အမည်မသိလူသားလေးနဲ့ ချစ်ရသူနဲ့ခပ်ဆင်ဆင်တူတဲ့အချက်တွေကြောင့် "ဒင်" လို့ထင်နေမိတဲ့ "ခန်" တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ ကံကြမ္မာမုန်တိုင်းကြောင့် ကွဲကွာနေတဲ့အချစ်ငှက်ငယ်လေးတွေရော ကံအလှည့်အပြောင်းမှာ ပြန်‌ဆုံနိုင်မလားဆိုတာ အားလုံးအ‌တူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Shin, Cali, Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p | File size… 600MB | 300MB Format… mp4 Duration….47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Chains of Heart (2023)

2023
A Shoulder to Cry On (2023)
A Shoulder to Cry On (2023) A Shoulder to Cry On (2023)အီဒါယောလ်က လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းတွင်း မြှားပစ်ကလပ်မှာ စိတ်အပန်းဖြေဖို့ ရှာဖွေနေတဲ့ မြှားပစ်ကျွမ်းကျင်သူ ဖြစ်ပါတယ် နာမည်ကြီးပြီး ချောမောတဲ့ ကျောင်းသား ဂျိုထယ်ဟျွန်းနဲ့ နားလည်မှုလွဲမှားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ပညာသင်ဆုအတွက် အန္တရယ်ကျရောက်လာခဲ့ပါတယ် ဒါယောလ်ဟာ အခွင့်အရေးလိုချင်လို့ ချဉ်းကပ်လာတယ်ဆိုပြီး ထယ်ဟျွန်းကစွပ်စွဲခဲ့ပါတယ် ဒါကြောင့် ထယ်ဟျွန်းဟာ ဒါယောလ် နောက်လိုက်ပြီး နှောင့်ယှက်ခဲ့ပါတယ် ဒါပေမယ့် ထယ်ဟျွန်းအပေါ် ဒါယောလ်က သဘောကျလာနေကြောင်း သိလိုက်ရတဲ့နောက်မှာတော့ ... OMEGA X အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကင်ဂျယ်ဟန်နဲ့ ရှင်းယယ်ချန်းတို့လို မင်းသားချောချောလေးတွေ ပါဝင်ထားကြတဲ့ A Shoulder To Cry On စီးရီးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ MyoMyo and Hmwe ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

A Shoulder to Cry On (2023)

2023
All the Liquors (2023) 2
All the Liquors (2023) All the Liquors (2023)ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ အသစ်ထွက်ရှိတဲ့ "All the Liquors" လို့ခေါ်တဲ့ Korea BL ကားလေးပဲဖြစ်ပါတယ်ဟန်ဂျီယူဆိုတဲ့ကောင်လေးကတော့ အရက်ကုမ္ပဏီတစ်ခုရဲ့ မားကတ်တင်းအဖွဲ့က ဝန်ထမ်းကောင်လေး တစ်ယောက်ပါ ဘတ်ဂီဟွန်းဆိုတဲ့ ဆွဲဆောင်မှုရှိပြီး လက်ရာကောင်းတဲ့စားဖိုမှူးချောလေးကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ဆိုင်ရှင်ပါ မှတ်ချက်အနေနဲ့ "ဆိုင်မှာ အရက်မသောက်ရ" ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားပြီး အရက်တောင်းတတ်တဲ့ ယူလာတတ်တဲ့ ဧည့်သည်တွေနဲ့ အမြဲစကားများနေတတ်သူပေါ့တစ်နေ့မှာတော့ မားကတ်တင်းအဖွဲ့က ဂျီယူတစ်ယောက် ကုမ္ပဏီက အသစ်ထုတ်လုပ်မယ့် အရက် Brand တစ်ခုအတွက် စားဖိုမှူးတစ်ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တာဝန်ကျလာတဲ့အခါ .. အဲဒီလိုနဲ့ အရက်ဆို ခါးခါးသီးဖြစ်နေတဲ့ စားဖိုမှူး ဘတ်ဂီဟွန်းနဲ့ အလုပ်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ခေါင်းမာတဲ့ အရက်ဂျိုးလေး ဂျီယူ နဲ့ အကဲဆတ်တဲ့စားဖိုမှူးလေးတို့ ကြားမှာ ဘယ်လိုဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်ကြည့်လို့ရပါပြီ စုစုပေါင်း ၈ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ...
2
TMDb: 2/10 1 votes
tv

All the Liquors (2023)

