Channel Myanmar

Action

Friend, Our Legend (2009) [Complete] 4
Friend, Our Legend (2009) [Complete] Friend, Our Legend (2009)*****************************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲလေးကတော့Hyun Bin, Kim Min Joo, Wang Ji Hye, Jung Yoo Miတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၁ ခုနစ်မှာ ထွက်ရှိခဲ့တဲ့နာမည်ကျော် ရုပ်ရှင် Friend ကို Seriesအဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဟန်ဒုံးဆူ (Hyun Bin) ကတော့ ဆင်းရဲဖခင်ဖြစ်သူနဲ့ ဖောက်ပြန်ပြီးအိမ်ထောင်ရေး ဖောက်ပြန်ပြီး အိမ်ကထွက်သွားတဲ့ မိခင်ဖြစ်သူတို့ကြောင့်ပင်ပန်းဆင်းရဲစွာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး ကြီးပြင်းလာတဲ့အချိန်မှာဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံးခဲ့ပြီး ဒုစရိုက်ဂိုဏ်းဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။အီဂျွန်ဆော့(Kim Min Joon) ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်ပြီးဖခင်ဖြစ်သူ သေဆုံးချိန်မှာ အမွေဆက်ခံရရှိပြီး ဂျပန်နဲ့ ချိတ်ဆက်ပြီးဘူဆန်တစ်ဝိုက်မှာ အရေးပါသူတစ်ယောက်ဖြစ်လာပါတယ်။ဂျောင်ဆန်းထက် (Seo Tae Hwa) ကတော့ လူမိုက်ဂိုဏ်းနဲ့ နိုင်ငံရေးသမားတွေရဲ့မသမာမှုတွေကို ဖော်ထုတ်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဂင်ဂျုံဟို ...
4
TMDb: 4/10 1 votes
tv

Friend, Our Legend (2009) [Complete]

2009
The Spiderwick Chronicles (2024) 8.455
The Spiderwick Chronicles (2024)  The Spiderwick Chronicles လိုပြောလိုက်ရင်ငယ်ငယ်က အားလုံးနီးပါးကြည့်ဖူးခဲ့ကြမဲ့ စာအုပ်ကြီးတစ်အုပ် နဲ့ မောင်နှသုံးယောက်ရဲ့ မှော်သတ္တဝါတွေကြားကစွန့်စားခန်း ရုပ်ရှင်ကို ပြေးမြင်မိကြမှာပါ။ အဲဒီရုပ်ရှင်ကThe Spiderwick Chronicles (မြန်မာအမည်-အံ့ဖွယ်မှတ်တမ်းများ)ဆိုတဲ့ စာအုပ်ကိုရုပ်ရှင်အဖြစ်ပုံဖော်ထားတာဖြစ်ပါတယ်။အခု series လေးက အဲဒီရုပ်ရှင်ရဲ့ Reboot series တစ်ခုပါပဲ။Reboot ဖြစ်တဲ့အလျှောက် ယခင်ရုပ်ရှင်နဲ့ မတူတာတွေအများကြီးရှိပြီး စာအုပ်ကိုပိုမို မှီငြမ်းထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဂျဲရတ်ဟာ oppositional defiance disorder (ODD)ဆိုတဲ့ဒေါသမထိန်းနိုင်၊ အလိုမကျ၊ ပြောတာနဲ့ဆန့်ကျင်ဘက်လုပ်တတ်တဲ့ စိတ်‌ရောဂါအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့မြီးကောင်ပေါက်လူငယ်တစ်ယောက်ပါ။ သူ့မှာ အစ်မ မယ်လိုရီနဲ့အမြွှာအစ်ကိုဆိုင်မွန်တိုရှိပါတယ်။ အမြွှာဆိုင်မွန်ကတော့ဂျဲရတ်နဲ့ဆန့်ကျင်ဘက် လိမ္မာနာခံပြီး အေးအေးဆေးဆေးနေတတ်သူပါ။ အစ်မမယ်လိုရီကတော့ Fencing ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုအမေဟာ ဂျဲရတ်ရဲ့စိတ်ကျန်းမာရေးကိုကုသပေးဖို နဂိုနေထိုင်ရာ New York ကနေသူတိုရဲ့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာ Hensonမြိုကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ ဒီလိုနဲ့ဂျဲရတ်ဟာ သူတိုရဲ့အဘေးArthur Spiderwick မှတ်တမ်းပြုစုသွားတဲ့ မှော်သတ္တဝါတွေအကြောင်းစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။ စာအုပ်ရဲ့အရေးကြီးတဲ့ စာမျက်နှာတွေဟာလည်းဟန်ဆန်မြိုနေရာအနှံအပြားမှာ ...
8.455
TMDb: 8.455/10 22 votes
tv

