Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Yao
The Double ( 2024 )
ဒီဇာတ်ကားလေးကတော့ စာရေးဆရာမ ချန်းရှန်းချာခဲ့ရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့တိအိမ်တော်မှသမီးကိုလက်ထပ်ခြင်းဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ကလည်း ရွှယ်လီ / ရွှယ်ဖန်းဖေးအနေနဲ့ မင်းသမီးဝူကျင်းယန် ၊ရှောင်းဟန်အနေနဲ့ ဝမ်ရှင်ယွဲ့တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တိုင်းပြည်မှာ အုံကြွမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးဆုံးရှုံးခဲ့ရတဲ့နယ်မြေတရားသူကြီးမင်းရဲ့သမီးဖြစ်သူ ရွှယ်ဖန်းဖေးအကြောင်းကိုဇာတ်အိမ်တည်ထားပါတယ် ။ရွှယ်ဖန်းဖေးကို အတွင်းရေးအမတ်ကြီးရဲ့ သမီးဖြစ်သူ ကျန်းလီက ကယ်ထားခဲ့ပြီးအရှုပ်ထွေးတွေကြားထဲမှာ မိန်းကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အားကိုးပြီးတော့ ကျန်းနွီခန်းမမှာ သီလရှင်အဖြစ်နေထိုင်ခဲ့ကြပါတယ် ။တစ်နေ့မှာတော့ ကျန်းလီက နာမကျန်းဖြစ်ကာသေဆုံးသွားခဲ့ပြီး ဖန်းဖေးတစ်ယောက်ကျန်းလီအဖြစ်နဲ့ နန်းမြို့တော် အတွင်းရေးအမတ်ကြီးအိမ်ကို သူပိုင်ဆိုင်တာမှန်သမျှပြန်ယူဖို့ပြန်လာခဲ့ပါတော့တယ် ။သူ့ရဲ့ နန်းမြို့တော်အပြန်ခရီးလမ်းက ဘယ်လိုကြမ်းတမ်းမှုတွေရှိနေမလဲမြို့စားမင်း ရှောင်းဟန်ရဲ့ အကူအညီနဲ့အတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီးတော့ဖခင်ဖြစ်သူရဲ့ တရားအကျဉ်းချခံထားရမှုကို ပြန်လည်ဖော်ထုတ်မလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရမှာဖြစ်လို့ အဆုံးထိလိုက်ပါကြည့်ရှုဖို့တိုက်တွန်းပါရစေ==================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Drama, Romance Runtime : 45 min Subtitle : Myanmar Subtitle ...
The Double ( 2024 )
2024
Best Choice Ever
ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေးဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...
Best Choice Ever
2024
The Psychologist ( 2021 )
Hello…အခု မိတ်ဆက်ပေးမှာကတော့ (Ashes Of Love) ထဲက မင်းသမီး Yang Ziကအမျိုးသမီးစိတ်ပညာရှင် ဟဲ့သွမ့်အနေနဲ့ (Monster Hunt)ထဲက မင်းသား Jing Boranကရေဒီယိုအသံလွှင့် စီစဉ်တင်ဆက်သူ ချန်ခိုင်ယိအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့The Psychologist ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမျိုးသမီးစိတ်ပညာရှင်ဖြစ်တဲ့ဟဲ့သွမ့်က မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအသိပေးတားမြစ်ရေးကြော်ငြာကြောင့်သူရဲ့အသက်မွေးဝမ်းကြောင်းအကြပ်ရိုက်ခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့ ဟဲ့သွမ့်ကသူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စားသောက်ဆိုင်မှာတူတူရှိချိန်မှာဘဲ အမှတ်မထင် ရဲ့ကျားဝေးနဲ့ရေဒီယိုအသံလွှင့်ဌာနက တင်ဆက်သူ ချန်ခိုင်ယိနဲ့ ဆုံတွေ့သွားကြတယ်။ချန်ခိုင်ယိက ဟဲ့သွမ့်ကို စိတ်ပညာရေးဆိုင်ရာရေဒီယိုအစီအစဉ်လုပ်ဖို့ ကမ်းလှမ်းရာကနေ တူတူလုပ်ဖြစ်သွားကြတယ်။အဲ့အစီအစဉ်က လူသိများလားပြီး ဟဲ့သွမ့်လည်း အလုပ်တွေများလာသလို ဟဲ့သွမ့်အပေါ်ချန်ခိုင်ယိရဲ့လျှို့ဝှက်တဲ့ချစ်ခြင်းမေတ္တာတွေရှိလာပြီး နောက်ပိုင်းတော့……. အဲ့အချိန်မှာဘဲ ဟဲ့သွမ့်ရဲ့ကျေးဇူးရှင်ဆရာကျိမင်ချုံးက အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရတဲ့အခါ…. ဟဲ့သွမ့်က ပြဿနာ ဖြစ်ရပ်မှန်ကိုရှာဖွေရင်းသူ့ဆရာရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာ….. နောက်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အိမ်တွင်းရေးပြဿနာတွေ……ရဲ့ကျားဝေးက သူ့ကိုအသုံးချပြီး ကျေးဇူးရှင်ဆရာကို ကလဲ့စားချေတာကို ဟဲ့သွမ့်သိသွားတဲ့အခါ…..မထင်ထားတဲ့ အဖြစ်ပျက်တွေကြားမှာ စိုးရိမ်ပူပန်လွန်းတာကြောင့် စိတ်ဖိစီးလာတဲ့ ဟဲ့သွမ့်ဟာငယ်ငယ်ကမကောင်းတဲ့အတိတ်တွေပြန်နိုးလာပြီး Sleepwalkingရောဂါပြန်ပေါ်လာတဲ့နောက်…..ကျောက်ရှီးဖင်(ဟဲ့သွမ့် အမေ)နဲ့ ဟဲ့သွမ့်တို့ရဲ့ ...
The Psychologist ( 2021 )
2021