2023
My School President (2022)
My School President (2022) My School President / ဥက္ကဋ္ဌလေး ကျွန်တော့်ချစ်သူ (2022) (အညွှန်း) =========================== တစ်ကားလုံးဆင်တဲ့ နောက်ထပ် ကျောင်းတွင်း BL series အသစ်လေးလာပါပြီ။ဂီတကိုရူးသွပ်ပြီး ကျောင်းတွင်းဂီတကလပ်မှာ သူငယ်ချင်းတွေနဲ့အတူတူတီးဝိုင်းထောင်ထားတဲ့ .. “ဂန်း”။ပုံမှန်ကျောင်းတွင်းတီးဝိုင်းတွေဆိုရင် ကိုလူချောတွေအပြည့်နဲ့ ကျောင်းသူလေးရဲ့သည်းသည်းလှုပ်ခြင်းကိုခံရတာထုံးစံဆိုပေမယ့် “ဂန်း” တို့ရဲ့တီးဝိုင်းအဖွဲ့ကတော့ ဗရုတ်သုတ်ခတွေလုပ်လွန်းလို့ ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းအုပ်အပြောင်းအလဲဖြစ်သွားပြီး အသစ်တက်လာတဲ့ကျောင်းအုပ်က ကျောင်းကိုသိက္ခာချမယ့်ကလပ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျောင်းတွင်းကလပ်တွေနဲ့ပတ်သက်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့ “ကျောင်းရဲ့သမဂ္ဂဥက္ကဌ” အသစ်တစ်ယောက် ရွေးချယ်ဖို့ဖြစ်လာရာကနေ ဘက်စုံထူးချွန်တဲ့ “တင်” က သမဂ္ဂဥက္ကဌရာထူးကိုရသွားပါတော့တယ်။ “တင်” က ဂီတကလပ်ဖျက်သိမ်းရေး/ မဖျက်သိမ်းရေးအတွက် အဓိကတာဝန်ရှိသူဖြစ်လာပြီးတော့ ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်စမ်းရန်ပွဲလေးတွေက ဘယ်လိုတွေအူယားစရာကောင်းဦးမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားဆင်ရင်း စောင်ကိုက်နိုင်အောင် တင်ဆက်ပေးလိုက်ကြောင်းပါနော်အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Shin Shin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… ...

My School President (2022)

2022
I Will Knock You (2022) 7.7
I Will Knock You (2022) နိုယူ အဖြစ် Tar Atiwat ထီအဖြစ် Bom Thanwatဇာတ်လမ်းအကျဉ်းထီက ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့အပြင် tutor တစ်ယောက်လည်းဖြစ်ပါတယ်တစ်ရက် ထီ့တပည့်တွေထဲက တစ်ယောက်က အထက်တန်းကျောင်းသားလူဆိုးခေါင်းဆောင် နိုယူနဲ့ ပြဿနာဖြစ်ခဲ့ပြီး ထီက တပည့်ဖြစ်သူအတွက် နိုယူနဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ်အဲဒီနောက်ကစပြီး ထီနဲ့နိုယူတို့ မကြာခဏတွေ့မိကြပြီး ထီက သူ့ကိုစိတ်ဝင်စားနေတယ်လို့ နိုယူက ယူဆခဲ့တယ်ထီအနေနဲ့ အထင်လွဲမှုကိုရှင်းရင်း ပိုပိုအထင်မှားလာခံရတဲ့အခါ...ထီအနေနဲ့စာသင်ပြပေးဖို့ အပ်ခံရတဲ့တပည့်အသစ်က နိုယူဖြစ်နေတဲ့အခါ...ကျူရှင်ဆရာလေး ထီနဲ့ ကျောင်းသားဆိုးလေး နိုယူတို့ကြားက အချစ်ဇာတ်လမ်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Nue Nue ပါ )Native Title: พี่จะตีนะเนย Episodes: 12 Aired: Nov 18, 2022 - Feb 3, 2023 Aired On: Friday Original Network: Channel 3 Duration: 45 min. Content Rating: Not Yet RatedTranslated by Kyi ...
7.7
TMDb: 7.7/10 votes
tv

I Will Knock You (2022)

2022
Between Us (2022) 7.0
Between Us (2022) ဝင်း အဖြစ် Boun Noppanut Guntachai ထင်းမ် အဖြစ် Prem Warut Chawalitrujiwong ဒင် အဖြစ် Ohm Thitiwat Ritprasert ဖမ် အဖြစ် Fluke Natouch Siripongthon ဖရစ် အဖြစ် Bosston Suphadach Wilairat မနောင် အဖြစ် Samantha Melania Coatesဒီစီးရီးမှာဆိုရင် ရေကူးအသင်းကဒုဥက္ကဌ "ဝင်း "ဆိုတဲ့တတိယနှစ်ကျောင်းသားနဲ့ "ထင်းမ်" ဆိုတဲ့ ပထမနှစ်ကျောင်းသားအကြောင်းကိုတွေ့မြင်ရမှာပါဒီစီးရီးဟာ အရင်ပြီးခဲ့ "Until we meet again" စီးရီးနဲ့အဆက်အစပ်တွေရှိနေပါလိမ့်မယ်ထင်းမ်ဟာ ရေကူးပညာသင်ဆုရကျောင်းသားဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမရှိခဲ့ပါဘူးကြောက်စိတ်တွေရှိနေခဲ့ပါတယ်ဝင်းကတော့ အရမ်းခန့်ပြီးပါးနပ်တဲ့ရေကူးအသင်းကဒုဥက္ကဌလေးပေါ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ထင်းမ် ရေကူးအသင်းဝင်ဖို့သွားလျှောက်ရာကနေ စတင်ခဲ့ရင်း ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ စီးရီးထဲမှာကြည့်ရအောင်နော်🔥ဒီစီးရီးကိုမျှောလင့်နေတဲ့သူတွေအတွက်တော့ အပိုင်း ၁ နဲ့တင် အရမ်းကိုတန်နေပါပြီ 🌚( အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )Translated by Kyi Nue ...
7.0
TMDb: 7.0/10 votes
tv

