Channel Myanmar

Teerapong Liaorakwong

Master of the House (2024)
Master of the House (2024) အိမ်ကြီးရှင် (၂၀၂၄)ဝါရင့်သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းရဲ့အရှုပ်အထွေးကို တစ်ဆင့်ချင်းအဖြေရှာရမယ့် Netflix ဇာတ်လမ်းတွဲသစ် "အိမ်ကြီးရှင်"ဒီဇာတ်ကားလေးမှာတော့ အလောင်ကားတို့ထုံးစံအတိုင်း လူချမ်းသာအသိုင်းအဝိုင်း ဒိတ်ဒိတ်ကြဲမိသားစုကြီးတစ်ခုရဲ့ လောဘရမ္မက် ငမ်းငမ်းတက်ပုံကို ရှုစားရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ကျိကျိတက်ချမ်းသာတဲ့ ဘီလီယံနာစိန်သူဌေးကြီးဖြစ်တဲ့ ထေဝါကျောက်မျက်လုပ်ငန်းပိုင်ရှင် ခွန်ရွန်ဂရိုဖ်တစ်ယောက် ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဆက်ခံသူလည်းမရွေးထား သေတမ်းစာအကြောင်းအရာကိုလည်း တိတိပပမသိရသေးတဲ့ သားနှစ်ယောက်ဖြစ်တဲ့ မာဝင်နဲ့ဖူဖတ်နဲ့ သူတို့ရဲ့မိသားစုတွေ တစ်ဖက်က သူဌေးကြီးရဲ့အသည်းစွဲလေးဖြစ်တဲ့ ဇနီးအသစ်စက်စက်လေး ခိုင်မွခ် တစ်ဖက်က ရမယ့်အမွေကလည်း ဆယ်ဘီလီယံတန်ကြေးရှိတဲ့ကျောက်မျက်လုပ်ငန်းကြီးဖြစ်နေတဲ့အခါ လောဘကိုရှေ့တန်းတင်လို့ ဒီလူတစ်စုကြားက အညှာအတာမဲ့ တိုက်ခိုက်မှုတွေ အရှုပ်အရှင်းတွေကို ဘယ်လိုမြင်ရမလဲဆိုတာ ရှုစားကြရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char ...

Master of the House (2024)

2024
Naughty Babe (2023) 7
Naughty Babe (2023) Naughty Babe / ကလေးအဆိုးလေး(2023)(အညွှန်း) ======================Cutie Pie series ထဲက side couple အတွဲလေးကို main lead တွေအဖြစ်တွေ့မြင်ရမယ့် “ဘေဘီအဆိုးလေး” ရပါပြီ။Hia Yi နဲ့ Thacha တို့ဟာ နှစ်ဦးနှစ်ဖက်အကျိုးပြုစီးပွါးရေးသဘောအရ အချင်းချင်းစေ့စပ်ထားကြတဲ့ လူအများကအားကျရတဲ့စုံတွဲလေးပါ။ စီးပွါးရေးသဘောအရဆိုပေမယ့်လည်း အစပိုင်းမှာတော့နှစ်ဦးရဲ့ဆက်ဆံရေးက ရိုမန့်စ်ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်လို လှပနေပါသေးတယ် .. စေ့စပ်ပွဲနေ့ .. Thacha တစ်ယောက် Hia Yi တို့အိမ်မှာပြောင်းနေတဲ့အချိန် တစ်ယောက်တည်းထားခဲ့ခံရတဲ့အချိန်အထိပေါ့။ အဲဒီနေ့ကနေစပြီး တဖြည်းဖြည်းမင်္ဂလာပွဲနီးကပ်လာတဲ့အချိန်အထိ အရာရာကို Thacha တစ်ယောက်တည်းလုပ်ပြီး နေ့ရက်တိုင်းကို အထီးကျန်ဆန်စွာနဲ့ဖြတ်သန်းလာခဲ့ရတော့တယ်။ ဒီလိုအပြောင်းအလဲကြားမှာတဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ .. စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ Thacha ဟာ သူသိပ်ချစ်ရတဲ့ Hia Yi နဲ့ မင်္ဂလာပွဲကိုကျောခိုင်းပြီး ဆွစ်ဇာလန်ကိုထွက်သွားရာကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ .. Hia Yi ကရော ဘာလို့ပြောင်းလဲသွားရတာလဲ .. နှစ်ယောက်သားရဲ့ဆက်ဆံရေးကရော အရင်လိုပြန်ပြေလည်နိုင်ဦးမလားဆိုတာကို အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii ...
7
TMDb: 7/10 1 votes
tv

Naughty Babe (2023)

2023