Channel Myanmar

Biography

Blood, Sex & Royalty (2022) 6.0
Blood, Sex & Royalty (2022) Blood, Sex & Royalty (2022) ==================== IMDb Rating - 5.8/10ဥရောပရဲ့သမိုင်းကြောင်းရာဇဝင်မှာ အကြီးမားဆုံးဖြစ်ရပ် တွေဖြစ်ခဲ့တဲ့ ၁၆ ရာစုနှစ်၊ ယူသမျှမိဖုရားတိုင်းကို စိတ်အလို မကျတာနဲ့ ကွပ်မျက်ဖို့ကြိုးစားခဲ့တဲ့ အင်္ဂလန်ပြည်ရဲ့ပြည့်ရှင် ဘုရင်ဖြစ်သူ အဋ္ဌမမြောက်ဟင်နရီ၊ ခရစ်ယာန်ဘာသာရဲ့ရိုမန် ကတ်သလစ်နဲ့ ပရိုတက်စတင့်ဆိုပြီး စတင်ပြိုကွဲမှုတွေဖြစ်ပွား ခဲ့တဲ့ ရာစုနှစ်၊ နပိုလီယန်ရဲ့ခေတ်မတိုင်ခင် ကြီးမားတဲ့ပြောင်းလဲမှု ပေါင်းများစွာ ရှုပ်ထွေးမှုပေါင်းများစွာ သောင်းပြောင်းထွေလာရှိ နေခဲ့တဲ့ ရာစုနှစ်ကတော့ ၁၆ ရာစုနှစ်ပါပဲ။ဒီရာစုနှစ်ရဲ့ ဥရောပနိုင်ငံတွေမှာ ပဒေသရာဇ်စနစ်သာ စိုးမိုးနေ တာကြောင့် ပဒေသရာဇ်စနစ်ရဲ့စိုးယုတ်ရက်စက်မှုအကြောင်းတွေ၊ ခရစ်ယာန်ဘာသာ နှစ်ပိုင်းစတင်ကွဲခဲ့ရခြင်းအကြောင်းတွေကို ဒီစီးရီးမှာ အရိပ်အမြွတ်အနေနဲ့ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းတွေကို ဖတ်ထားဖူးသူတွေအတွက်တော့ စာအုပ် ထဲမှာမပါသေးတဲ့ အချို့အချက်တွေပါ သိရမှာဖြစ်ပြီး မဖတ်ထားဖူး သေးသူတွေအတွက်လည်း ပေါ့ပေါ့ပါးပါးနဲ့ အလွန်ကြည့်ရကောင်း စေမယ့်စီးရီးတစ်ခုပါ။ဒီစီးရီးဟာ Blood Mary လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်္ဂလန် ဘုရင်မကြီးရဲ့ ဖခင်ဖြစ်သူ Henry VIII ရဲ့ ဒုတိယမြောက် မိဖုရား အန်းဘိုလင်းအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ဝတ္ထုဖတ်ထားဖူးတဲ့ ကျွန်တော့်အနေနဲ့ကတော့ အန်းဘိုလင်းရဲ့ဘဝ ဇာတ်ကြောင်းကို အခုလိုစီးရီးတစ်ခုအနေနဲ့ ကြည့်ပြီးတဲ့အခါမှာတော့ အလွန်သဘောကျမိတယ်ပဲဆိုပါတော့ဗျာ။ ဒီတော့ ...
6.0
TMDb: 6.0/10 1958 votes
tv

Blood, Sex & Royalty (2022)

