Channel Myanmar

Sumalee Montano

Dragon Age: Absolution (2022) 6.4
Dragon Age: Absolution (2022) Dragon Age: Absolution (2022) ======================= IMDb Rating - 6.4/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် Animation Series ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ်။ မှော်အတတ်တွေ ဂမ္ဘီရသတ္တဝါတွေကြီးစိုးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်းသရုပ်ဖော် ထားတဲ့ Fantasy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူ မှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေ ပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည် ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှ ကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။ အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ် မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinter နိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ် မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှု ကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinter ကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ် တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်.... တိုင်းပြည်ရဲ့မှော်ဝင် ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ..... ရှေ့ဆက် ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်။)File ...
6.4
TMDb: 6.4/10 2000 votes
tv

Dragon Age: Absolution (2022)

2022
Dan Brown’s The Lost Symbol (2021) 8.4
Dan Brown’s The Lost Symbol (2021) Dan Brown's The Lost Symbol (2021)IMDb - 7.3/10မင်းသားကြီး Tom Hanks ရဲ့ The Davinci's Code တို့ Angels and demons တို့ကိုကြည့်ဖူးကြရင် ဒီကားနာမည်နဲ့ မစိမ်းလောက်ပါဘူး။အနောက်တိုင်းဘာသာရေးဂိုဏ်းတွေရဲ့ ပဟေဠိတွေ ဖြေရှင်းတာကို အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားကြည့်ခဲ့ရပါတယ်။ဒီစီးရီးဟာလည်း အဲ့ဇာတ်လမ်းတွေရဲ့အဆက်ဖြစ်ပြီး သရုပ်ဆောင်တွေပဲပြောင်းသွားတာပါ။စာရေးဆရာ Dan Brown ရဲ့ဝတ္ထုတွေထဲက The Lost Symbol ကို အခြေခံပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။ ပရော်ဖက်ဆာရောဘတ်လန်ဒန်ဟာ ဟားဗက်တက္ကသိုလ်မှာ သင်္ကေတဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး ဘာသာရေးကိစ္စတွေကို ရင်းနီးကျွမ်းဝင်သူပါ။ တစ်နေ့မှာလူစိမ်းတစ်ယောက်ဟာ သူ့ဆရာပီတာကိုပြန်ပေးဆွဲထားကြောင်း ဖုန်းဆက်လာပြီး လျှို့ဝှက်ဝင်ပေါက်တစ်ခုကိုရှာပေးဖို့ ခြိမ်းခြောက်ကာ သဲလွန်စတွေပေးသွားပါတယ်။ဆရာဖြစ်သူကိုကယ်ဖို့ ရောဘတ်ရဲ့ပဟေဠိဝှက်စာဖော်စကေးတွေနဲ့ စွန့်စားအ​ဖြေရှာပုံတွေကို စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်။Dan Brown စာအုပ်တွေရဲ့ အရင်ဇာတ်လမ်းတွေကိုကြည့်ဖူးတဲ့သူတွေကတော့ သေချာပေါက်ကြည့်သင့်တဲ့စီးရီးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ပဟေဠိအမျိုးအစားတွေကြိုက်ကြရင်လည်း လုံးဝလက်လွှတ်မခံဖို့ပြောချင်ပါတယ်။အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Pyi Ti Nyein က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Pyi Ti Nyein နဲ့ Jerrica ပဲ ဖြစ်ပါတယ်။Quality…. 1080p File ...
8.4
TMDb: 8.4/10 7 votes
tv

Dan Brown’s The Lost Symbol (2021)

2021