Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yeon-woo
Bitter Sweet Hell (2024) [Complete]
Bitter Sweet Hell (2024)***************************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီကားလေးထဲမှာတော့ နာမည်ကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့Tomorrow ထဲမှ Kim Hee-Sun၊ Lawless Lawyer ထဲမှLee Hye-Young တို့က အဓိကပါဝင်ထားပြီး Sweet Home ထဲမှKim Nam-Hee၊ 2PM Chan-Sung, DKZ Jae-Chan တို့အပြင်ကေဒရာမာဖန်တိုင်းသိကြတဲ့ နာမည်ကြီးဇာတ်ပို့ပေါင်းများစွာမှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း-No Yong-Won က ကိုရီးယားရဲ့အတော်ဆုံးစိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သလိုသူမရဲ့ခင်ပွန်းဖြစ်သူ Choi Jae-Jin ကလည်းနာမည်ကြီး ခွဲစိတ်ဆရာဝန်တစ်ဖြစ်လဲကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။Mystery ဝတ္ထုစာရေးဆရာမဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေကလွဲရင်Yong-Won ရဲ့ဘဝက ပျော်ရွှင်စရာအတိပါပဲ။ဒီလိုမျိုး အလုပ်မှာသာမက ကိုယ်ပိုင်ဘဝကလည်းအထင်ကြီးစရာကောင်းလှတာကြောင့် လူတိုင်းရဲ့အားကျခြင်းကိုခံရတဲ့သူမဟာ တစ်နေ့မှာတော့ သူမရဲ့ပြီးပြည့်စုံလှတဲ့ခင်ပွန်းကLee Se Na ဆိုတဲ့ ပဟေဠိဆန်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို သိသွားပါတော့တယ်။ထိုမိန်းကလေး ဝင်ရောက်ပတ်သတ်လာပြီးနောက်မှာပဲ သူမရဲ့မိသားစုဟာအမည်မသိသူတစ်ဦးထံမှ ခြိမ်းခြောက်ခြင်းခံလာရတဲ့အတွက်မတည့်အတူနေ ယောက္ခမဖြစ်သူနဲ့ ပူးပေါင်းပြီး သူမရဲ့မိသားစုကိုအန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။ဒီစီးရီးမှာ ...
Bitter Sweet Hell (2024) [Complete]
2024
Numbers (2023)
Numbers (2023)အညွှန်းKdrama fan တွေရဲ့ အချစ်တော် "Angel's Last Mission: Love" ထဲက နတ်သားလေး Kim Myung-Soo (L) ရဲ့ Comeback လေးလာပါပြီရှင် သူ စစ်မှုထမ်းအပြီး ပထမဆုံးပြန်စရိုက်တဲ့ကားလေးဖြစ်ပါတယ်။ ဒ့ါအပြင် ဇွန်ဘီးစုံထောက် မင်းသားကြီး Choi Jin-Hyuk နဲ့အတူ တွဲဖက်ရိုက်ကူးထားပြီး တခြားမင်းသားမင်းသမီးကြီးတွေပါဝင် ထားတာဖြစ်လို့ ဒီကားကတော့ ကြည့်ကိုကြည့်သင့်နေပါပြီနော်ဇာတ်လမ်းအကျဉ်းလေးကတော့ Jang Ho-Woo (Kim Myung-Soo) ဟာ ထက်မြက်ပြီး စူးစမ်းလေ့လာနိုင်တဲ့အပြင် ကိန်းဂဏန်းတွေကိုလည်း မှတ်သားနိုင်စွမ်းရှိတာကြောင့် အထက်တန်းအောင်လက်မှတ်တစ်ခုတည်းနဲ့ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီကို ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ပထမဆုံး စာရင်းကိုင်ဝန်ထမ်းပဲဖြစ်ပါတယ်။ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးကျယ်ဆုံး စာရင်းကိုင် ကုမ္ပဏီ လေးခုထဲက တစ်ခုဖြစ်ပြီး ဒုဥက္ကဌရဲ့သားဖြစ်သူ Han Seung-Jo (Choi Jin-Hyuk)ကလည်း နောက်ခံကောင်းကောင်းနဲ့ ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။အလုပ်လုပ်ရင်း စေ့စပ်တဲ့ Ho woo တစ်ယောက် ကုမ္ပဏီရဲ့ အကျင့်ပျက်ချစားမှုတွေ မတရားမှုတွေကို မြင်တွေ့လာရတဲ့အခါ လက်ပိုက်ကြည့်မနေနိုင်တာကြောင့် သေချာစုံစမ်းဖော်ထုတ်ဖို့ကြိုးစားလာပါတော့တယ်။ အရာရာကွဲပြားတဲ့ ...
