Channel Myanmar

Rhiannon Clements

Maryland (2023) 6.5
Maryland (2023) Maryland (2023)IMDb rating - 6.6အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက... အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိက‌ဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့...ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာ‌ပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ‌လေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne ...
6.5
TMDb: 6.5/10 10 votes
tv

Maryland (2023)

2023