The Spiderwick Chronicles (2024)

2024
The Slave Hunters(2010) 8.1
The Slave Hunters(2010) The Slave Hunters(2010)************************အပိုင်း ( ၁ မှ ၂၄) အထိ စ/ဆုံး ဒီစီးရီးဟာ 46th Baeksang Arts Awards  ပွဲမှာအကောင်းဆုံးဒရမ်မာ အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံးဒါရိုက်တာဆုတို့ဆန်ကာတင် စာရင်းဝင်ခဲ့သလို  အကောင်းဆုံးဇာတ်ညွှန်းဆုကြီးလည်းရခဲ့ပါသေးတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့  Oh Ji-ho  , Jang Hyuk  နဲ့ မင်းသမီးချော Lee Da-haeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတယ်...ထုတ်လွှင့်စဉ်မှာလည်း အမြင့်ဆုံး rating တွေရရှိခဲ့ပါတယ်...ဆုန်းထယ်ဟာ(Oh Ji-ho)က တစ်ချိန်ကအရမ်းတော်တဲ့စစ်သူကြီးတစ်ယောက်ပါ...တစ်နေ့မှာတော့ နန်းတွင်းအရှုတ်တော်ပုံတွေကြား ဓားစာခံဖြစ်သွားပြီး ရာထူးကထုတ်ပယ်ခံရတဲ့အပြင်ကျွန်ဘဝကိုပါရောက်သွားတယ်...စစ်သူကြီးပီပီ ဒီလိုငရဲဘဝရောက်နေရတဲ့အပြင် သူ့အပေါ်မကောင်းကြံတဲ့သူတွေကိုဖော်ထုတ်ဖို့အရေး ထွက်ပြေးခဲ့တယ်...နန်းတွင်းရဲ့ အတော်ဆုံးစစ်သူကြီးထွက်ပြေးတဲ့အခါမှာတော့ အကြမ်းဆုံးသော ကျွမ်ဖမ်းမုဆိုးတွေနဲ့ သူ့ကိုလိုက်ဖမ်းပါတော့တယ်.. ဒီလိုထွက်ပြေးတဲ့ခရီးမှာ မမျှော်လင့်ထားတဲ့သူတွေနဲ့တွေ့ဆုံခဲ့ရသလို အကြမ်းဆုံးသော ကျွန်မုဆိုးတွေကြားသူဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့.... Episodes: 24 Aired: Jan 6, 2010 - Mar 25, 2010 Aired On: Wednesday, Thursday Original Network:  Netflix Duration: 1 hr. 10 min. Genres: ...
8.1
TMDb: 8.1/10 26 votes
tv

The Slave Hunters(2010)

2010
Shōgun (2024) 10
Shōgun (2024) Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် ...
10
TMDb: 10/10 2 votes
tv

Shōgun (2024)

2024
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
War of Faith (2024)
War of Faith (2024) အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် ဒီ 2024 ခုနှစ်မှာပဲ ထွက်ရှိလာတဲ့သမ္မတခေတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ - ၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)က အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။ သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြား ဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ...ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား... ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား... ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်‌သရုပ်ဆောင်ထားတဲ့ War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။====================================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres ...

