Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rajesh Khattar
Murder in Mahim (2024)
Murder in Mahim (2024) "အင်စပက်တာဂျန်ဒီနှင့် မာဟင်မ်ဘူတာလူသဝာ်မှု" =======================================စုံထောက်ဇာတ်လမ်းကြိုက်သူတွေ သေချာပေါက်သဘောကျကြမယ့် အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲဟာဆိုရင် အိန္ဒိယနာမည်ကြီး စာရေးဆရာ ဂျယ်ရီပင်တိုရဲ့ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်... မွမ်ဘိုင်းမြို့ရဲ့ မာဟင်မ်ဘူတာထဲမှာ လူသဝာ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ လိင်တူစိတ်ဝင်စားသူယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူရဲ့အလောင်းဟာ ကျောက်ကပ်ကို လက်နဲ့နှိုက်ထုတ်ခြင်းထားရပါတယ်။ အဲဒီအမှုကို တာဝန်ယူရတဲ့သူကတော့ ဘာအမှုမှမဖော်ထုတ်နိုင်တာ ၇ လရှိပြီဖြစ်တဲ့ အင်စပက်တာဂျန်ဒီပါပဲ။ ဂျန်ဒီဟာ ဒီအမှုကိုလိုက်ရင်းနဲ့ ငယ်ငယ်ကတည်းက ကိစ္စတစ်ခုကြောင့်ခွာပြဲခဲ့ရတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်တွဲမိပြီး တရားခံအတူလိုက်ကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – Mp4Genre : MysteryTranslator – CM Bollywood TeamEncoder – ...
Murder in Mahim (2024)
2024
5.8
Duranga (2023) Season 2
Duranga 2-2023 (အတိတ်နဲ့ ပစ္စုပ္ပန်ကြားက အားပြိုင်မှု)IMDb-7.5/10မနှစ်က CM ကနေတင်ဆက်ပေးခဲ့တဲ့ Psychology Thriller ကား Duranga ရဲ့ Season 2 လည်းထွက်ရှိလာပြီမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးတင်ဆက်ပေးလိုက်ပါတယ်Season 1 မှာ လူသတ်မှု အယောင်ဆောင်မှု စိတ္တဇလူသတ်သမားကျူးလွန်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ သပွတ်အူဆန်ဆန်ရှုစားခဲ့ရပြီး အခုထွက်လာတဲ့ ၈ ပိုင်းကတော့ ရှေ့အတွဲမှာပါခဲ့တဲ့ မြှုပ်ကွက်တွေ ဇာတ်အလှည့်အပြောင်းလေးတွေကို တစ်ခုချင်းဖြေထုတ်ပြသွားမှာပဲဖြစ်ပါတယ်အတိတ်ကို ပြည်ဖုံးကားချပြီး ဆာမစ်ဗာဒယ်အသွင်နဲ့ ဘဝကိုမိသားစုအတွက်ရှင်သန်တော့မဲ့အဘီရှက်ခ်ဘန်နီ... အဲဒီချိန်မှာပဲ ဆာမစ်ဗာဒယ်အစစ်အမှန်က ကိုမာကနေနိုးထလာခဲ့ပြီး အဘီရှက်ခ်ဘန်နီရဲ့ ဇနီးဖြစ်သူရဲအရာရှိကလည်း သူအရင်ကကျူးလွန်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအမှုတွေရဲ့တရားခံကို လိုက်ဖော်ထုတ်နေတယ်မိသားစုအေးချမ်းရေးအဓိကထားနေချိန်မှာမှ သမီးဖြစ်သူကလည်း ကျောင်းမှာအနိုင်ကျင့်စော်ကားခံနေရတယ်ပြောင်းလဲဖို့ကြိုးစားနေပေမဲ့ ဟိုးအတိတ်ကိုပဲ ပြန်ဆွဲခေါ်နေတဲ့ အခြေအနေပေါင်းများစွာကြားမှာ ဘဝကို မယိမ်းမယိုင်ရပ်တည်နိုင်မလား အတိတ်တစ်ဖန်ပြန်လည်သွားဦးမလားစိတ္တဇဆန်ဆန်လူသတ်မှုတွေထက် လူတစ်ယောက်ရဲ့ အကောင်းအဆိုးစိတ် လွန်ဆွဲမှုတွေ ၊ မိသားစု ဇနီး ခင်ပွန်းကြားကကွဲလွဲနေတဲ့ အလွှာပါးလေးတွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Alex ~ Yunni ~ V ~ ...
5.8
TMDb:
5.8/10
5 votes
tv
Duranga (2023) Season 2
2022
7
Kaala Paani (2023)
Kaala Paani (2023) "သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း" IMDb - 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့ မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။ ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။ သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။ ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။ ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့ ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။ ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။ လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။ အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့ ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ...
