Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tuba Büyüküstün
6.9
Another Self (2022) Season 1+2
အတိတ်ကရုန်းထွက်မရသူတွေ၊ အတိတ်ကြောင့်နာကျင်ရတဲ့သူတွေကြည့်သင့်တဲ့ seriesလေးပါ။Another Selfဆိုတဲ့seriesက Netflixမှာ top 100စာရင်းထဲဝင်ခဲ့တဲ့ပထမဆုံးTurkish seriesဖြစ်ပါတယ်။ ဇာတ်ဆောင်ဖြစ်တဲ့သူငယ်ချင်း၃ယောက်ဟာ သူတိုရဲ့အတိတ်ကtraumaကိုဘယ်လိုကုစားကြမလဲ အနာဂတ်ကိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။ File size…(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:50:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali Season 1Episode 1 720p - Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish Episode 1 1080p - Yoteshin /gdtot/ Megaup / Usersdrive Episode 2 720p - Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish Episode 2 1080p - Yoteshin /gdtot/ ...
6.9
TMDb:
6.9/10
57 votes
tv
Another Self (2022) Season 1+2
2022
7.354
Rise of Empires: Ottoman (2020)
Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb:
7.354/10
240 votes
tv
Rise of Empires: Ottoman (2020)
2020