War of Faith (2024)

2024
Invincible (2023) – Season (02) 8.7
Invincible (2023) – Season (02) Invincible (2023) - Season (02) ========================လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထွက်ခဲ့တဲ့ Invincibleဟာ Season 1 မှာ ပရိသတ်ကြားရော ဝေဖန်ရေးဆရာတွေကြားရော လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို သူ့အရင် Prime က ထုတ်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ The Boys ထက်ပါ Rating ကျော်တက်နိုင်ခဲ့တယ်။ Invincible Comicsကို ထုတ်ခဲ့တဲ့ Image Comicsဆိုတာကလည်း မာဗယ်နဲ့ ဒီစီပြီးရင် Comics ဈေးကွက်မှာ တတိယအကြီးဆုံး ဈေးကွယ်ရှယ်ယာယူထားတဲ့ Comics publisher ပါပဲ။ Spawn, The Walking Dead, Invincible, Jupiter's Legacyစတဲ့ နာမည်ကျော် Comicsစာအုပ်တွေကို ထုတ်ခဲ့တဲ့ publisherပါ။ Comic Books တွေကို ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့နေရာမှာလည်း Invincibleဟာ ကျန်တဲ့အလားတူရုပ်ရှင်တို့ စီးရီးတို့ တော်တော်များများ ထက် ပိုအောင်မြင်ခဲ့ပါတယ်။ဒီ Season 2 မှာတော့ ပထမ Seasonအဆုံးက Invincibleနဲ့ Omni-Manတို့ သားအဖတိုက်ပွဲရဲ့ အကျိုးဆက်တွေနဲ့ ပြန်စထားပြီး မထင်မှတ်ထားတဲ့ Plotတွေနဲ့ ပြန်စဖွင့်ထားပါတယ်။ ...
8.7
TMDb: 8.7/10 170000 votes
tv

Invincible (2023) – Season (02)

2023
The Gentlemen (2024) 8.327
The Gentlemen (2024)  အက်ရှင် ဂန်းစတား စပိုင်ကားတွေရဲ့ ဒါရိုက်တာ ဆရာကြီး Guy Ritchie ရဲ့ စီးရီးအသစ်လာပါပြီ။ 2019 တုန်းက ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင် The Gentlemen ကိုပဲ စီးရီးအဖြစ် ချပြလာတာပါ။ ဇာတ်လမ်းတည်ဆောက်ထားတဲ့ လောကတူပေမဲ့ ဇာတ်လမ်းအသစ် အရသာအသစ်နဲ့ ဇတ်ကောင်အသစ်တွေကို အလန်းကြည့်ရမှာပါ။ တစ်ပိုင်းတစ်ပိုင်းကို ရုပ်ရှင်တစ်ကားကြည့်နေရသလိုကို အပီအပြင်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် အက်ဝပ်ဟော်နီမန်း ဟာ အင်္ဂလန် ဆွေကြီးမျိုးကြီး နယ်စားတစ်ယောက်ရဲ့ သားအငယ်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့မနေဘဲ စစ်တပ်ထဲမှာ ပေတေနေပေမဲ့ သူ့အဖေရဲ့နောက်ဆုံးအချိန်မှာတော့ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာချိန်မှာပဲ သူ့အစ်ကို ရှုပ်ထားတဲ့ အကြွေးတွေ၊ ဂန်းစတားတွေနဲ့ ဇာတ်ရှုပ်တွေကို ကူဖြေရှင်းရတဲ့အပြင်၊ သူတို့ရဲ့ ဧက ၁၅၀၀၀ ကျယ်တဲ့ ခြံကြီးအောက်မှာ အပေးအယူဖွင့်ထားတဲ့နဲ့ ဆေးခြောက်ထုတ်တဲ့ ဂိုဏ်းအကြီးကြီးတစ်ခုရဲ့ စခန်းရှိနေတာကိုပါ သိလိုက်ရပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Peaky Blinder ...
8.327
TMDb: 8.327/10 179 votes
tv

