Channel Myanmar

Youssef Quinn

Clean Sweep (2023) 6.3
Clean Sweep (2023) Season 1 [ Complete] မှုခင်းဒရာမာကောင်းကောင်းလေးတွေကိုကြိုက်နှစ်သူတွေအတွက်2023 တုန်းကထွက်ရှိထားတဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်အိမ်ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားပြီး အဆုံးသတ်ကျမှထကြမ်းပြတဲ့အကွက်မျိုးတွေနဲ့ရိုက်ကူးထားတဲ့အတွက်Episode 6 ပိုင်းလုံးကိုဖြည်းဖြည်းချင်းဇိမ်ပြေနပြေအေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ဒီ Series ကောင်းလေးရဲ့နာမည်ကတော့ Clean Sweep ဖြစ်ပြီးIMDb Rating 6.5 အထိရရှိထားပါတယ်။ရှယ်လီဆိုတဲ့အမျိုးသမီးတစ်ယောက်က ကလေး ၃ ယောက်နဲ့ခင်ပွန်းနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် လူ့ဘ၀ကြီးကမပြည့်စုံဘူးဆိုတဲ့အတိုင်း ငွေကြေးဆိုင်ရာစိတ်ညစ်စရာလေးတွေကတော့ရှိနေပါတယ်။အဲ့ဒါကြောင့် သူ့ယောက်ျားဖြစ်သူကစုံထောက်ရာထူးတိုးဖို့ဒုန်းစိုင်းနေပြီး သူကလည်းအချိန်ပိုင်း အလုပ်လုပ်ကိုင်ချင်နေပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ရှယ်လီ့ဘ၀ထဲကို ကြမ္မာဆိုးကြီးတစ်ခုကရောက်ရှိလာပါတော့တယ်။အဲ့ဒီကြမ္မာဆိုးကတော့ သူနဲ့အရင်တုန်းက သိကျွမ်းခဲ့တဲ့လူတစ်ယောက်က သူ့ကိုမရမကလိုက်ရှာပြီးလိုက်ပတ်သတ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ကြားကကိစ္စတွေကိုဖြေရှင်းဖို့အတွက် မိုတယ်တစ်ခုမှာ ချိန်းလိုက်ကြပြီး အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ရှယ်လီကအဲ့ဒီလူကိုသတ်မိလိုက်ပါတော့တယ်။လက်ရာခြေရာတွေ တတ်နိုင်သလောက်ဖျောက်ပြီးထွက်ပြေးလာခဲ့ပေမဲ့ အဲ့ဒီအမှုကိုကိုင်ရတာသူ့ယောက်ျားဖြစ်နေတဲ့အခါမှာတော့ သူလူသတ်ထားတဲ့အမှုပေါ်သွားမလား လက်ရှိမိသားစုဘ၀မပိုင်ဆိုင်ခင် သူ့အတိတ်ကဘ၀ကရောဘယ်လိုတွေဖြစ်ခဲ့လို့ ဒီလိုအရာတွေဖြစ်လာရတာလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 625 MB / 311 MBQuality –WEB-DL 1080p  , 720pEpisodes -  6 EpsDuration ...
6.3
TMDb: 6.3/10 3 votes
tv

Clean Sweep (2023)

2023