Channel Myanmar

Action

Hunter – Tootega Nahi, Todega (2023) 8
Hunter – Tootega Nahi, Todega (2023) Hunter 2023 IMDb 8.4/10ယခုတစ်ခါမှာတော့ Rating လည်းကောင်း မင်းသားကြီး Suniel Shetty ပါတဲ့ အပြင်ကိုမှ Plot တွေကလည်းရှယ်ဆိုမှရှယ်စီးရီးလေးတင်ဆက်ပေးချင်ပါတယ်ACP ဗစ်ကရမ်က ရဲဆိုလည်းဟုတ်သလို တစ်ဖက်မှာလည်းပိုက်ဆံယူပြီး လူပျောက်ရှာတယ်ပေါ့ဘယ်လောက်တော်လဲဆိုရင် နှစ်နဲ့ချီပျောက်နေတဲ့လူကိုတောင် ၂၄နာရီအတွင်းတွေ့အောင်ရှာနိုင်ပါတယ် သူ့ကိုအလုပ်လာအပ်တဲ့လူလည်းများသလို ကြေးကလည်းတော်ရုံလူကပ်မရဘူးပေါ့ ဒီလိုနဲ့ပျောက်ဆုံးမှုတွေလိုက်ရင်းတစ်ရက်မှာ လီနာသောမတ်စ်ဆိုသူကိုရှာဖို့အကြောင်းဖန်လာပါတယ်ဒီနာမည်နဲ့လည်းမိဘမဲ့ဂေဟာတစ်ခုရှိတော့ သူလိုက်စုံစမ်းရင်း ဒီဂေဟာနောက်ကွယ်မှာထင်မှတ်မထားတဲ့ကိစ္စကြီးပေါ်လာပါတော့တယ် ဒါ့အပြင်ကို သူစစုံစမ်းကာမှ ဂေဟာကလူတချို့အသတ်ခံရပြီးလက်နက်မှာလည်း သူ့လက်‌ဗွေထွက်လာတဲ့အခါမှာ‌တော့...ဒီကိစ္စ တွေကဘာများဖြစ်မလဲ...ပိုက်ဆံကြောင့် ဝင်စွက်ဖက်မိရာက ဗစ်ကရမ်တစ်ယောက်အသက်အန္တရာယ်ထိ ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုရုန်းကန်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်File Size – 900MB / 400MBQuality – 1080p WEB DL /720pDuration – 24minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, CrimeTranslator – BpL~Sai~Yunni~ CherryEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode ...
8
TMDb: 8/10 1 votes
tv

Hunter – Tootega Nahi, Todega (2023)

2023
El Cid (2020) Season 01 7.269
El Cid (2020) Season 01 El Cid (2020) Season 01 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။ ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး ...
7.269
TMDb: 7.269/10 180 votes
tv

El Cid (2020) Season 01

2020
Big Bet(2022) SE1 +SE2 [Complete] 10
Big Bet(2022) SE1 +SE2 [Complete] Big Bet(2022)*****************စ/ဆုံး Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယားရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်...ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့ပြည်သူတွေရှိခဲ့ကြတယ်...ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်းအစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာငွေရအလွယ်ဆုံးက လောင်းကစားပဲ...ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီးဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့... Episodes: 16File Size:1.1GB, 500MBQuality :Web-DL DNSP 1080p,720PGenres: Action, Crime, DramaTranslated by  Hein That Naing, Hay Thar Oo    & MiriEncoded by  Phyo Pyae   >>>>TELE ...
10
TMDb: 10/10 1 votes
tv

Big Bet(2022) SE1 +SE2 [Complete]

