Channel Myanmar

Zhang Jingyi

Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Bright Eyes in the Dark ( 2023 )
Bright Eyes in the Dark ( 2023 ) CM ပရိသတ်တိုအတွက်ဒီတစ်ခါမှာ CM ကနေ Bright eyes in the dark ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။လင်းလုရှောင်းကတော့ မီးသတ်တဲ့နေရာမှာအရည်အချင်းပြည့်စုံပြီး အတွေ့ကြုံများစွာပိုင်ဆိုင်ထားတဲ့ ပေရွှင်မြိုရဲ့ အထူးတပ်စခန်း စခန်းမှူးတစ်ယောက်။ တစ်နေ့မှာ ပြည်သူတွေကိုအသိပညာဗဟုသုတ ဝေမျှတဲ့ reality show တစ်ခုမှာမီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ဝေမျှဖိုလင်းလုရှောင်းကိုနည်းပြအဖြစ်အနေနဲ့ ရွေးချယ်ခဲ့တယ်။အဲ့အစီစဥ်မှာပဲ နှစ်အတော်ကြာတုန်းက သူမီးလောင်မှုထဲမှာကယ်တင်ပေးခဲ့ အကအနုပညာရှင် နန်ချူးနဲ့တွေ့ဆုံခဲ့တယ်။ နန်ချူးကတော့ခံစားချက်တွေပြည့်နေပမဲ့ လင်းလုရှောင်းကတော့ သူ့ရဲ့အန္တရာယ်များလှတဲ့အလုပ်တာဝန်ကြောင့် အချစ်ရေးကိစ္စတွမှာစိတ်မပါခဲ့ဘူး။ ဒီလိုနဲ့တခြားသောထူးချွန်ထက်မြက်ပြီး ရဲရင့်တဲ့လူငယ်မီးသတ်သမားတွေလည်း ပူးပေါင်းလာကြရာမှာ ပေရွှင်စခန်းရဲ့မီးဘေးကာကွယ်မှုအရည်အချင်းကလည်းပိုပိုတိုးတက်လာတယ်။နန်ချူးကလည်း သူတဖက်သက်ချစ်ရတဲ့သူနဲ့ ဓါးတောင်ကျော်ကာ မီးပင်လယ်ဖြတ်လျက် လင်းလုရှောင်းရဲ့နှလုံးသားနေရာမှာနေရာယူဖိုကြိုးစားရင်းနဲ့ ...................။ ဇာတ်လမ်းလေးထဲမှာတော့ လင်းလုရှောင်းအဖြစ် Huang Jing Yu, နန်ချူးအဖြစ် Zhang Jing Yi နှင့်တခြားသောအနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားပါတယ်။==========================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...

Bright Eyes in the Dark ( 2023 )

2023
Lighter and Princess (2022)
Lighter and Princess (2022) ❏ ခပ်ဆိုးဆိုး/ခပ်မိုက်မိုက်ကောင်လေး - လီရွှင် နဲ့❏ စာတော်တဲ့ တက္ကသိုလ်ကျောင်းသူလေး - ကျူးယွင့် တိုရဲ့အချစ် အမုန်း ဆုံးရှုးမှုတွေ ပေးဆပ်မှုတွေ ကြားထဲမှပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...!တက္ကသိုလ်ကျောင်းသူဘဝကိုပထမဆုံးခြေလှမ်းခါစပြုနေတဲ့ ကျူးယွင့်ဟာခပ်ဆိုးဆိုးကောင်လေး လီရွှင်နဲ့ တွေ့ဆုံခဲ့ပြီးသူမရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတော့တယ်ဘာကိုမှမသိနားမလည် ပိုက်ဆံဖြုန်းဖိုသာသိတဲ့သူဌေးသားတစ်ယောက်လို ကျူးယွင့်ရဲ့ အထင်မှားခြင်းကိုခံထားရတဲ့ "သူ" ဟာ တကယ်တမ်းတော့Programming ပိုင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှင်လေးတစ်ဦးဖြစ်နေခဲ့ပါတယ် နှစ်ယောက်သားဟာအကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးတဲ့နောက်မှာတော့တစ်ဦးနဲ့ တစ်ဦး လေးနက်မှူတွေ/တန်ဖိုးထားမှုတွေဖြစ်ပေါ်လိုလာခဲ့ပါတယ် ကျူးယွင့်အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်မှာလဲ လီရွှင်ဟာသူမရှေ့ကနေပြီး မားမားမက်မက် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ရိုးရှင်းတဲ့ဆက်ဆံရေးကြားမှာချစ်ခြင်းမေတ္တာတွေ တစ်ဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတော့မိသားစုအခြေအနေ ကွာခြားမှုတွေကိုတောင် ဂရုမပြုပဲသတ္တိရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်ဒါပေမဲ့လို သူတိုနှစ်ဦးရဲ့ အချစ်ရေးလမ်းကြောင်းဟာဖြောင့်ဖြူးဖိုအတွက် ကံပါမလာခဲ့ပါဘူးကံကြမ္မာရဲ့အလှည့်အပြောင်းတွေကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့်လီရွှင်ရဲ့အစ်မဖြစ်သူဟာ မသမာသူတစ်ဦးကြောင့်ကားတိုက်မှုမတော်တဆဖြစ်ပွားခဲ့ပြီး အစ်မဇောနဲ့စိတ်မထိန်းနိုင်တဲ့ လီရွှင်ဟာ တရားခံဖြစ်သူကိုထိခိုက်မှုဖြစ်စေခဲ့တာကြောင့်ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့...?❐ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမှာလဲ ?❐ ကြုံလာတဲ့ အခက်အခဲတွေကိုရော သူတိုနှစ်ဦး ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ?❐ သူတိုအပေါ် မသမာခဲ့တဲ့ ...

