Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raghubir Yadav
7.9
Panchayat (2020-2023)
Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb:
7.9/10
73 votes
tv
Panchayat (2020-2023)
2020
7.5
The Great Indian Murder (2022) Complete
The Great Indian Murderer (2022)ဒီတစ်ခါမှာတော့ cm ပရိသတ်ကြီးအတွက် Feb 4 ရက်နေ့မှာထွက်ရှိခဲ့တဲ့ ဟင်ဒီလူသတ်စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပါရစေ။ဒီစီးရီးလေးကတော့ Vikas Swarup ရေးသားခဲ့တဲ့ “SIX SUSPECTS” ဆိုတဲ့စာအုပ်ကို အခြေခံထားတာဖြစ်ပြီး Crime, Politics, Thriller အမျိုးအစားဖြစ်လို့ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမှာပါ။အိန္ဒိယနိုင်ငံ အထက်တန်းလွှာရဲ့ အခြေအနေတွေ၊ အိန္ဒိယထုံးစံ ကြမ်းတမ်းတဲ့parenting တွေနဲ့ အစပျိုးထားတဲ့ ဒီစီးရီးလေးမှာတော့ နိုင်ငံရေးသမားတွေအာဏာလု လောဘတက်ကြတာတွေ ၊ကိုယ်နဲ့အမြင်မတူတိုင်း ရန်သူလို့သတ်မှတ်ပြီးတော့ အခွင့်အာဏာပိုကြီးတဲ့သူတွေကလက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ခိုင်းစေတာတွေ၊အာဏာနဲ့ငွေအတွက် မိဘနဲ့သားသမီး ကိုယ့်သွေးသားချင်းတောင် ပြန်သတ်ဖို့ကြိုးစားတာတွေပါ ရိုက်ကူးထားတော့ တော်တော်ကြမ်းတဲ့ စီးရီးလို့ပြောရမှာပါ။ဇာတ်လမ်းအစမှာတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့သားဖြစ်သူ စက်မှုလုပ်ငန်းရှင်တစ်ယောက်ကဒေလီမှာ ပါတီကျင်းပရင်းနဲ့ပဲ သူ့ပါတီမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဖခင်က နိုင်ငံရေးသမားဖြစ်တဲ့အပြင်ကိုယ်တိုင်ကစက်မှုလုပ်ငန်းရှင်ဆိုတော့ ပါတီတက်ရောက်သူတွေက အမျိုးမျိုး အစုံစုံပါပဲ။သေနတ်ပစ်ခံရချင်းပဲ ပါတီတက်ရောက်သူတွေကို စစ်ဆေးပြီးတော့နဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီသံသယရှိသူတွေက တကယ်ပဲ တရားခံဟုတ်ရဲ့လား၊ ...
7.5
TMDb:
7.5/10
2 votes
tv
The Great Indian Murder (2022) Complete
2022