7
TMDb:
7/10
5 votes
tv
Kaala Paani (2023)
2023
7
Karm Yuddh (2022)
Karm Yuddh (2022)အခု တစ်ခါမှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ TV Series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ခရိုနီကြီးတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အကြောင်းဆိုရင်လည်း မမှားနိုင်လောက်ပါဘူး ဘာလို့လဲဆိုတော့ ဒီစီးရီးလေးက တကယ့်လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေအချင်းချင်း ကိုယ်အကျိုးအမြတ်ရဖို့အတွက် အာဏာလု ရပိုင်ခွင့်လုကြပြီး အောက်ခြေလူတန်းစားကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့အကြောင်းတွေကို အမိအရရိုက်ကူးထားလို့ပဲဖြစ်ပါတယ်...ဒီလိုစီးပွားရေးလုပ်ငန်းရှင် မိသားစုတစ်စုရှိတယ်...ရွိုင်းမိသားစုလို့ခေါ်တယ်...ထုံးစံအတိုင်း ခရိုနီမိသားစုဆိုတော့ မိသားစုအတွင်းထဲမှာတင်ပဲ မြေခွေးလို အကောက်ကြံနေကြတာပေါ့..စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို တစ်ဦးတည်း မောင်ပိုင်စီးချင်နေကြတယ်...သူတို့ ရပိုင်ခွင့်လုရင်း ပဲကြီးလှော်ကြား ဆားညှက်ခဲ့ရတာကတော့ စက်ရုံအလုပ်သမားတွေပါပဲ..တစ်ညမှာ စက်ရုံအကြီးအကျယ်မီးလောင်ခဲ့ပြီး အလုပ်သမားတွေ အများကြီးသေဆုံးခဲ့ရတယ်...စီဘီအိုင်တွေက ဒီအမှုကို လိုက်လံစုံစမ်းတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အခါ....။နောက်ကွယ်က ကန့်လန့်ကာ ဘယ်လိုကွာကျလာမလဲဆိုတာကို တစ်ပိုင်းချင်းအလိုက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...လုပ်ငန်းရှင်အချင်းချင်းကြား အပြိုင်အဆိုင်တွေကိုကြည့်ရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ကျရင်း ကျရောက်လာမယ့် အန္တရယ်တွေနဲ့ အဆင့်ဆင့်ကျော်လွှားပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ ဗဟုသုတလည်းရ ကြည့်ရလည်းတန်တဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါနော်...IMDb ကလည်း လူအယောက် 13K က 8.5/10 ပေးထားတာဆိုတော့...။File Size – 800MB / 400MBQuality – 1080p ...
7
TMDb:
7/10
1 votes
tv
Karm Yuddh (2022)
2022
9
Duranga (2022) Complete
Duranga (2022)IMDb-7.7/10ဘောလိဝုဒ်ကိုမှ အိုဗာမပါပဲ ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်သူတွေအတွက်ကတော့ စီးရီးတွေက ရေငတ်တုန်းရေတွင်းထဲကျသလို အကြိုက်တွေ့စေမှာပါလွန်ခဲ့တဲ့ 17 နှစ် ဆာရန်ဝါဒီဆိုတဲ့မြို့လေးမှာ အမျိုးသမီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စိတ္တဇဆန်ဆန်ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိခဲ့ဖူးတယ်သူ့ရဲ့ အရိပ်မည်းကြီးက သူ့သားသမီးတွေပေါ်မှာ လွှမ်းမိုးလာခဲ့ပြီး....တစ်နေ့ ဆာရန်ဝါဒီ ရွာလူကြီးသတ်ခံရတဲ့အချိန်မှာ အားလုံးက သူ့သားလက်ချက်လို့ မှတ်ယူလိုက်ကြတယ်ဒါတွေဖြစ်ပြီး 17 နှစ်အကြာမှာ "The Pulse" ဆိုတဲ့ Youtuber တစ်ယောက်က လွန်ခဲ့တဲ့ 17 နှစ်က ကွင်းဆက်လူသတ်မှုတွေအကြောင်း vlog တွေရိုက်တင်ခဲ့တယ်အဲ့ဒီနောက်မှာ လွန်ခဲ့တဲ့ 17 နှစ်ကလို ရက်ရက်စက်စက်နည်းတွေနဲ့ ပုံစံတူလူသတ်မှုတွေ ဆက်တိုက်ပေါ်လာခဲ့တယ်တချို့က လွန်ခဲ့တဲ့ 17 နှစ်ကလူ ပြန်ပေါ်လာတာ ပြောကြပြီး တစ်ချို့က ပုံစံတူကူးချထားတဲ့ တရားခံအသစ်တွေလို့ ပြောကြတယ်တစ်ကယ် ပြန်လာတာလား ..... ပုံစံတူကူးချထားတာလား...... တရားခံအစစ်က ဘယ်သူလဲ.....လှည့်ကွက်တွေနဲ့ လူတွေရဲ့စိတ်နေသဘောထားကိုပါ တွေ့ရတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦးFile Size – 300MBQuality – 720p Hindi AAC2.0CHDuration – 33minsTotal Episodes:9EpsSubtitle ...
9
TMDb:
9/10
1 votes
tv
Duranga (2022) Complete
2022