Channel Myanmar

Action

The Railway Men – The Untold Story of Bhopal 1984 (2023) 8.1
The Railway Men – The Untold Story of Bhopal 1984 (2023) The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ" IMDb-8.6/103idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့ ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။ အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။ အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ လူတွေရဲ့အသက်ကိုထုတ်ယူနိုင်တဲ့ အဆိပ်ငွေ့အဖြစ်ပြောင်းလဲသွားတတ်တဲ့ ဂုဏ်သတ္တိရှိတယ်။အလုပ်သမားတွေကို ထရိန်နင်ကောင်းကောင်းမပေးတဲ့ စက်ရုံကြီးမှာ လူအင်အားမလုံလောက် လုပ်ငန်းသဘောကို ကောင်းကောင်းမကျွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့လည်ပတ်နေပါရော။ ဒီကြားထဲမှာ စက်ပစ္စည်းတွေကလည်းချို့ယွင်းလို့။တစ်နေ့မှာတော့ စက်ချို့ယွင်းတာရယ် အလုပ်သမားတယောက်ရဲ့ပေါ့ဆမှုရယ်ကြောင့် အမ်အိုင်စီကန်ထဲကို ရေယိုစိမ့်မှုဖြစ်တယ်။ အဲဒီကနေ အဆိပ်ငွေ့တွေထွက်လာရာက မီးရထားဌာနက အလုပ်သမားတွေပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရဖို့ဖြစ်လာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p WEB DL ...
8.1
TMDb: 8.1/10 15 votes
tv

The Railway Men – The Untold Story of Bhopal 1984 (2023)

2023
Vigilante(2023)S1[Complete] 10
Vigilante(2023)S1[Complete] Vigilante(2023)**************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး[ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ...
10
TMDb: 10/10 2 votes
tv

Vigilante(2023)S1[Complete]

2023
Criminal Code (2023) 6.9
Criminal Code (2023) Criminal Code (2023) =============== IMDb Rating - 6.9/10Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင် ဆက်ပေးလိုက်ပါပြီ။နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု အယက်နဲ့ပါပဲ။ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင် ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့ အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ ခဲ့ပါပြီ။ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါ တယ်။ ပထမဆုံးနိုင်ငံတကာမှုခင်းကြီးတစ်ခုဖြစ်ပြီး ...
6.9
TMDb: 6.9/10 1735 votes
tv

Criminal Code (2023)

2023
Strong Girl Nam-soon (2023) [Complete] 10
Strong Girl Nam-soon (2023) [Complete] Strong Girl Nam-soon (2023)******************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး တစ်ချိန်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ မင်မင်နဲ့စွမ်းအားရှင်လေး ဘုံဘုံ (ဘုံဆွန်း)တို့ရဲ့ အဆက် နမ်ဆွန်းလာပါပြီ။Kang Nam Soon (Lee Yoo Mi) က စူပါ ပါဝါရှိတဲ့ ကောင်မလေးပါ။ကလေးဘဝတုန်းက မွန်ဂိုလီးယားမှာ ပျောက်သွားခဲ့ပြီး အရွယ်ရောက်တော့မိဘတွေကိုရှာဖို့ တောင်ကိုရီးယား ဂန်နမ်ကို ရောက်လာခဲ့ပါတယ်။နောက်ဆုံးတော့ အမေဖြစ်သူ Hwang Geum Joo (Kim Jung Eun)အဘွားဖြစ်သူ Gil Joong Gan (Kim Hae Sook) တို့နဲ့ ပြန်တွေ့ဆုံနိုင်ခဲ့ပါတယ်။နမ်ဆွန်းရဲ့ အမေနဲ့အဘွားကလည်း နမ်ဆွန်းလို စူပါပါဝါရှိတဲ့သူတွေပါ။တစ်နေ့မှာတော့ နမ်ဆွန်းတို့ သားအမိ ၃ယောက် ဂန်နမ်မှာဖြစ်ပွားတဲ့။မူးယစ်ဆေးဝါးမှုမှာ ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတယ်။ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက် Kang Hee Sik (Ong Seong ...
10
TMDb: 10/10 1 votes
tv

