Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thatchathon Sabanun
Dhevaprom (2024)
ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...
Dhevaprom (2024)
2024
Kissed by the Rain (2024)
မိုးဆွတ်အနမ်း (၂၀၂၄)ဆယ်စုနှစ်တစ်ခုအကြာမှာ main CPအနေနဲ့ ပြန်လည်ဆုံတွေ့ကြမယ့် ဒိတ်ဒိတ်ကြဲcastနှစ်ယောက်ဖြစ်တဲ့ Marioနဲ့ Taewတို့ရဲ့ romance dramaအသစ်လေးဖြစ်တဲ့ Kissed by the Rainပထမနှစ်ကြိမ် တွေ့ဆုံမှုမှာလည်း အတော်လေးchemistry မိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဒီကားလေးထဲမှာတော့ ထရော်မာတွေကြားက မမနဲ့မောင်လေးရဲ့အချစ်ကို ရှုစားရမှာပါ။မာဝင်းရဲ့အဖေက အရက်သမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်ရိုက်နှက်တတ်သူပေမဲ့ အမေဖြစ်တဲ့မလိုင်ကတော့ ဒီကနေအခြေအနေကနေ ရုန်းမထွက်ဘဲ အံကြိတ်ရင်းဆက်နေချင်သူပေါ့။ ဆယ်ကျော်သက်အရွယ် သိတတ်နားလည်နေတဲ့မာဝင်းကတော့ ဒီအခြေအနေကနေ ရုန်းထွက်ချင်ပြီးတော့ ကန်ယာမစ် အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ဆက်သွယ်အကူအညီတောင်းပါတော့တယ်။ အဲဒီမှာပဲ လူမှုဖူလုံရေးဝန်ထမ်း ပလိုင်ဖွန်နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။မာဝင်းတစ်ယောက်ကြိုးစားပေမဲ့ အမေဖြစ်သူက လမ်းဆုံးကိုရွေးသွားတဲ့အပြင် တစ်ယောက်တည်းသောအားကိုးရာဖြစ်တဲ့ ဖွန်ကပါ သူ့ဘဝကနေထွက်သွားဖို့ကိုပဲ ရွေးခဲ့ချိန်မှာတော့....... သူတို့နှစ်ယောက် ပြန်လည်ဆုံဆည်းဖို့ဖြစ်လာချိန်မှာ အတိတ်ရဲ့အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မလားဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | ...
Kissed by the Rain (2024)
2024