Channel Myanmar

Adventure

Sausage Party: Foodtopia (2024) 10
Sausage Party: Foodtopia (2024) Sausage Party: Foodtopia(2024) IMDb: 5.8/10 Rotten Tomatoes: 71% Genre: Animation/Adventure/ComedySausage Party ရုပ်ရှင်ကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Sausage Party: Foodtopia ကတော့ ယခင်ထွက်ရှိလာတဲ့ Sausage Party ရဲ့အဆက် အပိုင်း ရှစ်ပိုင်းပါတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ မျက်နှာမြင် ရယ်ချင်ပါစေ၊ အသံကြားအူတက်ပါစေဆိုတဲ့ ဆုနဲ့မွေးကတည်းကပြည့်လာတဲ့ နာမည်ကြီး ဟာသမင်းသား Seth Rogen ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတာမလို့ မရယ်ရမှာတော့ ပူစရာမလိုပါဘူး။ Animation ဆိုပေမယ့် မိသားစုနဲ့အတူကြည့်ဖို့၊ ကလေးတွေကြည့်ဖို့ထုတ်ထားတဲ့ Animation မဟုတ်ပဲ Dark Comedy နဲ့ 18+ တွေဖောဖောသီသီပါဝင်မှာဖြစ်ပါတယ်။ ကြည့်ရတာသဘောတွေ့မယ့်စီးရီးစ်ဆိုလည်းမမှားပါဘူး။ဇာတ်ညွှန်း ဖရန့်ခ်နဲ့ဘရန်ဒါတို့ဦးဆောင်လာတဲ့ အစားအသောက်တော်လှန်ရေးကြီးဟာ ပထမ Sausage Party ဇာတ်လမ်းမှာအောင်မြင်မှုရခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်လဲဆိုရင် လူသားတွေအကုန်သေတဲ့အထိကိုအောင်မြင်မှုရခဲ့ပါတယ်။ ဖရန့်ခ်ဟာ အစားအသောက်တွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူသားတွေမရှိတဲ့ ကမ္ဘာမှာအစားအသောက်တွေကြီးစိုးခဲ့ပါတယ်။ ခက်တာက သူတို့မထင်ထားတဲ့ ...
10
TMDb: 10/10 1 votes
tv

Sausage Party: Foodtopia (2024)

2024
Supacell (2024) 6.96
Supacell (2024)   Netflix ကနေ လက်ရှိထွက်ထားတဲ့ Scifi ဇာတ်လမ်းတွဲအသစ်ပါ Rating အမြင့်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းအညွှန်းကိုပြောရရင်...လန်ဒန်က သွေးကလာပ်ဆဲရောဂါဖြစ်နေတဲ့ လူမည်းအများစုမှာရုတ်တရက် အစွမ်းတွေရလာပါတယ်...အဲ့ဒီအထဲမှာ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့ မိုက်ကယ်အပါအဝင်ပဲ.. တစ်နေ့ပစ္စည်းပို့ရင်း လမ်းဘေးဂိုဏ်းတစ်ခုက ဓားထိုးခံလိုက်ရပြီး သေရာပြန်ရှင်ကာ အစွမ်းတွေရလာပါတယ်သူ့အစွမ်းကအနာဂတ်ကို အချိန်ခရီးသွားနဲ့ တယ်လီပို့နိုင်ခြင်းပါ...ဒါပေမယ့် သူ့လိုမျိုး အစွမ်းတွေရလာတဲ့ လူပေါင်းစုံနဲ့ အနာဂတ်က ဖြစ်ရပ်ဆိုးကြီးကို တားဆီးဖို့ လိုအပ်လာတဲ့အတွက် ကျန်တဲ့လူတွေကို လိုက်စည်းရုံးဖို့လိုလာပါပြီ... ဒီအစွမ်းတွေရဲ့ နောက်ကွယ်က ဘယ်သူလဲ..ဘာကြောင့်အစွမ်းတွေရလာတာလဲဆိုတာကိုတော့ Supacell ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်(အညွန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1 GB)/(500 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:00:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Yan Naing, Pyi Ti Nyein Download Links Episode ...
6.96
TMDb: 6.96/10 25 votes
tv