Strong Girl Nam-soon (2023) [Complete]

2023
My Country: The New Age (2019) [Complete] 7.313
My Country: The New Age (2019) [Complete] My Country: The New Age (2019)**********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ကိုရီးယား သမိုင်း‌ကြောင်းဇာတ်လမ်းတွဲ‌တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Country New Ageဆိုတဲ့Historical ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။မင်းသားကြီးအီဘန်ဝန် (Jang Hyuk) ကတော့ တိုင်းပြည်သစ်တည်ထောင်ဖို့အတွက်လက်မှာ‌သွေးစွန်းခဲ့ပေမဲ့  ဖခင်မင်းကြီးရဲ့အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ဆောဟွီ (Yang Se Jong) ကတော့ တရားမျှတမှုကို မြတ်နိုးပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာညီမဖြစ်သူကို စောင့်ရှောက်ရင်းနေလာခဲ့ပါတယ်။နမ်ဆွန်းဟို (Woo Do Hwang) ကတော့ မိခင်က ဇာတ်နိမ့်မျိူးရိုးဖြစ်တာကြောင့်တရားမဝင်သားအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့  ကိုယ်ပိုင်ရည်မှန်းချက် ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ဟီဂျယ် (Kim Seol Hyun) ကတော့ အပျော်မယ်ဂေဟာမှာ ကြီးပြင်းလာခဲ့ပြီးဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပါ။ဇာတ်အိမ်တည်‌ဆောက်ပုံအရ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်ဦး အကူးအပြောင်းကာလမှာတိမ်မြှုပ်နေတဲ့ လျှိဝှက်ချက်တွေကြား လက်စားချေခြင်းနဲ့ ပန်းတိုင်ဆိုတဲ့အရာ‌တွေအတွက်ငယ်သူငယ်ချင်းနှစ်ဦး ဓားချင်းယှဉ်ဖို့ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားရဲ့ Main Cast ...
7.313
TMDb: 7.313/10 32 votes
tv

My Country: The New Age (2019) [Complete]

2019
PLUTO (2023) 8.451
PLUTO (2023) IMDB 8.5 နဲ့ MAL rating 8.7 ရရှိထားတဲ့ဒီ anime ဟာစက်ရုပ်တွေက လူတွေလိုခံစားချက်ရှိလာပြီး လူတွေနဲ့ရောထွေးနေထိုင်လာနိုင်တဲ့အထိဉာဏ်ရည်ရှိလာတဲ့ အနာဂတ်အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းက အဓိကဇာတ်ကောင်ဖြစ်တဲ့ စုံထောက်လည်းဟုတ်စစ်သားဟောင်းလည်းဟုတ်တဲ့ Gesicht ဟာ ထူးဆန်းတဲ့လူသတ်မှုအမှုနှစ်ခုကို လက်ခံပြီးစုံစမ်းတဲ့အခါမှာစပါတယ်။လူသတ်မှုနှစ်ခုမှာ တစ်ခုကစက်ရုပ်ကိုသတ်ထားတာဖြစ်ပြီးနောက်တစ်ခုက လူတစ်ယောက်ကိုသတ်ထားတာဖြစ်တယ်။ထူးဆန်းတာက အသတ်ခံရတဲ့နှစ်ယောက်မှာစက်ရုပ်ကတစ်ကမ္ဘာလုံးကချစ်ခင်လေးစားတဲ့ စက်ရုပ်ဖြစ်နေပြီးလူကတော့လူတွေမုန်းတီးကြတဲ့လူဖြစ်နေပါတယ်။ပိုပြီးထူးဆန်းတာက စက်ရုပ်တွေဟာ လူတွေကိုထိခိုက်မလို့မရအောင်ပရိုဂရမ်ဆွဲထားသလိုအခင်းဖြစ်တဲ့နေရာမှာ လူဝင်ထွက်သွားတဲ့ လက္ခဏာတွေလည်းမတွေ့ခဲ့ရပါဘူး။ပြီးတော့ လူသတ်သမားက အလောင်းတွေကို ချိုပုံစံအရာနှစ်ခုစိုက်ထားခဲ့တာကြောင့်အမည်မသိလူသတ်သမားကို ချိုပါတဲ့ဂရိမရဏနတ်ဘုရား Pluto လို့ခေါ်လိုက်ပါတယ်။Gesicht ရဲ့စုံစမ်းမှုအတွင်းမှာ Pluto ဟာ ကမ္ဘာပေါ်ကဉာဏ်ရည်အမြင့်ဆုံးစက်ရုပ် ၇ ရုပ်ကိုပစ်မှတ်ထားနေတယ်ဆိုတာ သိလိုက်ရသလို Gesicht ကအဲဒီ ၇ ရုပ်ထဲကတစ်ရုပ်ဖြစ်နေတာပါပဲ။အဲဒီမှာ Gesicht ဟာ ကျန်ရှိနေသေးတဲ့စက်ရုပ်တွေကိုအချိန်တိုအတွင်းမှာကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဒီ anime က Astro Boy ကိုပြန်လည်အခြေခံထားတဲ့ပုံပေါ်ပေမဲ့အများကြီးပိုနက်နဲပြီး ဇာတ်လမ်းဇာတ်အိမ်အရမ်းကောင်းတဲ့ anime တစ်ခုပါ။အဲလိုပြောပေမဲ့ Astro Boy ကြည့်ထားစရာမလိုပါဘူး။Sci-fi ကိုမှ Murder ...
8.451
TMDb: 8.451/10 41 votes
tv

