Channel Myanmar

BL

Bake me please (2023)
Bake me please (2023) ကိတ်လို ချိုတဲ့ အချစ် (၂၀၂၃)ဒီတစ်ခါ Channel BLပရိတ်သတ်တွေအတွက် CMကနေ အချစ်ချိုချို ရိုတဲ့BLကားလေးတင်ဆင်ပေးချင်ပါတယ်ကိတ်ဖုတ်တာကိုဝါသနာကြီးပြီး ကိတ်တွေကို ကိုယ်တိုင်အနုစိတ်ဖုတ်တဲ့လူပါ သူလုပ်တဲ့တိုတာကက်ပရေ့မုန့်ကို စားချင်တဲ့လူက ဆိုင်မဖွင့်ခင်ထဲက တန်းစီပြီးကြိုစောင့်နေရပါတယ် လက်ထောက်မခေါ်ဘဲ တစ်ယောက်ထဲစိတ်တိုင်းကျလုပ်တာကြောင့် တစ်နေ့မှ အလုံး၂၀ပဲရပါတယ်အဖွားနဲ့အတူ ကိုယ်တိုင်ကိတ်မုန့်လုပ်ရင်း ဆိုင်ဖွင့်နိုင်ဖို့ ကြိုးစားနေသူဖိချ် ကိတ်ရောင်းတဲ့နေရာမှာ အခက်အခဲတွေ တွေ့လာသောအခါ ဖိချ်တစ်ယောက် ရှင်းတို့အဖွဲ့ထဲရောက်သွားပါတော့တယ်ဘယ်သူနဲ့မှစကားသိပ်မပြော တစ်ယောက်ထဲနေတတ်တဲ့ရှင်းတစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ? ဖိချ်အတွက်ကရော အဆင်ပြေပါ့မလား? ကဲ အားပေးကြပါဦးအညွှန်းကိုတော့ Kong Hou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Kong, Laii, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kong, Laii, Mary Encoder ..... Aaron720pEpisode 01 - ...

Bake me please (2023)

2023
Colorful Melody (2023)
Colorful Melody (2023) ကာလာစုံ မယ်လိုဒီ (၂၀၂၃)အလောင်BLကားတွေများနေချိန်မှာ Healing ဖြစ်စေမယ့် ရှားရှားပါးပါး ခပ်အေးအေး BL series သစ်လေးဖြစ်တဲ့ Colorful Melody ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ခရီးတွေထွက်ရတာကို သဘောကျပြီးတော့ ငယ်ငယ်လေးကတည်းက တယောသံကို နှစ်ခြိုက်ပြီး အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေး ဒေး၊ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ သံစုံတီးဝိုင်းမှာ တယောထိုးရင်း ကမ္ဘာပတ်ခွင့်ရနိုင်ဖို့အတွက် ကိုယ်ပိုင်သီချင်းရေးနေသူလေး။ သီချင်းရေးဖို့အတွက် တိတ်ဆိတ်တဲ့နေရာကို ရှာဖွေရင်းနဲ့ သူငယ်ချင်းဖြစ်သူ ဘီရဲ့ အကြံပေးချက်အရ ဆန်ခလာကို ဗော်လန်တီယာဂီတဆရာအဖြစ် ကလေးတွေကို သင်ကြားပေးဖို့ ရောက်လာရင်းနဲ့ အဲဒီမှာ စာသင်ကြားနေတဲ့ ဆရာမမ်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားစရာ ကျလိကျလိလေးတွေ ဖြစ်လာမလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Char Ou, Khaing ဆို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  ...

Colorful Melody (2023)

2023
Fellow Travelers (2023) 8.714
Fellow Travelers (2023)  ဒုတိယ ကမ္ဘာစစ်ကြီးအပြီး စစ်အေးခေတ်ကာလ ၁၉၅၀ ဝန်းကျင်မက်ကာသီစင်ကာလလို့ ခေါ်ဆိုရမယ့် အချိန်ကာလကို အမှီပြုပြီးအကျင့်စရိုက်မတူကွဲပြား ရည်မှန်းချက်ကြီးမားတဲ့ ဟော့ကင်းနဲ့ကျောင်းဆင်းပြီးကာစ ကတ်သလစ်ဘာသာဝင် လူငယ်လေးဖြစ်တဲ့တင်မိုသီ ဒီအမျိုးသားနှစ်ဦးရဲ့ အချိန်ကာလ အခက်အခဲမျိုးစုံကြားထဲကအချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာပါ။အမေရိကန်-ဗီယက်နမ် စစ်ပွဲခေတ်ကာလ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ချိန်ဒစ်စကိုဂီတ တစ်ခေတ်ဆန်းချိန်၊ အေအိုင်ဒီအက်စ် ကူးစက်ရောဂါ အမေရိကားမှာစတင်ရောက်ရှိ ပြန့်ပွားချိန်တွေကိုနောက်ခံထားပြီး အပိုင်း(၈)ပိုင်းပါဝင်မယ့်ဒီမီနီစီးရီးက ၂၀၂၃ အောက်တိုဘာ ၂၉ ကမှ ပူပူနွေးနွေး အပိုင်း (၁) ထွက်ရှိလာတာပါ။(18+ scences) အချို့ ပါဝင်တာမို့လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးသမိုင်းကြောင်းဝတ္ထုတွေရေးရာမှာ နာမည်ကြီး စာရေးဆရာဖြစ်တဲ့ သောမတ်စ်မယ်လွန်၂၀၀၇ ခုနှစ်က ရေးသားထုတ်ဝေထားတဲ့ စာအုပ်ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။  File Size –  843 MB /343 MBQuality –WEB-DL 1080p 5.1 CH , 720pDuration – 1h ...
8.714
TMDb: 8.714/10 7 votes
tv

