Channel Myanmar

Suranne Jones

Maryland (2023) 6.5
Maryland (2023) Maryland (2023)IMDb rating - 6.6အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက... အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိက‌ဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့...ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာ‌ပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ‌လေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne ...
6.5
TMDb: 6.5/10 10 votes
tv

Maryland (2023)

2023
Vigil (2021) (Seasaon 1+2) 8.8
Vigil (2021) (Seasaon 1+2) Vigil (2021) Season 1=======================================IMDb Rating - 7.5/10ဒီစီးရီးကို Quality content​တွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းက​နေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes - 71%ရရှိထားပြီး Critic review​ကောင်း​တွေ အများကြီးရထားတဲ့ စီးရီးပါ၊ ​British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသမီး​ချောRose Leslieတို့က ​ခေါင်း​ဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်​ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်​ရေး လုပ်​ပေးရတဲ့ ​​​တော်ဝင်​ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး​တစ်စင်းပါ၊ တစ်​နေ့မှာ Vigil ကမ်းလှည့်တာဝန်​ ဆောင်ရွက်​နေတဲ့အချိန်အတွင်း စ​ကော့တလန် ငါးဖမ်းစက်​လှေတစ်စီးက ပ​ဟေဠိဆန်စွာ​ရေ​အောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မ​ရှေးမ​နှောင်းပဲ သင်္ဘောကြီး​ပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ...
8.8
TMDb: 8.8/10 22 votes
tv

Vigil (2021) (Seasaon 1+2)

2021