PLUTO (2023)

2023
The Winter King (2023) 5.0
The Winter King (2023) The Winter King (2023) ==================Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက် ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန် တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ် ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက် အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသ တွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း ဖြစ်တယ်။အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက် မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကို ဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည် ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ဒရာဂွန်သွေးစစ်သူကို ရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း ...
5.0
TMDb: 5.0/10 1768 votes
tv

The Winter King (2023)

2023
The Golden Bull Agent (2023) 8
The Golden Bull Agent (2023) ရွှေကျွဲရိုင်းရဲ့လျှို့ဝှက်မစ်ရှင် (၂၀၂၃)ဒီဇာတ်ကားကတော့ လူဆိုးသူဌေးဆင်ကို နှိမ်နင်းကြမယ့် ကျားလေးကောင် စစ်ဆင်ရေးပါ ကျတ် ခထာ ဆန်နဲ့မိုင့်အိတ်ဆိုတဲ့ ကျားလေးကောင် ဂိုဏ်းကို ဆေယတ်က သူကြီးအာ့အကူအညီနဲ့ လျှို့ဝှက်ဖွဲ့စည်းထားပါတယ် သူတို့လေးယောက်က ထွေ့ကရထင်ထောင်းရွာမှာ ဒုစရိုက်မှုကျူးလွန်နေတဲ့ သူဌေးဆင်ကို အမြစ်ဖြတ်ဖို့ မစ်ရှင်တစ်ခုလုပ်ရမှာပါ မစ်ရှင်ကာလအတွင်းမှာ ခထာဟာ သူဌေးဆင်ရဲ့သမီးဒွတ်ဒေါင်ကို သဘောကျမိခဲ့တယ် သူလျှိုလုပ်နေတဲ့ကျတ်က သူကြီးသမီး ရဲမေကတီးကိုမှ ချစ်မိတော့ သူဌေးဆင်ကို နှိမ်နင်းမဲ့ဒီမစ်ရှင်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုအက်ရှင်တွေနဲ့ ဟာသတွေကို ကြည့်ရှုခံစားရမလဲဆိုတာကတော့ ဒီဇာတ်လမ်းလေးမှာ ဟာသ အက်ရှင် ဒရမ်မာ အကုန်ရောယှက်ထားလို့ မပျင်းရဘဲကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Lei က ရေးထားပေးပြိးတော့ ဘာသာပြန်တွေကတော့ Nang Mwe Kham, Fake Lovန, Tawa, lei wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy , Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. ...
8
TMDb: 8/10 10 votes
tv