Between Us (2022)

2022
Remember Me (2022) [Complete]
Remember Me (2022) [Complete] Remember Me ~ ချစ်ခြင်းဖြင့်ရေးဖွဲ့ထားသော (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)"ကိုယ်ချစ်ရသူဆီကပြန်လာမယ့်စာကို မျှော်လင့်ချက်တကြီး စောင့်မျှော်ခဲ့ရတဲ့ လွမ်းဆွတ်ဖွယ်နေ့ရက်တွေကို မှတ်မိသေးလား ?လက်ရေးစာလေးကနေ MSN, Messenger,Blackberry, LINE ... ခေတ်တွေပြောင်းလဲသွားပေမယ့် ချစ်ခြင်းမေတ္တာရဲ့ခံစားချက်တွေကို မက်ဆေ့ချ်‌တွေကတဆင့်ဖော်ပြခွင့်ရခဲ့တယ်။ ဒီလို ဆက်သွယ်ရေးကြောင့် ကျွန်တော်တို့ပိုပြီးနီးကပ်လာတာက ကျွန်တော်တို့‌တွေရဲ့ နှလုံးသားကြားက အကွာအဝေးကို တစ်နည်းတဖုံနက်ရှိုင်းသွားစေသလား? "ဒီကားလေးကတော့ "The YearBook" ပြီးသွားတဲ့‌နောက် "Mean" ကိုယ်တိုင် Director အဖြစ်နဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ရိုက်ကူးထားတဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲလေးပါ ~"The YearBook" ထဲကအတွဲလေးလည်းပြန်ပါမှာဖြစ်ပြီး BL fan တွေအားလုံးသဘောကျခဲ့ရတဲ့ "Don't Say No" ထဲက Ja နဲ့ First လေးကိုလည်း ပြန်တွေ့မှာဖြစ်ပါတယ်။P' Mean ရဲ့လက်ရာကိုတော့ The YearBook ကြည့်ဖူးကြတဲ့လူတိုင်းသိတယ်ဟုတ်? ဒီကားလေးမှာရော ချစ်ခြင်းကိုဘယ်လိုပုံဖော်ပြသွားမလဲဆိုတာ ...

Remember Me (2022) [Complete]

2022
Big Dragon (2022) 9.1
Big Dragon (2022) မန်ကွမ် အဖြစ် Mos Panuwat ယိုင် အဖြစ် ISBANKYဇာတ်လမ်းအကျဉ်းစီးပွါးရေးမေဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ သူဌေးသားလေး ယိုင်နဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်တဲ့ စာအရမ်းတော် နာမည်ကြီးတဲ့ မန်ကွမ်တို့က စီနီယာမမဖြစ်တဲ့ မေဂျာကွင်း အာကျို့ကို ပြိုင်လိုက်မိရာက ကတောက်ကဆလေးတွေ ဖြစ်လာခဲ့ပါတယ်တစ်ရက် အာကျို နဲ့ မန်ကွမ်တို့ ယိုင်ရဲ့ ဘားကို လာချိန် ယိုင်က မန်ကွမ်ကို မေ့ဆေးခတ်လိုက်ကာ ဗီဒီယိုရိုက်ပြီး အရှက်ကွဲအောင်လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ တပည့်နှစ်ယောက်ရဲ့ အလွဲကြောင့် ဆေးမှားခတ်မိပြီး ယိုင်နဲ့ မန်ကွမ်တို့ မှားယွင်းသွားမိခဲ့တယ်ဒါ့အပြင် ရိုက်ကူးထားမိတဲ့ ဗီဒီယိုက မန်ကွမ့်ဆီရောက်နေခဲ့ပြီး ယိုင့်ကို ခြိမ်းခြောက်လာခဲ့တဲ့အခါ ဒေါသပေါက်ကွဲခဲ့တဲ့ ယိုင်က ဒီအဖြစ်ကို မေ့ဖို့ ဘားကို ဖျက်ဆီးခဲ့ပါတယ်ယိုင်က မှတ်ဥာဏ်ဆိုးကို ဖျက်ဖို့ လုပ်ခဲ့ပေမဲ့ ဘားကို ပြန်ပြင်မယ့် ဒီဇိုင်းအဖွဲ့မှာ ဗိသုကာကျောင်းသား မန်ကွမ်က အလုပ်သင်အဖြစ်ပါလာခဲ့တဲ့အခါ…အမုန်းတရားကနေ စခဲ့တဲ့ ယိုင်နဲ့ မန်ကွမ်တို့ ဆက်ဆံရေး ...
9.1
TMDb: 9.1/10 4 votes
tv

Big Dragon (2022)

2022