2022
La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021
Shadow and Bone Season (1+2) 8.2
Shadow and Bone Season (1+2) Shadow and Bone (2021)===================IMDb Rating - 8.2/10ဒီနှစ်အတွက် မှော်စီးရီး ကောင်းကောင်းလေး ကြည့်ချင်နေတဲ့သူတွေအတွက် Shadow and Bone က တကယ် ကျေနပ်စေမှာပါ။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်နိုင်ငံနဲ့ တိုင်းပြည်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။ ရက်ဗ်ကာဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတစ်ခုဟာ နိုင်ငံအလယ်မှာ ဘယ်လိုမှ ဖျက်ဆီးလို့မရတဲ့ အမှောင်တံတိုင်းကြီးနဲ့ ကာဆီးနေပြီး ကွဲပြားနေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ခရီးသွားဖို့ အမှောင်တံတိုင်းကြီးကိုဖြတ်ဖို့ကလည်း အထဲက သတ္တဝါဆိုးကြီးတွေကြောင့် အန္တရယ်များလွန်းပါတယ်။ တံတိုင်းကြီးကို ဘေးကပတ်သွားတော့လည်း လမ်းတွေက ကြမ်းတမ်းပြီး ရန်သူတွေ ဝိုင်းနေတာပါပဲ။ ဒီတော့ ဒီတံတိုင်းကိုသာ ဘေးကင်းကင်း ဖြတ်ကူးနေနိုင်သူက နိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် လွယ်လွယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရက်ဗ်ကာနိုင်ငံက လူတွေကလည်း သာမန်တွေမဟုတ်ပါဘူး။ မှော်အစွမ်းကိုယ်စီရှိတယ်သူတွေလည်း ပါပါတယ်။ မီး၊ရေ၊လေ၊အမှောင်ကို ထိန်းနိုင်သူတွေ၊ လူကို ထိန်းချုပ်နိုင်သူတွေ ...
8.2
TMDb: 8.2/10 13535 votes
tv

Shadow and Bone Season (1+2)

2021
The Last of Us(2023) 9.2
The Last of Us(2023) The Last of Us(2023)================= ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီးဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကိုစီးရီးအနေနဲ့ တင်ဆက်လာပါပြီ။တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံးအပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်းGame of Thrones, Mandalorian, Kingsmen ကားတွေထဲကPedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာအားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့Bella Ramsey ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ...
9.2
TMDb: 9.2/10 30 votes
tv

The Last of Us(2023)

2023
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
Naxalbari (2020) Complete 6
Naxalbari (2020) Complete Naxalbari (2020) Action, Crime, Thriller IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။ လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့...။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့ လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6
TMDb: 6/10 1 votes
tv

Naxalbari (2020) Complete

2020
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
The Influential (2022) 7.5
The Influential (2022) အိတ်ကရက် အဖြစ် Louis Hesse နန်နရင် အဖြစ် Cartoon Natcha ရိဆာ အဖြစ် Jayda Saranya ကလ အဖြစ် Ben Santiraj အားစီယူ့ အဖြစ် PP Phatchayaဇာတ်လမ်းအကျဉ်းအိတ်ကရက်ဟာ မူးယစ်ဆေးဂိုဏ်းတွေကို ဖမ်းဆီးရတဲ့ အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တစ်နေ့ အဖွဲ့သားတစ်ယောက် သစ္စာဖောက်တာကြောင့် စစ်ဆင်ရေး လွဲချော်ခဲ့ရပါတယ်ဒါ့အပြင် သစ္စာဖောက်ကို ဆေးရုံထိ လိုက်ဖမ်းဆီးရာမှ ဆေးရုံမှာတက်နေခဲ့တဲ့ ငယ်စဉ်က သိကျွမ်းခဲ့သူ နန်နရင်ရဲ့ မိခင်ဖြစ်သူဟာ သွေးရရှိမှု နှောင့်နှေးကာ ဆုံးပါးသွားခဲ့ရပါတယ်သစ္စာဖောက်နဲ့ အဖွဲ့သားတွေက နယ်စပ်ဘက် နယ်ကူးသွားပြီလို့ သတင်းရခဲ့ပြီး အိတ်ကရက်ကလည်း ဒုစရိုက်သမားတွေကြီးစိုးရာ ထန်ပင်မြို့နယ်ဘက်ကို စစ်ဆငိရေးလုပ်ဖို့ အမိန့်ရခဲ့ပါတယ်ထန်ပင်မြို့နယ်မှူးဖဒိတ်က အိတ်ကရက်ရဲ့ အစ်ကိုဖြစ်နေခဲ့တာမို့ အိတ်က အထူးတပ်ဖွဲ့ဝင်ဆိုတဲ့ အချက်ကို လျှို့ဝှက်ထားစေခဲ့ပါတယ်အိတ်ကရက် နည်းတူ ငယ်သူငယ်ချင်းဖြစ်သူ ကလလည်း ရဲအုပ်အဖြစ်နဲ့ ထန်ပင်မြို့နယ်ကို စုံစမ်းဖို့ ရောက်လာခဲ့ပါတယ်ထန်ပင်မြို့နယ်ရဲ့ ဒုစရိုက်သမားအကြီးစား ကမ်ဟျန်ကလည်း ...
7.5
TMDb: 7.5/10 votes
tv

The Influential (2022)

The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023
Extraordinary (2023) Season 01 7.667
Extraordinary (2023) Season 01 Extraordinary (2023) Season 01 Complete ~ IMDb - 8/10, Rotten Tomatoes - 100% ~ ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း ...
7.667
TMDb: 7.667/10 18 votes
tv