The Gentlemen (2024)

2024
Parasyte: The Grey (2024) [Complete]
Parasyte: The Grey (2024) [Complete] Parasyte: The Grey (2024)**************************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး Trailer ထွက်ထွက်ချင်းမှာပဲ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့တဲ့Parasyte:The Grey ထွက်ရှိလို့လာပါပြီ။ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာလူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကိုရန်ရှာသတ်ဖြတ်လာကြပါတယ်။ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာParasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက်Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကိုအမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားကပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်ကအနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း D.P ထဲက မင်းသား Koo Kyo Hwan နဲ့Our ...

Parasyte: The Grey (2024) [Complete]

2024
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
Furies (2024) 7.439
Furies (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့"The Furies" Netflix series လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ပြင်သစ်မြို့ကြီးဟာ အရောင်အသွေးစုံပြီးလှပသလောက် ဒုစရိုက်မှုတွေလည်းပေါများလှပါတယ်တဲ့ ပဲရစ်ကဒုစရိုက်လောကမှာ ဒုစရိုက်သမားအချင်းချင်း ရာဇဝတ်မှုကျူးလွန်ရင် ကြားဝင်ဖြေရှင်းပေးရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ် သူမကို"ပြစ်ဒဏ်စီရင်တဲ့နတ်သမီး"လို့ခေါ်ကြပါတယ် သူမနာမည်အရင်းက "ဆယ်လ်မာ"ပါဇာတ်လမ်းအကျဥ်းကတော့လီနာဆိုတဲ့ကောင်မလေးဟာ သာမန်ကောလိပ်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ ဒုစရိုက်သမားတွေပါ သူမရဲ့ဖခင်ဟာ ဒုစရိုက်လောကရဲ့စာရင်းကိုင်းတစ်ယောက်ဖြစ်ပြီး လီနာရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရပါတယ် လီနာလည်း သူ့အဖေကို ပြစ်ဒဏ်စီရင်တဲ့နတ်သမီး(ဆယ်လ်မာ)ကသုတ်သင်လိုက်တာလို့ထင်မှတ်နေခဲ့တာကြောင့် ပြစ်ဒဏ်စီရင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေခဲ့ပါတယ် ဒါပေမဲ့ သူမရှာတွေ့တဲ့အခါမှာတော့ သူမအဖေကိုသတ်တာက ''ဆယ်လ်မာ"မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် အဲ့ဒါကြောင့် သူမအဖေကိုသတ်ခဲ့တဲ့လူကိုဖော်ထုတ်ဖို့အတွက် ဆယ်လ်မာနဲ့ပူးပေါင်းပြီး ဒုစရိုက်လောကထဲကိုခြေစုံပစ်ဝင်လိုက်ပါတော့တယ်လီနာရဲ့အဖေကိုဘယ်သူကသတ်ခဲ့တာလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကို လီနာတစ်ယောက်ဖော်ထုတ်နိုင်ပါ့မလား........ File size…(662 MB)/(335 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:05:00 Genre...Action, addventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup ...
7.439
TMDb: 7.439/10 33 votes
tv

Furies (2024)

2024
House of Ninjas (2024) 8.068
House of Ninjas (2024) ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီး အသစ်တစ်ခုထွက်လာပါတယ်။ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။ File size…(861 Mb)/(457 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:00:00 Genre...Action, Drama, ...
8.068
TMDb: 8.068/10 37 votes
tv

House of Ninjas (2024)

2024
Flex X Cop (2024) [Complete]
Flex X Cop (2024) [Complete] Flex X Cop (2024)******************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ~လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး ...

