Channel Myanmar

Action

Family: The Unbreakable Bond(2023)[Complete]
Family: The Unbreakable Bond(2023)[Complete] Family: The Unbreakable Bond(2023)***********************************အပိုင်း( ၁ မှ  ၁၂) ထိ စ/ဆုံးဒိုဟွန်းဆိုတဲ့ဘဲကြီးတစ်ပွေဟာ စတော့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်..ချစ်စရာသမီးလေးလည်းရှိသလို ဇနီးချောလေးလည်းပိုင်ဆိုင်ထားတယ်..ပျော်ပျော်နေတတ်တဲ့မိသားစုမို့ ရပ်ကွက်ထဲမှာလည်းခင်မင်သူတွေအတော်များပါတယ်...တကယ်တော့ ဒိုဟွန်းဟာ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပြီး စနိုက်ပါပစ်ခတ်ရာမှာ အထူးကျွမ်းကျင်တဲ့အတွက်ဒိတ်ဒိတ်ကျဲလူဆိုးတွေကို တိတ်တဆိတ်သုတ်သင်ရတဲ့အလုပ်ကိုလုပ်ပါတယ်..ဒီအကြောင်းကို ဇနီးဖြစ်သူတောင် မသိရှာပါဘူး..သူဘယ်လိုပဲ လျှို့ဝှက်စွာ နေထိုင်နေပါစေ..သူသုတ်သင်ခဲ့ရတဲ့ လူဆိုးဘုရင်ကြီးတွေနဲ့နစ်နာခဲ့တဲ့ရန်သူတွေကတော့ သူ့ကိုလိုက်ရှာပြီး ဗျင်းဖို့ ကြံရွယ်လာတဲ့အခါမှာတော့.... Aired:Apr 17, 2023 - May 23, 2023 Aired On: Monday, Tuesday Genres: Action, Thriller, Comedy, Drama Duration: 70mins Episodes: 12 Original Network: TVING, tvN File Size: 1080p(~850MB) , 720p(~300MB) Translated by Eric,Shoon,  Hay Thar Oo  & Miri Encoded by Phyo Pyae «««   Telegram Channel  »»» Episode 01 [720p]     »»»   UsersDrive  •   ...

Family: The Unbreakable Bond(2023)[Complete]

2023
The Ingenious One (2023)
The Ingenious One (2023) CM ပရိတ်သတ်ကြီးတိုရေ… ဒီဇာတ်ကားလေးမှာတော့ အက်ရှင်၊ ဒရမ်မာ ရသလှလှလေးတွေကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်တဲ့အတွက် မလွတ်တမ်းကြည့်ရှုဖိုတင်ဆက်ပေးလိုက်ပါ တယ်နော်။ဇာတ်ကြောင်းလေးကတော့… ယွင်ထိုက်ရဲ့တပည့်ဖြစ်တဲ့ ယွင်ရှန်းတစ်ယောက် သိုင်းပညာရပ်တွေကိုဆယ်စုနှစ်ကြာ လေ့လာဆည်းပူးပြီးတဲ့နောက် သိုင်းလောကထဲကို ခြေလှမ်း စခဲ့ပါတော့တယ်။ယွင်ရှန်းဟာ သူငယ်ချင်းအစစ်မှန်တွေနဲ့ဆုံ တွေ့ခွင့်ရပြီး နွေးထွေးမှုအစစ်မှန်တွေကိုလည်းခံစားသိရှိလာ တာနဲ့အတူ ထူးဆန်းတဲ့ ဒဏ္ဍာရီလာသူရဲကောင်းမိန်းကလေး စူးယန်အန် ကလည်းယွင်ရှန်းအပေါ်တဖြည်းဖြည်း ချစ်ခင် ဆုံမက်လာပါရော။ ယွင်ရှန်းအတွက်တော့ သူငယ်ချင်းတွေနဲ့ အတူအဆိုးအကောင်းမှန်သမျှကို ပျော်ရွှင်စွာဖြတ်ကျော်လာခဲ့ ပေမယ့်လည်း သိပ်မကြာခင်မှာဘဲဒီလိုအချိန်လေးတွေကုန်ဆုံး ပြီး တချိန်တုန်းက ဆိုးရွားလှတဲ့ လူမျိုးတုံးသတ် ဖြတ်မှုတွေကိုအတွင်းကျကျသိရှိလာရင်း သိပ်ကြောက်စရာကောင်းတဲ့ လျှိဝှက်နက်နဲမှုတွေကိုလည်း သိလိုက်ရတဲ့နောက်မှာတော့အခြေနေတွေလည်းဆိုးရွားလာပါတော့တယ်။ သူဟာ လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ခွဲခွာခြင်းဆိုတဲ့ သေခြင်း တရားတွေကိုတွေ့ကြုံခဲ့ရပြီးတဲ့နောက် တစ်ချိန်ကဘဝရဲ့ အနှစ်သာရတွေအပြည့်အဝဆောင်ကြဉ်းထားတဲ့အရာမှန်သမျှ တမုဟုတ်ချင်း ပြိုလဲသွားပြီဆိုတာကိုနားလည်လိုက်ရပါတယ်။ ဒီလိုနဲ့ ယွင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲက တရားမျှတမှုကို သူ့ဘဝနဲ့ရင်းပြီးဘယ်လိုတွေခုခံကာကွယ်သွားမလဲဆိုတာကို ……စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်…Reviewed by Su Myat Nyunt ...

