Channel Myanmar

Varakorn Varuncharoentham

OMG! Vampire (2024)
OMG! Vampire (2024) ဗန်ပိုင်းယားတဲ့ဟေ့ (2024)Vampire ပွမ်ကတော့ နှစ်ပေါင်းများစွာအိပ်ပျော်နေရင်းကနေ နိုးထလာပြီး Vampire ပြည်မှာ gen-x တွေကို ချစ်ခွင့်မပေးဘူးဆိုတဲ့စည်းကမ်းနဲ့ ရင်ဆိုင်လိုက်ရပါတယ် အဲဒီစည်းကမ်းကို လက်မခံတဲ့ပွမ်ဟာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Sen, Run, Mix နဲ့ Jolie တို့ကိုခေါ်ပြီး ပိုလွတ်လပ်တဲ့လူ့ပြည်ကို ထွက်ပြေးဖို့ ဆွဲဆောင်လိုက်ပါတော့တယ်အဲဒီလိုနဲ့ သူငယ်ချင်းအုပ်စုလိုက်ကြီး လူ့ပြည်ကို သွားဖို့အတွက် “ဘဝကျမ်းစာ”ထဲမှာ နာမည်ရေးဖို့ မရမကကြိုးပမ်းကြတဲ့အခါ ဖြစ်ချင်တော့ လူ့ပြည်မှာ ပွမ်ရောက်သွားတဲ့ခန္ဓာကိုယ်က အသည်းကွဲလူငယ်လည်းဖြစ်ပြီး အလုပ်ပါမရှိနေတဲ့အခါ.. ဒီလိုနဲ့ပဲ ပွမ်တစ်ယောက် အကြောင်းဖန်ပြီး လျှို့ဝှက်ဘားတစ်ခုရဲ့ပိုင်ရှင် Patrick နဲ့တွေ့လိုက်ရတဲ့အခါမှာတော့..အညွန်းကိုတော့ Laris M က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laris M, Su Myat, Kim တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Laris ...

OMG! Vampire (2024)

2024
Crazy Handsome Rich (2023)
Crazy Handsome Rich (2023) Crazy Handsome Rich / အချစ် အထိန်းတော် (2023)Love syndrome က အချစ်ကြမ်းအရိုကြမ်းခဲ့တဲ့ မာဖီးယားကိုကို Day-Itt coupleကို နူးနူးညံ့ညံ့နဲ့ရိုမယ့် သခင်လေးနဲ့အိမ်တော်ထိန်းအဖြစ် ပြန်လည်မြင်တွေ့ရမယ့် Crazy Handsome Richဘဝကို ချို့ချို့တဲ့တဲ့နဲ့ဖြတ်သန်းရတဲ့ ဟင်းရွက်ရောင်းရတဲ့ကောင်လေး လက်ဗ်အတွက်တော့ ချမ်းသာဖို့ဟာ သူ့ရဲ့ရည်မှန်းချက်ပေါ့။ ဒါပေမဲ့ လက်ရှိသူ့ရဲ့အနေအထားနဲ့တော့ လှပတဲ့အိပ်မက်လေးတစ်ခုထက် မပိုပါဘူး။ ကိုယ်စွမ်းသလောက်နဲ့မရနိုင်ရင် ‌မီတွယ်ရာရှာတတ်ကြသလိုပဲ ဇာတ်လိုက်ကျော်လက်ဗ်လေးကလည်း ဗေဒင်ယုံတတ်သူလေးပေါ့။ဒီလိုနဲ့ အရမ်းမှန်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဗေဒင်ဆရာမ မာရီနဲ့တွေ့ပြီးချိန်မှာတော့ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဈေးထဲက ဟင်းရွက်သည်လေးလက်ဗ်အဖြစ်ကနေ ကျိကျိတက်ချမ်းသာတဲ့ အိမ်ကြီးရှင်သခင်ဖြစ်တဲ့ သခင်လေးထွတ်ရဲ့အိမ်ကို အိမ်တော်ထိန်းလက်ဗ်အဖြစ် ရောက်သွားချိန်မှာတော့...သခင်လေးရဲ့အကြည့်တွေကို ဖမ်းစားသွားတဲ့ အိမ်တော်ထိန်းလေးလက်ဗ်တစ်‌‌ယောက် ဗေဒင်ဆရာမ မာရီ ပေးတဲ့ လည်ဆွဲတစ်ခုအကြောင်းပြုလို့ ဖူးစာဖက်ကိုရှာတွေ့နိုင်မလား။ စိတ်ဝင်စားမှုတစ်ခုက‌နေ အချစ်ဆိုတဲ့အဆင့်ထိကို သခင်လေးထွတ်ကရော ရှေ့တိုးလာမလားဆိုတာကိုတော့ အပတ်စဉ်တနင်္ဂနွေတိုင်းမှာ စောင့်မျှော်ရင်း ရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကို Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Kong, Thada ပဲ ဖြစ်ပါတယ်။Genre..... ...

Crazy Handsome Rich (2023)

2023