Channel Myanmar

Tian Xiwei

Romance on the Farm ( 2023 )
Romance on the Farm ( 2023 ) ဒီဇာတ်ကားလေးကတော့ တရုတ်ရှေးခေတ်ကားတွေထဲမှာ တစ်ခါမှတွေ့ဖူးနေကျပုံစံမဟုတ်တဲ့ Costume comedy drama လေးပဲဖြစ်ပါတယ် ။ ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ မင်းသားJoseph Zhang နဲ့ မင်းသမီး Tian Xi wei တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။လျန်မန့်အာလို့ခေါ်တဲ့ မျက်မောက်ခေတ်က မိန်းကလေးဟာ ထူးဆန်းတဲ့ system တစ်ခုနဲ့ကြုံတွေ့ပြီး ရှေးခေတ်ကိုအပို့ခံလိုက်ရပါတယ် ။ သူမအပို့ခံလိုက်ရတဲ့နေရာက လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတစ်စုဖြစ်ပြီး ရောက်ရောက်ချင်းမကြာသေးခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်ပြီး သရုပ်မှန်ကိုမသိနိုင်တဲ့ ရှန်နော့နဲ့ တွေ့ဆုံပါတော့တယ် ။မန့်အာတစ်ယောက် system ရဲ့ညွှန်ကြားချက်တွေကိုဖြေရှင်းရင်း ရှန်နော့နဲ့အတူ လယ်ယာထဲကဆွေမျိုးတွေရဲ့ ဒုက္ခကိုပါအတူဖြေရှင်းရပါတော့တယ် ။ နှစ်ယောက်သားက ပိုက်ဆံရှာဖို့အတွက် စီးပွားရေးအတူလုပ်ကြရင်း ခံစားချက်တွေ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့ပါတယ် ။မင်းသားမင်းသမီးနှစ်‌‌ေယာက်က လယ်တောထဲမှာ ဆွေမျိုးတစ်သိုက်နဲ့အတူ ခွေးတွေ ကြက်တွေနဲ့ ဟာသပုံစံလေးရိုက်ကူးထားတဲ့ စိတ်အပန်းဖြေစရာ relax drama လေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်အိမ်လည်းကောင်းပြီး စိတ်အပန်း‌လည်းဖြေချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင့် ။=============================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : ...

Romance on the Farm ( 2023 )

2023
Wrong Carriage Right Groom ( 2023 )
Wrong Carriage Right Groom ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ ဟာသလေးလေးနှော ရိုမန့်လေးလည်းပါတဲ့ historical ကားကောင်းလေးတစ်ကားပါ ထန်မင်းဆက်ခေတ် ယန်ကျိုးဆိုတဲ့ချမ်းသာကြွယ်ဝတဲ့မြို့လေးမှာ အာဏာကြီးမားတဲ့တုမျိုးန်နဲ့လီမျိုးနွယ်တို့ဟာ သူတို့သမီးတွေကို လက်ထပ်ထိမ်းမြှားပေးဖို့ စီရင်ကြပါတော့တယ်မျိုးနွယ်နှစ်ခုလုံးရဲ့ လက်ထပ်ပွဲနေ့ဟာလည်း တစ်ချိန်ထဲတစ်နေ့ထဲ ကျရောက်ခဲ့ပြန်ပါရော တုပင်းယန်နဲ့လက်ထပ်မဲ့ သတို့သားကတော့ ကျန်းမာရေးချူချာတဲ့ ချီမျိုးနွယ်တတိယသား ချီထျန်လိန်ပါ ချီမျိုးနွယ်တွေမျှော်လင့်တာက ချီသခင်လေးရဲ့ ဆိုးဝါးတဲ့အခြေအနေကံတရားကြောင့် ချောမောတဲ့သတို့သမီးလေးက လှည့်ပြန်ခဲ့ရင် သူတို့ချမ်းသာမှုကိုဘယ်သူမှမပေးရတော့ဘဲ ဆက်တည်ရှိနေမှာပါအဲ့ဒါကြောင့် ချီသခင်လေးက သေခါနီးဖြ​စ်နေပါပြီလို့ ကောလဟာလတွေ ထုတ်လွှင့်ပါတော့တယ် ချီသခင်လေးရဲ့ကောလဟာလကြောင့် တုပင်းယန်ဟာ စိတ်ပျက်မိပေမဲ့ မိဘတွေဆန္ဒအတိုင်း လက်ထပ်ပွဲကိုလက်ခံလိုက်ပါတော့တယ်တစ်ဖက်မှာလည်း လီမိသားစုဟာ လီယွီဟူကို ရက်စက်ပြီးကြမ်းကြုတ်တယ်လို့ နာမည်ကျော်ကြားတဲ့ ယွမ်ပုချူနဲ့ လက်ထပ်ပေးဖို့ စီစဥ်ပါတော့တယ် ယွမ်ပုချူရဲ့သတင်းကြောင့် လီယွီဟူကလည်း လက်မထပ်ချင်စိတ်ညစ်မိပေမဲ့ မိဘတွေသဘောအတိုင်း လက်ထပ်ပွဲကိုသဘောတူလိုက်ပါတော့တယ် လက်ထပ်မဲ့နေ့မှာ လက်ထပ်ပွဲဆီ သတို့သမီးနှစ်ဦးလုံးကို လိုက်ပို့ချိန် မိုးရွာလာတဲ့အတွက် ဘုရားကျောင်းမှာ မိုးဝင်ခိုကြပါတော့တယ် အဲ့အချိန်မှာပဲ ဘုန်းတော်ကြီးက ဓားပြတွေလာပြီလို့ပြောလိုက်သောအခါ အစေခံတွေအားလုံး ကြောက်လန့်ထွက်ပြေးကုန်ကြပါရောအဲ့လိုရုတ်ရင်းဆန်ခတ်ဖြစ်ပြီး သတို့သမီးနှစ်ယောက် လှည်းမှားပြီးလက်ထပ်ပွဲဆီရောက်လာသောအခါ....... ဒါကသူတို့အတွက် ကံကြမ္မာကစီစဥ်ပေးထားတဲ့ ဖူးစာလား? အဲ့အမှားကြောင့် ဘာတွေဆက်တွေ့ကြုံရမလဲ? သူတို့လေးယောက်လုံးဘယ်လိုရင်ဆိုင်ကြမလဲ?ဆိုတာ ဟာသလေးနှော အချစ်လေးရောပြီး စောင့်ကြည့်ပေးပါဦးနော်==================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama , Romance ...