Fellow Travelers (2023)

2023
My Dear Gangster Oppa (2023)
My Dear Gangster Oppa (2023) ဂန်းစတားကိုကို ရဲ့ အချစ်ချိုချို (၂၀၂၃)Ai Long Nhaiထဲက Ai-Nhai couple ရဲ့ second BL Series လေး ဖြစ်တဲ့ My Dear Gangster Oppaလေးထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာတော့ မျက်နှာတည်တဲ့ gangster cool guy ကြီး "ထရူ" နဲ့ introvertကျောင်းသားလေး "ဂိုင်း" တို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရမှာဖြစ်ပါတယ်။အမြဲတမ်းအထီးကျန်ဆန်နေတဲ့ အတန်းရဲ့ချောင်တစ်နေရာမှာ ဘယ်သူမှမမြင်ဘဲ ကိုယ်ပျောက်နေတတ်တဲ့ introvert ကောင်လေး "ဂိုင်း" အတွက်တော့ ‌ နွေးထွေးတတ် ကြင်နာတတ်တဲ့ ဝါရ်ဆိုတဲ့ကောင်လေးဟာ အရာရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ social butterfly ဖြစ်တဲ့ ဝါရ် အတွက်တော့ သူငယ်ချင်း ဆိုတာ မှိုလိုပေါက်နေတာပေါ့။ဒါပေမဲ့ အဖြူထည်သူငယ်ချင်းကနေ တဖြည်းဖြည်းခံစားချက်အရောင်ပြောင်းလာတဲ့ ဂိုင်း က သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်လာတဲ့‌နေ့နဲ့ ဝါရ်က သူ့ရဲ့ချစ်သူကောင်မလေးနာမီနဲ့ တရားဝင်မိတ်ဆက်ပေးတဲ့နေ့က ကံကြမ္မာဇာတ်ဆရာရဲ့ရက်စက်မှုနဲ့ တစ်ရက်တည်းဖြစ်နေတဲ့အခါ...ဒီလိုနဲ့ လက်တွေ့ဘဝကို ကျောခိုင်းလို့ game မှာ ကိုယ်ပိုင်ကမ္ဘာငယ်လေး ...

My Dear Gangster Oppa (2023)

2023
Absolute Zero (2023) 10
Absolute Zero (2023) Absolute Zero (2023) အညွှန်းကိုယ်ချစ်ရတဲ့သူကို မဆုံးရှုံးရဖို့အတွက် အချိန်တွေကိုသာ နောက်ပြန်လှည့်နိုင်မယ်ဆိုရင်...။ကိုယ့်မွေးနေ့မှာပဲ အက်ဆီးဒန့်တစ်ခုကြောင့် ချစ်ရသူ "အွန်မ်ဆာ"ကို ဆုံးရှုံးလိုက်ရတဲ့ "ဆွမ်ဆွန်"ဟာ အတိတ်ကိုပြန်သွားပြီး သူ့ချစ်သူကို ကာကွယ်ပေးချင်ခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဆွမ်ဆွန်တစ်ယောက် အတိတ်ကို တကယ်ပဲပြန်ရောက်သွားတဲ့အခါ အက်ဆီးဒန့်ဖြစ်မလာအောင် ကာကွယ်ဖို့ အွန်မ်ဆာ့ကို သတိပေးခဲ့ပေမဲ့လည်း သူသာမသေရင် သူ့ချစ်သူသေရမှာကို သိနေတဲ့ အွန်မ်ဆာဟာ အက်ဆီးဒန့်ကို မတားဆီးခဲ့ပါဘူး။ပြောင်းလဲမရတဲ့အနာဂတ်ကို အွန်မ်ဆာနဲ့ဆွမ်ဆွန်တို့ ချစ်သူနှစ်ယောက် အကြိမ်ကြိမ်ပြောင်းလဲကြရင်း နောက်ဆုံးမှာတော့ အွန်မ်ဆာဟာ ဆွမ်ဆွန့်ကို ကာကွယ်ဖို့အတွက် ဆွမ်ဆွန်နဲ့ဝေးဝေးမှာနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အနာဂတ်ဟာ တကယ်ပဲ ပြောင်းလဲသွားနိုင်ပါ့မလား၊ ဒါမှမဟုတ် မလွန်ဆန်နိုင်တဲ့ကံကြမ္မာကြောင့် ချစ်သူနှစ်ဦး ကွေကွင်းရဦးမှာလား ဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။အညွှန်းကိုတော့ Hmwe က ရရေးထားကေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Khaing, Mary, Thae Thae တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Mystery Quality…. 1080p | 720p File size… Format… mp4 Duration…. ...
10
TMDb: 10/10 1 votes
tv