The Ingenious One (2023)

2023
Stealer: The Treasure Keeper(2023)[Complete] 10
Stealer: The Treasure Keeper(2023)[Complete] Stealer: The Treasure Keeper(2023)**********************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံး ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးမှာတော့ Alice တို My Sassy Girl တို့ရဲ့မင်းသား Joo Won အဓိကပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပက်သက်ပြီး စိတ်ဝင်စားစရာရိုက်ပြထားတာမိုလို ကြည့်ရတာ ဆန်းသစ်ပြီး အကြိုက်တွေ့ကြမယ်လို မျှော်လင့်ပါတယ်... SKUNK ဆိုတာကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုသီးသန့် ခိုးယူတဲ့ သူခိုးတစ်ယောက်ပါ..သူဟာနေ့ဘက်ဆိုရင် သာမာန်အလုပ်သမားတစ်ယောက်လိုနေထိုင်ပြီးညဘက်ဆိုရင် တန်ဘိုးကြီး  ယဉ်ကျေးမှုအမွေအနှစ်တွေကို လိုက်လံခိုးယူပါတယ်..ဒီအတွက် သူဟာ အချိန်ကြာမြင့်စွာလေ့ကျင့်ထားပြီး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာခိုးယူမှုတိုင်းဟာ သဲလွန်စ မကျန်ဘဲ ပြီးမြောက်သွားလေ့ရှိတယ်...ဒီလိုဖြစ်စဉ်မျိုးခဏ ခဏဖြစ်လာတဲ့အခါမှာ ကိုးရီးယားက ရဲတွေအတော်ခေါင်းခြောက်ရပါတယ်... နောက်ဆုံးသီးခြား Team ကြီးတစ်ခုဖွဲ့ပြီးဒီသူခိုးကိုဖမ်းဖို့ကြိုးစားလာကြတဲ့အခါမှာတော့..သူက ဘာလို့ ဒီလိုမျိုးခိုးယူနေတာလဲ....ဘာကြောင့်လဲအပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး ရိုက်ချက်ကောင်းကောင်းတွေမို့ ခံစားကြည့်ကြပါဦး...Aired: Apr 12, 2023 - May 18, 2023 Aired On: ...
10
TMDb: 10/10 1 votes
tv

Stealer: The Treasure Keeper(2023)[Complete]

2023
Avatar: The Last Airbender (2005) 8.692
Avatar: The Last Airbender (2005) Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.692
TMDb: 8.692/10 3267 votes
tv

Avatar: The Last Airbender (2005)

2005
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
The Forgotten Army – Azaadi ke liye (2020) Complete 6.897
The Forgotten Army – Azaadi ke liye (2020) Complete The Forgotten Army - Azaadi ke liye 2020IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ် မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့ လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ...ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ်သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲစစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမ‌ဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – 40minsTotal Episodes:5EpsSubtitle ...
6.897
TMDb: 6.897/10 146 votes
tv