2022
A Friend of the Family (2022) Complete 9.1
A Friend of the Family (2022) Complete A Friend of the Family (2022) Completed Limited Series ~ IMDb - 7.4/10, Rotten Tomatoes - 91% ~ Peacock ရဲ့ Rotten Tomatoes - 91% အထိရထားတဲ့ Limited စီးရီးအသစ်ပါ။ အစအဆုံးကြည့်ဖို့အတွက် ၇နာရီ၅၃မိနစ်ပဲ ကြာမြင့်မှာမို့ အချိန်သိပ်မပေးရဘဲ ကောင်းကောင်းကြည့်လို့ရမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်အမျိုးအစားပါပဲ။ ရုပ်ရှင်တွေ မယ်မယ်ရရ မရိုက်ဖြစ်သေးပေမဲ့ စီးရီးလောကမှာတော့ တော်တော်ခရီးပေါက်နေပြီဖြစ်တဲ့ Tom Hanks ရဲ့သား Colin Hanks ရဲ့ကားအသစ်မို့ ဦးလေးတွမ်ရဲ့ ပရိသတ်တွေလည်း သဘောကျလောက်မယ့် မီနီစီးရီးပါပဲ။ ၁၉၇၀ ခုနှစ်ကာလ အမေရိကန်နိုင်ငံမှာ "ဘရိုဘာ့ဂ်" ဆိုတဲ့ မိသားစုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အ‌ကြောင်းပါပဲ။ ဒီမိသားစုမှာ ဂျန်နီ ခယ်ရန် ဆူဇန် ဆိုတဲ့ သမီးလေး ...
9.1
TMDb: 9.1/10 2 votes
tv

A Friend of the Family (2022) Complete

2022
The Crown 2016 Season 1 + 2 + 3 + 4+5+6
The Crown 2016 Season 1 + 2 + 3 + 4+5+6 IMDb - 8.7 / 10Rotten Tomatoes - 91%The Crown ဆိုတဲ့ စီရီးဟာ ဘာအကြောင်းလဲ။အဲလိဇဘက် ဘုရင်မကြီး အကြောင်း။ဒါပဲပြောရင်တော့ ပျင်းစရာလို့ ထင်ရတာပေါ့။ဘုရင်မလုပ်ရတာ တကယ်တော့ ပျင်းစရာမကောင်းဘူးဆိုတာ ဆက်ကြည့်လိုက်ရင်တော့ တွေ့ရမှာပါ။ အဲလိဇဘက်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူပါ။ ဝင်စတန် ချာချီ၊ မက်မီလန်၊ အဲလက်၊ ဝယ်ဆန် စသည်ဖြင့်ပါပဲ။ဝန်ကြီးချုပ်တိုင်းနဲ့အတူ နိုင်ငံ့ပြဿနာတွေကို အတူဖြေရှင်းခဲ့ရတာပါ။ မြူဆိုင်းတဲ့ကပ်ဘေးတွေ၊ စူးအက်တူးမြောင်းလို ကိစ္စတွေ၊ သမ္မတ JFK စုံတွဲနဲ့ ကိစ္စတွေ၊ သမ္မတဂျွန်ဆန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စတွေ၊ သူလျှိုမှုတွေ၊ လိင်အရှုပ်တော်ပုံတွေ အများကြီးပါပဲ။ဒါ့အပြင်သူ့ရဲ့ ဦးရီးတော်ကလည်း မိန်းမအတွက်နဲ့ နန်းစွန့်ခဲ့ပြီး သစ္စာဖောက်လို ဆက်ဆံခံရတဲ့ ရှုပ်ထွေးတဲ့သူပါ။ သူ့ရဲ့ ညီမကလည်း သူနဲ့ဆန့်ကျင်ဘက် ခေတ်ဆန်ဆန်၊ပေါ့ပေါ့ပါးပါး၊ ထက်ထက်မြက်မြက်ရှိပေမယ့် ပြဿနာ မကြာခဏရှာတတ်တဲ့သူပါ။ ယူထားတဲ့ယောကျာ်းကလည်း နိုင်ငံခြားဘုရင်မျိုးဆက် နာဇီတွေရဲ့ ...

The Crown 2016 Season 1 + 2 + 3 + 4+5+6

2016
Mike (2022) 6.4
Mike (2022) Mike (2022) ========== IMDb Rating - 6.4/10၂၀၂၂ ခုနှစ်မှ Hulu ကနေ ထွက်ရှိလာတဲ့ နာမည်ကြီး လက်ဝှေ့သမားဖြစ်တဲ့ မိုက်ခ်တိုင်ဆန်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ Mike ဆိုတဲ့ အပိုင်း (၈) ပိုင်းပါ။ Mini Series လေး တစ်ခုကို တစ်ပတ်တစ်ပိုင်းနှုန်း တင်ဆက်ပေးသွားမှာပါ။ မိုက်ခ်တိုင်ဆန်ဟာ ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လက်ဝှေ့သမားအဖြစ် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အသက်မွေးခဲ့ပါတယ်။ မိုက်တိုင်ဆန်က ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ်လည်းရရှိခဲ့သူပါ။ အသက် ၂၀ အရွယ်မှာ ပထမဆုံး ခါးပတ်ကိုရရှိခဲ့ပြီး အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ မုဒိမ်းမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင် ၆ နှစ်ကျခဲ့ပါတယ်။ သို့သော် ၃ နှစ်အကြာမှာတော့ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ဒီ စီးရီးထဲမှာတော့ မိုက်ခ်ရဲ့ ငယ်ဘဝကနေ ...
6.4
TMDb: 6.4/10 1200 votes
tv