Absolute Zero (2023)

2023
I Feel You Linger in the Air (2023)
I Feel You Linger in the Air (2023) I Feel Your Linger in the Air / စကားပွင့်ဝေ ချစ်သက်သေ (2023)"အချစ်သာစစ်မှန်နေမယ်ဆိုရင် အချိန်တွေခြားနေရင်တောင် ဆုံစည်းခွင့်ရနိုင်မှာပါ"မြစ်ကမ်းနံဘေးကအိမ်ဟောင်းကို ပြန်လည်ပြုပြင်ဖို့ အလုပ်လက်ခံလိုက်ထဲက ဂျုမ်ရဲ့အာရုံမှာ ဝိုးတဝါးပေါ်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံရိပ်၊ အိမ်ထဲမှာတွေ့ရတဲ့ထူးဆန်းတဲ့သစ်သားတစ်လုံးနဲ့ ဒီအိမ်ကြီးနဲ့ရင်းနှီးနေတဲ့ သူ့ရဲ့မသိစိတ်ကြောင့် ဂျုမ်တစ်ယောက် ခေါင်းရှုပ်နေရတာပေါ့။ဒါပေမဲ့လည်း UKကနေပြန်လာမယ့် ချစ်ရသူအုမ်နဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးကသာ ကြီးစိုးနေတာကြောင့် ဒီအိမ်ကြီးနဲ့သူရဲ့ဆက်နွယ်မှုတွေကို သိပ်စိတ်ထဲမရောက်ခဲ့ပါဘူး။ဒါပေမဲ့ အုမ်ကတော့ ဂျုမ်ကိုပေးခဲ့တဲ့ကတိတွေကိုချိုးဖျက်လို့ သစ်စိမ်းချိုးချိုးပြီး လက်ထပ်တော့မယ်ဆိုတဲ့သတင်းဆိုးနဲ့အတူ ပြန်လာတာဖြစ်နေတဲ့အခါ ...၂ နှစ်တိတိ မျှော်လင့်ချက်တွေပေးခံရပြီးမှ သစ္စာဖောက်ခံရမှုကြောင့် ကိုယ်ရောစိတ်ပါပြိုလဲသွားတဲ့ဂျုမ်တစ်ယောက် မတော်တဆမှုပါထပ်ဖြစ်ပြီးတော့ မျောသွားပါတော့တယ်။"ဘဝသစ်တစ်ခုရဲ့အစသာ ဖြစ်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ဘဝခရီးလမ်းကို ပိုင်ဆိုင်ပါရစေ"ဆိုတဲ့ တီးတိုးဆုတောင်းသံလေးနဲ့ ပြန်လည်နိုးထလာချိန်မှာတော့ ၁၉၂၀ ခုနှစ် ချင်းမိုင်မြို့မှာ ဂျုမ်တစ်ယောက် ပြန်လည်နိုးထလာပါတော့တယ်။ကံဆိုးခြင်းတွေကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ဂျုမ်ကို ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးမယ့်ဖူးစာရှင်နဲ့ ၁၉၂၀ မှာ ဆုံစည်းနိုင်မလား။ ဂျုမ်ရဲ့ဆုတောင်းကရော ပြည့်ဝနိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Thada, ...

I Feel You Linger in the Air (2023)

2023
Venus in the Sky (2023)
Venus in the Sky (2023) Venus in the Sky / ကောင်းကင်ယံ ရဲ့ သောကြာကြယ် (2023)အလုပ်ကထွက်ပြီး မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ ဗီးနပ်စ်ဟာ သူ့အစ်ကိုရဲ့ ကုန်စုံဆိုင်လေးမှာ ပစ္စည်းပို့အလုပ်ကိုကူညီပေးရင်း အေးအေးဆေးဆေး အနားယူနေခဲ့ပါတယ်။တစ်နေ့မှာတော့ သူအစ်ကိုရဲ့ဆိုင်ကို ရောက်ရှိလာတဲ့ ဖောက်သည်အသစ်လေးဟာ ဗီးနပ်စ်ရဲ့ ချစ်သူဟောင်း ဆရာဝန်လေးစကိုင်းဖြစ်နေတဲ့အခါ…….လွန်ခဲ့တဲ့သုံးနှစ်ကလမ်းခွဲခဲ့ကြတဲ့ ဗီးနပ်စ်နဲ့ စကိုင်းတို့ ပြန်ဆုံတွေ့မှုအပေါ် ခံစားချက်တွေကို မထိန်းချုပ်နိုင်ကြတော့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Kaung, Khaing, Kim, Moh တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Khaing, Kim, Moh Encoder ..... Aaron720pEpisode 01 - Userdrive ...