The Forgotten Army – Azaadi ke liye (2020) Complete

2020
Iljimae (2008) [Complete] 8.9
Iljimae (2008) [Complete] Iljimae (2008) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း) မင်းသားလီဂျွန်ဂီ အဓိကမင်းသားအဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ဂျိုဆွန်းခေတ်ကို အခြေပြုပြီး ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ...ယွန်းအာရဲ့ ဖခင်ဖြစ်သူက အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ယွန်းအာဟာ လူမှန်းသိတတ်စ အရွယ်လေး ဖြစ်နေပြီမို့ သူ့အဖေဖြစ်သူဟာ မတရားသေဆုံးခဲ့ရတယ်ဆိုတာကို သိနေခဲ့ပါတယ်။ဒီလိုနဲ့ ယွန်းအာလေး အရွယ်ရောက်လာတဲ့အခါမှာတော့ နေ့ဘက်မှာတော့ ခပ်ပေတေတေလူငယ်လေးတစ်ယောက်အနေနဲ့သာနေပြီး ညဘက်မှာတော့ အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေဆီကနေ ခိုးယူပြီး ပြည်သူတွေကို ပြန်လည်ဝေမျှတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။အဲ့ဒီအတွက်လည်း သူ့ကို ပြည်သူတွေက ချစ်စနိုးနဲ့ အီဂျီမဲဆိုတဲ့ နာမည်လေး သတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အီဂျီမဲ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ဖခင်ကို သတ်သွားတဲ့ အကျင့်ပျက် အမတ်မင်းက ဘယ်သူဘယ်ဝါဆိုတာကို ရှာဖွေဖို့ဖြစ်ပြီး ရေးတေးတေး မှတ်ဉာဏ်တွေနဲ့ တရားခံကို ရှာဖွေနေတဲ့ ...
8.9
TMDb: 8.9/10 16 votes
tv

Iljimae (2008) [Complete]

2008
Pandora: Beneath the Paradise(2023) [Complete]
Pandora: Beneath the Paradise(2023) [Complete] Pandora: Beneath the Paradise(2023)*********************************အပိုင်းသစ် (၁ မှ ၁၆) ထိ စ/ဆုံး အလောင်တစ်လိုင်းလေး လာပါပြီHong Tae-ra(Lee Ji-ah)ဆိုတဲ့အမျိုးသမီးဟာကိုရီးယားနိုင်ငံရဲ့ သမ္မတကတော်တစ်ယောက်ပါ...သူ့မှာ သူ့ရဲ့ ချစ်ရတဲ့ ယောက်ျားရယ်သမီးလေးရယ်နဲ့အတူ သာယာလှပတဲ့ ဘဝလေးရှိတယ်.... ဒါပေမဲ့ သူဟာ အတိတ်ကို မမှတ်မိဘူးဖြစ်နေတယ် ....တစ်နေ့မှာသူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရရှိလာပြီး‌တော့ ဆိုးရွားတဲ့ အတိတ်ကို ပြန်မှတ်မိသွားခဲ့တယ်.... အဲ့ဒီအခါမှာ သူ့ရဲ့ ပြီးပြည့်စုံလှတဲ့ ဘဝကြီးကလည်း ပြိုကွဲသွားပြီးတော့သူလည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ရတယ် ....အတိတ်က ဖြစ်ရပ်အတွက်လက်စားချေဖို့ ရုန်းကန်နေတဲ့ Hong Tae-ra တစ်ယောက် အဆုံးသတ်မှာဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုပေးလိုက်ကြပါနော်ဒီကားလေးထဲမှာတော့ Cast အနေနဲ့ Lee Ji-ah, Lee Sang-yoon, Jang Hee-jin , Park Ki-woong , Bong Tae-gyu တို့ပါဝင်သရုပ်ဆောင်ထားပါတယ် Penthouse vibe ...