Supacell (2024)

2024
Kaiju No. 8 (2024) 8.357
Kaiju No. 8 (2024) Kaiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆိုKaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ ...
8.357
TMDb: 8.357/10 14 votes
tv

Kaiju No. 8 (2024)

2024
Buddha (2013-2014) 9.2
Buddha (2013-2014) မိရိုးဖလာသမိုင်းအလွန်က ဗုဒ္ဓဝင် | Buddha – Rajaon Ka Raja (2013 - 2014)မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီး အဆင့်အဆန်းတစ်ခုရှိတဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲထွက်ရှိမှုပမာဏကတော့ လက်ချိုးရေတွက်လို့ရအောင်နည်းလွန်းတာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲ။ ရှားရှားပါးပါး ဒါရိုက်တာဦးသုခရိုက်ခဲ့ဖူးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ် ဆိုတဲ့ ရုပ်ရှင်ကတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မြန်မာတွေဖန်တီးခဲ့သမျှထဲမှာ အဆင့်အတန်းတစ်ခုအထိရှိခဲ့တာကတော့ လက်ခံရလိမ့်မယ်။၂၀၁၃ က ထွက်ခဲ့တဲ့ Zee TV ရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲ Buddha: Rajaon Ke Raja ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ဗုဒ္ဓဘာသာရဲ့ပြယုဂ်တစ်ခုကို ကောင်းကောင်းကြီးပြသပေးခဲ့တဲ့ show တစ်ခုလို့ ပြောရမယ်။ အဲထဲမှာသုံးထားတဲ့ သမိုင်းအကိုးအကားအများစုနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကတော့ နီပေါ၊ တိဘက်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ဒေသ​တွေက ဗုဒ္ဓဝင်မူကွဲတွေကို ကိုးကားထားတာတွေ့ရပါတယ်။ (တချို့မူကွဲတွေမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်ကို ဆင်ဖြူတော်တစ်ကောင်ဝင်တယ် လို့ ...
9.2
TMDb: 9.2/10 4 votes
tv

Buddha (2013-2014)

2013
Earth Arcade [Complete] 8.75
Earth Arcade [Complete] Earth Arcade**************ဒီတစ်ခါမှာတော့ tvN ရဲ့  နာမည်ကြီး Variety Show ဖြစ်တဲ့Earth Arcade ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။Na PD ဆိုတာနဲ့ KVariety Show နယ်ပယ်ထဲမှာအောင်မြင်တဲ့ ရသစုံရှိုးတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဆိုတာကို တန်းသိကြမှာပါ။Na PD ဦးဆောင်တဲ့ Earth Arcade ကို Main cast တွေအဖြစ် ၄ယောက်စုံတာနဲ့ထိန်းမနိုင်တော့တဲ့ IVE အဖွဲ့မှ Ahn YuJin၊ Rapper Lee YoungJi၊Oh My Girl အဖွဲ့မှ  MiMi နဲ့  Comedian Lee Eunji တို့နဲ့အတူ ရိုက်ကူးထားပါတယ်။ဒီ Show လေးရဲ့ concept ကတော့ "တစ်နေ့ လကမ္ဘာကနေ အငြိမ်မနေနိုင်ဘဲကမ္ဘာမြေပေါ်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ယုန်တစ်ကောင်ကိုယုန်ပိုင်ရှင် ဧကရာဇ်ကြီးက ရှာဖွေပေးဖို့ ဆုကြေးငွေထုတ်ခဲ့တဲ့အတွက်ကမ္ဘာမြေသူရဲကောင်း ၄ဦးကနေ နိုင်ငံပေါင်းစုံကို ခြေဆန့်ပြီး ...
8.75
TMDb: 8.75/10 12 votes
tv

Earth Arcade [Complete]