The Golden Bull Agent (2023)

2023
Invincible (2021) – Season (01) 8.9
Invincible (2021) – Season (01) Invincible (2021) - Season (01)=======================IMDb Rating - 8.8/10အရင်နှစ်တွေက Super Heroဖန်တွေကြား အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့ Amazon Primeက အသစ်ထုတ်ထားတဲ့ Super Hero Animation Series အသစ်ပါပဲ။ Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့ IMDbရော Rotten Tomatoesမှာပါ The Boysထက် Ratingသာနေသေးတယ်။ Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi ၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz Jk Simmonsတို့လို နာမည်ကြီးတွေကို သုံးထားပေးတယ်။ Amazon primeဟာ ပရိတ်သတ်ကို အတော်စေတနာကောင်းတယ် ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ Quality Productတစ်ခုပါပဲ။ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့ အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။ စူပါပါဝါတွေက The Boysထဲက အများစုရဲ့ ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင် အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင် မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ...
8.9
TMDb: 8.9/10 718 votes
tv

Invincible (2021) – Season (01)

2021
Our Flag Means Death (2023) Season 02 Complete 7.8
Our Flag Means Death (2023) Season 02 Complete Our Flag Means Death (2023) Season 02 Complete ~ IMDb - 7.8/10, Rotten Tomatoes - 93% ~ လူကြီးလူကောင်း ပင်လယ်ဓားပြကြီး ပြန်လာပါပြီ။ ဘဲနဲ့ ကွဲပြီး ဘိုင်ကျနေတဲ့ စတိဒ်ဘွန်းနက်တစ်ယောက် ပင်လယ်ဓားပြနိုင်ငံက စပိန်သူ ဂျက်ကီရဲ့ ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း ချစ်သူကို ရှာဖို့ သင်္ဘောဝယ်မယ့် အိပ်မက်ကို တည်ဆောက်နေပါတယ်။ သူချစ်ရသူ နာမည်ကျော် ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ခေါ် အက်ဒ်ဝက် တိခ်ျကလည်း ဘဲနဲ့ ကွဲတော့ စိတ်ထိခိုက်ပြီး တွေ့သမျှသင်္ဘော ဓားပြလိုက်တိုက်နေပါတယ်။ ဓားပြတိုက်တာများလွန်းလို့ တိုက်လို့ရတဲ့ ပစ္စည်းတွေကိုတောင် ပစ်ချပြီး ထပ်တိုက်ဖို့ ကြံပါသေးတယ်။ အမြဲတမ်းအလုပ်ပဲလုပ်နေရတော့ အဖွဲ့သားတွေလည်း ပင်ပန်းပြီး ကပ္ပတိန်ကို ငြိုငြင်လာကြပါတယ်။ ဒါပေမဲ့လည်း ဘာမှမပြောရဲပါဘူး။ ဆရာ့ဆရာကြီးမုတ်ဆိတ်နက်ကိုးဗျ။ သူတို့အချစ်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို တွေ့ကြရမှာပါ။ နောက်ထပ် ဇာတ်ကောင်အသစ်ပါလာတာကတော့ တရုတ်ပင်လယ်ဓားပြ ဧကရီ ...
7.8
TMDb: 7.8/10 151 votes
tv

Our Flag Means Death (2023) Season 02 Complete

2023
Castlevania: Nocturne (2023) 7.5
Castlevania: Nocturne (2023) Castlevania : Nocturne (2023) ........................................ IMDb Rating - 7.5/10 Rotten Tomatoes 100%များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင် ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေ အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီး နှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​ မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာ မရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မက ပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲ အထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော် လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် ...
7.5
TMDb: 7.5/10 9200 votes
tv

Castlevania: Nocturne (2023)

