Channel Myanmar

Yume Miyamoto

YATAGARASU: The Raven Does Not Choose Its Master (2024) 8
YATAGARASU: The Raven Does Not Choose Its Master (2024) YATAGARASU: The Raven Does Not Choose Its Master (2023) Genre – Anime, History, Fantasy, Dramaဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုးနန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကိုအိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီးသာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာသမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။ ဒါပေမဲ့ ...
8
TMDb: 8/10 1 votes
tv

YATAGARASU: The Raven Does Not Choose Its Master (2024)

2024
Mobile Suit Gundam: The Witch from Mercury 7.603
Mobile Suit Gundam: The Witch from Mercury   MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်​နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်​တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့​ကောင်းမှု၊ ရုပ်ထွက်လှပမှု​တွေ​ကြောင့်rating​တွေလည်း ​တော်​တော်ကို​ကောင်း​နေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီး​တွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲ​ပြောပါရ​စေ။တခု​တော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်း​တွေကို​တော့သိထားဖို့လို​ပေမဲ့ ဘာသာပြန်​ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်​လေး​တွေ​ရေး​ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)​လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာ​ကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သား​လောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာ​ကျောင်းတွင်း စက်ရုပ်တိုက်ပွဲ​တွေမှာ အမြဲနိုင်​​လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာ​တော့ မထင်မှတ်ထားတာ​တွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂ​နွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်​ပါတယ်။ ​အောက်မှာ​ဆက်​ရေးမှာက​တော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်း​တွေနဲ့Gundam animeထဲကအသုံးအနှုန်း​တွေကိုရှင်းပြ​ပေးမှာပါ။ နည်းပညာသမားမဟုတ်​ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံ​ပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသား​တွေကို​ပြောတာပါ။Spacianဆိုတာက အာကာသထဲမှာ​မွေးဖွား​နေထိုင်ခဲ့သူ​တွေကို​ပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်​ကြောင့် ​ရွေ့လျား​နေတဲ့​လေလမ်း​ကြောင်း​ကွေးညွတ်သွား​စေတဲ့အားကို​ပြောတာပါBlade antennaဆိုတာက​တော့ mobile suitကိုယ်​ပေါ်က အင်တာနာတိုင်လိုအချွန်အ​ချောင်းကို​ပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီး​တွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ​ပေါ်​ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာက​တော့ လူလုပ်နယ်​မြေကြီးတခုရဲ့နာမည်ပါ။Thrallက​တော့ အကြမ်းဖြင်း​ပြောရရင် mobile suit​တွေကိုစမ်းသပ်တဲ့​နေရာမှာ စစ်​ဆေး​ပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetက​တော့ သိသ​လောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကို​ခေါ်တာပါ။Permet ...
7.603
TMDb: 7.603/10 29 votes
tv

Mobile Suit Gundam: The Witch from Mercury

2022