2022
One Cent Thief ( 2022 ) 4.8
One Cent Thief ( 2022 ) ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့ ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။ကောလိပ်ကျောင်းသားဘ၀မှာကတည်းက ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန် ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက် သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက် ပိုက်ဆံလိုလာခဲ့ပါတယ်။ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။ အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)Quality : WEB-DL 1080p Total Episodes : 8 Format : mp4 Genres : Action & Adventure , Crime Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Bollywood Team Encoded by LK Episode 1 (1080p) ...
4.8
TMDb: 4.8/10 4 votes
tv

One Cent Thief ( 2022 )

2022
Spartacus (2010) 7.998
Spartacus (2010) Spartacus ( 2010 - 2013) Genre - Action, Adventure, Biography IMDb - 8.5/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)၁၉၉၀ကျော်ကာလတွေမှာ မွေးပြီး ၂၀၁၀ကျော်လောက်မှာ ခိုးကူးခွေခေတ်ကို ဖြတ်သန်းဖူးတဲ့ဆယ်ကျော်သက်တွေထဲတော့ Spartacusကို မသိတဲ့လူ တော်တော်ရှားလိမ့်မယ်။ အဲဒီခေတ်တုန်းက ကျွန်တော်တို့အတွက်တော့ စပါတာကတ်စ်ကဟာ သောက်ရမ်းသတ် သောက်ရမ်းကြမ်း ဟိုအခန်း ဒီအခန်းတွေ ဖောခြင်းသောခြင်းပါတဲ့ ကားအနေနဲ့နာမည်ကျော်ခဲ့တယ်။သူ့နောက်တော့ Bansheeတို့ ဘာတို့ပေါ့။ အဲဒီတုန်းကတော့ ရုပ်ရှင်ခွေတွေတော့ တော်တော်ပေါပေမဲ့ ကျွန်တော်တို့ဆီတော့ စီးရီးခွေပေါပေါများ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ မနည်းရှာဝယ်ကြည့်ရတာပဲ။ ၂၀၁၄-၁၅ ဝန်းကျင်လောက်ကျတော့ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ Websiteတွေပေါ်နေပြီ။ ကျွန်တော်တို့ဆီတော့ မိတ္တူဆိုင်တွေက သူတို့ Hardiskထဲ အခွေကကားတွေကူးထားတာတွေ , မြန်မာစာတန်းထိုးကားတွေတင်ပေးတဲ့ဆီတွေက ကူးလိုက် ကူးထားတာတွေကို တစ်ကား၂၀၀နဲ့ရောင်းနေပြီ။၂၀၁၆လောက်မှာတော့ ကျွန်တော်တို့တွေ Channel Myanmarကို စသိနေပြီ။ အဲဒီတုန်းကတော့ ရှားလော့တို့ The Shannara Chroniclesတို့ DC's Legends of Tomorrowတို့လို စီးရီးတွေစတင်နေပြီ။ ခုဆို ...
7.998
TMDb: 7.998/10 2397 votes
tv

Spartacus (2010)

