Channel Myanmar

Uhm Hyun Kyung

The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၈၀)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
Defendant(2017) 8.2
Defendant(2017) Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ  စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb: 8.2/10 18 votes
tv

Defendant(2017)

2017
Second Husband (2021) 8.0
Second Husband (2021)  Second Husband (2021)လောင်ရတာကိုမှ နှစ်သက်တယ်ဆိုတဲ့ပရိသတ်တွေအတွက်နောက်ထပ် လောင်မြိုက်ရမယ့်စီးရီးကြီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘုံဆွန်းဟွာဆိုတဲ့ ကောင်မလေးဟာ စိတ်ဓာတ်မာကြောပြီး စိတ်ကောင်းရှိတဲ့သူပါ ဒီလိုနဲ့ ဆွန်းဟွာက မွန်းဆန်းယော့ဆိုတဲ့ချစ်သူဖြစ်သူနဲ့ နှစ်ရှည်လများ တွဲလာရင်းကမထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်မတော်တဆရခဲ့တဲ့ ကိုယ်ဝန်ကြောင့် မိသားစုရဲ့ စွန့်ပစ်မှုကိုခံလိုက်ရတဲ့ ဆွန်းဟွာဟာ ချစ်သူဖြစ်သူရဲ့ မျက်နှာနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ဆန်းယော့က သူ့ကိုထားပြီးဖောက်ပြန်ခဲ့ပါတယ်ဒီလိုနဲ့ အရာရာကံဆိုးလွန်းလှတဲ့ ဆွန်းဟွာတစ်ယောက် နောက်ထပ်ကံဆိုးမှုတစ်ခုထက်ဖြစ်သွားတဲ့အခါ သူမကို ရက်ရက်စက်စက်စွန့်ပစ်သွားရစ်ခဲ့တဲ့ ဆန်းယော့ကိုလက်စားချေဖို့ ကြိုးစားပါတော့တယ်...။အပိုင်း ၁၂၀ ထိ ပါဝင်ပြီး Mon-Fri ရက်တွေမှာ ChannelMyanmar ကနေ တစ်ပတ် ၅ ပိုင်း နှုန်းနဲ့တင်ဆက်ပေးသွားမှာမို့ အားပေးကြည့်ရှူကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Native Title: 두번째 남편 Episodes: 120 Aired: Aug 9, 2021 - Jan 21, ...
8.0
TMDb: 8.0/10 1,201 votes
tv

Second Husband (2021)

2021