2023
[18+] Gen V (2023) Complete 8.5
[18+] Gen V (2023) Complete Gen V (2023) S01 Complete  (The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ)  ~ IMDb - 7.9 /10, Rotten Tomatoes - 97% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ...
8.5
TMDb: 8.5/10 7 votes
tv

[18+] Gen V (2023) Complete

2023
The Worst of Evil (2023) [Complete]
The Worst of Evil (2023) [Complete] The Worst Of Evil (2023) *************************အပိုင်း (၁ မှ ၁၂) စ / ဆုံး နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေတဲ့ ဇာတ်ကားလေးထွက်လို့လာပါပြီ။ကိုယ်တွေရဲ့အချစ်တော် JI CHANG WOOK နဲ့ WI HA JOON တို့ကအဓိကပါဝင်ထားပြီး ၁၉၉၀ ခုနှစ်များဆီက ဆိုးလ်မြို့တော်ရဲ့ဘိန်းရာဇာတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းကြတဲ့ပုံစံကိုရိုက်ကူးထားတာပါ။Crime Drama/Action/Thriller အမျိုးအစားဖြစ်လို့ အကြမ်းအရမ်းတွေနဲ့အားလုံးအကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းဂန်းနမ်သလင်းကျောက်လို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးဟာဆိုးလ်မြို့ရဲ့ နိုက်ကလပ်တွေကနေ စတင်ပြီးတော့ ပြန့်နှံ့လာခဲ့တယ်။ရဲတွေက ဒီဆေးအကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာတော့ဒီဆေးကိုဖြန့်တဲ့လူဟာ တကယ်ကို ရက်စက်ဆိုးသွမ်းတဲ့မူးယစ်ရာဇာတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပြီးဒီလူဟာ ဖမ်းဆီးဖို့ခက်တဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက်အသွင်ယူပြီးဖမ်းဆီးဖို့ ကျေးလက်ဘက်မှာတာဝန်ကျနေတဲ့ရဲအရာရှိတစ်ယောက်ကိုခေါ်လိုက်ပြီး မူးယစ်ဂိုဏ်းထဲကိုအသွင်ယူစုံစမ်းမှုတွေပြုလုပ်စေခဲ့တယ်။ဒီလို ခက်ခဲကြမ်းတမ်းတဲ့ မစ်ရှင်ကို သူတို့တွေ အောင်မြင်နိုင်မလား...။ဘာတွေပေးဆပ်လိုက်ရမလဲ ဘယ်လိုတွေအပြင်းအထန်ကြိုးစားကြမလဲဆိုတာကိုဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။  Aired: Sep 27, 2023 - Oct 25, 2023 Aired On: Wednesday Genres:  Action, Thriller, Crime, Drama Duration: ...

The Worst of Evil (2023) [Complete]

2023
Tiger and Crane ( 2023 )
Tiger and Crane ( 2023 ) ဒီဇာတ်ကားလေးက ဟိုတလောလေးကမှ My journey to you ဇာတ်ကားနဲ့နာမည်ကြီးထားတဲ့ မင်းသား‌‌ချောကျန်းလင်ဟယ့်နဲ့အတူ နောက်ထပ်နာမည်ကြီးမင်းသား ကျန်းလုံတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ မိစ္ဆာတွေကိုရှင်းလင်းသုတ်သင်တဲ့နေရာမှာ နာမည်ကြီးကျော်ဇောတဲ့ ဘိုးဘေး ချီဝူကျီရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ သခင်လေးချီရှောင်ရွှမ်းဟာ သူ့ဘိုးဘေးတွေလို မိစ္ဆာနှင်တဲ့နေရာမှာအထူးထူးချွန်လှပါတယ် ။ ချီရှောင်ရွှမ်းဟာ စိတ်ထားကောင်းပြီး သဘောထားဖြူစင်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်နဲ့ရှင်သန်နေတဲ့သူပါ။ ‌တစ်နေ့မှာ မိစ္ဆာနှင်ရင်းက မမျှော်လင့်ထားဘဲ ဆရာတူညီလေးဖြစ်လာမဲ့ ဟူကျစ်ကိုကယ်မိရာက အတွင်းစိတ်ထဲက အမွှာယန်ကမွေးဖွားလို့လာခဲ့ပါတယ် ။သူ့ရဲ့စိတ်ဝိဉာဉ်နှစ်ခုလွန်ဆွဲရင်း မိစ္ဆာတွေရဲ့အနှောက်အယှက်တွေကြားက ပြဿနာတွေကို သူငယ်ချင်းလဲဖြစ် ဆရာတူညီလေးလည်း ဖြစ်တဲ့ဟူကျစ်နဲ့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စောင့်ကြည့်အားပေးကြပါအုံး ။Quality : WEB-DL 1080p , 720p Total Episode : 36 Format : mp4 Genres : Action , Adventure Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...