2010
Jurassic World: Chaos Theory (2024) 7.4
Jurassic World: Chaos Theory (2024)  ဒီဇာတ်လမ်းတွဲလေးကတော့ Jurassic Park ပျက်စီးသွားပြီးနောက်ပိုင်းကို ရိုက်ပြတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....Jurassic Park ပျက်စီးသွားတဲ့အချိန် ဒိုင်နိုဆောတွေပြည့်နှက်နေတဲ့ ကျွန်းပေါ်မှာ ကျန်ခဲ့လို့ အားလုံးက ‌ေ-သပြီဆိုပြီး ယူဆထားတဲ့ Nublar Six ဆိုတဲ့ ဆယ်ကျော်သက်လေး ၆ယောက်ကတော့ မယုံနိုင်လောက်အောင်ပဲ အသက်ရှင်သန်နိုင်ခဲ့ပါတယ်......အဲဒီအချိန်မှာ လူတွေကလည်း ဒိုင်နိုဆောတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြပြီး သူတို့ကိုတော့ DPW လို့ခေါ်တဲ့ ကမ္ဘာဦးသားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနကနေ တာဝန်ယူကြီးကြပ်ပေးထားပါတယ်......Nublar Six အဖွဲ့ထဲက ဘရွတ်ကလင်းဆိုတဲ့တစ်ယောက်ကတော့ ကျွန်းပေါ်မှာ ရှင်သန်အောင်နေနိုင်ခဲ့ပြီးမှ မြို့ပေါ်မှာ ဒိုင်နိုဆောကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်......သူတို့၆ယောက်လည်း တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝနဲ့ ရှင်သန်နေတုန်းမှာပဲ သူတို့ထဲက ဘန်ဂျမင်ဆိုတဲ့ တစ်ယောက်က ဘရွတ်ကလင်း သေဆုံးရတာ သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံခံရတာပါလို့ သံသယဝင်ရင်းစုံစမ်းရာမှ လူတစ်ယောက်က သူတို့ကို လိုက်ရှာရှင်းလင်းနေတယ်လို့ ယုံကြည်သွားခဲ့မိပါတယ်......အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သူငယ်ချင်းတွေကို သတိလိုက်ပေးရင်း ဘရွတ်ကလင်းကို ဘယ်သူသ-တ်တာလဲ ဘာကြောင့်သ-တ်တာလဲဆိုတာ စွန့်စားခန်းတွေဖွင့်ပြီး ...
7.4
TMDb: 7.4/10 32 votes
tv

Jurassic World: Chaos Theory (2024)

2024
Alex Rider (2020) 7.5
Alex Rider (2020)  ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်ကောင်းတဲ့ လူငယ်စပိုင်ကား ကြိုက်နှစ်သက်သူများအတွက် Alex Rider စီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။အဲလက်စ် ရိုက်ဒါကတော့ သာမာန်အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ဦးလေးဖြစ်သူ အီယန်နဲ့အတူနေပါတယ်။ ညတစ်ညမှာတော့ ဦးလေး အီယန်က အလုပ်ကိစ္စနဲ့အပြင်သွားရင်း ကားမတော်တဆမှုနဲ့သေဆုံးသွားခဲ့ကြောင်း အကြောင်းကြားလာပါတယ်။ အဲလက်စ်လည်း သတိကြီးလှတဲ့ ဦးလေးအီယန် ယာဉ်တိုက်မှုဖြစ်တာကို လက်မခံနိုင်တာကြောင့် နောက်ယောင်ခံစုံစမ်းရင်းနဲ့ အီယန်က အမ်အိုင် ၆ ရဲ့ သူလျိုတစ်ယောက်ဖြစ်နေတာအပြင် ယာဉ်တိုက်မှု‌ကြောင့်မဟုတ်ဘဲ ပ-စ်သ-တ်ခံလိုက်ရတာဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ရဲ့ လုပ်နိုင်စွမ်းတွေကိုသိသွားတဲ့ အမ်အိုင် ၆ ဌာနခွဲ ခေါင်းဆောင် အလန် ဘလန့်က အီယန်ရဲ့သေဆုံးမှုကို ကူညီစုံစမ်းပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာ အီယန်ရဲ့ အသ-တ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ပွိုင့် ဘလန့်ခ် ကျောင်းကို ဝင်ခွင့်ရအောင်လုပ်ရင်း အဲလက်စ်ရဲ့ စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ File size…(870 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle ...
7.5
TMDb: 7.5/10 391 votes
tv

Alex Rider (2020)

2020
Knuckles (2024) 7.729
Knuckles (2024)  Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ...
7.729
TMDb: 7.729/10 120 votes
tv

Knuckles (2024)

2024
Crooks (2024) 6.6
Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်...နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်...( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.3 GB)/(685 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha ...
6.6
TMDb: 6.6/10 23 votes
tv

Crooks (2024)

