Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vaibhavi Merchant
7
The Romantics(2023)
The Romantics 2023IMDb-8/10အမီတာဘဂျမ်း ရှာရွတ်ခန်း ဆယ်လ်မန်ခန်း ကာဂျိုးလ် ရန်ဘီးကပူး အာမီခန်း ရီသိက် ကတ်တရီးနား ရာနီး ရန်ဗီးဆင်းဂ် တို့လို နာမည်ကြီးအနုပညာရှင်ပေါင်းများစွာလာရောက်ပြီး သူတို့ရိုက်ခဲ့ဖူးတဲ့ကားတွေအကြောင်း အိန္ဒိယရုပ်ရှင်လောကသမိုင်းမှာ သူတို့ကိုယ်တိုင်ကြားသိကြုံတွေ့ခဲ့ရတာတွေကိုစုံစုံလင်လင်သိမြင်ခံစားရမယ့် Docuseries လေးခံစားကြည့်ပါဦး"အိန္ဒိယရုပ်ရှင်အကြောင်းပြောမယ်ဆိုရင် Deewar ရုပ်ရှင်အကြောင်း မပြောလို့မရဘူး"လို့ ပြောစမှတ်ပြုရလောက်တဲ့ Deewar ရုပ်ရှင်ဖန်တီးရိုက်ကူးခဲ့သူတွေရဲ့ စကားတွေ အောင်မြင်လွှမ်းမိုးခဲ့ပုံတွေ၂၀၁၈မှာ သေဆုံးခဲ့ရတဲ့ ရှရီးဒေဗီရဲ့ အအောင်မြင်ဆုံးကားဖြစ်ခဲ့တဲ့ ချန်ဒနီရုပ်ရှင်ရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေစတဲ့ ဇာတ်လမ်းပေါင်းများစွာရဲ့ နောက်ကွယ်ကအကြောင်းရင်း ဖန်တီးသူအနုပညာရှင်တွေရဲ့ ဖန်တီးဖြစ်ခဲ့တဲ့စိတ်ကူးတွေ အဲဒီချိန်ကရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်အိန္ဒိယအချစ်ဇာတ်လမ်းရုပ်ရှင်တွေရဲ့ ကနဦးထုတ်လုပ်ရေး Yash Raj Films ဖြစ်တည်လာပုံနဲ့ ယာ့ရှ်ချိုပရာရဲ့ ဘ၀ဇာတ်ခုံ ၊ ယာ့ရှ်ရဲ့ အစ်ကိုကြီးဘီအာချိုပရာစတင်တည်ထောင်လိုက်တဲ့ ရုပ်ရှင်လုပ်ငန်းတစ်ခုကို ယာ့ရှ်ချိုပရာက အချစ်ဇာတ်လမ်းတွေနဲ့ပိုမိုထိုးဖောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့သားအာဒီချိုပရာက လူငယ်တွေလိုချင်တမ်းတနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့တဲ့အကြောင်းတွေ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတိုးတက်အောင်မြင်ခဲ့ပုံတွေဘောလိဝုဒ်ရုပ်ရှင်လောကမှာလူပြောများတဲ့ ဆွေမျိုးကောင်းစားရေးဝါဒီဆိုတာရော တကယ်လား တကယ်ရော ဆွေကြီးမျိူးကြီးဖြစ်တာနဲ့အောင်မြင်နိုင်သလားဆိုတာကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ကိုစံထားရှင်းပြသွားတာကိုပါ သိရမှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်နေသူတွေရဲ့ ဘ၀အစမှာ ခံစားဖြတ်သန်းခဲ့ရပုံတွေ ၊ သူတို့တွေလည်းတစ်ချိန်ကကိုယ်တွေလိုပဲ ခံစားခဲ့ရတာပါလားဆိုတာကိုကြည့်ပြီး စိတ်ခွန်အားတွေယူနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ဘာကားကြည့်ရမလဲလို့ အမြဲမေးနေတဲ့ CM ပရိသတ်ကြီးတွေအတွက်လည်း ဘယ်ကားတွေကိုဘာကြောင့်ကြည့်ရမလဲဆိုပြီး ဒီထဲမှာ သရုပ်ဆောင်တွေဒါရိုက်တာတွေထုတ်လုပ်သူတွေက ...
7
TMDb:
7/10
4 votes
tv
The Romantics(2023)
2023