Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Fry
7.785
24 Season 1+2+3+4+5+6 (2001)
ဒီစီးရီးကတော့ မသိသူမရှိလောက်အောင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး မသေခင်ကြည့်သွားသင့်တဲ့ စီးရီးတစ်ခုဆိုလည်းမမှားပါဘူး။ နိုင်ငံရေး၊အက်ရှင်၊ဒရာမာ အစုံပါတဲ့ 24 Series ဟာ 2001 တစ်ခုကနေ စတင်ထွက်ရှိခဲ့ပြီး စုစုပေါင်း Season 9 ခုရှိပါတယ်။ 24 ဆိုတဲ့အတိုင်း Season တစ်ခုကို 24 ပိုင်းပါလို့ တစ်ဝကြီးကြည့်ရမှာဖြစ်ပြီး Season တစ်ခုနဲ့တစ်ခု ဖြစ်စဉ်တွေကွဲပြားပါတယ်။ဒီစီးရီးမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးအေးဂျင့် ဂျက်ခ်ဘောင်ဝါက နိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ပြုလာတဲ့ အကြမ်းဖက်သမားမျိုးစုံကို တစ်ရက်(၂၄ နာရီ)အတွင်း တိုက်ခိုက်ချေမှုန်းပုံကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဒီစီးရီးရဲ့ထူးခြားချက်ကတော့ သူတို့ရဲ့ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီဆောင်ရွက်တဲ့ပုံစံအတိုင်း ၁ ပိုင်းကို တစ်နာရီ စုစုပေါင်း ၂၄နာရီအတွင်းအဖြစ်အပျက်တွေကို ရိုက်ပြထားတာပါ။ဇာတ်လမ်းဇာတ်အိမ် အသွားအလာအလွန်ကောင်းပြီး လှည့်ကွက်မျိုးစုံနဲ့ ပျင်းစရာအခိုက်အတန့် တစ်ခုမှမပါဘဲ ရသအစုံပေးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ၂၄နာရီအတွင်း နာရီသံတစ်ချက်ချက်အကြားက စိတ်လှုပ်ရှားစရာတွေကို ကြည့်ရှုခံစားကြပါဦး။File size…(3 GB)/(880 MB) Quality….Webrip 1080p / ...
7.785
TMDb:
7.785/10
1459 votes
tv
24 Season 1+2+3+4+5+6 (2001)
2001
6.7
Everything Now (2023)
Everything Now (2023) ================= IMDb Rating - 6.7/10ပရိတ်သတ်ကြီးတို့အနေနဲ့ ကျောင်းရက်ရှည်ပျက်ဖူးတာမျိုးရှိပါသလား။ ကျောင်းရက်ရှည်ပျက်ပြီး ကျောင်းပြန်တက်တဲ့အခါ စာသင်ခန်းထဲ ခြေချ လိုက်တာနဲ့ စာတွေရော၊ အတန်းထဲဖြစ်ပျက်တဲ့ကိစ္စတွေဘာတွေရော ခေတ် တစ်ခေတ်စာလောက် နောက်ကျသွားသလိုမျိုး ခံစားရတယ်ဟုတ်။မီယာဟာ 'Anorexia'ဆိုတဲ့ စိုးရိမ်ဖွယ်အဆင့် ခံတွင်းပျက်ခြင်း၊ အလွန် အမင်းကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါကြောင့် ကျောင်း(၇)လနားပြီး ဆေးရုံတက်ခဲ့ရတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ။ သူကျောင်းပြန်တက်ရတဲ့အချိန်မှာ သူငယ်ချင်းတွေရော၊ ကျောင်းကအခြေ အနေတွေရောက သူ့ထက် အများကြီး ခေတ်ရှေ့ရောက်နေသလို ခံစားလိုက် ရပါတယ်။ အဲဒါကြောင့် သူလည်းတခြားသူတွေလို ရေစီးကြောင်းကို လိုက်မီဖို့ ဆယ်ကျော်သက်ပီပီ အသည်းအသန်ကြိုးစားတော့တာပေါ့။ဒါပေမဲ့ သူ့ရောဂါက လုံးဝအရှင်းမပျောက်သေးတဲ့အပြင် ပစ်ထားလိုက်လို့ ရတဲ့ရောဂါမျိုးလည်း ဟုတ်မနေပါဘူး။ ဆိုတော့ကာ (၇)လခေတ်နောက်ကျ သွားပြီး အရိပ်မည်းကြီးလိုလိုက်နေတဲ့ရောဂါအခံရှိတဲ့ ဆယ်ကျော်သက်ကျောင်း သူလေးမီယာတစ်ယောက် ရွယ်တူတွေကြားမှာကြိုးစားနေထိုင်ရတဲ့ဘဝကို "Everything Now"ဆိုတဲ့ Comedy-Drama series လေးထဲမှာ ကြည့်ရှုခံ စားရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) / (700 ...
6.7
TMDb:
6.7/10
1800 votes
tv
Everything Now (2023)
2023