Pandora: Beneath the Paradise(2023) [Complete]

2023
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
Star Trek: Picard – Season (02)(03) 7.5
Star Trek: Picard – Season (02)(03) Star Trek: Picard - Season (02)(03)=========================IMDb Rating - 7.5/10Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Season 2 ဆက်လက်ထွက်ရှိလာပါပြီ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ဇာတ်လမ်းကိုပြောရရင် ...season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ Season 2 မှာတော့ အင်တာပရိုက် ...
7.5
TMDb: 7.5/10 2190 votes
tv

Star Trek: Picard – Season (02)(03)

2022
Strong Woman Do Bong Soon(2017)[Complete] 8.148
Strong Woman Do Bong Soon(2017)[Complete] Strong Woman Do Bong Soon(2017)*********************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး(လုံးဝကြည်တောက်ရှင်း ...မင်းသားရေသောက်ရင်တောင် လည်ချောင်းက ရေစီးတာမြင်နိုင်လောက်တဲ့အထိကြည်တဲ့ဗားရှင်းနဲ့တင်ဆက်ပေးထားပါသည်..)ဒီတစ်ခေါက်မှာတော့ KDramaပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ် ဒိုဘုံဆွန်းဆိုတဲ့ မိန်းကလေးဟာ မွေးဖွားလာကတည်းက ထူးထူးထူးခြားခြား အင်မတန်ခွန်အားသန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပါ..အဲဒီစွမ်းအားကလည်း ဘုံဆွန်းတို့မျိုးရိုးမှာ အမျိုးသမီးတွေသာ အမွေရတာပါ...ဘုံဆွန်းရဲ့အိမ်မက်ကတော့ သူ့ကိုယ်သူဇာတ်လိုက်ထားပြီး Video Gameတစ်ခုဖန်တီးချင်တာပါ..တစ်နေ့မှာတော့ ဘုံဆွန်းတစ်ယောက် လူမိုက်တွေရန်ကနေ ကားဆရာကြီးကို ကာကွယ်ပေးရင်းအမှတ်မထင် Video Gameကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အန်းမင်ဟျော့နဲ့ တွေ့ဆုံခဲ့ပါတယ်...ခြိမ်းခြောက်မှုတွေခံရတဲ့ အန်းမင်ဟျော့က ခွန်အားသန်တဲ့ဘုံဆွန်းကို သဘောကျပြီးသူ့ရဲ့သက်တော်စောင့်အဖြစ် အလုပ်ခန့်လိုက်တဲ့အချိန်မှာတော့….ထွေထူးပြီးညွှန်းစရာမလိုတဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ချစ်ကြည်နူးတစ်တီတူးတဲ့ အခန်းတွေကိုတစ်ကျော့ပြန်လည်ခံစားကြည့်ရှုကြပါဦး....Episodes: 16File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Comedy, Romance, SupernaturalTranslated by  Estel, Khine Khine Wai, Shoon ,AHtet & WinEncoded by  Phyo ...
8.148
TMDb: 8.148/10 176 votes
tv

Strong Woman Do Bong Soon(2017)[Complete]

2017
El Cid (2021) Season 02 7.3
El Cid (2021) Season 02 El Cid (2022) Season 02 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ ပထမတွဲ ကြည့်ပြီးတဲ့ လူတွေတော့ El Cid ရဲ့ ရှုပ်ထွေးလှတဲ့ စစ်နယ်ရှင်ဆန်ဆန် နိုင်ငံရေးကနေမှ ဆုံးသွားတဲ့လီယွန်ဘုရင်က ထီးနန်းကို သားသမီးတွေကို တစ်ခြမ်းစီခွဲပေးလိုက်လို့ ပိုရှုပ်ထွေးသွားတဲ့အကြောင်းကို သိပြီးကြလောက်ပြီပေါ့။ လီယွန်ဘုရင် သူတို့အဖေဟာ သူ့မွေးချင်းညီအစ်ကိုတွေကို ထီးနန်းအတွက်သတ်ခဲ့တာမို့ အဲဒီစိတ်တစ်ပိုင်းနဲ့ ကွယ်လွန်ခါနီး သူ့သားသမီးတွေကိုတော့ သူ့လို မဖြစ်စေချင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြဖို့မှာရင်း နယ်မြေတွေကိုခွဲဝေပေးလိုက်တယ်။ ဗျာဒိတ်လာသူရဲကောင်းလိုဖြစ်နေတဲ့ ရိုင်ကိုလည်း သူ့သားသမီးတွေ အချင်းချင်းမသတ်ရအောင် စောင့်ရှောက်ပေးဖို့ ကတိတောင်းခဲ့တယ်။ ဒီလိုနဲ့ ခွဲပေးတဲ့ဒေသတွေရဲ့ ကိုယ့်ထီးကိုယ်နန်းတွေမှာ နန်းတက်ကြရင်း အခက်အခဲကိုယ်စီနဲ့ ကြုံလာရတယ်။ သားကြီးတဖြစ်လဲ ဆန်ချိုဟာ သူရသင့်တဲ့ထီးနန်းဆိုတဲ့စိတ် မသိမသာကြီးစိုးနေခဲ့သလို အကြီးဆုံးဖြစ်နေပေမဲ့ သမီးဖြစ်နေလို့ နန်းမရလိုက်တဲ့ ယူရာကာကလည်း ...
7.3
TMDb: 7.3/10 182 votes
tv