Numbers (2023)
2023
The Golden Spoon (2022)
MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...
The Golden Spoon (2022)
2022
8.0
Dali and the Cocky Prince (2021)
အသက်ငယ်ငယ်တည်းက ဈေးရောင်းပြီး ကြီးပြင်းခဲ့ရတဲ့ ဂျင်မူဟက် ကတော့ အသိပညာနည်းပေမယ့် စိတ်အားထက်သန်ပြီး ပိုက်ဆံဘယ်လိုရှာရမလဲသိတာကြောင့် Dondon F and Bလို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ခု ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့သူပါဂင်ဒါလီကတော့ ပန်းချီပြခန်းဖွင့်ထားတဲ့ အထက်တန်းလွှာမိသားစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး ဖခင်ရုတ်တရက်ကွယ်လွန်သွားတာကြောင့် လောကဓံကို စတင်ကြုံတွေ့ရသူပါဒီလိုနဲ့ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ဆုံတွေ့ဖို့ ကံပါလာတော့... အစွန်းနှစ်ဖက်လို့ပြောလို့ရတဲ့ ကြီးပြင်းလာပုံချင်းမတူတဲ့ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု့တွေထားပြီးချစ်သွားနိုင်မှာလား ဆိုတာသိချင်ရင်တော့ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးညတိုင်း စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးနော် ။ Native Title: 달리와 감자탕 Episodes: 16 Aired: Sep 22, 2021 - Nov 11, 2021 Aired On: Wednesday, Thursday Original Network: KBS2 Duration: 1 hr. 10 min Translated by Amelia , ...
8.0
TMDb:
8.0/10
4,432 votes
tv
Dali and the Cocky Prince (2021)
2021
6
Cheat On Me, If You Can (2020)
အချိန်နဲ့အမျှ လူသတ်တဲ့အကြောင်းတွေကိုပဲ တွေးနေတဲ့မိန်းမတစ်ယောက်ကို လက်ထပ်ပြီးရင် ဖောက်ပြန်ဖို့စိတ်ကူးရဲကြလား ကွာရှင်းဖို့ရောတွေးရဲကြမလား တကယ့်အာဂယောင်္ကျားတစ်ယောက်ဖြစ်နေမှပဲ အဲ့လိုလုပ်ဖို့ကြံစည်ရဲမှာပါ ဒီရုပ်ရှင်ကားထဲမှာတော့ အစဉ်သဖြင့်လူသတ်ဇာတ်လမ်းတွေကိုခေါင်းထဲမှာထည့်ထားတဲ့ စာရေးဆရာမဖြစ်သူဇနီးသည်နဲ့ ကွာရှင်းမှုတွေအဓိကလိုက်ပေးတဲ့ရှေ့နေယောင်္ကျားတို့ရဲ့ ဖြစ်ပုံပျက်ပုံအလုံးစုံကို ဟာသလေးနှောလို့ကြည့်ရမှာပါ ချစ်လို့မဖောက်ပြန်တာလား ကြောက်လို့မဖောက်ပြန်တာလား ဖောက်ပြန်နေတာကိုမသိအောင်ဖုံးနိုင်တာတော်လို့လား မသိတာကညံ့လို့လား ယုံကြည်လွန်းလို့လား ရည်းစားရှိနေတဲ့သူတွေရော....... ရှိလာနိုင်မယ်လို့ကိုယ့်ကိုကိုယ်ယုံကြည်ထားတဲ့သူတွေရော........ အိမ်ထောင်သည်များအတွက်လည်း ဇာတ်ကားထဲမှာ လိမ်နည်းစနစ်တွေကို ထည့်သွင်းရိုက်ပြထားပါသေးတယ်နော် ဝမ်းနည်းစရာတစ်ခုကတစ်သက်လုံးရည်းစားမရနိုင်ဘူးထင်ရင်တော့ ဒီလိုကားမျိုးကို မကြည့်ပါနဲ့တော့... Translated by : Thin Zar Htet & Thet Hnin Hsu & Jerrica Encoded by : YK Quality : 1080p WEBDL File Size : 700MB Ep01 - Megaup / Yandex / Veryfile / Userdrive / Datbu / VIP Link Ep02 - Megaup / Yandex / Veryfile / Userdrive / Datbu / VIP Link Ep03 - Veryfile / Datbu / Megaup ...
6
TMDb:
6/10
1 votes
tv
Cheat On Me, If You Can (2020)
2020
ALICE(2020)[ စ/ဆုံး]
ALICE(2020)ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်း(၁ မှ ၁၆) စ/ဆုံးမိုးသည်းတဲ့ညတစ်ညမှာ ပါရဂူတစ်ယောက်ရဲ့အိမ်ကို လုပ်ကြံရေးသမားတစ်ယောက်ဝင်လာတယ်...ဒီလူက ပါရဂူဆီကနေ ထူးဆန်းတဲ့စာအုပ်တစ်အုပ်ယူပြီး ပါရဂူကိုသတ်ပစ်လိုက်တယ်....အားလုံးလက်စသတ်မယ့်အချိန်မှာ နောက်ထပ်တိုက်ခိုက်ရေးအတွက်အထူးကျွမ်းကျင်တဲ့လင်မယား(၂)ဉီးရောက်လာပြီးလုပ်ကြံရေးသမားကို သတ်ပြီး စာအုပ်ကိုဆက်လုသွားတယ်...ဒီစာအုပ်ကိုဖတ်ပြီးတော့ကိုယ်ဝန်ရှိခါစ ဇနီးဖြစ်သူဟာ သူတို့လင်မယားအတွက်အနာဂတ်စိတ်ကူးအချို့ကို ပြောင်းလဲလိုက်ဖို့ကြံလိုက်ပုံပါပဲ..ကိုယ်ဝန်ဖျက်ချစေချင်တဲ့ ယောင်္ကျားကိုထားခဲ့ပြီး လုလာတဲ့ စာအုပ်ကို ယူခါ တစ်ယောက်ထဲ တိတ်တဆိတ်ကလေးကိုမွေးဖွားခဲ့တယ်...အဲ့ဒီနောက်တော့ ထူးဆန်းတဲ့ဖြစ်ရပ်ပေါင်းများစွာဆက်ဖြစ်တော့တာပါပဲ...ဒီစီးရီးက မင်းသား Joo Woonနဲ့ မင်းသမီးချော Kim Hee Sunတို့အဓိကပါဝင်သရုပ်ဆောင်ထားတယ်...အချိန်ခရီးသွားတွေ..အက်ရှင်ခန်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ စရိုက်ဆန်းဆန်းတွေနဲ့စီးရီးရဲ့ဇာတ်အိမ်ကို ခပ်မိုက်မိုက်ဖွဲ့စည်းထားတယ်...တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အပြင် သိပ္ပံခေတ်လွန်ဖြစ်ရပ်ဆန်းတွေမို့ဇာတ်လမ်းတွဲခပ်မိုက်မိုက်ကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်းတိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Paleတို့ပဲဖြစ်ပါတယ်....Quality – HDTV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- Mystery, Drama, Sci-Fi, Fantasy, MelodramaTranslated by Lwin Lwin Aung,Shoon Thu ...