Lighter and Princess (2022)

2022
Fall In Love ( 2021 )
Fall In Love ( 2021 ) Chen Xing Xu , Evan Lin , Zhang Jing Yi , Chen Xin Yu တို့ရဲ့ Fall In Love (2021) လေးလာပါပြီနော်၁၉၂၆ခုနှစ်မှာ မိဘတွေကွဲသွားတာကြောင့် အမေဖြစ်သူနဲ့အတူဂျပန်မှာ၁၀နှစ်နေခဲ့တဲ့မုဝမ်ချင်း( Zhang Jing Yi)ဟာ အမေဆုံးသွားပြီးနောက်နိုင်ငံကိုပြန်ပြီးအဖေဆီကိုပြန်လာခဲ့တယ်။အစ်ကိုဖြစ်သူသေဆုံးမှုနဲ့ မိဘတွေကွဲကြတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ကိုရည်ရွယ်ချက်ထားခဲ့တယ်။အဲဒီအချိန်မှာပဲ ရှန်ဟိုင်းစစ်တပ်တွင်းမှာတရားမဝင်အာဏာသိမ်းမှုဖြစ်လာခဲ့တယ်။ထန်ရွမ်လင် ( Chen Xing Xu) ဟာနိမ့်ကျတဲ့မျိုးရိုးကြောင့် ရှန်ဟိုင်းမြို့ကာကွယ်ရေးအရာရှိဖြစ်လာခဲ့ပေမယ့်လူတွေရဲ့လေးစားမှုကိုမရရှိတဲ့သူတစ်ယောက်ပါ (ကောင်လေးသနားပါတယ်)။ရွီကွမ်းရောက် ( Evan Lin) ဟာ တပ်မှုးယွဲ့ချန်ရဲ့တစ်ဦးတည်းသောသားဖြစ်တယ်။ငယ်စဉ်ကတည်းကအများလေးစားအားကျခံရတဲ့သူတစ်ယောက်ဖြစ်ပေမယ့်သူကနိုင်ငံရေးနယ်ပယ်ကအာဏာပါဝါပြိုင်ဆိုင်မှုတွေကိုမနှစ်သက်ပါဘူး။ကံကြမ္မာရေစက်ကြောင့် သူတို့လူငယ်သုံးယောက်ဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်။မုဝမ်ချင်းကမုမိသားစုအခြေခိုင်ဖို့ရည်ရွယ်ချက်နဲ့ရွီကွမ်းရောက်ကိုချဉ်းကပ်ခဲ့တယ်။ထန်ရွမ်လင်ကအရင်ကမုမိသားစုအမှုကိုစုံစမ်းဖို့ရည်ရွယ်ချက်နဲ့မုဝမ်ချင်းကိုပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။ရည်ရွယ်ချက်မတူကြတဲ့သူတို့၃ယောက်ဟာအချိန်ကြာလာတဲ့အမျှသံယောဇဉ်တွေချည်နှောင်မိလာကြတယ်။နောက်ပိုင်းမှာကွန်မြူနစ်ပါတီထဲဝင်ပြီး နိုင်ငံကိုကာကွယ်ဖို့အရေးကြီးတာကိုနားလည်လာကြတယ်။နိုင်ငံရေးအရှုပ်အထွေးတွေကြားကသူတို့ရဲ့ချစ်ဇာတ်လမ်းလေးဟာဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 36During : 45Original Network : YoukuAired On : Monday, Tuesday, Wednesday, ...

Fall In Love ( 2021 )

2021