Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shao Weitong
Lost You Forever ( 2023 ) Season 1
ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာကနေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ်အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ်ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ...
Lost You Forever ( 2023 ) Season 1
2023
Fall In Love ( 2021 )
Chen Xing Xu , Evan Lin , Zhang Jing Yi , Chen Xin Yu တို့ရဲ့ Fall In Love (2021) လေးလာပါပြီနော်၁၉၂၆ခုနှစ်မှာ မိဘတွေကွဲသွားတာကြောင့် အမေဖြစ်သူနဲ့အတူဂျပန်မှာ၁၀နှစ်နေခဲ့တဲ့မုဝမ်ချင်း( Zhang Jing Yi)ဟာ အမေဆုံးသွားပြီးနောက်နိုင်ငံကိုပြန်ပြီးအဖေဆီကိုပြန်လာခဲ့တယ်။အစ်ကိုဖြစ်သူသေဆုံးမှုနဲ့ မိဘတွေကွဲကြတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ကိုရည်ရွယ်ချက်ထားခဲ့တယ်။အဲဒီအချိန်မှာပဲ ရှန်ဟိုင်းစစ်တပ်တွင်းမှာတရားမဝင်အာဏာသိမ်းမှုဖြစ်လာခဲ့တယ်။ထန်ရွမ်လင် ( Chen Xing Xu) ဟာနိမ့်ကျတဲ့မျိုးရိုးကြောင့် ရှန်ဟိုင်းမြို့ကာကွယ်ရေးအရာရှိဖြစ်လာခဲ့ပေမယ့်လူတွေရဲ့လေးစားမှုကိုမရရှိတဲ့သူတစ်ယောက်ပါ (ကောင်လေးသနားပါတယ်)။ရွီကွမ်းရောက် ( Evan Lin) ဟာ တပ်မှုးယွဲ့ချန်ရဲ့တစ်ဦးတည်းသောသားဖြစ်တယ်။ငယ်စဉ်ကတည်းကအများလေးစားအားကျခံရတဲ့သူတစ်ယောက်ဖြစ်ပေမယ့်သူကနိုင်ငံရေးနယ်ပယ်ကအာဏာပါဝါပြိုင်ဆိုင်မှုတွေကိုမနှစ်သက်ပါဘူး။ကံကြမ္မာရေစက်ကြောင့် သူတို့လူငယ်သုံးယောက်ဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်။မုဝမ်ချင်းကမုမိသားစုအခြေခိုင်ဖို့ရည်ရွယ်ချက်နဲ့ရွီကွမ်းရောက်ကိုချဉ်းကပ်ခဲ့တယ်။ထန်ရွမ်လင်ကအရင်ကမုမိသားစုအမှုကိုစုံစမ်းဖို့ရည်ရွယ်ချက်နဲ့မုဝမ်ချင်းကိုပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။ရည်ရွယ်ချက်မတူကြတဲ့သူတို့၃ယောက်ဟာအချိန်ကြာလာတဲ့အမျှသံယောဇဉ်တွေချည်နှောင်မိလာကြတယ်။နောက်ပိုင်းမှာကွန်မြူနစ်ပါတီထဲဝင်ပြီး နိုင်ငံကိုကာကွယ်ဖို့အရေးကြီးတာကိုနားလည်လာကြတယ်။နိုင်ငံရေးအရှုပ်အထွေးတွေကြားကသူတို့ရဲ့ချစ်ဇာတ်လမ်းလေးဟာဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 36During : 45Original Network : YoukuAired On : Monday, Tuesday, Wednesday, ...
Fall In Love ( 2021 )
2021