2024
Inspector Rishi (2024) 6.8
Inspector Rishi (2024) Inspector Rishi (2024)"တောကြီးမာယာ" =================================Supernatural လိုမျိုး သဘာဝလွန်ကိစ္စတွေနဲ့ စုံထောက်ဇာတ်လမ်းကို အိန္ဒိယမှုပြုပြီး စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတဲ့ IMDb 7.2/10 ရ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိ တောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လို ပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက် လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ စုံထောက်ကို တာဝန်ပေးလိုက်ပါတယ်။ရီရှီဟာ အဲဒီအမှုကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တရားခံမပေါ်ဘဲ သဘာဝလွန်ကိစ္စလိုလို ဘာလိုလိုဖြစ်လာတဲ့အခါ သဘာဝလွန်ကိစ္စတွေကို လုံးဝအယုံအကြည်မရှိတဲ့ရီရှီတစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ဇွတ်တရွတ်ကြိုးစားပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်ရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –minute (@Episode)Total Episodes:10EpsSubtitle – ...
6.8
TMDb: 6.8/10 4 votes
tv

Inspector Rishi (2024)

2024
Red Eye (2024) 7.8
Red Eye (2024)  ဒီစီးရီးလေးကတော့ ၂၀၂၄ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်ကလက်သည်ကို စိတ်ဝင်စားစွာ အဖြေရှာရမယ့် ဗြိတိန် Thriller စီးရီးလေးဖြစ်ပါတယ်။ဒေါက်တာမက်သရူးနိုလန်ဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ အလုပ်ခရီးပြီးလို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ လန်ဒန်ကို ပြန်လာတဲ့အခါမှာ ပေကျင်းမြို့က ကောင်မလေးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဆိုင်းမဆင့်ဗုံမဆင့် လေဆိပ်မှာတင် ဖမ်းခံလိုက်ရပြီး ဗြိတိန်အစိုးရက သူ့ကို လူသတ်တရားခံအနေနဲ့ တရားရင်ဆိုင်ခိုင်းဖို့ တရုတ်အစိုးရလက်ထဲကို အပ်လိုက်တဲ့အတွက် တရုတ်ကို သွားမယ့်လေယာဉ်ပေါ်မှာ သူ့ကိုစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ စုံထောက်ဖြစ်သူ ဟန်နာနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ လန်ဒန်ကနေ ပေကျင်းကို သွားမယ့် လေယာဉ်ပေါ်မှာ ဒေါက်တာမက်သရူးကို လုပ်ကြံနှုတ်ပိတ်ဖို ကြိုးစားလာတဲ့အခါမှာ နောက်ကွယ်မှာ တကယ့်လက်သည်က တခြားလူဖြစ်နေမလား၊ ဘာလို့ သာမန်ဒေါက်တာ မက်သရူးက ဒီလိုရှုပ်ထွေးတဲ့ကိစ္စမှာ ဘယ်လိုကြားညှပ်ပါလာတာလဲ၊ ဒီလူသတ်မှုအပြင် ပိုကြီးမားတဲ့ကိစ္စများရှိနေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြေရှာရမယ့် စီရီးကောင်းလေးဖြစ်ပါတယ်။ File size…(772 MB)/(372 ...
7.8
TMDb: 7.8/10 8 votes
tv

Red Eye (2024)