Wrong Carriage Right Groom ( 2023 )

2023
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
New Life Begins (2022)
New Life Begins (2022) အခုတစ်ခေါက်မှာတော့ Reset ဇာတ်ကားလေးနဲ့အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ မင်းသားလေး (Bai Jing Ting) နဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး (Tian Xi Wei)တိုလိုက်ဖက်ညီစွာရိုက်ကူးထားတဲ့ ရိုမန့်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကြောင်းလေးကတော့...သခင်လေး ၆ယောက်အတွက်သတိုသမီးရွေးပွဲတစ်ခုကြောင့်ရှင်းချွမ်းမှာမိန်းကလေးတွေအားလုံး စု‌ဝေးနေကြပါတယ်။ရှင်းချွမ်းရဲ့နာမည်ကြီး ဂုဏ်သရေရှိသခင်လေး ၆ ယောက်မှပါဝင်ပေမယ့်လည်း သိုသိုသိပ်သိပ်နေထိုင်တတ်သူ ယင်ကျန့်၊သတိုသမီးအဖြစ် ရွေးချယ်မခံရဘဲ ဘဝကိုကြိုးစားဖြတ်သန်းရင်းသက်သောင့်သက်သာနေချင်သူ လီဝေ၊သူတိုနှစ်ဦးဟာ ကြမ္မာဖန်ပြီး မထင်မှတ်ဘဲအလွဲလွဲအမှားမှားနဲ့ တွေ့ဆုံခဲ့ကြပါတယ်နှစ်ဦးသားအတူတူနေထိုင်ကာတစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီရင်းတဖြည်းဖြည်းမေတ္တာတွေတိုးလာခဲ့ကြတယ်။ယင်ကျန့်တစ်ယောက် ရုံးတော်အရာရှိတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း သူတိုရဲ့အမြင်တွေတူညီကာနှလုံးသားချင်း ထပ်တူကျခဲ့ကြလာပြီး ဘယ်လိုအချစ်တွေပိုကြမလဲကျန်တဲ့သခင်လေး ၅ယောက်ကရောသူတိုသမီးလောင်းရွေးချယ်ပွဲက အလျောင်းအလျာတွေနဲ့ဘယ်လိုအလွဲတွေ ရင်ခုန်စရာတွေဖြစ်ကြမလဲဆိုတာဒီဇာတ်ကားလေးမှာ ဆက်ကြည့်လိုက်ရအောင်ပါနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, Comedy, Life, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by ...

New Life Begins (2022)

2022
Ms. Cupid in Love ( 2022 )
Ms. Cupid in Love ( 2022 ) Ms. Cupid in Love ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့နန်းတွင်းအောင်သွယ်တော်ဇာတ်ကားလေးဖြစ်တဲ့ Ms. Cupid in Love ပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ TU (The Untamed)ဇာတ်ကားထဲ Jin Zi Xuanအဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားCao Yu Chen နဲ့ Be My Cat ဇာတ်ကားထဲကမင်းသမီး Tian Xiweiတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့နှစ်ထောင်ပေါင်းများစွာကြာတဲ့နတ်ဘုရား Bo Yan ကနတ်ပြည်မှာအချစ်ရေးအချစ်ရာစီမံတဲ့လူတစ်ယောက်ပေါ့။ဒါပေမဲ့လူပြည်မှာလက်ထပ်ပွဲကို ရူပ်ထေါးအောင်လုပ်မိခဲ့တဲ့အတွက်ကြောင့်သူ့အပြစ်ကိုခံယူယူဖို့ လူ့ပြည့်ကိုအပို့ခံလိုက်ရပါတယ်။ကောင်းကင်ဘုံကနေပြစ်ဒဏ်ကြောင့်လူပြည်ကိုအပို့ခံရတဲ့Bo Yan က လူ့ပြည်မှာအောင်သွယ်တော်လုပ်နေတဲ့ Shangguan Yaဆီကိုမမျှော်လင့်ဘဲရောက်သွားခဲ့ပါတယ်။ Shangguan Ya ကထက်မြက်သွက်လက်ပြီးအောင်သွယ်တော်မှာတဖက်ကမ်းခတ်တော်တဲ့သူပေါ့။Shangguan Ya ကနတ်ဘုရား Bo Yan ရဲ့အကြောင်းကိုနည်းနည်းလေးမှမသိခဲ့ပါဘူး။ လူ့ပြည်မှာရူပ်ထွေးနေတဲ့လက်ထပ်ပွဲကိုနှစ်ယောက်သားအတူတူဖြေရှင်းကြရင်းဖေးမကူညီကြရင်းတိုက်ဆိုင်မှုထက်ပိုတဲ့ခံစားချက်လေးပေါက်ဖွားလာတဲ့အခါမှာတော.ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Ms. Cupid in Love ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~ Quality : WEB-DL ...

Ms. Cupid in Love ( 2022 )

2022