Flex X Cop (2024) [Complete]

2024
Trigger Point (2022) (Season 01 + 02 Complete) 7.9
Trigger Point (2022) (Season 01 + 02 Complete) Trigger Point (2022) (Season 01 + 02 Complete) ~ IMDb - 6.2/10, Rotten Tomatoes- 80% ~ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်တဲ့ အဖွဲ့တွေရဲ့ အားပြိုင်မှုတွေအကြောင်း ဇာတ်လမ်းပေါင်းများစွာကြည့်ဖူးပြီးလောက်ပါပြီ။ ဒီတစ်ခါတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ထောင်တဲ့ဗုံးတွေကို ဖြုတ်ချည်ရှင်းချည်လုပ်ရတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကြားက အားပြိုင်မှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ လာနာဝါရှင်တန်လို့ခေါ်တဲ့ စစ်သမဟောင်းနဲ့ အာဖဂန်စစ်ပွဲစစ်မှုထမ်းဟောင်းဟာ လန်ဒန်က ဗုံးရှင်းလင်းရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ သူ့အတွေ့အကြုံတွေ စကေးတွေကိုသုံးပြီး အကြမ်းဖက်ဗုံးထောင်သူတွေနဲ့ ဗုံးတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတယ်။ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်တွေနဲ့ သူတို့ရဲ့ အတွေ့အကြုံကြားက ဉာဏ်ကစားကြတာတွေကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဗုံးရှင်းလင်းရေးတွေအကြောင်း အသေးစိတ် သေချာတွေ့မြင်ရမှာဖြစ်ပြီး လက်ရှိမှာ Season 1 ထွက်ရှိထားပြီး ၆ပိုင်းသာပါရှိပါတယ်။ Season 2 ဆက်လက်ထွက်ရှိလာမယ်လို့လည်း အတည်ပြုပြီးဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
7.9
TMDb: 7.9/10 19 votes
tv

Trigger Point (2022) (Season 01 + 02 Complete)

2022
Pyramid Game(2024)
Pyramid Game(2024) Pyramid Game(2024)********************အပိုင်း ( ၁ မှ ၁၀ ) ထိ စ/ဆုံးWebcomic တစ်ခုကို အခြေခံထားပြီးရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားစီးရီးဖြစ်ပါတယ်..သရုပ်ဆောင်တွေအနေနဲ့ twenty five twenty one ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင်Kpop girl group member တစ်ယောက်လည်းဖြစ်တဲ့ Bona, Jang Da-A, Ryu Da In, Shin Seul Ki,Kang Na Eon, Jung Ha Dam တို့က ပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်ဆောင်းဆူးဂျီလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ဆိုးလ်မှာရှိတဲ့ဘဲ့ဂယွန်းအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းလာတာကနေ ထူးဆန်းတဲ့ မဲပေးစနစ်ရှိတဲ့ game မှာပါဝင်လာဖို့ဖြစ်လာပါတော့တယ်။ တစ်လတစ်ခါ မဲပေးရပြီး “F”အဆင့်ရတဲ့သူကဘတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံရဖို့တားဂတ်ဖြစ်လာမှာဖြစ်ပြီး main cast တစ်ဦးဖြစ်တဲ့ bona (ဆောင်းဆူးဂျီ) က ကံမကောင်းစွာနဲ့ဘဲ “F”ရပြီးတော့ တားဂတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းသူဆောင်းဆူးဂျီတစ်ယောက် သူမရဲ့အခက်အခဲတွေကနေ ...

Pyramid Game(2024)

2024
Extraordinary (2023) Season 02 7.3
Extraordinary (2023) Season 02 ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း စူပါတွေပဲ။ ကယ်ရီရဲ့ပါဝါက ဝိညာဉ်တွေကို သူ့ကိုယ်ထဲကို ဆင့်ခေါ်နိုင်တယ်။ သူ့ပါဝါကတော့ ဒီထဲတော်တော်အသုံးဝင်တယ်ပြောရမှာပဲ။ သူ့ပါဝါကြောင့် အလုပ်ကောင်းကောင်းရထားတယ်။ တခြားတော့မဟုတ်ဘူး။ မယားကြီးနဲ့ မယားငယ် ...
7.3
TMDb: 7.3/10 88 votes
tv