Venus in the Sky (2023)

2023
Dangerous Romance (2023)
Dangerous Romance (2023) Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...

Dangerous Romance (2023)

2023
Only Friends (2023) 9
Only Friends (2023) Only Friends (2023)အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေရှိလား????? ထိုင်း BL ထဲမှာ တော်တော်လေး ဟော့တဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကြောင်း တင်ဆက်ထားတဲ့ စီးရီးလေးမို့ မြည်းစမ်းကြည့်သင့်ပါတယ်နော်။ဒီဇာတ်လမ်းမှာ မြူ၊ ရေး၊ ဘော်စတန် နဲ့ ချီအမ်တို့က Business ကျောင်းသားတွေဖြစ်ပြီး အရမ်းခင်ကြတဲ့ ဘော်ဒါတွေပါ။ သူတို့ဟာ ဘွဲ့စာတမ်းအတွက် အဖွဲ့လိုက် Hostel Project လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပရောဂျက်မှာ ကူညီဖို့ ဘော်စတန်က တော့ပ် ဆိုတဲ့သူကို အဖွဲ့ထဲ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာပဲ တော့ပ်ဟာ မြူကို စိတ်ဝင်စားသွားပြီး မြူကို ရဖို့ ကြံစည်ပါတော့တယ်။ မြူကတော့ စာကိုပဲ အလေးပေးပြီး သူ့ဘဝမှာ sex တို့ ရည်းစားတို့အတွက် အချိန်မပေးထားတဲ့သူပါ။ တော့ပ်က မြူကို စိတ်ဝင်စားလာတဲ့အပေါ် ဘော်စတန်ကလည်း သဘောမကျနေသလို ရေးကလည်း သဘောမကျနေခဲ့ပါဘူး။ မြူက တကယ်ပဲ တော့ပ်ကို စိတ်ဝင်စားသွားမလား၊ အကြောင်းပြချက်ကိုယ်စီနဲ့ သဘောမကျနေတဲ့ သူငယ်ချင်းနှစ်ယောက်ကရော မြူ့အပေါ် ...
9
TMDb: 9/10 3 votes
tv

Only Friends (2023)

2023
Bon Appetit (2023) [Complete] 9
Bon Appetit (2023) [Complete] Bon Appetit (2023)******************အပိုင်း (၁ မှ ၈) စ/ဆုံး BL Fanတွေအတွက် ဟိုးတလောကမှ ထွက်ထားတဲ့ ရင်တဒိတ်ဒိတ်ခုန်စေမယ့်ကိုးရီးယား BL ဇာတ်ကားလေး တင်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအညွှန်းတစ်နေ့ကို ထမင်းတစ်နပ် ဖြစ်သလိုပဲစားလေ့ရှိတဲ့ ဒိုဟွန်း(Yoo JeongHoon)ရဲ့ဘေးအိမ်ကို  ဟင်းချက်တော်တဲ့ ထူးဆန်းတဲ့ကောင်ငယ်လေး ယွန်းဆူ(Lee KiTaek)ကအိမ်ပြောင်းလာပါတော့တယ်။အဲဒီလိုနဲ့ မထင်မှတ်ဘဲ ညနေဘက်တိုင်း နှစ်ယောက်အတူ ညစာစားဖြစ်လာကြတဲ့အခါမှာတော့တဖြည်းဖြည်း ဘယ်လိုနီးစပ်လာပြီး ချစ်မိသွားကြမလဲဆိုတာကို စောင်ကိုက်ရင်းကြည့်ရှုရမယ့် ရိုမန့်စ်ဒရာမာလေး ဖြစ်ပါတယ်။Bon Appetit ဆိုတာက ပြင်သစ်ဘာသာစကားအနေနဲ့ "အရသာရှိရှိသုံးဆောင်ပါ"ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာမလို့အရောင်အသွေးစုံလင်တဲ့ ဟင်းလျာတွေနဲ့အတူ ရင်ခုန်စရာ ရိုမန့်စ်လှလှလေးတွေကိုမြင်တွေ့ရမှာမလို့သွားရည်ကျရင်း ကြည့်လိုက်ကြရအောင်နော်။ Aired: Sep 27, 2023 Aired On: Wednesday Genres: Food, Romance Duration: 30 mins Episodes: 8 Original Network: iQIYI Translated by Hsu Pyae, Hay Thar Oo, Stary & Miri Encoded ...
9
TMDb: 9/10 3 votes
tv

Bon Appetit (2023) [Complete]