Extraordinary (2023) Season 01

2023
The Way of the Househusband – Season (01), (02) 7.3
The Way of the Househusband – Season (01), (02) The Way of the Househusband - Season (01), (02) =================================== IMDb Rating - 7.3/102018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။ Season 1မှာ စုစုပေါင်း အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ် ဝင်စားများနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေ နပ်မှုကို တော်တော်လေးပေးနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းက... မြေအောက်လောကမှာ နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ် တစ်ယောက် ဒုစရိုက်လောကကနေ အနားယူလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး ဘဝက အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက် ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်ပြုံးချင်ကြတဲ့လူတွေ တော့ အကြိုက်တွေ့ကြမှာပါ။P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက် မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့ ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေ လှပါဘူး။ ဒါပေမဲ့ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။ ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့ ဒီဇာတ်လမ်း‌လေးဟာ အရင်က အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ လက်တွေ့ဘ၀‌အတွဲတွေလို ...
7.3
TMDb: 7.3/10 5508 votes
tv

The Way of the Househusband – Season (01), (02)

2021
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022
Gannibal(2022) 8.5
Gannibal(2022) Gannibal(2022)****************အပိုင်း ( ၁ မှ ၇ ) ထိ စ/ဆုံးဒီJapanese Horror Thriller seriesဟာဆိုရင် Disney + နဲ့ Huluက ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းထားပြီး2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလို့မကောင်းမှာတော့ စိတ်မပူနဲ့ဗျ။ ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့ပျော်စရာပေါ့..ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်..တစ်ပတ်ကိုတစ်ပိုင်းထွက်ရှိမှာဖြစ်ပြီး Horror ကားကြိုက်သူတို့မြည်းကြည့်သင့်တယ်..အပိုင်းတစ်မှာတင်ကြွေသွားလိမ့်မယ်..Episodes: 7File Size:815MB, 315MBQuality :Web-DL DNSP 1080p5.1Ch,720PGenres: Horror, Crime, Action & AdventureTranslated by Themes  & KitEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]  ...
8.5
TMDb: 8.5/10 2 votes
tv

Gannibal(2022)

2022
Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023) Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုး‌သမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အ‌လျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...

Jaanbaaz Hindustan Ke (2023)

2023
Lockwood & Co. (2023) 8.1
Lockwood & Co. (2023) Lockwood & Co. (2023) ================== IMDb Rating - 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ဇာတ်လမ်းအညွှန်း - ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး ...
8.1
TMDb: 8.1/10 81 votes
tv

Lockwood & Co. (2023)

2023
Gangs of London (2020)+ Season(2) 9.1
Gangs of London (2020)+ Season(2) IMDb Rating - 8.5/10TMDp Rating - 9.1/10 #Unicodeလန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းကြီးတွေ အကြောင်း ဇာတ်လမ်းဆင်ထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။  စုစုပေါင်း ၉ ပိုင်း ရှိပါတယ်။နေ့စဉ်တင်ဆင်ပေးသွားမှာပါ။ ဒီစီးရီးကတော့ ပိကီ ဘလိုင်ဒါ တို့ ဂေါ့ဖားသားတို့လို သွေးအေးအေး ရက်စက်တဲ့ စတိုင်မျိုးမဟုတ်ပါဘူး။ ဒါရိုက်တာကိုက Raid ရုပ်ရှင်ကို ရိုက်ခဲ့တဲ့သူဖြစ်လို့ အက်ရှင် အသားပေးပါတယ်။ Raid ရဲ့ အများနဲ့ တစ်ယောက်ရက်ရက်စက်စက်တွေ ချတဲ့ အငွေ့အသက်မျိုးတွေ ပါပါတယ်။ စတန့်နည်းပြတွေကလည်း Bourne ရုပ်ရှင်တွေလို အက်ရှင်အကြမ်းတွေမှာ ပါခဲ့တဲ့လူတွေပါပဲ။ဇာတ်လမ်းအကျဉ်း …----------------------လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းအားလုံးဟာ ဝဲလေ့ မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကြရပါတယ်။ တစ်နေ့မှာတော့ဝဲလေ့မိသားစုရဲ့ ခေါင်းဆောင် ဖင်း ဝဲလေ့ လုပ်ကြံခံရပြီး သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူ ရှောင်ဝဲလေ့က နန်းတက်လာပါတော့တယ်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက ...
9.1
TMDb: 9.1/10 16 votes
tv

Gangs of London (2020)+ Season(2)

2020