Channel Myanmar

Sol Kyung-gu

The Whirlwind (2024) [Complete]
The Whirlwind (2024) [Complete] The Whirlwind (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသားကြီး Sol Kyung-gu နဲ့မင်းသမီးကြီး Kim Hee-ae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီးဝန်ကြီးချုပ်နဲ့ ဒုတိယစီးပွာရေးဝန်ကြီးချုပ်ကြားက နိုင်ငံရေးပဋိပက္ခတွေအကြောင်းကိုရိုက်ကူးထားတဲ့ နိုင်ငံရေးဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းPark Dong-ho ဆိုတဲ့လူကတော့ ကိုရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက်ပဲဖြစ်ပြီးစီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ခြယ်လှယ်နေကြတဲ့ အင်အားကြီးမားတဲ့လူချမ်းသာမိသားစုတွေနဲ့ ပေါင်းပြီး  မကောင်းမှုတွေလုပ်နေတဲ့ အကျင့်ပျက်ခြစားတဲ့သမ္မတကိုအပြစ်ပေးပြီး နိုင်ငံရေးလောကကို ပြောင်းလဲချင်တဲ့သူတစ်ယောက်ပါ။Jeong Su-jin ကတော့  ဝန်ကြီးချုပ် Park Dong-ho ရဲ့ အကျင့်ပျက်ခြစားတဲ့လူတွေကိုအမြစ်ဖြတ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဒုစီးပွားရေးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီးနှစ်ဖက် သဘောထားမတူရာကနေ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လာကြတဲ့အခါမှာတော့...သူတို့နှစ်ဦးကြားကဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ..။Park Dong-ho ကရော အကျင့်ပျက်ခြစားတဲ့သမ္မတကို အပြစ်ပေးနိုင်မလား...။Jeong Su-jin ကရော Park Dong-ho ကို တားဆီးပြီးတော့ အာဏာကိုပြန်ယူနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီနေ့မှာ ၁၂ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ CM ပရိတ်သတ်ကြီးတို့လက်မလွှတ်တမ်း ...

The Whirlwind (2024) [Complete]

2024