2023
Naughty Babe (2023) 7
Naughty Babe (2023) Naughty Babe / ကလေးအဆိုးလေး(2023)(အညွှန်း) ======================Cutie Pie series ထဲက side couple အတွဲလေးကို main lead တွေအဖြစ်တွေ့မြင်ရမယ့် “ဘေဘီအဆိုးလေး” ရပါပြီ။Hia Yi နဲ့ Thacha တို့ဟာ နှစ်ဦးနှစ်ဖက်အကျိုးပြုစီးပွါးရေးသဘောအရ အချင်းချင်းစေ့စပ်ထားကြတဲ့ လူအများကအားကျရတဲ့စုံတွဲလေးပါ။ စီးပွါးရေးသဘောအရဆိုပေမယ့်လည်း အစပိုင်းမှာတော့နှစ်ဦးရဲ့ဆက်ဆံရေးက ရိုမန့်စ်ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်လို လှပနေပါသေးတယ် .. စေ့စပ်ပွဲနေ့ .. Thacha တစ်ယောက် Hia Yi တို့အိမ်မှာပြောင်းနေတဲ့အချိန် တစ်ယောက်တည်းထားခဲ့ခံရတဲ့အချိန်အထိပေါ့။ အဲဒီနေ့ကနေစပြီး တဖြည်းဖြည်းမင်္ဂလာပွဲနီးကပ်လာတဲ့အချိန်အထိ အရာရာကို Thacha တစ်ယောက်တည်းလုပ်ပြီး နေ့ရက်တိုင်းကို အထီးကျန်ဆန်စွာနဲ့ဖြတ်သန်းလာခဲ့ရတော့တယ်။ ဒီလိုအပြောင်းအလဲကြားမှာတဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ .. စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ Thacha ဟာ သူသိပ်ချစ်ရတဲ့ Hia Yi နဲ့ မင်္ဂလာပွဲကိုကျောခိုင်းပြီး ဆွစ်ဇာလန်ကိုထွက်သွားရာကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ .. Hia Yi ကရော ဘာလို့ပြောင်းလဲသွားရတာလဲ .. နှစ်ယောက်သားရဲ့ဆက်ဆံရေးကရော အရင်လိုပြန်ပြေလည်နိုင်ဦးမလားဆိုတာကို အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii ...
7
TMDb: 7/10 1 votes
tv

Naughty Babe (2023)

2023
Love in Translation (2023) 10
Love in Translation (2023) Love in Translation / အချစ်ဘာသာပြန် (2023)ပတ်ဝန်းကျင်က အထင်အမြင်သေးနေတာတွေကို အသီးသီး သက်သေပြချင်ကြတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ယန်လိင်ဖန်နဲ့ ဖူကျိုင်ယန်လိင်ဖန်ကတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ရင်းနဲ့ အောင်မြင်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ကိုတရုတ်ကြီးဖြစ်ပြီးတော့ ဖူကျိုင်ကတော့ ကိုယ်ပိုင်အလုပ်လေးစလုပ်ပြီး တရုတ်မလေးထမ်မီကိုကြူးဖို့ တရုတ်စာသင်ချင်နေတဲ့ အချစ်ကိုမက်တဲ့လူငယ်လေးတစ်ယောက်ပေါ့အေးတိအေးစက်နိုင်တဲ့ခွန်ယန် နဲ့ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ မရင့်ကျက်‌သေးတဲ့ ဖူကျိုင် ဆန့်ကျင်ဘက်characterတွေနဲ့ ကြောင်နဲ့ကြွက်ဖြစ်နေတဲ့သူတို့နှစ်ယောက်၊ လျှောက်မယ့်လမ်းတွေမတူပေမဲ့ လုပ်ငန်းစထောင်ချင်တဲ့ပန်းတိုင်တူနေတဲ့ သူတို့နှစ်ယောက် ဇာတ်ဆရာအလိုကျ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာပါတော့တယ်။တရုတ်မလေးကိုကြူးဖို့ရည်ရွယ်ထားပေမဲ့ လုပ်ငန်းတွဲဖက်လည်းဖြစ် တရုတ်စာသင်ပေးမယ့်ဆရာလေးလည်းဖြစ်တဲ့ အစ်ကိုယန်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့အခါမှာတော့ ...တရုတ်မလေးကိုကြူးရင်း တရုတ်စာသင်မယ့်ဆရာနဲ့ပဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတေ့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Myo Myo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, ...
10
TMDb: 10/10 1 votes
tv

Love in Translation (2023)