2024
The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008
Lootere (2024)
Lootere (2024) Lootere (2024)"ဆိုမာလီယာ အိပ်မက်ရှည်" ================================= (Season 1, 6 eps)အိန္ဒိယ စီးရီးတွေထဲမှာ မြင်ရခဲတဲ့ အသစ်ထွက် ပင်လယ်ဓားပြစီးရီးလေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုမာလီယာမှာမွေး ဆိုမာလီယာမှာကြီးပြင်းတဲ့ အိန္ဒိယလူမျိုး ဗစ်ကရန့်ဟာ ဆိုမာလီယာမှာ ဆိပ်ကမ်းဥက္ကဌဆိုတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဂိုဏ်းစတားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ဆိပ်ကမ်းဥက္ကဋ္ဌဖြစ်ပေမဲ့ အတိုက်အခံဘက်ကလူတွေက သူ့ကို ဖြုတ်ချချင်နေကြတာပါ။သူ့ကိုဖြုတ်ချဖို့အတွက် ဆိုမာလီယာကိုလာတဲ့ သူ့ရဲ့သင်္ဘောထဲမှာပါတဲ့ တရားမဝင်ကုန်တွေကို အတိုက်အခံဘက်ကလူတွေက ဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါ ဗစ်ကရန့်ဟာ သူ့သင်္ဘောကို အနုကြမ်းစီးဖို့ ပင်လယ်ဓားပြတွေကို တဖက်လှည့်နဲ့ပြန်ခိုင်းခဲ့ပါတယ်။ သူ့ရဲ့ မူရင်းရည်ရွယ်ချက်က ပစ္စည်းယူရုံပဲဖြစ်ပေမဲ့ ပင်လယ်ဓားပြတွေဘက်က ဘောင်ကျော်လာတဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကုန်ပါတော့တယ်။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1GB(Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, DramaTranslator ...

Lootere (2024)

2024
The Spiderwick Chronicles (2024) 8.455
The Spiderwick Chronicles (2024)  The Spiderwick Chronicles လိုပြောလိုက်ရင်ငယ်ငယ်က အားလုံးနီးပါးကြည့်ဖူးခဲ့ကြမဲ့ စာအုပ်ကြီးတစ်အုပ် နဲ့ မောင်နှသုံးယောက်ရဲ့ မှော်သတ္တဝါတွေကြားကစွန့်စားခန်း ရုပ်ရှင်ကို ပြေးမြင်မိကြမှာပါ။ အဲဒီရုပ်ရှင်ကThe Spiderwick Chronicles (မြန်မာအမည်-အံ့ဖွယ်မှတ်တမ်းများ)ဆိုတဲ့ စာအုပ်ကိုရုပ်ရှင်အဖြစ်ပုံဖော်ထားတာဖြစ်ပါတယ်။အခု series လေးက အဲဒီရုပ်ရှင်ရဲ့ Reboot series တစ်ခုပါပဲ။Reboot ဖြစ်တဲ့အလျှောက် ယခင်ရုပ်ရှင်နဲ့ မတူတာတွေအများကြီးရှိပြီး စာအုပ်ကိုပိုမို မှီငြမ်းထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဂျဲရတ်ဟာ oppositional defiance disorder (ODD)ဆိုတဲ့ဒေါသမထိန်းနိုင်၊ အလိုမကျ၊ ပြောတာနဲ့ဆန့်ကျင်ဘက်လုပ်တတ်တဲ့ စိတ်‌ရောဂါအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့မြီးကောင်ပေါက်လူငယ်တစ်ယောက်ပါ။ သူ့မှာ အစ်မ မယ်လိုရီနဲ့အမြွှာအစ်ကိုဆိုင်မွန်တိုရှိပါတယ်။ အမြွှာဆိုင်မွန်ကတော့ဂျဲရတ်နဲ့ဆန့်ကျင်ဘက် လိမ္မာနာခံပြီး အေးအေးဆေးဆေးနေတတ်သူပါ။ အစ်မမယ်လိုရီကတော့ Fencing ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုအမေဟာ ဂျဲရတ်ရဲ့စိတ်ကျန်းမာရေးကိုကုသပေးဖို နဂိုနေထိုင်ရာ New York ကနေသူတိုရဲ့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာ Hensonမြိုကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ ဒီလိုနဲ့ဂျဲရတ်ဟာ သူတိုရဲ့အဘေးArthur Spiderwick မှတ်တမ်းပြုစုသွားတဲ့ မှော်သတ္တဝါတွေအကြောင်းစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။ စာအုပ်ရဲ့အရေးကြီးတဲ့ စာမျက်နှာတွေဟာလည်းဟန်ဆန်မြိုနေရာအနှံအပြားမှာ ...
8.455
TMDb: 8.455/10 22 votes
tv

The Spiderwick Chronicles (2024)