Extraordinary (2023) Season 02

2023
Bandidos (2024) 7.6
Bandidos (2024)  ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက်စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလားဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းကအဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်းကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီအာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာကတစ်ဖက်ကြောင့်အစွမ်းပြချင်နေတော့တာပေါ့။ဒီလိုနဲ့ တစ်နေ့ ဟိုတယ်မှာအလုပ်လုပ်ရင်း ဂျူအန်မိုရာလိစ်ဆိုတဲ့နာမည်နဲ့လာရှာတဲ့ ဖာနန်ဒက်ဇ်ဆိုသူဆီကနေ ခန်းနိုင်ငံနောက်ဆုံးဘုရင်ရဲ့ရွှေရတနာသိုက်အကြောင်း လမ်းစရသွားလေတော့ နဂိုထဲကဇလေးနဲ့မီဂဲလ်တစ်ယောက် အကြွေးနွံကနေအလွတ်ရုန်းဖို့ ရတနာသိုက်ရှာမယ်တကဲကဲဖြစ်ပြီး လူစုပါတော့တယ်။ဒါပေမဲ့ ရတနာသိုက်အကြောင်းကို သူတို့လိုပဲလမ်းစရပြီး သူတို့ထက်ဦးသွားတဲ့သူတွေလည်းရှိနေတဲ့ မီဂဲလ်၊ ဦးလေးဝီဆင်၊ တစ်ချိန်ကလုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း တိတ်တခိုးချစ်ရတဲ့လီလီနဲ့ လူးကပ်စ်တို့၄ ယောက် ရတနာသိုက်ကို လက်ဦးမှုရယူဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ....   File Size –  863  MB / 398 MB (@Episode)Quality –WEB-DL ...
7.6
TMDb: 7.6/10 5 votes
tv

Bandidos (2024)

2024
Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Baby Bandito (2024) 6.1
Baby Bandito (2024) Baby Bandito (2024) =============== IMDb Rating - 6.1/10 Crime , DramaNetflix ရဲ့ စပိန်စကားပြော လူငယ်ဓားပြဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ စပိန်တွေက ဓားပြတိုက်တာ‌တော့ အတော်ကြိုက်ပုံရတယ်။ အခုဇာတ်လမ်း တွဲမှာလည်း..ချီလီရဲ့ ဆင်းရဲသားရပ်ကွက်မှာကြီးပြင်းလာတဲ့ စကိတ်သမား လေး ကယ်ဗင်တာပီယာဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက ချီလီနိုင် ရာစုနှစ်ရဲ့ အကြီးဆုံး ဓားပြမှုကြီးကို လုပ်ခဲ့တဲ့အကြောင်းကိုဖြစ်ရပ်မှန် ရိုက် ကူးထားတာဖြစ်ပါတယ်။အစိုးရ ဗဟိုဘဏ်ကနေ အေတီအမ်စက်တွေမှာထည့်ဖို့ ပီဆိုငွေသား ၄ ဘီလီ ယံကို လေဆိပ်ကိုပို့လိုက်မယ်ဆိုတဲ့ သတင်းကိုကြားတဲ့ နယ်ခံလူမိုက်ဂိုဏ်း ဘွတ်ချာအဖွဲ့ဟာ ဒီငွေတွေကို ဝင်လုဖို့ ဆုံးဖြတ်ပြီး အစီအစဉ်တွေအသေးစိတ် ဆွဲထားပါတယ်။ ဒီအစီအစဉ်တွေကို ဓားပြလက်ထဲကနေ သူခိုးပြန်လုပ်မယ့် သူကတော့ ကယ်ဗင်တာပီယာခေါ် ကလေးဓားပြ( Baby Bandito )လို့နာမည် ပြောင်ပေးထားခံရသူဖြစ်ပါတယ်။သူဒီငွေတွေကို ဘယ်လိုလုယူပြီးနောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(300 MB) / (800 MB) Quality...............WEB-DL 720p ...
6.1
TMDb: 6.1/10 1465 votes
tv

Baby Bandito (2024)

2024