2023
Crazy Handsome Rich (2023)
Crazy Handsome Rich (2023) Crazy Handsome Rich / အချစ် အထိန်းတော် (2023)Love syndrome က အချစ်ကြမ်းအရိုကြမ်းခဲ့တဲ့ မာဖီးယားကိုကို Day-Itt coupleကို နူးနူးညံ့ညံ့နဲ့ရိုမယ့် သခင်လေးနဲ့အိမ်တော်ထိန်းအဖြစ် ပြန်လည်မြင်တွေ့ရမယ့် Crazy Handsome Richဘဝကို ချို့ချို့တဲ့တဲ့နဲ့ဖြတ်သန်းရတဲ့ ဟင်းရွက်ရောင်းရတဲ့ကောင်လေး လက်ဗ်အတွက်တော့ ချမ်းသာဖို့ဟာ သူ့ရဲ့ရည်မှန်းချက်ပေါ့။ ဒါပေမဲ့ လက်ရှိသူ့ရဲ့အနေအထားနဲ့တော့ လှပတဲ့အိပ်မက်လေးတစ်ခုထက် မပိုပါဘူး။ ကိုယ်စွမ်းသလောက်နဲ့မရနိုင်ရင် ‌မီတွယ်ရာရှာတတ်ကြသလိုပဲ ဇာတ်လိုက်ကျော်လက်ဗ်လေးကလည်း ဗေဒင်ယုံတတ်သူလေးပေါ့။ဒီလိုနဲ့ အရမ်းမှန်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဗေဒင်ဆရာမ မာရီနဲ့တွေ့ပြီးချိန်မှာတော့ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဈေးထဲက ဟင်းရွက်သည်လေးလက်ဗ်အဖြစ်ကနေ ကျိကျိတက်ချမ်းသာတဲ့ အိမ်ကြီးရှင်သခင်ဖြစ်တဲ့ သခင်လေးထွတ်ရဲ့အိမ်ကို အိမ်တော်ထိန်းလက်ဗ်အဖြစ် ရောက်သွားချိန်မှာတော့...သခင်လေးရဲ့အကြည့်တွေကို ဖမ်းစားသွားတဲ့ အိမ်တော်ထိန်းလေးလက်ဗ်တစ်‌‌ယောက် ဗေဒင်ဆရာမ မာရီ ပေးတဲ့ လည်ဆွဲတစ်ခုအကြောင်းပြုလို့ ဖူးစာဖက်ကိုရှာတွေ့နိုင်မလား။ စိတ်ဝင်စားမှုတစ်ခုက‌နေ အချစ်ဆိုတဲ့အဆင့်ထိကို သခင်လေးထွတ်ကရော ရှေ့တိုးလာမလားဆိုတာကိုတော့ အပတ်စဉ်တနင်္ဂနွေတိုင်းမှာ စောင့်မျှော်ရင်း ရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကို Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Kong, Thada ပဲ ဖြစ်ပါတယ်။Genre..... ...

Crazy Handsome Rich (2023)

2023
Chiang Mai Adventures (2023) 8
Chiang Mai Adventures (2023) Chiang Mai Adventures ( 2023 ) အညွှန်းမတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်လာကြတဲ့ သူတို့အဖွဲ့...။ သွားရမယ့်နေရာကို မရောက်ကြဘဲ လမ်းမှားရာကနေ အကူအညီပေးသူတစ်ကြောင့် အနီးနားက ရွာတစ်ရွာမှာ တစ်ညအိပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ထူးဆန်းစွာနဲ့ နွန်ဆိုတဲ့ကောင်လေးက ထူးခြားနေသတဲ့လေ...။ တစ်ညအိပ်ပြီး ပြန်လမ်းမှာလည်း သူငယ်ချင်း ၅ ယောက်အတွက် အထူးအဆန်းတွေချည်း ကြုံတွေ့နေရရင်း လမ်းမှာ တစ်ညထပ်အိပ်ရင်း နိုးလာတော့ ဘာတွေဖြစ်နေမလဲဆိုတာ သိချင်ရင် အခုပဲဝင်ကြည့်လိုက်တော့နော်၃ ပိုင်းတည်းရှိတဲ့ mini drama လေးပါ။ ၂ ပိုင်းထွက်ရှိထားပြီးတော့ ကျန်တစ်ပိုင်းကိုတော့ နောက် ၃ ပတ်အကြာမှ ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်အညွှန်းကိုတော့ Blue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Blue နဲ့ Kim ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…750MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
8
TMDb: 8/10 10 votes
tv

Chiang Mai Adventures (2023)

Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
Be Mine SuperStar (2023)
Be Mine SuperStar (2023) Be Mine, Superstar / ချစ်ခွင့်ဖန်ဆင်း ကြယ်မင်းချစ်သူ (2023)Punn က ရုပ်ရှင်မေဂျာကို အဓိကယူထားတဲ့ တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး Ashi ကတော့ Punn ၉ နှစ်လုံးကြိတ်သဘောကျလာခဲ့ရတဲ့ Punn ရဲ့စူပါစတားတစ်ဖြစ်လဲ နာမည်ကျော်မင်းသားတစ်ယောက်ပါ။ ပရိသတ်မှန်ရင် ကိုယ်ချစ်တဲ့အနုပညာရှင်နဲ့ဆုံဖူးချင်ကြသလို Punn ကလည်း Ashi နဲ့ ဆုံဖူးချင်တာမှ အရူးအမူးပါပဲ။ ဒီလိုနဲ့ကျောင်းပြီးလို့ ဘွဲ့ယူဖို့နီးလာတာနဲ့အမျှ အလုပ်သင်လုပ်ဖို့လိုရာကနေ Ashi ရဲ့ရုပ်ရှင်ရိုက်ကွင်းမှာ အလုပ်သင်ခွင့်ကြုံလာရတဲ့အခါ .. Punn တစ်ယောက် စိတ်ကူးထဲကမင်းသားလေးနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို အရိုတွေ အချိုတွေတသီကြီးနဲ့ ရှုစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီး‌တော့ ဘာသာပြန်ထားတာကတော့ Laii, Mary, May, Myo တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar ...