El Cid (2021) Season 02

2021
Wrong Side of the Tracks – Season (01) 6.9
Wrong Side of the Tracks – Season (01) Wrong Side of the Tracks - Season (01) ============================ IMDb Rating - 6.9/10ဒီစီးရီးကတော့ ကိုယ့်စိတ်ထဲမှာ လူတစ်ယောက်ယောက်ကို ဆဲချင်ပြောချင်နေတယ်ဗျာ၊ သို့ပေငြား ထောက်ထားစရာတွေ ရှိနေလို့ ပြောမထွက်လိုက်ရဘူးဆိုတဲ့သူတွေ ကြည့်သင့်တယ် ဗျ။ ဒီထဲက ဘိုးတော်ကြီးက ပရိသတ်ကြီးတို့အတွက် အငှားဆဲ ပေးမဲ့လူမျိုးပေါ့။ ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာဗျာ ဘာပြော ပြော ဘုကလန့်တိုက်တတ်တဲ့ လူ့ဂွစာအဘိုးကြီးတွေကို မြင်ဖူး ကြတယ်မလား။ ရပ်ကွက်နဲ့လည်းမတည့် သူ့မိသားစုနဲ့လည်း မတည့် အကုန်လုံးနဲ့ ပတ်ရန်ဖြစ်ပြီး သူပဲသိ သူပဲတတ်ဆိုတဲ့ အဘိုးကြီးတွေပေါ့။ဒီဘိုးတော်ကြီးကလည်း ဒီလိုပဲဗျ။ ဒါပေမဲ့ တစ်ခုရှိတာက သူက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ကပ္ပတိန်တစ်ယောက်တဲ့။ ဆိုတော့ ရပ်ကွက်ထဲမှာ စီကနဲဆို သေနတ်ကောက်ဆွဲပြီး ကြမ်း ပြတတ်တဲ့လူကြီးပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ စကားအရာမှာလည်း တစ်ဖက်လူဆွဲထိုးချင်လောက်အောင်ကို တည့်တိုးတွေက အားမနာတမ်း ပြောတတ်သေးတာ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့မြေးမလေးရဲ့ အရှုပ်တော်ပုံကြီး သူ့ခေါင်းပေါ် ရောက်ချလာပြီး ရာဇဝတ်မှုတွေမှာ သူက ပါလေရာငပိချက်ကြီး စဖြစ်ပါလေရော။ဖြစ်ချင်တော့ ဘိုးတော်ကြီးရဲ့မြေးမက သူတို့မြို့က အကြီးဆုံး မူးယစ်ရာဇာဂိုဏ်းရဲ့ ဘိန်းဖြူတွေပျောက်ဆုံးသွားတဲ့အမှုမှာမှ အဓိကလက်သည်လေးတဲ့။ ရှင်းလေရှုပ်လေ ...
6.9
TMDb: 6.9/10 3500 votes
tv

Wrong Side of the Tracks – Season (01)

