Channel Myanmar

Xiu Qing

Eternal Brotherhood
Eternal Brotherhood A Journey to Loveကပေးတဲ့ Traumaတွေ မပျောက်သေးခင်မှာကိုကို Yang Xu Wen နဲ့ Liu Yu Ning တို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ရှီးချွမ်းကုန်းမြေမှာနေရာအနှံစစ်မက်တွေဖြစ်နေခဲ့တယ်။ Zi Chun နဲ့Sairong မျိူးနွယ်နှစ်စုကြားမှာစစ်ရေးအခြေနေတွေတင်းမာနေခဲ့တယ်။နယ်စပ်မှာတာဝန်ကျတဲ့ကျစ်ချွမ်းရှို့ဟာစစ်ပွဲမှာအောင်နိုင်ခြင်းတွေနဲ့မြို့တော်ကိုပြန်လာခဲ့တယ်။ တိုင်းပြည်အေးချမ်းနိုင်ပြီထင်ပေမယ့်အန္တရာယ်တွေကတစ်လှိုင်းပြီးတစ်လှိုင်းလာနေတုန်းပါပဲ။မြို့တော်မှာယန်မင်ဟွာဆိုတဲ့စစ်ရေးအရာရှိကြီးတစ်ယောက်ဟာ ပုန်ကန်ဖို့စတင်လာခဲ့တယ်။ကျစ်ချွမ်းရှို့နဲ့ သူ့ရဲ့သွေးသောက်ညီအစ်ကိုတွေဟာ ပူးပေါင်းပြီးတော့တိုင်းပြည်ရဲ့ကိုကယ်တင်နိုင်ခဲ့တယ်။ ကျစ်ချွမ်းဟာပြန်လည်အေးချမ်းလာတဲ့အချိန်မှာပဲစောင့်ကြည့်နေတဲ့စိုက်ရုံတွေဟာ ကျစ်ချွမ်းတွေပြန်ပြီးအားမမွေးနိုင်ခင်မှာ စစ်ကြေငြာလာပါတယ်။ကျစ်ချွမ်းရှို့၊ စီးယိလင်နဲ့ တိလင်တို့ ညီအစ်ကို(၃)ယောက်ဟာကိုယ့်တိုင်းပြည်နဲ့ဇာတိအတွက် ချစ်ရတဲ့သူတွေကိုကာကွယ်ပေးဖို့အတွက်ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်တဲ့ရဲရင့်ခမ်းနားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။===================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Action and Adventure, War, History  Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...

Eternal Brotherhood

2024
Fall In Love ( 2021 )
Fall In Love ( 2021 ) Chen Xing Xu , Evan Lin , Zhang Jing Yi , Chen Xin Yu တို့ရဲ့ Fall In Love (2021) လေးလာပါပြီနော်၁၉၂၆ခုနှစ်မှာ မိဘတွေကွဲသွားတာကြောင့် အမေဖြစ်သူနဲ့အတူဂျပန်မှာ၁၀နှစ်နေခဲ့တဲ့မုဝမ်ချင်း( Zhang Jing Yi)ဟာ အမေဆုံးသွားပြီးနောက်နိုင်ငံကိုပြန်ပြီးအဖေဆီကိုပြန်လာခဲ့တယ်။အစ်ကိုဖြစ်သူသေဆုံးမှုနဲ့ မိဘတွေကွဲကြတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ကိုရည်ရွယ်ချက်ထားခဲ့တယ်။အဲဒီအချိန်မှာပဲ ရှန်ဟိုင်းစစ်တပ်တွင်းမှာတရားမဝင်အာဏာသိမ်းမှုဖြစ်လာခဲ့တယ်။ထန်ရွမ်လင် ( Chen Xing Xu) ဟာနိမ့်ကျတဲ့မျိုးရိုးကြောင့် ရှန်ဟိုင်းမြို့ကာကွယ်ရေးအရာရှိဖြစ်လာခဲ့ပေမယ့်လူတွေရဲ့လေးစားမှုကိုမရရှိတဲ့သူတစ်ယောက်ပါ (ကောင်လေးသနားပါတယ်)။ရွီကွမ်းရောက် ( Evan Lin) ဟာ တပ်မှုးယွဲ့ချန်ရဲ့တစ်ဦးတည်းသောသားဖြစ်တယ်။ငယ်စဉ်ကတည်းကအများလေးစားအားကျခံရတဲ့သူတစ်ယောက်ဖြစ်ပေမယ့်သူကနိုင်ငံရေးနယ်ပယ်ကအာဏာပါဝါပြိုင်ဆိုင်မှုတွေကိုမနှစ်သက်ပါဘူး။ကံကြမ္မာရေစက်ကြောင့် သူတို့လူငယ်သုံးယောက်ဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်။မုဝမ်ချင်းကမုမိသားစုအခြေခိုင်ဖို့ရည်ရွယ်ချက်နဲ့ရွီကွမ်းရောက်ကိုချဉ်းကပ်ခဲ့တယ်။ထန်ရွမ်လင်ကအရင်ကမုမိသားစုအမှုကိုစုံစမ်းဖို့ရည်ရွယ်ချက်နဲ့မုဝမ်ချင်းကိုပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။ရည်ရွယ်ချက်မတူကြတဲ့သူတို့၃ယောက်ဟာအချိန်ကြာလာတဲ့အမျှသံယောဇဉ်တွေချည်နှောင်မိလာကြတယ်။နောက်ပိုင်းမှာကွန်မြူနစ်ပါတီထဲဝင်ပြီး နိုင်ငံကိုကာကွယ်ဖို့အရေးကြီးတာကိုနားလည်လာကြတယ်။နိုင်ငံရေးအရှုပ်အထွေးတွေကြားကသူတို့ရဲ့ချစ်ဇာတ်လမ်းလေးဟာဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 36During : 45Original Network : YoukuAired On : Monday, Tuesday, Wednesday, ...

Fall In Love ( 2021 )

2021
Demi-Gods and Semi-Devils (completed)
Demi-Gods and Semi-Devils (completed) ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ်ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့ ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့ Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့ မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ် `လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း `တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါသို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ် ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့ တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့ ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့ မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့ မြောက်ပိုင်းချောင်ဖုန်းလို့ ...

Demi-Gods and Semi-Devils (completed)

2003