Be Mine SuperStar (2023)

2023
Wedding Plan (2023) 10
Wedding Plan (2023) Wedding Plan / အခါတော်ပေးရဲ့ ရွှေရေးဖူးစာ (2023)နူရာ ကတော့ မင်္ဂလာပွဲစီစဥ်သူကောင်လေးတစ်ယောက်ပါ။ ဆိုင်းလွန်း ကတော့ မကြာခင် ရိဝါရဲ့ သတို့သားဖြစ်တော့မယ့် သတို့သားလောင်း ဆိုင်းလွန်းနဲ့ ရိဝါတို့နှစ်ဦးဟာ နှစ်ဖက် မိဘတွေရဲ့ အလိုကျ လက်ထပ်ပွဲကျင်းပဖို့ နူရာ့ဆီကိုရောက်တဲ့အခါ ......ရိဝါ မှာလည်း ဆိုင်းလွန်းမဟုတ်တဲ့ တစ်ခြားချစ်သူက ရှိနေပြန်ပါတယ် ...... နူရာဟာ ဆိုင်းလွန်းကို မြင်မြင်ချင်း ကြွေသွားပေမယ့် လက်ထပ်ပွဲစီစဥ်ပေးရမယ့်သူ ဖြစ်နေတော့ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး လက်ထပ်ပွဲကို ဖြစ်မြောက်အောင် စီစဥ်ပေးနိုင်ပါ့မလား မင်္ဂလာပွဲ စီစဉ်သူတစ်ယောက်နဲ့ သတို့သားလောင်း ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။အညွန်းကိုတော့ May က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Su Myat, Kim, Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  600MB ...
10
TMDb: 10/10 1 votes
tv

Wedding Plan (2023)

2023
Jun and Jun (2023) 10
Jun and Jun (2023) Jun and Jun (2023)ငွေကုန်ကြေးကျအများဆုံး အိုင်ဒေါတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့သော်လည်း သူ့ရဲ့အိပ်မက်များကို လက်လျှော့ခဲ့ပြီး ရုံးဝန်ထမ်းဘဝထဲကို ဝင်ရောက်လာပြီး အတွေ့အကြုံမရှိဘဲ အလှကုန်ကုမ္ပဏီတစ်ခုရဲ့ အလုပ်သင်အဖြစ် အလုပ်ဆင်းတော့မယ့် အီဂျွန်ဒေါသကြီးပြီး ကုမ္ပဏီဝန်ထမ်းများ ကြောက်ရပြီး အတိတ်မှာ အီဂျွန်ကို အီစီကလီလုပ်ခဲ့ဖူးတဲ့ မန်နေဂျာချုပ် ချွဲဂျွန်အလုပ်စဆင်းမယ့် အလုပ်သင် အီဂျွန်ကို အလုပ်တာဝန်တွေ တပုံတပင်ပေးခံရတာကို ဘယ်လိုမျိုးဖြေရှင်းသွားမလဲ အိုင်ဒေါစတားဟောင်း တစ်ယောက်နဲ့ မန်နေဂျာချုပ် ချွဲဂျွန်တို့ကြားက အချစ်ရေး တင်းမာမှုတွေနဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေလည်း အချစ်ရဲ့ဆွဲငင်အားမှာ ဘယ်လိုမျိုးမျောပါသွားမလဲဆိုတာကို CM မှာ ကြည့်ရှုလို့ရပါပြီအညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Myo Myo and NanThin ပဲ ဖြစ်ပါတယ်။Genre... BL, Drama Quality…. 1080p | 720p File size… 300MB | 150MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo, Nan Tthin Encoder ..... ...
10
TMDb: 10/10 1 votes
tv

Jun and Jun (2023)

