Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sammeta Gandhi
Paruvu (2024)
Paravu (2024)IMDb-6.6/10အိမ်အပြန် ခယောင်းလမ်းပါလဗီက တစ်အိမ်လုံးနဲ့ဆန့်ကျင် အိမ်ကသဘောမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးပြီး အိမ်နဲ့အဝေးမှာ အခြေချနေခဲ့တာ ကိုယ်ဝန်သုံးလရသည်ထိ ၊ မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး မိသားစုဝင်တွေကလည်း စိတ်နာပြီးပစ်ထားခံရတဲ့သူတစ်နေ့မှာတော့ ဇာတိမှာကျန်ခဲ့တဲ့ ဦးလေးဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ပါလဗီတစ်ယောက် သူ့ခင်ပွန်း ဆူဒီးရ်နဲ့အတူ ဇာတိကိုချက်ချင်းထပြန်တော့တာပဲကားပေါ်ရောက်မှ ဆူဒီးရ်သိလာရတဲ့အမှန်တရားက ပါလဗီနဲ့ သူတို့ကိုလာခေါ်တဲ့ဝမ်းကွဲအစ်ကိုဆိုတဲ့သူကြားက တင်းမာတဲ့ဆက်ဆံရေးနဲ့ ပါလဗီ့ကိုတစ်အိမ်သားလုံးကဖယ်ကျဉ်ထားကြတယ်ဆိုတာပဲလမ်းတစ်ဝက်မှာ အဝေးပြေးလမ်းကိုရှောင်ပြီး လူပြတ်တဲ့ လမ်းကြိုလမ်းကြားကမောင်းတဲ့ ဝမ်းကွဲအစ်ကိုရဲ့ အမူအယာတွေနဲ့ ပါ့လဗီအိမ်ကို ဖုန်းဆက်ကြည့်ချိန်မှာလည်း မဖိတ်ခေါ်မလိုလားမှုတွေက crime thriller ဇာတ်လမ်းတစ်ပုဒ်အစပျိုးရာဖြစ်လာခဲ့တယ်ဒီမိသားစုတွေကြားဘယ်လိုတင်းမာမှုတွေ ဆက်ဖြစ်လာဦးမလဲ နောက်ပြန်လှည့်မရတဲ့ခရီးမှာ ရှေ့ဆက် ဘယ်လိုအဖြစ်အပျက်တွေဆက်ဖြစ်လာဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 30minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ DramaTranslator ...
Paruvu (2024)
2024
5
Mansion 24 (2023)
Mansion 24 (2023) "ပဟေဠိ စံအိမ်"Disney+ Hotstarကနေထုတ်လွှင့်ခဲ့ပြီး တောင်ပိုင်းမင်းသမီးချောဗာရာလက်ရှ်မီးဆာရာသ်ကူးမား အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ ဇာတ်အိမ်တစ်ခုရဲ့ နောက်မှာပဲ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။အမ်ရူသာဆိုတာ ထောက်လှမ်းရေးသတင်းထောက်တစ်ယောက်။ အိပ်ရာထဲလဲနေတဲ့ အမေဖြစ်သူကိုပြုစုရင်း စိတ်ပင်ပန်းနေရတယ်။အိပ်ရာထဲလဲရတာကလည်း အဖေဖြစ်သူ ရှေးဟောင်းသုသေတနပညာရှင်ကြီးက တန်ဖိုးရှိရှေးဟောင်းရတနာတွေနဲ့ ထွက်ပြေးသွားတယ်ဆိုပြီး မီဒီယာတွေရော ရဲတွေရော ရှေးဟောင်းသုသေတနအသိုင်းအဝိုင်းကပါ တံဆိပ်အကပ်ခံရတဲ့စိတ်နဲ့ပါ။ အမှန်တရားကိုသိရဖို့အတွက် သတင်းထောက်အမ်ရူသာတစ်ယောက် အဖေဖြစ်သူကို နောက်ဆုံးတွေ့လိုက်ရတယ်ဆိုတဲ့ စံအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။ အဲဒီစံအိမ်ကြီးရဲ့ထူးခြားချက်က ဝင်ပြီးသွားတဲ့လူတိုင်း အသက်ရှင်လျက်ပြန်ထွက်မလာကြတော့တာပဲ။ အဲဒီလို စံအိမ်ကြီးထဲကိုမှ အားလုံးတားနေတဲ့ကြားကနေ စံအိမ်ကြီးဆီကိုရောက်သွားတဲ့အခါမှာတော့...။ စံအိမ်ကြီးထဲက တဖက်လပ်အစောင့်အဘိုးကြီးနဲ့တွေ့ပြီး ပဟေဠိဆန်ဆန်ဇာတ်လမ်းတွေကို နားထောင်ရင်း အဖြေရှာရတဲ့အခါမှာ...