Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Revathi Pillai
8.1
Kota Factory S1+2+3
Kota Factory (2019)"ပုံစံခွက်ထဲက ပြိုင်မြင်းများ" =======================================Season (1) ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီး Fan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကို စီအမ်ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။ အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့ စာမေးပွဲတွေကိုဖြေရပါတယ်။ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက် ကိုတာမြို့ကို ရောက်လာခဲ့တယ်။အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့ အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင် ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကို ဂျီတူးဆိုတဲ့ IIT ...
8.1
TMDb:
8.1/10
84 votes
tv
Kota Factory S1+2+3
2019
10
Dil Dosti Dilemma (2024)
Dil Dosti Dilemma (2024) အက်စ်မာရဲ့နွေရာသီIMDb 6.5/10ဒီတစ်ခေါက်ကတော့ dramaဇာတ်လမ်းလေးတစ်ခုကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။ ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီးအပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊ အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။ ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။ တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။ အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။ အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့် သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ ...
10
TMDb:
10/10
1 votes
tv
Dil Dosti Dilemma (2024)
2024
8.078
Special OPS (2020) Season1 Complete
Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအနေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb:
8.078/10
32 votes
tv
Special OPS (2020) Season1 Complete
2020