2023
Dinosaur Love (2023) 10
Dinosaur Love (2023) Dinosaur Love /  ဒိုင်နိုဆောလေး ရဲ့ အချစ် (2023)၅ နှစ်တာကြာခဲ့တဲ့ ပတ်သက်မှုတစ်ခု အချစ်တစ်ခု အချိန်တွေကြာတာနဲ့အမျှ အေးစက်သွားသူကြီးရဲ့အချစ်တွေဟာ အချစ်စစ်အချစ်မှန်ဖြစ်ပါ့မလား။ နာကျင်နေရတဲ့ပတ်သက်မှုတစ်ခုကို ရှေ့ဆက်မယ့်အစား move onဖို့အချိန်တစ်ခု သူရောက်နေပြီလား။School Setting နဲ့ Teen BLကားလေးတွေ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ထွက်ရှိလာတဲ့Dinosaur loveဆိုတဲ့ စီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ BL seriesတော်တော်များများမှာ support အဖြစ်ပါဝင်ဖူးတဲ့ Tonnam Piamchonကိုယ်တိုင် Director လုပ်ထားပြီး sweet and cringeဆိုပြီး နာမည်ကြီးနေတာမလို့ မသိဘူးမဖြစ်လိုက်ရအောင်လေ ကြည့်ကြပါစို့။Rak နဲ့ Mek တို့ရဲ့ ချစ်သူသက်တမ်းဟာ ၅ နှစ်တိုင်ခဲ့ပေမဲ့ အမြဲလျစ်လျူရှုတတ် ‌သူ့ကိုမေ့ထားတဲ့ချစ်သူ Mek ကို Rakတစ်ယောက် တစ်စစစိတ်ကုန်နေပါပြီ။ Rak က အမြဲဆွဲထားခဲ့ရတဲ့ ဒီပတ်သက်မှုကို လုံးလုံးလွှတ်ချလိုက်တဲ့အထိ စိတ်နာသွားအောင် Mekတစ်ယောက် လုပ်လိုက်အပြီးမှာတော့...ချစ်ရဆုံးလူတစ်ယောက်နဲ့ အယုံကြည်ရဆုံးလူတစ်ယောက်ရဲ့ သွေးအေးရက်စက်မှုတွေကြားမှာ နာကျင်မှုတွေပြည့်နေတဲ့ Rak ရဲ့ဘဝကို ကာကွယ်ပေးမယ့် ကယ်တင်ရှင်မင်းသား ...
10
TMDb: 10/10 1 votes
tv

Dinosaur Love (2023)

2023
Laws of Attraction (2023) 10
Laws of Attraction (2023) Laws of Attraction / မေတ္တာဆွဲအား နိယာမများ (2023)ဒီတစ်ခါ CMကနေ BLပရိသတ်ကြီးအတွက် ရိုမန့်ဆန်တာလေးရော လှည့်ကွက်တွေ အက်ရှင်တွေပါဝင်တဲ့ BLကားကောင်းလေးတစ်ကားတင်ဆက်ပေးပါမယ်အရမ်းတော်ပြီးထက်မြက်ပေမဲ့ ပိုက်ဆံအကျိုးအမြတ်မျက်နှာသာကြည့်ပြီးလုပ်တဲ့ ရှေ့နေချန် ရှေ့နေချန်က လူငယ်တစ်ယောက်ပေမဲ့ အမှုကိစ္စတွေကိုင်တွယ်ရာမှာ အရမ်းတော်ပြီးသူလိုက်ရင်မနိုင်တဲ့အမှုမရှိသလောက်ပါ ငွေသာရမယ်ဆို အဲ့အမှုနိုင်အောင် အစွမ်းကုန်ကြိုးစားပေး ကလိမ်ဉာဏ်ဆင်တာတွေပါ လုပ်မဲ့လူတင်ကတော့ မိသားစုကိုအရမ်းချစ်တဲ့ တိုက်ကွမ်တိုဆရာလေးပါ သူ့မှာတွန်ခေါလို့ခေါ်တဲ့ မိဘမဲ့တူမလေးတစ်ယောက်ရှိပါတယ် သူအရမ်းချစ်ရတဲ့တူမလေးဟာ တစ်နေ့မှာ ကားတိုက်ခံရပြီး ဆုံးသွားပါတော့မယ် အမှုကိုလိုက်ပေမဲ့ တရားမျှတမှုမရှိခဲ့ပါဘူးတင်ရဲ့တူမအမှုကိုလိုက်ဖို့အတွက် ရှေ့နေချန်ကလည်းအပယ်ချခံခဲ့ရပါတယ် အဲဒီအမှုမှာ ဖုူံကွာ်ထားတာတွေရဇိတယ်လို့ထင်နေတဲ့ ရှေ့နေချန်ဟာ မကျေနပ်ဘဲ တင်နဲ့ပူးပေါင်းပြီး အဲ့အမှုကိုလိုက်တဲ့အခါမှာတော့ သူထင်ထားသလို မသမာမှုတွေရှိခဲ့ပါတယ်အမှန်တရားကိုဖော်ထုတ်ပြီးကြိုးစားရင်း အသက်အန္တရာယ်တွေနဲ့လည်းအမျိုးမျိုးတွေ့ကြုံခဲ့ရပါတယ် တစ်ဖက်မှာလည်း နှစ်ယောက်သားက အန္တရာယ်အတူကျော်ဖြတ်ရင်း ခံစားချက်တွေတိုးပွားလာတဲ့အခါမှာတော့.........အမှုမှန်ပေါ်ပေါက်မလား? ရှေ့နေချန် ရဲ့ အကြောင်းကရော? တင်ကရော အသက်ရှင်ပါ့မလား?ကဲ ဇာတ်လမ်းလေးထဲကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kong Hou, Mary Christ, Thada, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, ...
10
TMDb: 10/10 1 votes
tv

Laws of Attraction (2023)

2023