2024
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
Invincible (2023) – Season (02) 8.7
Invincible (2023) – Season (02) Invincible (2023) - Season (02) ========================လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထွက်ခဲ့တဲ့ Invincibleဟာ Season 1 မှာ ပရိသတ်ကြားရော ဝေဖန်ရေးဆရာတွေကြားရော လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို သူ့အရင် Prime က ထုတ်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ The Boys ထက်ပါ Rating ကျော်တက်နိုင်ခဲ့တယ်။ Invincible Comicsကို ထုတ်ခဲ့တဲ့ Image Comicsဆိုတာကလည်း မာဗယ်နဲ့ ဒီစီပြီးရင် Comics ဈေးကွက်မှာ တတိယအကြီးဆုံး ဈေးကွယ်ရှယ်ယာယူထားတဲ့ Comics publisher ပါပဲ။ Spawn, The Walking Dead, Invincible, Jupiter's Legacyစတဲ့ နာမည်ကျော် Comicsစာအုပ်တွေကို ထုတ်ခဲ့တဲ့ publisherပါ။ Comic Books တွေကို ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့နေရာမှာလည်း Invincibleဟာ ကျန်တဲ့အလားတူရုပ်ရှင်တို့ စီးရီးတို့ တော်တော်များများ ထက် ပိုအောင်မြင်ခဲ့ပါတယ်။ဒီ Season 2 မှာတော့ ပထမ Seasonအဆုံးက Invincibleနဲ့ Omni-Manတို့ သားအဖတိုက်ပွဲရဲ့ အကျိုးဆက်တွေနဲ့ ပြန်စထားပြီး မထင်မှတ်ထားတဲ့ Plotတွေနဲ့ ပြန်စဖွင့်ထားပါတယ်။ ...
8.7
TMDb: 8.7/10 170000 votes
tv

Invincible (2023) – Season (02)

2023
The Gentlemen (2024) 8.327
The Gentlemen (2024)  အက်ရှင် ဂန်းစတား စပိုင်ကားတွေရဲ့ ဒါရိုက်တာ ဆရာကြီး Guy Ritchie ရဲ့ စီးရီးအသစ်လာပါပြီ။ 2019 တုန်းက ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင် The Gentlemen ကိုပဲ စီးရီးအဖြစ် ချပြလာတာပါ။ ဇာတ်လမ်းတည်ဆောက်ထားတဲ့ လောကတူပေမဲ့ ဇာတ်လမ်းအသစ် အရသာအသစ်နဲ့ ဇတ်ကောင်အသစ်တွေကို အလန်းကြည့်ရမှာပါ။ တစ်ပိုင်းတစ်ပိုင်းကို ရုပ်ရှင်တစ်ကားကြည့်နေရသလိုကို အပီအပြင်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် အက်ဝပ်ဟော်နီမန်း ဟာ အင်္ဂလန် ဆွေကြီးမျိုးကြီး နယ်စားတစ်ယောက်ရဲ့ သားအငယ်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့မနေဘဲ စစ်တပ်ထဲမှာ ပေတေနေပေမဲ့ သူ့အဖေရဲ့နောက်ဆုံးအချိန်မှာတော့ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာချိန်မှာပဲ သူ့အစ်ကို ရှုပ်ထားတဲ့ အကြွေးတွေ၊ ဂန်းစတားတွေနဲ့ ဇာတ်ရှုပ်တွေကို ကူဖြေရှင်းရတဲ့အပြင်၊ သူတို့ရဲ့ ဧက ၁၅၀၀၀ ကျယ်တဲ့ ခြံကြီးအောက်မှာ အပေးအယူဖွင့်ထားတဲ့နဲ့ ဆေးခြောက်ထုတ်တဲ့ ဂိုဏ်းအကြီးကြီးတစ်ခုရဲ့ စခန်းရှိနေတာကိုပါ သိလိုက်ရပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Peaky Blinder ...
8.327
TMDb: 8.327/10 179 votes
tv

The Gentlemen (2024)

2024