Mike (2022)

2022
The Offer (2022) (Complete) 8
The Offer (2022) (Complete) The Offer (2022) (Complete Limited Series) ~ IMDb rating - 8.7/10 ~ ခင်ဗျားသာ ရုပ်ရှင်တွေကို ချစ်တဲ့လူမှန်ရင် The Offer ဟာ ခင်ဗျားဘယ်လိုမှ ငြင်းပယ်မရမယ့် ရုပ်ရှင်ပါပဲ။ The Godfather ဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကမှာရော စာအုပ်လောကမှာရော မသိတဲ့သူ မရှိပါဘူး။ 1969 မှာထုတ်ဝေခဲ့တဲ့ မာရီယိုပူဇိုရဲ့ The Godfather ဟာ နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းကနေ ၆၇ပတ်အထိ မဆင်းခဲ့ဘဲ နှစ်နှစ်အတွင်းမှာ ကော်ပီကိုးသန်းကျော် ရောင်းခဲ့ရတဲ့အထိ ၀က်၀က်ကွဲအောင်မြင်ခဲ့တယ်။ 1972မှာ ထွက်ခဲ့တဲ့ ပူဇိုပဲ ဇာတ်ညွှန်းရေးပြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရိုက်ခဲ့တဲ့ The Godfather ရုပ်ရှင်ဟာလည်း Greatest Of All Time ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ အဲဒီရုပ်ရှင်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ နောက်ကွယ်က ...
8
TMDb: 8/10 2 votes
tv

The Offer (2022) (Complete)

2022
The Girl From Plainville (2022) 6.4
The Girl From Plainville (2022) The Girl From Plainville (2022)=======================IMDb Rating - 6.4/10 Biography, Crime, DramaElle Fanning ​လေးရဲ့အသစ်ထွက်ရှိထားတဲ့ Crime, Drama စီးရီး​အသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Huluက ထွက်ရှိလာတဲ့ စီးရီးဖြစ်ပြီး အပိုင်း(၈)ပိုင်းပါဝင်မှာဖြစ်ပါတယ်။ကနဦး ratingမှာ​ IMDb 6.4 နဲ့ Rotten Tomatoes 100 % ရထားတာပဲ ဖြစ်ပါတယ်။ (၃)ပိုင်းအရင်ဆုံးထွက်ရှိပြီး ကျန်တာ ​တွေက တစ်ပတ်တစ်ပိုင်း ထွက်မှာဖြစ်လို့ အပတ်စဉ်တင်ဆက် ​ပေးသွားမှာပါ။ဒီစီးရီးဟာ အ​မေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ ပလိန်း​ဗေးလ်မြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းပဲ ဖြစ်ပါတယ်။မစ်ရှယ်ကာတာဆိုတဲ့ ​၁၇နှစ်အရွယ် ​ကောင်မ​လေးဟာ သူမရဲ့ ချစ်သူဖြစ်တဲ့ ကွန်ရတ်ဒ်ရွိုင်းကို သမီးရည်းစားချင်း မက်​ဆေ့ဂျ် ပို့ရာမှတဆင့် ကိုယ့်ကိုယ်ကိုယ်သတ်​သေ​ချင်လာ​အောင် စိတ်ပိုင်း ​ဆိုင်ရာ ချယ်လှယ်(Manipulate) ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင် ရတဲ့အခါ ...အဲဒီ စွဲချက်ကို မစ်ရှယ်တစ်​​ယောက် ဘယ်လိုရုန်းထွက်မလဲ၊ သူ့ရဲ့စာတွေ​ကြောင့်ပဲ ကောနတ်ဒ် သတ်​သေသွားခဲ့တာလား၊ မစ်ရှယ်ကတကယ်ပဲ တစ်ပါးသူစိတ်ကို ကြိုးကိုင်နိုင်တာလား၊ တခြားဘယ်လိုလှည့်ကွက်​တွေ ရှိ​နေမလဲဆိုတာကို အပတ်စဉ် ​​​​စောင့်ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို JimX ...
6.4
TMDb: 6.4/10 2300 votes
tv