ALICE(2020)[ စ/ဆုံး]
2020
7
Pegasus Market(2019)[Complete]
(Unicode)ဒယ်မန်းအုပ်စုဆိုတာ ကိုးရီးယားရဲ့ ထိပ်ထိပ်ကျဲ လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ထားတယ်....ထိပ်သီးစီးပွားရေးကုမ္ပဏီဖြစ်လို့ အလုပ်ဝင်ချင်သူတွေလည်း ဒုနဲ့ဒေးပါပဲ.....ဒါရိုက်တာအဖွဲ့ဝင်တွေဟာလည်း ဒယ်မန်းတိုးတက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြသလို အသစ်သစ်သော ကုန်ပစ္စည်းတွေထုတ်ဖို့ လုံးပန်းနေကြတယ်.. တစ်နေ့တော့ ကုန်ပစ္စည်းသစ်ထုတ်ဖို့ အစည်းအဝေးတစ်ခုမှာ ကားဒီဇိုင်းတစ်မျိုး ထုတ်သင့်မသင့်ဆုံးဖြတ်ကြတယ်......ရှုံးမယ်လို့ထင်လို့ ကန့်ကွက်တဲ့ ဒါရိုက်တာအဖွဲ့ဝင် ကြောင့် ပွဲပျက်သွားခဲ့တယ်...တခြားကုမ္ပဏီက အဲ့ဒီဇိုင်းကိုထုတ်လုပ်ခဲ့ပြီး အဲ့ကားဒီဇိုင်းဟာ ကိုရီးယားမှာ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုတောင်ဖြစ်သွားတယ်.. ဒယ်မန်းအတွက်ရှယ်ယာဈေးတွေကျသွားတဲ့အပြင် တကယ့်အချီကြီးရမယ့် ဈေးကွက်လွတ်သွားလေတော့ဥက္ကကြီးစိတ်ဆိုးပြီးတော့ ကန့်ကွက်တဲ့ဒါရိုက်တာကို ချောင်းမာလီဈေးကို ကွပ်ကဲဖို့လွှတ်လိုက်တယ်... အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲ... ချောင်းမာလီဈေးဆိုတာ သုသန်လောက်တောင်မစည်ကားဘူး... ဈေးနာမည်ခံတစ်ခုသာရှိပြီး ရောင်းအားလုံးဝမရှိတဲ့ဈေးကြီး အောင်မြင်အောင်ကွပ်ကဲဖို့ဆိုတာ သကြားမင်းတောင်လက်ရှောင်နိုင်တဲ့အခြေအနေမျိုး... ဒီလိုအခြေအနေကို သူဘယ်လိုဆွဲတင်မလဲ... ဒီစီးရီးက ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွဲမျိုးတော့မဟုတ်ဘူး... စီးပွားရေးလောကရဲ့ မာယာတွေနဲ့... ဒီလောကရဲ့ ပရိယာယ်အသွယ်သွယ်တွေကို လှလှပပလေး ပညာပေးရိုက်ပြသွားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်..ဗဟုသုတလည်းရသလို ကြည့်သင့်တဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်.... ဟာသလေးတွေပါသလို မှတ်သားစရာပေါင်းများစွာပါပါတယ်... အပိုင်း (၁၂)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်းထွက်ရှိမှာဖြစ်ပါတယ်... ခံစားကြည့်ကြပါဦး.... Quality – 720p HD-TVDuration – 65min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator –Oung Xix Ming & May Phyu ZawEncoder – Phyo Pyae Complete Zip ...
7
TMDb:
7/10
1 votes
tv
Pegasus Market(2019)[Complete]
2019