။အမ်ရူသာတစ်ယောက် စံအိမ်ကြီးထဲမှာ ဘာကိုသတိထားမိသွားမှာလဲ။ ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကိုရော ရှာတွေ့မှာလား။ ဘ၀မှာ ကြုံတွေ့ရတဲ့လူတိုင်းဆီကနေ မေးခွန်းတစ်ခုနဲ့ အစပြုခဲ့ကြတယ်။တချို့မေးခွန်းတွေက အဆုံးသတ်ချိန်ထိ အဖြေရှာမတွေ့ခဲ့ရဘူး။ဒီလိုပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကို ရှာနေခဲ့တာလား။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ Alex~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
5
TMDb:
5/10
3 votes
tv
Mansion 24 (2023)
2023
Puli Meka(2023)
Puli Meka (2023)IMDb 6.8/10ဒီတစ်ခေါက်ထွက်ရှိလာတာကတော့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေကို အရမ်းအကြိုက်တွေ့စေမယ့် လှည့်ကွက်တွေ ဇာတ်လမ်းအကွေ့အပြောင်းတွေအမျိုးမျိုး ပါဝင်ပြီးThrillerဆန်ဆန်ထွက်ရှိလာတဲ့ Puli Mekaပဲဖြစ်ပါတယ် မင်းသားချော Aadi Saikumar နဲ့ မင်းသမီးချောလေး Lavanya Tripathi တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်စိတ်ပညာဆိုင်ရာ မှုခင်းပညာရပ်မှာ မာစတာရထားတဲ့ လေ့ကျင့်ရေးအရာရှိရဲမေ ကီရန်ပရာဘတ်ဟာ ထက်မြက်ပြီးကျရာတာဝန်ကိုလက်မနှေးထမ်းဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ် သူ့ကိုတာဝန်ပေးအပ်လိုက်တဲ့ အမှုမှန်သမျှကိုလည်း အချိန်တိုအတွင်းဖြေရှင်းနိုင်တာမို့ အထက်လူကြီးရဲ့အားကိုးယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း မှုခင်းဆေးပညာကျွမ်းကျင်သူခေါင်းဆောင်ဖြစ်တဲ့ ပရာဘာကာရှာမာက ချက်ဆိုနားရွက်က မီးထတောက်တဲ့အထိ ဉာဏ်ကောင်းပြီး သူ့တာဝန်ကိုအာရုံစိုက်တတ်တာကြောင့် အထက်လူကြီးရဲ့ယုံကြည်အားကိုးခြင်းကို ခံထားရသူတစ်ယောက်ပါတခြားဇာတ်လမ်းတွေနဲ့မတူပဲ အနည်းငယ်ကွဲပြားနေတာက ဇာတ်လမ်းအများစုမှာမင်းသားကရဲဖြစ်ပြီး မင်းသမီးကဆရာဝန်ဖြစ်ပေမယ့် ဒီဇာတ်မှာကတော့ မင်းသားကမှုခင်းဆရာဝန်ဖြစ်ပြီး မင်းသမီးကရဲဖြစ်ပါတယ်ဒီလိုနဲ့မတူညီတဲ့နယ်ပယ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့နှစ်ယောက်ကိုဆုံစည်းစေမယ့် လူသတ်မှုတစ်ခုက တစ်နေ့မှာပေါ်လာပါတော့တယ် ဒီလူသတ်မှုမှာလူသတ်သမားရဲ့ ထူးခြားချက်က သူ့ရဲ့သားကောင်ကရဲအရာရှိတွေဖြစ်ပြီး ရဲတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါဒီကိစ္စကိုအစပြုပြီး သူတို့နှစ်ယောက်တွဲဖက်ကာ ဒီကွင်းဆက်လူသတ်သမားမှုကို စုံစမ်းရင်းမထင်ထားတဲ့ အလှည့်အပြောင်းတွေ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ သူတို့လိုက်ရှာနေတဲ့တရားခံက ဘာအကြောင်းကြောင့်နဲ့ ရဲအရာရှိတွေကိုပစ်မှတ်ထားနေတာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ...
Puli Meka(2023)
2023