Tiger and Crane ( 2023 )

2023
Sultan Of Delhi (2023)
Sultan Of Delhi (2023) Sultan of Delhi 2023 (သို့) ဒေလီစော်ဘွားများIMDb 6/10Disney+Hotstar ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုရိသတို့အသည်းစွဲ မင်းသမီးချောလေး Mouni Roy ပါဝင်ထားပြီးArnab Roy ရေးသားထားတဲ့ " Sultan of Delhi : Ascension" ဆိုတဲ့စာအုပ်ပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အရေးအခင်းဖြစ်ပြီး သတ်ကြဖြတ်ကြဖြစ်နေချိန်မှာ သားဖြစ်သူကဗျောက်အိုးလိုချင်တယ်ဆိုလို့ သားဖနှစ်ယောက် အပြင်ထွက်ကြတုန်းမှာ သူတို့အိမ်ဝင်အစီးခံရပြီး ရှိသမျှမိသားစုဝင်တွေအကုန်အသတ်ခံလိုက်ရတယ်။အဲဒီမှာပဲ သားဖနှစ်ယောက် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မီးရထားစီးပြီး မြို့တစ်ခုဆီကိုထွက်လာခဲ့ကြတယ်။ သားဖြစ်သူက အာရ်ဂျွန်။အာရ်ဂျွန်က ကလေးကတည်းကမဟုတ်မခံစိတ်ရှိပြီး ရည်မှန်းချက်ကြီးတဲ့သူ၊ အရွယ်ရောက်လာချိန်မှာတော့ ဒေလီမြို့ကြီးဆီပြောင်းရွှေ့ပြီး အာဏာပါဝါတွေနောက်လိုက်ရင်း ဒေလီရဲ့ အာဏာရှိသူတစ်ဦးဖြစ်ဖို့ကြိုးစားပုံကို ၁၉၆၀နောက်ပိုင်းအချိန်ကို အခြေခံထားပြီး တင်ဆက်ထားပုံကို အရသာရှိရှိတွေ့မြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni ~V~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 1GB / 500MBQuality – ...

Sultan Of Delhi (2023)

2023
The Wheel of Time (2021-2023) 9.7
The Wheel of Time (2021-2023) The Wheel of Time (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။ first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့ မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။ အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။ အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက် အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။ ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ... ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။Wheel ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2023)

2021
Ahsoka (2023) 8.333
Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ ...
8.333
TMDb: 8.333/10 9 votes
tv

Ahsoka (2023)

2023
Kaala (2023) 9
Kaala (2023) Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူ‌တွေကိုပိုပြီးခေါင်းစားစေမှာပါအမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်... သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့‌ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် "နန်မန်အာရာ"... ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှု‌တွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ... ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ...
9
TMDb: 9/10 1 votes
tv

Kaala (2023)

2023
SF8 (2020) Complete 7.3
SF8 (2020) Complete SF8 (2020) Limited Series ~ IMDb - 6.3/10, MyDramaList - 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး ...
7.3
TMDb: 7.3/10 7 votes
tv

SF8 (2020) Complete

2020
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023