2022
Interlocking Hearts on Chao Phraya (2023) 7.9
Interlocking Hearts on Chao Phraya (2023) "ကျောက်ဖယားမြစ်ရဲ့သွေးသစ္စာ" မြန်မာစာတန်းထိုးစမင် အဖြစ် Kuan Denkhun Ngamnet ဆီနွန် အဖြစ် Boom Suphaphorn လေဝ်ဆန် အဖြစ် Pop Thagoonဆီနွန်က လန်ထေသူကြီးသမီးတစ်ယောက်ပါ ပြီးတော့ လှပပြီး ထွက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပါဆီနွန်ကို စိတ်ဝင်စားကြတဲ့ လူတွေအများကြီးရှိပါတယ် အဲ့ထဲမှာ စမင်ဆိုတဲ့ ကောင်လေးလည်း ပါဝင်ပါတယ်လေဝ်ဆန်က အုပ်ချုပ်ရေးမှူးရဲ့သား တစ်နေ့ ကျောင်းပိတ်လို့ လေထန်ကို ခရီးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်လေဝ်ဆန်ကို ရောက်တော့ ဆီနွန်ကနေတာကို မြင်ပြီး မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားချစ်ကျွမ်းဝင်သွားကြပါတယ်နောက်ဆုံးတော့ ကျောင်းပြန်ဖွင့်လို လေဝ်ထန် အိမ်ပြန်ချိန်ရောက်ခဲ့ပါတယ်ဒါပေမဲ့ သူမပြန်ခင် ဆီနွန်ကို ပြန်လာပြီး လက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်ကံမကောင်းစွာ သူအိမ်ပြန်လမ်းမှာ မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ရပါတယ်ဒါကြောင့် ဆီနွန်ကို ပေးထာတဲ့ကတိတွေ သူမတည်နိုင်ခဲ့ပါဘူးမကြာခင်မှာပဲ ဘန်ကောက်မှာ သူ့အိမ်က ပေးစားတဲ့ မိန်းကလေးနဲ့လက်ထပ်ခဲ့ရပါတယ်ဆီနွန်လည်း သူ့ချစ်သူနဲ့တွေ့ဖို့ ဘန်ကောက်ကိုတက်သွားပါတော့တယ်ဒါပေမဲ့ လေဝ်ဆန်က သူ့ကို မမှတ်မိတော့ ရင်ကွဲပက်လက်နဲ့ လန်ထေကို ပြန်ခဲ့ရပါတယ်အနှစ် ...
7.9
TMDb: 7.9/10 votes
tv

Interlocking Hearts on Chao Phraya (2023)

Taxi Driver 2 (2023)[Complete] 8.122

Taxi Driver 2 (2023)[Complete]

2023
The Lady of the Forest (2023) 8.1
The Lady of the Forest (2023) "တောမြိုင်လယ်က ကျားမိန်းမပျို"ဒေါဝ် အဖြစ် Prima Bhunjaroeun ရစ် အဖြစ် Ohm Kanin Stanley ချာတ် အဖြစ် Judo Tantachj Tharinpirom ကျတ်ကကျန် အဖြစ် Pop Thananyaဒေါဝ် / ကျန် / ဖိုင် တို့သုံးယောက်လုံးက တောကနေ ကြီးပြင်းလာတဲ့သူတွေပါတောနဲ့တိရိစ္ဆာန်ကိုလည်း ချစ်မြတ်နိုးကြပါတယ်ဒါကြောင့် သစ်တောကို မသမာသူတွေရဲ့ လက်ထဲကနေ ကာကွယ်ဖို့ ငယ်ငယ်လေးကတည်းကသူတို့ ကိုယ်ခံပညာတွေ သင်ကြားခဲ့ရပါတယ်သူတို့သုံးဦးထဲမှာ ဒေါဝ်ဖြစ်သူက ထူးကဲပြီး အစွမ်းတွေရှိနေပါတယ်ဒါပေမဲ့ ဒေါဝ်က သူ့မိဘတွေ ဘယ်သူလဲဆိုတာ မသိရပါဘူးဒေါဝ်ရဲ့ အဖေဖြစ်သူက မသမာသူတွေရဲ့လက်ထဲမှာ သေဆုံးခဲ့ရပါတယ်သူ့အဖေဆုံးသွားပြီးနောက် အမေဖြစ်သူနဲ့လည်း မတွေ့ခဲ့ရပါဘူးတစ်နေ့ သူ့တာဝန်ထမ်းဆောင်ဖို့ မြို့ပေါ်တက်သွားတော့ သူ့အဖေ ဘယ်လိုဆုံးခဲ့လဲဆိုတာ သိခဲ့ရပါတယ်အဖေကို သတ်တဲ့လူက သူချစ်မြတ်နိုးရတဲ့ တောကိုပါ တရားမဝင်ဖျက်စီးနေတဲ့ သူဖြစ်နေပါတယ်ဆိုတော့ ဒေါဝ်တစ်ယောက် ဘယ်လိုအငြိုးအတေးတွေနဲ့ လက်စားချေသွားမလဲသူ့ချစ်တဲ့တောကိုရော မသမာသူတွေရဲ့လက်ထဲက ဘယ်လိုကာကွယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးတဲ့သူကတော့ Tawan ...
8.1
TMDb: 8.1/10 votes
tv