The Girl From Plainville (2022)

2022
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022
The Billion Dollar Code (2021) 8.5
The Billion Dollar Code (2021) The Billion Dollar Code (2021)IMDb - 8.4/10နည်းပညာလောကရဲ့ သမိုင်းဝင် ဖြစ်ရပ်မှန်ကြီးတစ်ခုကို တင်ဆက်ပေးပါရစေ။ Google Earth ကို မူပိုင်ခွင့်ချိုးဖောက်မှုအတွက် တရားစွဲခဲ့တဲ့ ဂျာမန် ကွန်ပြူတာ ပညာရှင် နှစ်ယောက်အကြောင်းပေါ့။ Google Earth ကို 2005 နောက်ပိုင်းမှာ စတင်မိတ်ဆက်တုန်းက လူအတော်များများ အံ့သြတကြီး သုံးခဲ့ကြရတာကို မှတ်မိကြဦးမလားပဲ။ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို မိုးပေါ်က မြင်ကွင်းကနေ အနီးကပ်မြင်ကွင်းအထိ ဆွဲယူကြည့်ရှုလို့ရတဲ့ နည်းပညာကြီးတစ်ခုပေါ့။ ဒီနည်းပညာကြီးကို စပြီးတီထွင်ခဲ့ပါတယ်ဆိုပြီး Google ကို တရားစွဲခဲ့တာကတော့ ဂျာမန်က ကျောင်းတောင်မပြီးခဲ့တဲ့ ကွန်ပြူတာ ကြမ်းပိုးနှစ်ယောက်ပါပဲ။ ဒီလိုပဲ တက္ကသိုလ်တွေက ကျောင်းမပြီးခဲ့တဲ့သူတွေ ကြမ်းပိုးတွေပဲ သူတို့ရဲ့ အိုင်ဒီယာတွေ ဖန်တီးမှုတွေနဲ့ ဘီလီယံနာတွေ ဖြစ်လာခဲ့ကြ မနည်းတော့ပါဘူး။ဒီ မီနီစီးရီးလေးမှာလည်း ဧရာမကုမ္ပဏီကြီးနဲ့ ကြမ်းပိုးတွေကြားမှာ ဘယ်လို ငြင်းခုံတိုက်ခိုက်ကြမလဲဆိုတာ မြင်ရပါလိမ့်မယ်။စုစုပေါင်း ၄ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။ဘာသာပြန်နဲ့ အညွှန်းကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p File size…700MB ...
8.5
TMDb: 8.5/10 2 votes
tv

The Billion Dollar Code (2021)

2021
When They See Us (2019) 8.6
When They See Us (2019) (Unicode)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲစွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါအမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကိုမှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ ...
8.6
TMDb: 8.6/10 98 votes
tv

When They See Us (2019)

2019
Narcos Season 1 (Complete) 8
Narcos Season 1 (Complete) Narcos(2015)ဇာတ်လမ်းတွဲ(Season-1)အတွဲ(၁)စ/ဆုံးIMDb...8.9,,,,Rotten...89%Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ် ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကိုမီးရှိူ့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသောမူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသောရာဇာဝတ်သားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့်ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇဝတ်မှုအသေးစားတွေကျူးလွန်ရင်းမှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။ ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။Biography/Crime အမျိုးအစားဖြစ်ပေမယ့် လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ်Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားကကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗာျးတို့မှားသွားလိမ့်မယ်...၊ ပါ့ဘလိုရဲ့ဒုစရိုက်လောကလှုပ်ရှားပုံတွေ...သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ...နောက်ကျောဓားနဲ့ထိုးမယ့်သူတွေကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo ...
8
TMDb: 8/10 620 votes
tv

Narcos Season 1 (Complete)

2015