The Lady of the Forest (2023)

Kung Fu – Season 02 (2022)
Kung Fu – Season 02 (2022) Kung Fu - Season 02 (2022)=====================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 မှာ Season 01 ထွက်ရှိထားပြီး၊ အခု 2022 မှာ Season 02 ထွက်ရှိလာတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoiler ဖြစ်စေပါတယ်။ Season 01 >>> Click Here ==========================================Season 1မှာတော့ Nicky တစ်ယောက် သူ့ဆရာကိုသတ်သွားတဲ့ Zhilan နဲ့ သူ့ရဲ့လက်နက်ရှစ်မျိုးနဲ့ဘျန့်ကယ်စွမ်းအင်ထုတ်မယ့်အရေးကိုတားနိုင်ခဲ့​ပါတယ်။ ဒါပေမယ့် S2မှာတော့ Zhilan ထက်ပိုဆိုးတဲ့ Russel Tan ဆိုတဲ့ ဘိုးတော်က ပေါ်လာပြီး Nicky တစ်ယောက်ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေ ရှေ့ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။)File ...

Kung Fu – Season 02 (2022)

2022
Kung Fu – Season 01 (2021) 5.3
Kung Fu – Season 01 (2021) Kung Fu - Season 01 (2021)===================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ‌ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ ...
5.3
TMDb: 5.3/10 3600 votes
tv

Kung Fu – Season 01 (2021)

2021
Because of Love (2023) 8.0
Because of Love (2023) "အချစ်ကြောင့်ဆိုသည်မှာ" မြန်မာစာတန်းထိုး Because of Love 2023စင် အဖြစ် James ma ရင် အဖြစ် Pie Rinradaဇာတ်လမ်းအကျဉ်းရှေ့ရေးကြိုမြင်ရတဲ့ရင်ဆိုတဲ့ကောင်မလေးက သခင်လေးစင်ကို အန္တရာယ်ကြားက ကာကွယ်ဖို့မွေးစားခံထားရတာပါသူတို့နှစ်ဦးလက်ထပ်ပြီး နှစ်အတော်ကြာဝေးကွာခဲ့တဲ့ချိန်စင်ဟာ ရန်သူများစွာရှိလာခဲ့တာကြောင့်ရင်ပြန်လာပြီး သခင်လေးစင်ကို ကာကွယ်ပေးဖို့ဖြစ်လာပါတော့တယ်ဒီအန္တရာယ်တွေကြားထဲမှာ အချစ်ကြောင့်ပဲ သူတို့နှစ်ဦး ဘယ်အရာတွေရင်ဆိုင်လာရမလဲဘယ်အရာတွေက သူတို့နှစ်ဦးအတွက် သံဃောဇဥ်တွေဖြစ်တည်လာစေမလဲဘယ်လိုရန်တွေကို စင်နဲ့ရင်ကျော်လွှားရဖို့ရှိလဲဆိုတာဒီဇာတ်ကားထဲမှာ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတNative Title: เพราะรัก Episodes: 10 Aired: Jan 25, 2023 - ? Aired On: Wednesday, Thursday Original Network: Channel 3 Duration: 1 hr. 30 min. Translated by Kyi Nue Zin , Nang Mwe Kham , Lei Wutyi Tun Encoded by Naing Aung Latt Episode ...
8.0
TMDb: 8.0/10 votes
tv

Because of Love (2023)

The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့ Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့ သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေ နေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေ ကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါ တော့တယ်၊ ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာ လိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ် နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီး စေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွား အောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022